Main menu

Background

Tuesday, 28 Jun 2011

ချင်းပြန်စိုက်ချိန်နီးလို့ ရှမ်းချင်းဈေးကွက်ကို ချင်းဥမအဝင်များ                ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းသီးနံှကိုနှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပျိုးပါတယ်။ စိုက်ဧကရဲ့တတိယအများ ဆုံးစိုက်တဲ့မြို့နယ်ကနမ့်ဆန်မြို့နယ်ဖြစ်ပါတယ်။ နမ့်ဆန်ကလည်း ကလော၊ အောင်ပန်းဒေသတွေလိုပဲ ချင်း(ဥမ) ကိုပြန်ဖော်ကြပါတယ်။ အခုလည်းချင်းဥမတွေကိုပြန်ဖော်ပြီးတာကြောင့် ပြန်စိုက်နေကြပါပြီ။ တစ်ချိုု့တောင်သူတွေက မေလကုန်မှာစိုက်ပြီး၊ တစ်ချို့တောင်သူတွေကလည်း ဇွန်လမှသာ ပြန်စိုက်ကြပါတယ်။ ချင်းအထွက်များတဲ့ ဒေသတစ် ခုဖြစ်ပြီး ထွက်တဲ့ ချင်းတွေကိုတော့ တောင်ကြီး၊ အောင်ပန်းကိုအဓိကပို့ပါတယ်။ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့နယ်တွေကိုတော့အနည်းအကျင်းလောက်သာ စီးတယ်လို့ သိရပါတယ်။ မနှစ်က ဒေသထွက်ချင်း (စို) တန်ချိန်ပေါင်း ၃၃၁ ဒသမ ၉ တန်တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ နမ့်ဆန်ကုန်စည်ဒိုင်က သိရှိရပါတယ်။ ချင်းတက်(စို)က ကုန်သလောက် ဖြစ်သွားပြီး (ဥမ)တွေသာဈေးကွက်မှာရှိပါတော့တယ်။ ချင်း(ဥမ) ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုန်းဈေးကွက် ကတော့ချင်းစိုတွေမရှိတော့ဘဲ ချင်းခြောက် ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ အောင်ပန်း ဈေးကွက် မှာချင်း (ဥမ) တစ်ပိဿာ ၃ဝဝကျပ်၊ ၃၈ဝကျပ်၊ ချင်းခြောက်ကတစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။                                               ဧဧခိုင်

Monday, 27 Jun 2011

ပင်လယ်ရေကြောင်း မဆိုသလောက်အပို့ရ                   ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ မလေးရှားကို ရော်ဘာတန် ၂ဝ၊ တန်ဖိုးဒေါ်လာ ဝ ဒသမ ဝ၉၂ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က တင်ပို့မှုမရှိခဲ့ပါဘူး။ ကမ္ဘာ့ရော်ဘာဈေးနှုန်း များ တစ်ရှိန်ထိုးကျဆင်းနေခြင်းနဲ့ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တာကြောင့် ယခုလိုတင်ပို့မှု လျော့နည်းရခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှု နည်းပေမဲ့ နယ်စပ်ကုန်သွယ်ရေးကနေတော့ စဉ်ဆက်မပြတ်တင်ပို့နေတာတွေ့ရပါတယ်။ FOB  ရန်ကုန်ဈေးတွေကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာရှိကြောင်း သိရပါတယ်။   KZW

Monday, 27 Jun 2011

ကာရာလာအပြင် အခြားဒေသများ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုး               ကာရာလာဒေသဟာ အိန္ဒိယရဲ့ သဘာဝရော်ဘာထွက်ရှိရာဒေသအဖြစ် အချိန်ကြာမြင့်စွာ ကတည်းက ရပ်တည်ခဲ့ပြီး အိန္ဒိယရော်ဘာထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းက ကာရာလာကနေထွက်တာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကာရာလာမှာ စိုက်မြေတွေပြည့်နှက်နေတာကြောင့် အိန္ဒိယရော်ဘာအသင်းက ရော်ဘာ စိုက်ပိုျးနိုင်တဲ့မြေနေရာတွေကို အခြားဒေသတွေမှာ ရှာဖွေနေကြောင်းသုတေသီများကပြောပါတယ်။ အရှေ့မြောက်ပိုင်းက ထရိုင်ပူရဒေသရဲ့ ရာသီဥတုအခြေအနေက ကာရာလာ နဲ့ နီးစပ်ပါတယ်ဒါ့အပြင် အခြားဒေသတွေ ဖြစ်တဲ့ မဟာရရှထရာနဲ့ ဂိုရာဒေသတွေကိုလည်း ရော်ဘာစိုက်ပျိုးဖို့ အလားအလာရှိကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။ ၁၉၇၉ ခုနှစ်မှာ စတင်ခဲ့တဲ့ စိုက်ပျိုးရေးအစီအစဉ်မှာ ဂိုရာဒေသကို ရော်ဘာ စိုက်ပျိုးရေးဒေသအဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ရော်ဘာအသင်းရဲ့ နောက်ဆုံးစာရင်းများအရ မဟာရရှထရာမှာ စိုက်ပျိုးရေး လုပ်ငန်း ၂၂ဝ ရှိပြီး ဂိုရာမှာ ၁၉၅ ခုရှိကြောင်းသိရပါတယ်။ မဟာရရှထရာမှာ ရော်ဘာ ဟက်တာ ၉ဝဝ စိုက်ပျိုးပြီး ဂိုရာမှာတော့ ဟက်တာ ၇ဝဝ စိုက်ပိုျးကြောင်းသိရပါတယ်။ မဟာရရှထရာက ဟက်တာ ၁ဝဝ နဲ့ ဂိုရာက ဟက်တာ ၆၅ဝ က အရွယ်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဂိုရာဒေသမှာ တစ်နှစ်ကို တန် ၉ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ၁၄ဝဝ ကီလိုဂရမ်ထုတ်လုပ်နိုင်ကာ မဟာရရှထရာဒေသမှာတော့ တစ်နှစ်ကို တန် ၂ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ပျမ်းမျှခြင်း ၂ တန်ထုတ်လုပ်နိုင်ကြောင်းသိရပါတယ်။ ဂိုရာဒေသက ရော်ဘာပင်တွေရဲ့ ၆ဝ ရာခိုင်နှုန်းက အပင်အိုတွေဖြစ်နေပြီး ပြန်လည်စိုက်ပျိုးဖို့ လိုအပ်လျက်ရှိကာ မဟာရရှထရာက ရော်ဘာပင်တွေကတော့ သက်တမ်းငယ်သေးကြောင်း သိရပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ မဟာရရှထရာမှာ ရော်ဘာဟက်တာ ၂၅ဝဝ နဲ့ ဂိုရာမှာ ဟက်တာ ၅ဝဝ ထပ်မံစိုက်ပျိုးဖို့ ရော်ဘာအသင်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။   Source; Commodity online ,KZW 

Monday, 27 Jun 2011

ပင်လယ်ရေကြောင်း တန် ၁၉ဝဝ ကျော်တင်ပို့မှုရှိ               ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၉၂၇ တန်၊ တန်ဖိုး ဝ ဒသမ ၅၅၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၆၅၇ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တင်ပို့မှုတန် (၃ဝဝ) လောက်ပိုမိုခဲ့ပါတယ်။ ပြောင်းအထွက်ကျချိန်ဖြစ်တာကြောင့် တင်ပို့မှု လျော့ကျရခြင်းဖြစ်ကြောင်းသိရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၂၁၂ တန်၊ စင်္ကာပူကို ၁ဝ၈ဝ တန်နဲ့ အိန္ဒိယကို ၆၃၅ တန်အသီးသီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB ရန်ကုန်ဈေးနှုန်းတွေကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြား ဈေးရလျက် ရှိပါတယ်။ ပင်လယ်ရေကြောင်းက အပို့နည်းပေမယ့် နယ်စပ်ကနေ တန် ၈ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ုKZW 

Monday, 27 Jun 2011

မန်းထောပတ်ပဲ ဈေးအေးလာ              မန္တလေးဈေးကွက်မှ တရုတ်ဈေးကွက်ကို နှစ်စဉ်တင်ပို့တဲ့ အထဲမှာ ထောပတ်ပဲဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ဖေဖော်ဝါရီလမှာ ၁ဝ တန်၊ မတ်လမှာ တန် ၁ဝဝ သာတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှာတန် ၅ဝဝ တင်ပို့နိုင်ခဲ့ တာကို တွေ့ရပါတယ်။ မေလအတွင်းမှာ တန် ၂၅ဝ ခန့်နဲ့ ယခုဇွန်လ တတိယပတ်ထိ တန် ၁၅ဝ ခန့်တင်ပို့ပြီးဖြစ်ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့ တန် ၁၅ဝ ဟာ ပထမပတ်အတွင်း က တင်ပို့ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တင်ပို့မှု အေးနေပါ တယ်။ဒါကြောင့် ဈေးကွက်အခြေအနေကလည်း အေးလာတာကို တွေ့ရပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ထောပတ်ပဲ တစ်ပိဿာဈေးများကတော့ ဇွန်လ ပထမပတ် ၈ ရက်နေ့မှာ အမြင့်ဆုံး ၁ဝ၆၇ ကျပ်၊ အနိမ့်ဆုံး ၇၄၇ ကျပ်ဖြစ်ခဲ့ပြီး၊ ဒုတိယပတ် ၁၃ ရက်နေ့က အမြင့်ဈေး ၁ဝ၇၆ ကျပ်၊ အနိမ့်ဈေး ၁ဝ၄၉ ကျပ်ထိ ဈေးကွက်မြင့်တက်ခဲ့ပါတယ်။ တတိယ ပတ်ထဲမှာတော့ အမြင့်ဈေး ၁ဝ၃ဝ ကျပ်၊ အနိမ့်ဈေး ၇၅၆ ကျပ်ထိ ဈေးအေးခဲ့ပါတယ်။ ဇွန်လ ၁ဝ ရက်နောက်ပိုင်းမှာ တော့ တရုတ်တင်ပို့မှု မရှိသလောက်ဖြစ်ခဲ့ပြီး ရန်ကုန်ဈေး ကွက် အနည်းငယ်နဲ့ ဒေသတွင်း ဝယ်လက်လောက်သာ ရှိကြောင်း သိရပါတယ်။ မိုးမိုးအေး

Monday, 27 Jun 2011

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲစင်းငုံနီစိုက်ပျိုးနေပြီ               စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်နှစ်ကိုတစ်သီးသာ စိုက်ပျိုးတဲ့ပဲစင်းငုံနီဟာ ၂ဝ၁၁-၁၂ ခုနှစ်လျာထား စိုက်ဧက ၅ ဒသမ ၄၅ သိန်းအနက်ဧက ၃ ဒသမ ၄၂ သိန်း၊ ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ပဲစင်းငုံ သီးနံှကို မေ၊ ဇွန်၊ ဇူလိုင် လများမှာစတင်စိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ကာလများ မှာထွက်ပေါ်မှာဖြစ်လို့ သက်တမ်း ၆ လမျှအချိန်ကာလကြာမြင့်ပါတယ်။ ယခုရောင်းဝယ်နေတာက တောင်သူနဲ့ ကုန်သည်များလက်ဝယ်ရှိနေတဲ့ ယခင်နှစ်ထွက်ပဲစင်းငုံများဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်းပဲစင်းငုံ နီတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၆၁ဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးအသီးသီးနဲ့ရောင်းဝယ်ခဲြ့ကပြီး တစ်ရက်ကိုပဲစင်းငုံနီ ပျမ်းမျှတင်း ၁ဝဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှ မန္တလေးသို့ ပဲစင်းငုံနီတင်း ၂၁ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ်။   သန်းးသန်းးတင်

Monday, 27 Jun 2011

ဈေးမာလာတဲ့ မန်းပဲကြီး                မန်းပဲဈေးကွက်သို့ တိုင်းဒေသကြီးများမှ ပဲကြီးများ ဆက်လက်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်း ပဲကြော်ဖိုသမားများ အဝယ်ရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ဇွန်ပထမပတ်ပဲကြီးတစ်ပိဿာကို အမြင့်ဈေး ၈၃၃ ကျပ်၊ အနိမ့်ဈေး ၈၁၄ ကျပ် ဈေးရှိခဲ့ပြီး၊ ဒုတိယပတ်မှာတော့ အမြင့်ဈေး ၉၄၁ ကျပ်၊ အနိမ့်ဈေး ၉ဝ၅ကျပ်ဖြင့်ဈေးမာလာတာတွေ့ရပါတယ်။ ယခုအပတ်မှာတော့ အမြင့်ဈေး ၉၉၅ ကျပ် မှအနိမ့်ဈေး ၉၄၁ ကျပ်ဖြင့် ဈေးမြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်လှောင်လက်သမားများမှ ပြန်လည်အဆွဲများလာတာကြောင့် ဈေးမာလာပြီး တင်ပို့မှု အနေနဲ့ကတော့ ဖေဖော်ဝါရီလမှာ ၃၃ တန်၊ မတ်လမှာ ၆၅၄ တန်အများဆုံးတင်ပို့ခဲ့ပြီး ဧပြီလ မှာတော့ ၅၈၂ တန်ခန့်၊ မေလမှာ ၂၆၅တန် တင်နိုင်ခဲ့ပါတယ်။ ယခုဇွန်တတိယပတ် အထိ တန် ၂၄၆ ခန့်တင်ပို့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။     မိုးးမိုးးအေး

Monday, 27 Jun 2011

ပဲလွန်းဖြူ တန် ၉ဝ ခန့် မူဆယ်မှ အပို့ရှိ                  ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်းကန်ဒေါ်လာ ၇၆ဝဝဝ တန်ဖိုး ရှိ ပဲလွန်းဖြူ ၈၉ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး လျော့နည်းခဲ့ပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                       မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု           ယခင်      ပြောင်းလဲမှု    %      ယခု      ယခင်   ပြောင်းလဲမှု      %ပဲလွန်းဖြူ      ၅၆၁ဝဝ၆     ၅၆၃၅ဝ၈      ၂၅ဝ၂      ဝ .၄      ၉၂၆     ၈၉၅          ၃၁            ၃ .၃MIRT (DOBT)

Monday, 27 Jun 2011

Export  ဝယ်လက်ဆွဲတဲ့ စစ်ကိုင်းပဲကြီး                  ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြောင်မြို့နယ်များမှပဲကြီးများ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက် လာပါတယ်။ Export  ဝယ်လက်ရှိလို့ ဇွန်လတတိယ ပတ်အတွင်း ရန်ကုန်ဝယ်လက်ကမုံရွာကုန်စည်ဒိုင်မှာပဲကြီးတင်း ၅၈ဝ ကျော်ဝယ်ယူ သွားကြောင်းသိရပါတယ်။ တိုင်းအတွင်းစားသုံးမှုနဲ့ ပဲကြော်ဖိုလုပ်ငန်းများရဲ့ သုံးစွဲမှုရှိ လို့ မုံရွာကုန်စည်ဒိုင်မှာနေ့စဉ်ပဲကြီးတင်း ၁ဝဝ -၂ဝဝခန့်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက် ကသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုလအတွင်း ပဲကြီးတစ်ပိဿာအနိမ့်အမြင့်ဈေးမှာ ၆၄၂ ကျပ်၊ ၆၇၃ ကျပ်၊ ယခင်နှစ်ကာလတူပေါက်ဈေးမှာ ၁၅၇၉ ကျပ်၊ ၁၆ဝ၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းးသန်းးတင်

Monday, 27 Jun 2011

ဈေးအပြောင်းအလဲမရှိတဲ့ ဘိုကိတ်                 ပြည်ဘိုကိတ်ပဲမှာ ယခင်နှစ်က ပိဿာ ၂ဝ တစ်တင်းကို ၂၁၅ဝဝ ကျပ်ဖြင့် ဈေးကောင်းရ ခဲ့ပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များဖြင့် အဝယ်သွက်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ လက်ရွေးသန့်စင်ပြီးသော ဘိုကိတ်ပဲအမိုျးအစားမှာ ၁၂၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်ရက်၌ အိတ် ၅ဝ မှ ၁ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ပြီး အရည်အသွေးညံ့သော ဘိုကိတ်ပဲမှာ တစ်တင်းကို ၁၁ဝဝဝ ကျပ်ဖြင့် ၁၅ အိတ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဘိုကိတ်ပဲများကို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိသလို အခြားတိုင်းမှ ဝင်ရောက်မှု မရှိဘဲ တိုင်းအတွင်းရှိ လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဆုမွန်မွန်ဆွေ

Pages