Main menu

Background

Monday, 6 Jun 2011

ဒီတစ်ပတ် ပဲယင်းကို မူဆယ်က တင်ပို့               ကန်ဒေါ်လာ ၃ဝ၅ဝဝဝ ကျော် တန်ဖိုးရှိ ပဲယင်း ၄၄၇ တန်ကို မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က မူဆယ်နဲ့ တမူးနယ်စပ်တို့မှ ၃၆၃ တန် တင်ပို့ခဲ့ပြီး မူဆယ် နယ်စပ်ပေါက်တစ်ခုတည်းက ယခုအပတ်မှာ တင်ပို့ခဲ့ပေမဲ့ ယခင်အပတ်ကထက် ၈၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် နယ်စပ်က တင်ပို့တဲ့ပဲယင်း(ချင်းပဲ)တွေဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီး ထွက်ကုန်များ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေး လေးသောင်းကျော် လျော့ နည်းလျက် ရှိပါတယ်-                                    မိမိဘက်(ကျပ်/တန်)                                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု                ယခင်         ပြောင်းလဲမှု     %         ယခု     ယခင်   ပြောင်းလဲမှု       %ပဲယင်း         ၃၇၅၇၂ဝ       ၄၂၃၆၈၈          ၄၇၉၆၈      ၁၃         ၅၂၉    ၅၂၈            ၁             ဝ .၂MIRT (DOBT)

Monday, 6 Jun 2011

ပြည်ပဲနီပြား လက်လီသမားများအဝယ်လိုက်နေ                 ယခုတစ်ပတ်ပြည် ဈေးကွက်သို့ ပဲနီပြားသီးနံှဝင်ရောက်မှု အနေဖြင့် အဝင်ပါးလာပြီလို့ သိရပါတယ်။ ရွှေ တောင်၊ ကျီးသဲဖက်မှ အနည်းငယ်ခန့် သာ ဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်မှု နည်းလာခဲ့လို့ ပဲဈေးမှာလည်း ယခင် အပတ်ထက် အနည်းငယ်ကျဆင်း သွား ခဲ့ပါတယ်။ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ကြို့ပင် ကောက်၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ် များမှ လက်လီပြန်လည်ရောင်းချရန် လာရောက်ဝယ်ယူမှုများရှိတဲ့အတွက် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။    ခင်ဆွေဝင်း 

Monday, 6 Jun 2011

ပဲကြော်၊ ပဲလှော်လုပ်ငန်းများ ပုံမှန်အဝယ်ရှိတဲ့ ပဲကြီး                   ပြည်ဈေးကွက်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၆ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်က အတိုင်းဈေးငြိမ် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီး ဝင်ရောက်မှုအနေဖြင့် မေလအတွင်း မကွေးတိုင်းဒေသကြီးဖက်မှ အိတ် ၄၅ဝ ခန့်ဝင်ရောက်ခဲ့ပြီး ဒေသတွင်းမြို့နယ် များမှ ဝင်ရောက်မှု နည်းခဲ့ပါတယ်။ ပဲခူး တိုင်း ဒေသကြီး ပြည်ဈေးကွက်မှ ရန်ကုန်သို့ အိတ် ၃ဝဝ ခန့်တင်ပို့နိုင်ခဲ့ပြီး ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများ နေ့စဉ်အဝယ်ရှိတဲ့အတွက် အိတ် ၁ဝဝ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း 

Monday, 6 Jun 2011

ရန်ကုန် FOB ဈေးကွက်ကုလားပဲအဝယ်ပုံမှန်ရှိ                   ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် တန် ၃ဝဝ ကျော်သာရှိပေမဲ့ ယခုသီတင်းပတ် (မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်) အတွင်းမှာတော့ တန် ၁ဝဝဝ နီးပါးနဲ့ နေ့စဉ်နီးပါး အဝယ်ရှိခဲ့တာတွေ့ရပါတယ်။ မေလ တစ်လလုံး အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ကုလားပဲဖြူလုံးကြီး တန်ချိန် ၈၅ဝဝ ကျော်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဝယ်လက်ပုံမှန်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုးကျဆင်းလာတာကြောင့် မေလ ၂၇ ရက်နေ့က FAQ တစ်တန်ကို ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ရှိရာမှ ဇွန်လ ၃ ရက်နေ့မှာ ကန်ဒေါ်လာ ၇၉ဝ-၈၅ဝ ကို လျော့ကျလာခဲ့ပါတယ်။    MIRT- MAPT 

Monday, 6 Jun 2011

ကုလားပဲဖြူလုံးကြီး ယခုတစ်ပတ်မှာလည်း တန် ၃ဝဝဝ အပို့ရှိ              ယခင်သီတင်းပတ် ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုမှာ ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက် ) အတွင်းမှာလည်း တန် ၃ဝဝဝ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပါကစ္စတန် ဝယ်လက်အဆွဲများတာကြောင့် ကုန်သည်လက်ကျန်နည်းလာပြီ လို့လည်း ကုန်သည်တစ်ဦးက ဆိုပါတယ်။                 ယခုဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ ပြည်ပတင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန် ၄ဝဝ ကျော်သာရှိလို့ ယခုနှစ် အတွင်း ကုလားပဲတင်ပို့မှုများစွာ ပိုမိုနေတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ် မှာလည်း ပုံမှန်တင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။   MIRT- MAPT 

Monday, 6 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှု အရှိန်ကောင်းနေ                 ယခင်သီတင်းပတ်က ထောပတ်ပဲတန်ချိန် ၈၅ဝ၊ မြေထောက်ပဲ တန်ချိန် ၃၅ဝ ကျော်တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာလည်း ထောပတ်ပဲ တန်ချိန် ၁ဝဝဝ နီးပါးနဲ့ မြေထောက်ပဲတန် ၄ဝဝ ကျော်နဲ့ တင်ပို့မှုအရှိန်ကောင်းနေတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ မလေးရှား၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲ တန် ၆ဝဝဝ နီးပါး၊ မြေ ထောက်ပဲ တန် ၂၆ဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲ တန် ၅၃ဝဝ နဲ့ မြေထောက်ပဲတန် ၂ဝဝဝ နီးပါးရှိလို့ ယခုဘဏ္ဍာနှစ်အတွင်း ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။                        ဘုရင့်နောင်ကုန်စည်ဒိုင်မှာ FOB အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ ယခုတစ်ပတ်အတွင်း ထောပတ်ပဲတန် ၁၇ဝ နဲ့ မြေထောက်ပဲတန် ၃ဝဝ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေတစ်လလုံးအရောင်း အဝယ်ဖြစ်မှုအနေနဲ့ ထောပတ်ပဲတန် ၃၆ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၁၆ဝဝ နီးပါး အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ ဇွန်လ ၃ ရက်နေ့မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။MIRT- MAPT 

Monday, 6 Jun 2011

မိုးကြိုပဲတီစိမ်းများ စစ်ကိုင်းမှာထွက်ပြီ                 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၁-၁၂ ခုနှစ် ပဲတီစိမ်း(မိုးကြို) စိုက်ပျိုးရန်လျာထားဧက ၂ သောင်း ၈ ထောင်ကျော်အနက် ဧက ၃ သောင်း ၃ ထောင်ကျော် ရာခိုင်နှုန်းအားဖြင့် ၁၁၈ ရာခိုင်နှုန်း စိုက်ပျိုးခဲ့ကြောင်း သိရှိ ရပါတယ်။ ဧပြီလမှာ စိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းများမေလနောက်ဆုံးပတ်မှာ ထွက်ပေါ်ပြီး စစ်ကိုင်းမြို့ပေါ်ရှိ ပွဲရုံ များသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ စစ်ကိုင်းမြို့ အနောက်ဘက်ရှိ စကျင်ကျေးရွာ၊ မြောက်ဘက်ရှိ ဆည်လေးတော၊ ကန်ကြီးကုန်း၊ ကျောက်ပနန်း၊ ပဒူ၊ ရေတွင်းကောင်း၊ မာလဲတောကျေးရွာ များ၊ စစ်ကိုင်းတောင်ရိုး ဧရာဝတီမြစ်ဘေးရှိ ဝါးချက်၊ မင်းကွန်း၊ ထုံးဖို ကျေးရွာများ၊ အုန်းတောနှင့်ဆားတောင် နယ်တစ်ဝိုက်မှ ပဲတီစိမ်း (မိုးကြို)များ တစ်ရက်ကိုတင်း ၅ဝ၊ ၆ဝ ကျော်ဝင် ရောက်ပါတယ်။ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများမှထွက်ရှိတဲ့ ပဲ၊ နှမ်းသီးနံှမျိုး စုံကို သယ်ယူပို့ဆောင်စရိတ် သက်သာပြီး ဈေးကွက်နီးသောမန္တလေးမြို့သို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရပါ တယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လ ၂ ရက်နေ့ ပဲတီစိမ်းကြီးတစ်တင်း ပေါက်ဈေးမှာ ၂၈ဝဝဝ ကျပ်ဈေးပေါက် ကြောင်းသိရှိရပါတယ်။ သန်းသန်းတင်

Monday, 6 Jun 2011

ရာသီအစားအစာ ပဲတီစိမ်းဝယ်လိုအား မြင့်တက်                တရုတ်နိုင်ငံမှာ ရာသီဥတုပူပြင်းတဲ့အတွက် ရာသီအစားအစာဖြစ်တဲ့ ပဲတီစိမ်းဝယ်လိုအား မြင့်တက်လျက်ရှိပါတယ်။ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၄၉၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၂၃၄ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်း ပြည်တွင်းဈေးအညံ့တစ်တန်ကို ၇ဝ၇၆၅ဝ ကျပ်မှ အကောင်းတစ်တန် ၉၅၈ဝ၅ဝ ကျပ်ရှိနေပြီး တရုတ်မှ ၇၈၈ဝ မှ ၉ဝဝဝ ယွမ်ထိ ဈေးပေး ဝယ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်-                                           မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု             ယခင်         ပြောင်းလဲမှု        %          ယခု           ယခင်   ပြောင်းလဲမှု     %ပဲတီစိမ်း       ၁၁၂၈၄၅ဝ      ၉၅၇၅၄ဝ      ၁၇ဝ၉၁ဝ      ၁၅ .၁၅      ၁၄ဝဝ       ၁၂၁၃     ၁၈၈             ၁၃MIRT (DOBT)

Monday, 6 Jun 2011

အရည်အသွေးကောင်းတဲ့ အညာပဲတီရွှေဝါကို ပြည်ပအဝယ်ပိုရှိ               ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အရည်အသွေးကောင်းတဲ့ အညာပဲတီရွှေဝါကို ပြည်ပ ဝယ်လက်အဝယ်ပိုရှိတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း တရုတ်နဲ့ အင်ဒိုနီးရှားဝယ်လက်အချို့ အဝယ်လိုက်လာတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်နဲ့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုအနေနဲ့ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ ပဲတီစိမ်း၊ အညာပဲတီရွှေဝါ စုစုပေါင်း တန်ချိန် ၃၃ဝဝ ခန့် စာချုပ်နိုင်ခဲ့ပြီး မေလတစ်လလုံးမှာ တန်ချိန် ၁၅ဝဝဝ ခန့် ပြည်ပအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ဈေးပြောင်းလဲခြင်းမရှိဘဲ ဇွန်လ ၃ ရက်နေ့မှာလည်း ပဲတီစိမ်း FAQ (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁၁၇ဝ-၁၁၉ဝ နဲ့ ရွှေဝါအကြီး တစ်တန်ကန်ဒေါ်လာ ၁၂၇ဝ-၁၂၉ဝ အသီးသီးရှိကြောင်း သိရပါတယ် MIRT- MAPT

Monday, 6 Jun 2011

ပဲတီစိမ်း သင်္ဘောတင်တန်ချိန် ၄ဝဝဝ ကျော်                ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုမှာ ပဲတီစိမ်း တန်ချိန် ၅၇ဝဝ ကျော်ထိရှိရာမှ ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ စင်ကာပူတို့ဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ ပြည်ပတင်ပို့မှု အနေနဲ့ ပဲတီစိမ်းတန်ချိန် ၅၁ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၄၅ဝဝဝ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း တရုတ်နဲ့ အင်ဒိုနီးရှားက အဝယ်ရှိလာလို့ လာမယ့် သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။     MIRT- MAPT

Pages