Background
မန်ကျည်း တန်ခြောက်ဆယ်ကျော် မလေးရှားနဲ့ စင်ကာပူကို တင်ပို့ ဇူလိုင်လ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် ၆၃ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံ ကို ၁၃ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မန်ကျည်းတန် ရှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မန်ကျည်း တင်ပို့မှုနဲ့ ယှဉ်ရင် တန် နှစ်ဆယ်ကျော်လောက်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ငါးရာခုနှစ်ဆယ်နီးပါးနဲ့ တင်ပို့ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းငါးထောင် ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
တောင်ပေါ် ချင်း(ဥမ) ဈေးကျသလို မြေပြန့်မှာလည်း ချင်းဈေးကျ ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ချင်းဝင်ရောက်မှုအနေနဲ့ အောင်ပန်းနဲ့ တောင်ကြီးဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၆၅ဝ ခန့်ကို ချင်းအတက်၊ ချင်း(ဥမ)များ အပါအဝင် ယခင်အပတ်အတိုင်း ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ချင်းဈေးနှုန်း အနေ ဖြင့် ချင်းအတက် တစ်ပိဿာကို (ဂျွန်) ၁၁ဝဝ ကျပ်၊ (ရှယ်) ၁၂ဝဝ ကျပ်ဖြစ်ပြီး ချင်း(ဥမ)မှာတော့ ယခင် ၆ဝဝ ကျပ်-၇ဝဝ ကျပ်မှ ယခု ၅၅ဝ ကျပ်-၆၅ဝ ကျပ်သာ ရှိ၍ ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ချင်းတက်နဲ့ ချင်း(ဥမ)များ ပိဿာချိန် ၂၃၅ဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိသလို ပွဲရုံများ၌ တစ်နေ့ကို ပိဿာချိန် ၉ဝဝ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ရှမ်းချင်းအဝယ်အေးပေမဲ့ မြေနီချင်းကိုပိုဝယ် ဟိုပုံးဈေးကွက်မှာ ချင်းဈေးက မြေအရောင်ပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးတွေအတွက်သာ ဝယ်ယူနေတာကြောင့် မြေနီကထွက်တဲ့ ပစ္စည်းတွေကို ပိုကြိုက်ကြပါတယ်။ မြေဖြူ၊ မြေမဲကထွက်တဲ့ ချင်း တွေကတော့ အထားလည်းမခံ၊ အပုပ်လည်းမြန်တာကြောင့် ဝယ်လက်တွေက သိပ်မကြိုက်ကြပါဘူး။ နမ့်ခုတ်နယ်က ဥမတွေလည်းအခုမှ စပြီးဈေးကွက်ကို ဝင် လာတာကြောင့် အဝင်ကလည်း သိပ်မများသေးပါဘူး၊ ခြံရှင်တွေကတော့ မျှော်မှန်း ထားတဲ့ ဈေးမရရင်ဖော်မှာမဟုတ်တော့ဘူးလို့လည်း ဒေသခံတွေထံက သိရပါ တယ်။မိုးရွာနေတာကြောင့်အဝယ်ကလည်း အနည်းငယ်ပြန်အေးနေပါတယ်။ ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်းဈေးတွေက မြေဖြူ၊ မြေမဲ ချင်းတစ်ပိဿာ ၂ဝဝ ကျပ်သာရှိပြီး၊ မြေနီချင်းကတော့ အခက်ပေါ်မူတည်ပြီး ကြီးရင်၊ လှရင် ၂၅ဝ ကျပ်-၃ဝဝ ကျပ် ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ လက်ကျန်ကုန် သလောက် ဖြစ်နေတာကြောင့် ရန်ကုန်ဝယ်လက်တွေက ဟိုပုံးမှာအထိုင်ချပြီး တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ ချင်း (ဥမ) တစ်ပိဿာ ၂၇ဝ ကျပ်-၃ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ချင်းပြန်လည်တင်ပို့ ဇူလိုင်ပထမပတ်အတွင်း ချင်း ၃၈ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံကို ၁ တန်၊ စင်ကာပူနိုင်ငံကို ၁၂ ဒသမ ၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်အသီးသီးတင်ပို့ ခဲ့ပါတယ်။ ဇွန်ပထမပတ်အတွင်းသာ အပို့ရှိခဲ့တဲ့ ချင်းက လေးပတ်ဆက်တိုက်အပို့ ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၆ဝ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၆ဝဝဝ ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ပဲကြီးဈေးကွက်အဝင်ပါးပြီး ပုံမှန်အရောင်းအဝယ်ဖြစ် ယခုဇူလိုင်လ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်သို့ မကွေးတိုင်းဘက်မှ ပဲကြီးအိတ် ၅ဝ ခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး အဝင် ပါးလာခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာတော့ ယခင်အပတ်ကအတိုင်း ပဲကြီး(ရွှေကျွန်း) တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၁၅၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပဲကြော်ဖိုလုပ်ငန်းသမားများမှ ပုံမှန်အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်များလည်း တစ်ခါတစ်ရံ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်က တစ်တင်း ၃၃ဝဝဝ ကျပ်ထိ ဇူလိုင်လအတွင်း ဖြစ်ခဲ့သော်လည်း ယခုနှစ် ဇူလိုင်လမှာ တစ်တင်း ၁၆၅ဝဝ ကျပ်သာရှိတဲ့အတွက် လှောင်လက်များ အနေနဲ့ ကြိုက်ဈေးမရဘဲ ငွေလိုသလောက်သာ ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
မူဆယ်မှ ပဲယင်းတန် ၁၆ဝ နီးပါးပို့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၉၄ သန်းတန်ဖိုးရှိ ပဲယင်း ၁၅၈ ဒသမ ၅ဝ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီ၊ မေ၊ ဇွန် ၃ လကာလအတွင်း နယ်စပ်မှ ပဲယင်း ၃၃၃၃ တန်ခန့်တင်ပို့ထားပြီး ဇူလိုင်လ ၁ ရက်မှ ၁၂ ရက်ထိကာလမှာ ၃ဝ၅ တန်တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်းများတင်ပို့နေတာဖြစ်ပြီး တစ်ဖက်နိုင်ငံ ဈေးပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ဈေးမှာ ၁၂ဝဝဝ ကျော်ခန့် လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃ဝ၉၈၈၃ ၃၂၂ဝ၉၃ ၁၂၂၁ဝ ၄ ၅၅၇ ၅၅၇ - -MIRT (DOBT)
ပြည်ပဲနီပြား ဈေးငြိမ်နေ ပြည်ဈေးကွက်မှာ လက်ကျန်ပဲများကို လက်လီသမားများ နေ့စဉ် အဝယ်ရှိတဲ့ ပဲကတော့ ပဲနီပြားဖြစ်ပါတယ်။ ပဲနီပြားသီးနံှမှာ တိုင်းအတွင်း စိုက်ပိုျးမှုနည်းသလို ဝင်ရောက်မှုလည်းနည်းပြီး အခြားတိုင်းသို့လည်း တင်ပို့ရောင်းချခြင်း မရှိဘဲ ဒေသ တွင်း၌သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇီးကုန်း၊ နတ်တလင်း၊ ကြို့ပင်ကောက် မြို့နယ်များမှလည်း ပြည်ဈေးကွက်ကို လာရောက်ဝယ်ယူကြပြီး တစ်ရက်ကို အိတ် ၃ဝ ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းမှာတော့ ယခင် အပတ်ကအတိုင်း တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်ရောင်းဝယ် လျက်ရှိပါတယ်။ ခင်ဆွေဝင်း
ပခုက္ကူ ထောပတ်ပဲဈေးပြန်မာ ဂန့်ဂေါမှာ ထောပတ်စိုက်တဲ့ တောင်သူများပေမဲ့ ပခုက္ကူမှာ ထောပတ်ပဲ ကိုင်တွယ် ဝယ်ရောင်းတဲ့ ကုန်သည်လက်ချိုးရေလို့ရပါတယ်။ ရန်ကုန်ဝယ်လက် ကုမ္ပဏီဆိုတာကလည်း အရေအတွက် သိပ်မများလှပါဘူး။ဒီနှစ်တော့ တစ်တင်းကို ၁၇၅ဝဝ ကျပ်နဲ့ ဖေဖော်ဝါရီလကုန်မှာ စပေါ်ခဲ့တဲ့ ထောပတ်ပဲဟာ အခြားပဲများ နည်းတူ ၁၃၅ဝဝ ကျပ်ထိ ဈေးဆင်းခဲ့ပေမဲ့လည်း ယနေ့တော့ ၁၆၅ဝဝ ကျပ်နဲ့ ဈေးပြန်မာနေပါတယ်။ တရုတ်ဘက်ကို အထွက်များတယ်လို့ သိရပါတယ်။ ပခုက္ကူ ကုန်သည်လက်ထဲမှာ လက်ကျန်ပြတ်သလောက်ရှိနေပြီး ဂန့်ဂေါက ကုန်သည် တောင်သူကြီးတွေ လက်ထဲမှာတော့ ဈေးမျှော်ရင်း ကျန်ဦးမယ်လို့ ပဲရပ်ကွက်က ဆိုပါတယ်။ မောင်မောင်အေး
ထောပတ်ပဲနဲ့ မြေထောက်ပဲ FOB ရောင်းဝယ်မှုလျော့ကျ ဇူလိုင်လ ဒုတိယပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ထောပတ်ပဲနဲ့ မြေထောက်ပဲအရောင်းစာချုပ်မှု လျော့ကျခဲ့ပါတယ်။ ဈေးကွက်လက်ကျန် နည်းလာပြီဖြစ်လို့ ယခုတစ်ပတ်မှာ ထောပတ်ပဲ ၄၂ တန်နဲ့ မြေထောက်ပဲ တန် ၄ဝဝ ခန့်သာ အရောင်းရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ပထမလဝက်အတွင်းမှာ စုစုပေါင်း ပြည်ပအရောင်းစာချုပ်မှုဟာ ထောပတ်ပဲ တန် ၃ဝဝ နဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၁၄ ရက်နေ့မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အရှိန်ကောင်းနေဆဲ ထောပတ်ပဲနဲ့ မြေထောက်ပဲ ပြည်ပတင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း အရှိန်ကောင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်)အတွင်း ထောပတ်ပဲတန် ၅၅ဝနဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော် တင်ပို့မှု ရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၈ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထော ပတ်ပဲတန်ချိန် တစ်သောင်းနီးပါးရှိပြီး မြေထောက်ပဲတန် ၅ဝဝဝ ခန့် ရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့ပြီးစီးမှုမှာ ထောပတ်ပဲတန် ၇၅ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၃ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်ရှိဦးမယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
