Main menu

Background

Tuesday, 21 Jun 2011

နနွင်းတင်ပို့မှုလျော့             ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နနွင်း ၁ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ မလေးရှား နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ၇ဝ တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉၃ဝ နဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT (DOT)

Tuesday, 21 Jun 2011

နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ရှိ                  ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၄ဝ ကျော်နဲ့ နနွင်းခေါင်း ၁ဝ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် တန် ၄ဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)

Sunday, 19 Jun 2011

ဈေးကောင်းနေတဲ့ မန်ကျည်း                 မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်တဲ့ ကျောက်ပန်း တောင်းမြို့နယ်မှာ ယခုနှစ် မန်ကျည်းအထွက်နည်းခဲ့တာကြောင့် မန်ကျည်းအသစ်ပေါ်စ ဖေဖော်ဝါရီလက မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၁၅ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးမှ ယခုရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းမြို့တွင် မန်ကျည်း အလုံး (အကြောဆွဲ) တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၄ဝဝ ကျပ်၊ မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝ ကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်းစေ့ တစ်တင်း ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးကောင်း လျက်ရှိ ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ ပခုက္ကူ ဆိပ်ဖြူမှ နေ့စဉ်မန်ကျည်း ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ခန့်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်း (ရပ်စောက်) မှ နေ့စဉ် မန်ကျည်းအဝင်နည်းသွားပြီး ရက်ခြား၍ ပိဿာ ၂ဝဝဝ မှ ၃ဝဝဝ ခန့် သာဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် အလုံး (အကြောဆွဲ) ပိဿာ တစ်သိန်းနှစ်သောင်းနှင့် မန်ကျည်းအသား ပိဿာ ရှစ်သိန်းခန့်လက်ကျန်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့နေ့စဉ် ပိဿာ ၈ဝဝဝ ခန့်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမှ ပြည်ပတင်ပို့မှု အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလမှ မေလ အထိ မလေးရှား၊ ပါကစ္စတန်၊ တရုတ်နိုင်ငံများသို့ ပိဿာချိန် သိန်း ၂ဝ ခန့်တင်ပို့ခဲ့ကြောင်းနဲ့ မန်ကျည်း အလုံး (အကြောဆွဲ) တင်ပို့မှုများခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ) တစ် ပိဿာ လက်ကားဈေး ၂၂ဝဝ ကျပ်နဲ့ လက်လီဈေး ၃ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းသင်းအိ 

Sunday, 19 Jun 2011

မန်ကျည်းတန်ချိန် ငါးဆယ်နီးပါးတင်ပို့ခဲ့                     ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း မန်ကျည်း ၄၇ ဒသမ ၅၅ တန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံကို ၂၂ ဒသမ ၅၅ တန်နဲ့ မလေးရှားနိုင်ငံကို ၂၅ တန်ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာကျော်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ အပို့ လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၈၉ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းနှစ်ထောင် ကျော် ရရှိခဲ့ပါတယ်။   MIRT (DOT) 

Sunday, 19 Jun 2011

ရှမ်းချင်းဥမတွေ ဈေးကွက်ဝင်                   ဒီနှစ် ရှမ်းပြည်နယ်တောင်ပိုင်းမှာသြင်္ကန်ပြီးကတည်းက မိုးဆက်ရွာနေပါတယ်။ မိုးဦးက မနှစ်ကထက် စောတာကြောင့် သီးနံှတွေလည်းစောစောစိုက်လို့ရတဲ့ နှစ်ဖြစ်ပါတယ်။ မနှစ်က ပြည်ပဝယ်လိုအားများပြီး ချင်းဈေးကကောင်းခဲ့တာကြောင့် ချင်းဥမတွေကို စောစောဖော်ချင်ပေမဲ့ မိုးမရွာလို့ နောက်ကျခဲ့ရပါတယ်။ ဒီနှစ်တော့ မိုးစောစောရွာတာကြောင့် ချင်းဥမတွေလည်း ဈေးကွက်ကို စောပြီးဝင်ပါတယ်။ ချင်းထွက်ရာ ဒေသကြီးတစ်ခုဖြစ်တဲ့ နမ့်စန်မှာလည်း ချင်းဥမတွေ ဈေးကွက်ကို ဝင်နေပါပြီ။ ဒါပေမဲ့ ဒီနှစ်ထွက်တဲ့ ချင်းဥမက အညံ့စတွေသာများတယ်လို့ သိရပါ တယ်။ ချင်းအစိုအတိုင်းရောင်းဖို့အတွက် ရောင်းပန်းသိပ်မလှတာကြောင့် ချင်း ခြောက်အဖြစ်သာ ပြုလုပ်ဖို့အတွက် ဝယ်ယူတယ်လို့လည်း သိရပါတယ်။ တစ်ပိဿာဈေးကလည်း ၂ဝဝ ကျပ်-၂၅ဝ ကျပ်သာရှိပါတယ်။ ချင်းတက်(ဟောင်း) တွေကတော့ ကုန်သလောက်ဖြစ်နေပြီး လက်လီရောင်းဖို့အတွက်သာ ကျန်ရှိတယ် လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ချင်းတက်ဈေးက တစ်ပိဿာ ၆ဝဝ ကျပ်ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုဈေးက (ဥမ) တစ်ပိဿာ ၃၅ဝ ကျပ်နဲ့ ချင်းတက်က တစ်ပိဿာ ၄ဝဝ ကျပ်-၅ဝဝ ကျပ်၊ ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်-၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 19 Jun 2011

ဈေးကျလို့ ပြည်ချင်းအရောင်းသွက်နေ                    ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်းအောင်ပန်းမှ နွေချင်းအသစ်များ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့် အဝင်ရှိပြီး ယခင်အပတ်ထက် အဝင်များကာ ဈေးနှုန်းမှာလည်း တစ်ပိဿာကို ချင်း(ရှယ်) ၁၅ဝဝ ကျပ်၊ (ဂျွန်) ၁၃ဝဝ ကျပ်ဖြစ်၍ ယခင်အပတ်ထက် ဈေး ၁၅ဝ ကျပ်နှုန်းခန့် ကျလာတာတွေ့ရပါတယ်။ အရောင်း အဝယ် အားဖြင့် ဒေသတွင်း ပွဲရုံများမှ လက်လီ၊ လက်ကားအဝယ်အပြင် ဧရာဝတီ နှင့် ရခိုင်သို့လည်း တင်ပို့မှုရှိလို့ တစ်ရက်ကို ပိဿာချိန် ၁၃ဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ပြီး ယခင်အပတ်ထက် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။   ဝင်းလဲ့ဝါ 

Sunday, 19 Jun 2011

၂ဝ၁၂ တွင်ပြောင်းဈေးတက်နိုင်ဟု ခန့်မှန်း                   ယခုနှစ် နွေရာသီသီးနံှထွက်ရှိမှု ကျဆင်းမယ်လို့ အစိုးရက တွက်ချက်ပြီး နောက်ပိုင်းပြောင်းဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၂ဝ၁၂ မှာလည်း ပြောင်းအကျပ်အတည်း ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။ ယခုအပတ်အတွင်း ပြောင်းဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ၂ဝ၁၂ မှာ ပြောင်းသိုလှောင်မှု စုစုပေါင်း ဘူရှယ် ၉၆၉၅၁ သန်းရှိနိုင်ပြီး ယခင် ခန့်မှန်းထားတာထက် ဘူရှယ် ၂ဝ၅ သန်းလျော့နည်းခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန (USDA)က ပြောကြားပါတယ်။ ဒီလိုအထွက်နှုန်းကျတာက မိုးရွာသွန်းမှု များတာကြောင့်ဖြစ်ပြီး အမေရိကန်ရဲ့ အချို့စိုက်ပျိုးရေးဧရိယာ များမှာ ဆောင်းရာသီ နှောင့်နှေးနိုင်ကြောင်းသိရပါတယ်။ ၂ဝ၁၂ မှာ ပြောင်း ရောင်းလိုအား စုစုပေါင်း တန်ချိန် (၁၁၁ ဒသမ ၉) သန်းရှိနိုင်ကြောင်း (USDA)  က ခန့်မှန်းထားပါတယ်။၂ဝဝ၆-၂ဝဝ၇ ခုနှစ်ကတည်းကစတွက်ရင် ယခုနှစ်ရဲ့ အထွက်နှုန်း အနိမ့်ဆုံးဖြစ်နိုင်ကြောင်း(USDA)  က ပြောကြားခဲ့ပါတယ်။ တခြား တစ်ဖက်မှာတော့ ရေနံစိမ်း၊ ဓာတ်ဆီနဲ့ သတ္တုတွေက အများဆုံးအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိပါတယ်။ Source; commodity online ,KZW

Sunday, 19 Jun 2011

နယ်စပ်မှ ပြောင်းတန် ၈၄ဝဝ ကျော်ယခုအပတ် အပို့ရှိ               ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၃၆ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၆ တန်ကို မူဆယ်နဲ့ တန် ၆ဝဝ ကို လွယ်ဂျယ်တို့မှ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ တင်ပို့မှုလျော့နည်းခဲ့ပြီး လွယ်ဂျယ်မှ ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ် အပို့ မရှိခဲ့ပါဘူး။ယခင်အပတ်က တင်ပို့မှုထက် တန် ၁၂၈ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက် ပြောင်းဈေးများ လျော့ကျနေသော်လည်း တစ်ဘက်နိုင်ငံ ဈေး ပြောင်းလဲမှု မရှိပါဘူး။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                                မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု             ယခင်     ပြောင်းလဲမှု       %        ယခု        ယခင်   ပြောင်းလဲမှု         %ပြောင်းဖူးစေ့       ၂၂၂၉၁၂       ၂၂၃၉၂ဝ     ၁ဝဝ၈       ဝ .၅        ၂၉၃        ၂၉၃            -                -MIRT (DOBT)

Sunday, 19 Jun 2011

ယခုအပတ် ပြောင်းတင်ပို့မှု နှစ်ဆကျော်                 ဇွန်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ၄၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၆၅၇ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၈၆၁ တန်သာတင်ပို့ခဲ့တာမို့ ယခု အပတ်မှာ နှစ်ဆကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့နိုင်မှုတွေကတော့ အိန္ဒိယသို့ ၇ဝ၂ တန်၊ မလေးရှားသို့ ၄၂၅ တန်၊ ဗီယက်နမ်သို့ ၃၅ တန်၊ ဖိလစ်ပိုင်သို့ ၂ဝ၇ တန်နဲ့ စင်္ကာပူ သို့ ၂၈၈ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးက ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားဈေးပေါက်နေပါတယ်။   KZW

Sunday, 19 Jun 2011

ဝယ်လိုအားမြှင့်၍ တရုတ်မှ ရော်ဘာပိုမိုတင်သွင်းမည်               ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်ရေးဖြစ်တဲ့ တရုတ်နိုင်ငံက ကုန်ပစ္စည်းထုတ်လုပ်မှုကိုမြှင့်တင်မှာ ဖြစ်တဲ့အတွက် ရော်ဘာ ဝယ်လိုအားကို ၈ ရာခိုင်နှုန်းနီးပါး တိုးမြှင့်ဝယ်ယူနိုင်ကြောင်း သုတေသီများက ပြောကြားပါတယ်။ ကားဈေးကွက်တိုးတက် အားကောင်းလာတာကြောင့် တရုတ်ရဲ့ရော်ဘာဝယ်လိုအား တန်ချိန် (၂ ဒသမ ၈၉) သန်းအထိရောက်ရှိနိုင်ကြောင်း တရုတ် ရော်ဘာစက်မှုအသင်းက ခန့်မှန်းထားပါတယ်။ မေလမှာ တရုတ်ရဲ့ ရော်ဘာတင်ပို့မှု ၃၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၂ဝဝဝဝ ကိုရောက်ရှိကာ ယခင်နှစ်အလားတူကာလက တန်ချိန် ၉ဝဝဝဝ ရှိကြောင်းသိရပါတယ်။ မေလရဲ့ သွင်း ကုန်က ဧပြီလထက် ၃၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ဧပြီမှာ သွင်းကုန်တန် ၁၈ဝဝဝဝ ရှိကြောင်း သိရပါတယ်။ ၂ဝ၁၁ ပထမ (၅) လမှာတရုတ်ရဲ့ ရော်ဘာတင်သွင်းမှု တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တန်ချိန် ၇၇ဝဝဝဝ တန်ရှိကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့လက ရော်ဘာတုတင်သွင်းမှုက တစ်နှစ်ထက် တစ်နှစ် ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ချိန် ၁၂၂ဝ၆၃ သာတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်ပထမ (၅)လအတွင်း ရော်ဘာတု တင်သွင်းမှု ၁၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ချိန် ၆၂၅၃၂၅ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် အကောက်ခွန်ဌာနရဲ့ အစီရင်ခံစာ ကတော့ အနည်းငယ်ကွဲလွဲနေပြီး ယခုနှစ်ပထမလေးလမှာ တရုတ်ရဲ့ရော်ဘာတင်သွင်းမှု ၁၄၅ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံရှိပြီး ပျမ်းမျှခြင်းသွင်းကုန်ဈေးနှုန်းက နှစ်ဆရှိပြီး တစ်တန်ကို ၂၆ဝဝ ဒေါ်လာရှိကြောင်း သိရပါတယ်။ ဒီလို ရော်ဘာဈေးနှုန်းတွေ မြင့်တက်တာက အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်မှာ ရာသီဥတု ပြောင်းလဲမှု ပြင်းထန်မှုကြောင့်ဖြစ်ကြောင်း သုတေသီများက ပြောကြားပါတယ်။ တရုတ်ရဲ့ သဘာဝ ရော်ဘာထုတ်လုပ်မှုက အဓိကစိုက်ပိုျးတဲ့ဒေသတွေမှာ မိုးခေါင်မှုကြောင့် အထွက်နှုန်းကျနိုင်ကြောင်း တရုတ်ရော်ဘာအသင်းက ပြောကြားပါတယ်။ ယူနန် ပြည်နယ်ကမိုးခေါင်မှုဖြစ်နေပြီး ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၄ဝ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။                   ယူနန်က ဟိုင်နန်ပြီးရင် ဒုတိယအများဆုံး ရော်ဘာထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်ကြောင်းသိရ ပါတယ်။ တရုတ်က ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ဖြစ်တဲ့ အမေရိကန်ထက် ရောင်းအား ၄ဝ ရာခိုင်နှုန်းခန့် မြင့်အောင်ကြိုးစားနေကြောင်း သိရပါတယ်။ ၂ဝ၁ဝ ထက်တာယာသုံးစွဲမှု စုစုပေါင်းက ၄ဝ၄ သန်းကျော်မြင့်တက် နိုင်ပြီး ယခင်နှစ်က သန်း ၃၈ဝ ရှိကြောင်း တရုတ်ရော်ဘာ စက်မှုအသင်းကပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source; commodity online KZW 

Pages