Main menu

Background

Sunday, 17 Jul 2011

ပခုက္ကူ ထောပတ်ပဲဈေးပြန်မာ                   ဂန့်ဂေါမှာ ထောပတ်စိုက်တဲ့ တောင်သူများပေမဲ့ ပခုက္ကူမှာ ထောပတ်ပဲ ကိုင်တွယ် ဝယ်ရောင်းတဲ့ ကုန်သည်လက်ချိုးရေလို့ရပါတယ်။ ရန်ကုန်ဝယ်လက် ကုမ္ပဏီဆိုတာကလည်း အရေအတွက် သိပ်မများလှပါဘူး။ဒီနှစ်တော့ တစ်တင်းကို ၁၇၅ဝဝ ကျပ်နဲ့ ဖေဖော်ဝါရီလကုန်မှာ စပေါ်ခဲ့တဲ့ ထောပတ်ပဲဟာ အခြားပဲများ နည်းတူ ၁၃၅ဝဝ ကျပ်ထိ ဈေးဆင်းခဲ့ပေမဲ့လည်း ယနေ့တော့ ၁၆၅ဝဝ ကျပ်နဲ့ ဈေးပြန်မာနေပါတယ်။ တရုတ်ဘက်ကို အထွက်များတယ်လို့ သိရပါတယ်။ ပခုက္ကူ ကုန်သည်လက်ထဲမှာ လက်ကျန်ပြတ်သလောက်ရှိနေပြီး ဂန့်ဂေါက ကုန်သည် တောင်သူကြီးတွေ လက်ထဲမှာတော့ ဈေးမျှော်ရင်း ကျန်ဦးမယ်လို့ ပဲရပ်ကွက်က ဆိုပါတယ်။                     မောင်မောင်အေး

Sunday, 17 Jul 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ FOB ရောင်းဝယ်မှုလျော့ကျ               ဇူလိုင်လ ဒုတိယပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ထောပတ်ပဲနဲ့ မြေထောက်ပဲအရောင်းစာချုပ်မှု လျော့ကျခဲ့ပါတယ်။ ဈေးကွက်လက်ကျန် နည်းလာပြီဖြစ်လို့ ယခုတစ်ပတ်မှာ ထောပတ်ပဲ ၄၂ တန်နဲ့ မြေထောက်ပဲ တန် ၄ဝဝ ခန့်သာ အရောင်းရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ပထမလဝက်အတွင်းမှာ စုစုပေါင်း ပြည်ပအရောင်းစာချုပ်မှုဟာ ထောပတ်ပဲ တန် ၃ဝဝ နဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။                  ရန်ကုန် FOB ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၁၄ ရက်နေ့မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Sunday, 17 Jul 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အရှိန်ကောင်းနေဆဲ                     ထောပတ်ပဲနဲ့ မြေထောက်ပဲ ပြည်ပတင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း အရှိန်ကောင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်)အတွင်း ထောပတ်ပဲတန် ၅၅ဝနဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော် တင်ပို့မှု ရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၈ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထော ပတ်ပဲတန်ချိန် တစ်သောင်းနီးပါးရှိပြီး မြေထောက်ပဲတန် ၅ဝဝဝ ခန့် ရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့ပြီးစီးမှုမှာ ထောပတ်ပဲတန် ၇၅ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၃ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်ရှိဦးမယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Sunday, 17 Jul 2011

ပြည်ကုလားပဲဈေး အတက်အကျရှိ                      ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၇ဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိတယ်လို့သိရပါတယ်။ ယခုတစ်ပတ်အတွင်း အောင်လံဘက်မှ အိတ် ၅ဝဝ ခန့် ဝင်ရောက်မှုရှိပြီး ဒေသတွင်းမှ အဝင်ပါးလာခဲ့ပါတယ်။ အရောင်း အဝယ်ဖြစ်မှု အနေဖြင့် ဝယ်လိုအားများတဲ့ရက်များမှာ အိတ် ၇ဝဝ-၈ဝဝ ထိ အရောင်းအဝယ်ရှိပြီး ခွဲစက်သမား၊ အမှုန့်ကြိတ်စက်သမားများကတော့ နေ့စဉ် အဝယ်ရှိပြီး တစ်နေ့အိတ် ၂၅ဝ ကျော်အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။   လွင်လွင်ဆန်း

Sunday, 17 Jul 2011

ဈေးလှုပ်ပြီး အရောင်းအဝယ်သွက်တဲ့ မုံရွာ V2                     မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇူလိုင်လဆန်းမှာ ကုလားပဲဖြုလုံးကြီး V2 တစ်ပိဿာဈေး ၉၄၇ ကျပ်မှ ဇူလိုင်လ ဒုတိယပတ်မှာ ၁ဝဝဝ ကျပ်သို့ဈေးလှုပ် လာခဲ့ကြောင်း သိရပါတယ်။ ဈေးလှုပ်သလို ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက် အဆွဲများလို့ မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ် အကောင်းဆုံးသီးနံှမှာ ကုလားပဲဖြူလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို V2 တင်း ၁ဝဝဝ နှင့် ၂ဝဝဝ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ V2 မန္တလေးသို့ တင်း ၃ဝဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။                          သန်းးသန်းးတင် 

Sunday, 17 Jul 2011

ကုလား ပဲဈေးနှုန်း ခိုင်မာနေ                      အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ်မှာလည်း ဈေးနှုန်းခိုင်မာနေပါတယ်။ မိုးရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ဈေးတွေ မြင့်တက် နေခြင်းက ပြုပြင်ပြီး ကုလားပဲကို ဝယ်လိုအားပိုတက်စေပါတယ်။ အဓိကဈေးကွက်များမှာကုလားပဲရောင်းချမှု အကန့်အသတ်သာရှိတယ်လို့ သိရပါတယ်။ အမေရိကန် မှာ စိုက်ဧရိယာလျော့ကျခြင်းကလည်း နိုင်ငံတကာဈေးကို ခိုင်မာစေပါတယ်။ သြစတြေးလျက တင်သွင်းခြင်းနဲ့ မိုးပဲစိုက်ဧရိယာ တိုးတက်မှုရှိလာခြင်းတို့ကြောင့် လှောင်လက်များ ထုတ်ရောင်းလာနိုင်တဲ့အတွက် ဈေးကျဖို့ ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်း လက်ရှိဈေး ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန်                         ၁၃-၇-၁၁            ၁၂-၇-၁၁         ၁၁-၇-၁၁                ၉-၇-၁၁မွန်ဘိုင်း               ၅၆၁                 ၅၅၉ - ၅၅၂             -                          ၅၆၃ဒေလီ               ၆၂၂-၆၂၈             ၆၁၅-၆၂၁           ၆၁၄-၆၂ဝ           ၆ဝ၉-၆၁၄ကန်ပါ                   ၆၆၂                   ၆၅၁                     ၆၄၇                     ၆၄၅MIRT(MAPT)

Sunday, 17 Jul 2011

လက်ကျန်နည်းပေမဲ့ FOB အရောင်းမှာ တိုးတက်နေ                  ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းပြီဖြစ်ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာတော့ ယခုဇူလိုင်လ ဒုတိယပတ်မှာ တန် ၅ဝဝဝ နီးပါး အရောင်း အဝယ်စာချုပ် ချုပ်ခဲ့တယ်လို့သိရပါတယ်။ ဇူလိုင်လ ပထမလဝက်အတွင်းမှာ စုစုပေါင်း တန် ၆ဝဝဝ ကျော်ကို ပြည်ပအရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားကောင်းနေတာကြောင့် အခြားပဲဈေးတွေ လျော့ပေမဲ့ ကုလား ပဲဖြူလုံးကြီး FOB ဈေးအနည်းငယ်တိုးလာခဲ့ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ ကုလား ပဲဖြူလုံးကြီး FOB တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ ရှိရာမှ ဇူလိုင်လ ၁၄ ရက်နေ့မှာ ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ကို အနည်းငယ်တိုးလာခဲ့ပါတယ်။ MIRT- MAPT 

Sunday, 17 Jul 2011

ကုလားပဲဖြူလုံးကြီး ပုံမှန်ပမာဏနဲ့ အတင်ရှိဆဲ                       ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ ယခင်သီတင်းပတ် တွေလိုပဲ တန်ချိန် ၂ဝဝဝ ကျော်နဲ့ ပုံမှန်အတင်ရှိနေဆဲဖြစ်ပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပြီဖြစ်ပေမဲ့ ပါကစ္စတန်ဘက်က ဝယ်လိုအားကောင်းနေဆဲဖြစ်တယ် လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ တင်ပို့ပြီးစီးမှုဟာ တန်ချိန် သုံးသောင်းကျော်ရှိပြီး ဖြစ်ပါတယ်။ ဈေးကွက်တွေမှာ ပြည်တွင်းသုံးရော ပြည်ပတင်ပို့ဖို့ပါ ဝယ်လိုအားကောင်းတာကြောင့် လက်ကျန်နည်းသွားပြီလို့ ဆိုပါတယ်။MIRT- MAPT 

Sunday, 17 Jul 2011

တက်ဈေးမျှော်နေတဲ့ မုံရွာပဲတီစိမ်းကြီး                     မုံရွာကုန်စည်ဒိုင်မှာ ယခုလ ဇူလိုင်လ ဒုတိယပတ်အတွင်း ပဲတီစိမ်းကြီး တစ်ပိဿာ အမြင့်ဆုံးဈေး ၁ဝ၅၃ ကျပ်မှ ၉၂၅ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။ ဈေးအေးလာလို့ တောင်သူနဲ့ ကုန်သည်များက တက်ဈေးမျှော်ပြီး ထုတ် ရောင်းမှုနည်းကြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းကြီး အရောင်း အဝယ်အေးကာ တစ်ရက်ကို ပျမ်းမျှတင်း ၅ဝဝ နဲ့ ၁ဝဝဝ ကြား အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဇူလိုင်လ ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲတီစိမ်းကြီး မန္တလေးသို့ တင်း ၃ဝဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။                         သန်းးသန်းးတင် 

Sunday, 17 Jul 2011

မုံရွာပဲတီ မန်းအဝယ်နှေးလို့ ဈေးအေး                  ဇူလိုင် ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်မှာ မန္တလေးဝယ်လက်လေးလို့ ဈေးအေး အရောင်းအဝယ် အေးလာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲက ပဲတီစိမ်းကြီး တစ်တင်း ၂၉ဝဝဝ ကျပ် ထိဈေးအမြင့်ဆုံးရခဲ့ပြီး ယခုအခါ မုံရွာကုန်စည်ဒိုင်မှာ ဝင်လာတဲ့ ပဲတီစိမ်းတွေ အရည်အသွေးအနည်းငယ်နိမ့်ပြီး မန်းဝယ်လက်နှေးခဲ့လို့ တစ်တင်း ၁၈၅ဝဝ ကျပ်ထိ အနိမ့်ဆုံးကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ် အားဖြင့် တစ်ရက် အိတ် ၁ဝဝဝ ဝန်းကျင်နေ့စဉ်ရှိခဲ့ပြီး ယခု အပတ်ထဲမှာ အရောင်း ဆက်လက်ငြိမ်နေအုံးမယ်လို့ ဈေးကွက်က ဆိုပါတယ်။                       ထွန်းလှိုင် 

Pages