Main menu

Background

Sunday, 17 Jul 2011

 လက်လီဈေး ကွက် အရောင်း အဝယ်ဖြစ်တဲ့ ပြည်ပဲလွန်းဖြု                    ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲ တစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးမှ ယခု တစ်ပတ်မှာတော့ ၁၈ဝဝဝ ကျပ်ဈေး ဖြင့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲလွန်းဖြူမှာ အဝင်လည်း မရှိတော့ဘဲ လက်ကျန်ပဲများသာ လက် လီသမားများအဝယ်ရှိပြီး တစ်နေ့ကို အများဆုံး ၁ဝ အိတ်ခန့်သာ အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မိမိအေး

Sunday, 17 Jul 2011

FOB စာချုပ်ချုပ်ဆိုမှု ပဲလွန်းဖြူပမာဏပိုလာ                   ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) ရဲ့ FOB ဈေးကွက် မှာ ပြည်ပဝယ်လက် အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုအနေနဲ့ ဇူလိုင်လ ပထမပတ်မှာ တန်ချိန် ၃၆ဝ ကျော်သာရှိခဲ့ပေ မဲ့ ယခုသီတင်းပတ်မှာ တန်ချိန် ၆၇ဝ ခန့်ထိ ပိုလာတာတွေ့ရပါတယ်။ ဇူလိုင်လ ပထမ လဝက်အတွင်းမှာ တော့ တန်ချိန် ၁ဝဝဝ ကျော် FOB အရောင်း ရှိတာတွေ့ရပါတယ်။                   ဈေးကွက်တွေမှာ လက်ကျန်နည်း လာပြီဖြစ်ပေမဲ့ ဈေးနှုန်းအနေနဲ့ ပြောင်း လဲခြင်းမရှိဘဲ ငြိမ်နေပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ဇူလိုင်လ ၁၄ ရက် က ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ် တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီး ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Sunday, 17 Jul 2011

ယခုတစ်ပတ် ပဲလွန်းဖြူ တင်ပို့မှုလျော့                  ယခင် သီတင်းပတ်များက ပင်လယ် ရေကြောင်းတင်ပို့မှုမှာ ပဲလွန်းဖြူ တန် ၉ဝဝ၊ ၁ဝဝဝ ရှိခဲ့ရာမှ ယခု သီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာတော့ တန် ၄ဝဝ ကို လျော့ကျတင်ပို့ခဲ့ပါတယ်။ ယခု တစ် ပတ်မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းတို့ကို တင်ပို့ပြီး အများစုကိုတော့ အိန္ဒိယကို တင်ပို့တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိတင်ပို့ပြီးစီးမှုမှာ ပဲလွန်းဖြူ တန်ချိန် ၁၂ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁ဝဝဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ပြည်ပအဝယ်ရှိနေပေမဲ့ဈေးကွက် လက်ကျန် နည်းလာပြီဖြစ်ပါတယ်။ MIRT- MAPT

Sunday, 17 Jul 2011

ပြည်ဈေးကွက်မှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက် အချို့ အဝယ်ရှိလာ                  ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်တွင် ပဲစင်းငုံစိုက်ဧကဟာ လျာထားဧကရဲ့ ၉၃ ရာခိုင်နှုန်းစိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ပဲဈေးနှုန်းမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၃၅ဝဝ ကျပ်ရှိပြီး ဈေးကွက်တွင် ပဲစင်းငုံလက်ကျန်ရှိသော်လည်း အရောင်းအဝယ်အေးခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၃ဝဝဝ ကျပ်ရှိပြီး အရောင်းအဝယ်အနေနဲ့ ရန်ကုန်ဝယ်လက်များအနည်းငယ် အဝယ်ရှိခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံးအနေဖြင့် တိုင်းအတွင်း ပေါက်ခေါင်း မြို့နယ် မှ အဝင်ရှိခဲ့ပြီး ရန်ကုန်သို့ ပဲစင်းငုံအိတ် ၅ဝဝ တင်ပို့နိုင်ခဲ့ပါတယ်။      ဆုမွန်မွန်ဆွေ

Sunday, 17 Jul 2011

ဒေသတွင်း လှောင်လက်အရောင်းအဝယ်များတဲ့ မုံရွာပဲစင်းငုံနီ                   မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇူလိုင်လအတွင်းက ပဲစင်းငုံနီ တစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ ၆၄၅ ကျပ်၊ ၆၅၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုလအတွင်း ပဲစင်းငုံနီဈေးမှာ တစ်တင်းအပေါ် ၂ဝဝ ကျပ်-၃ဝဝ ကျပ်၊ တစ်ပိဿာအပေါ် ၁ဝ ကျပ်ခန့်သာ ဈေးအတက်အကျဖြစ်ကြောင်း သိရပါတယ်။ ဈေးအတက်အကျနည်းလို့ ဒေသတွင်း လှောင်လက်သမားများသာ အများဆုံး ရောင်းဝယ်ကြရာ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲစင်းငုံနီတင်း ၅ဝဝ ကျော်စီးထွက် ခဲ့ကြောင်း သိရပါတယ်။                          သန်းးသန်းးတင်

Sunday, 17 Jul 2011

ပဲစင်းငုံကို ပြည်ပအဝယ်တန် ၆ဝဝဝ ကျော်ရှိ                      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုသီတင်းပတ် ဇူလိုင်လဒုတိယပတ်မှာ တန် ၆ဝဝဝ ကျော် ပြည်ပအဝယ် စာချုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တန် ၁ဝဝဝဝ ထိ အရောင်း အဝယ် စာချုပ်ခဲ့ရာမှ ယခုတစ်ပတ်မှာ ပြန်လျော့ကျလာခဲ့ပါတယ်။ ဇူလိုင်လ ဒုတိယပတ်အထိ လဝက်အတွင်းပဲစင်းငုံတန် ၁၆ဝဝဝ ကျော် FOB အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ မြန်မာပဲစင်းငုံအနီ၊ လင်းခေးစတွေကို အဝယ်ပြန်လိုက်လာတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB  ဈေးမှာငြိမ်နေပြီး ဇူလိုင်လ ၁၄ ရက်မှာလည်း ပဲစင်းငုံနီ (FAQ ) တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ဈေးရှိတယ်လို့ သိရပါတယ်။           MIRT- MAPT

Sunday, 17 Jul 2011

ပဲစင်းငုံတင်ပို့မှု ပြန်တိုးတက်                   ပြည်ပပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေထက် တိုးတက်ပြီး ယခု သီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့)အတွင်း တန်ချိန် ၆၅ဝဝ အထိ တိုး တက်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအား တိုးလာတာကြောင့် တင်ပို့မှု တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၃၂ဝဝဝ ခန့် သာတင်ပို့ နိုင်ခဲ့လို့ ယခုနှစ်မှာ တန်ချိန် ၂ဝဝဝဝ ကျော်ပိုမို တင်ပို့ပြီးဖြစ်ပါတယ်။ ပြည်ပအဝယ် ပြန်လိုက်လာလို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                 MIRT- MAPT

Sunday, 17 Jul 2011

ပြည်မတ်ပဲဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်                     ပြည်မတ်ပဲဈေးကွက်မှာ ဇူလိုင် လဆန်းရက်က မတ်ပဲဈေးမြင့်ခဲ့သော် လည်း တဖြည်းဖြည်း ဈေးပြန်ကျလာ ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ပဲတစ်တင်းကို ၁၇၄ဝဝ-၁၇၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ် နေခဲ့တာကိုတွေ့ရပါတယ်။ ပြည်အနီး အနားတစ်ဝိုက်မှ တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့်သာ အဝင်ရှိပြီး အဝင် ပါးလာတာကိုတွေ့ရပါတယ်။ ရန်ကုန် ဝယ်လက်ကလည်း တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့် အဝယ်ရှိနေတယ်လို့သိရပါတယ်။ အခြားတိုင်းအဝင်မရှိဘဲ ပြည်မှ ဘုရင့်နောင်သို့ မတ်ပဲစီးဆင်းမှုကတော့ တစ်ရက်လျှင် အိတ် ၇ဝဝ ခန့် တင်ပို့မှုရှိ တယ်လို့သိရပါတယ်။ မိမိအေး

Sunday, 17 Jul 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ရှိ              ပြည်ပကို မတ်ပဲတင်ပို့မှုဟာ လွန်ခဲ့တဲ့သီတင်းပတ်က တန်ချိန် ၁၆ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့)အတွင်းမှာ တန် နှစ်သောင်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်း တင်ပို့မှု အားကောင်းခဲ့ သလို ယခုသီတင်းပတ်မှာလည်း တင်ပို့အားကောင်းနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် ရဲ့ ဇူလိုင်လ ၈ ရက်နေ့အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် နှစ်သိန်း တစ်သောင်းခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် တစ်သိန်းလေးသောင်း ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှု သိသိသာသာပိုလာတာ တွေ့ရပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်များမှာ ပြည်ပအဝယ်ပုံမှန်ရှိနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Sunday, 17 Jul 2011

ယခုတစ်ပတ် မတ်ပဲ FOB  အရောင်းအဝယ်လျော့                   ယခင်သီတင်းပတ်တွေက ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လက်တွေ အဝယ်သွက်လို့ FOB အရောင်းအဝယ် စာချုပ် တန်ချိန် သုံးသောင်းနီးပါးဖြစ်ခဲ့ပေမဲ့ ယခုဒုတိယပတ်မှာ လျော့ကျလာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းကုန်သည်များက ဈေးမြှင့်ရောင်းချမှု ကြောင့် FOB အဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။                     ဇူလိုင်လ လဝက်အထိ FOB အရောင်းအဝယ်စာခုျပ်ခုျပ်ဆိုမှုက SQ ၊ FAQ အပါအဝင် စုစုပေါင်း တန်ချိန် လေးသောင်းနီးပါးရှိတာတွေ့ရပါတယ်။ ပြည်ပ အဝယ်အနည်းငယ်လျော့တာကြောင့် ရန်ကုန် ၤဥြ ဈေးလည်းအနည်းငယ် လျော့ကျခဲ့ပါတယ်။                                                                ဒေါ်လာ/တန်                      မတ်ပဲ(FAQ)             မတ်ပဲ(SQ)၁၄-၇-၁၁          ၇၆ဝ-၇၈ဝ              ၈၄ဝ-၈၆ဝ၈-၇-၁၁            ၇၆ဝ-၇၈ဝ              ၈၅ဝ-၈၇ဝMIRT(MAPT)

Pages