Background
တန် ၉ဝဝဝ ကျော် တရုတ်နယ်စပ်ကပို့ ဧပြီလ ၂၇ ရက်မှ မေ ၃ ရက်ထိကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းများက ပြောင်းဖူးစေ့ ၉၆၁၉ တန်၊ တန်ဖိုး ၂ ဒသမ ၄၉၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၇ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်စခန်းက တင်ပို့မှုမရှိပဲ ယခု အပတ်မှာ တင်ပို့မှုရှိတာကြောင့်လည်း တင်ပို့မှုပိုမိုရခြင်းဖြစ်ပါတယ်။ ယခု အပတ်မှာလည်း နံှစားပြောင်း တင်ပို့ခြင်းမရှိပါဘူး။ မိမိဘက်ရော တဘက်နိုင်ငံ ပြောင်းဈေးနှုန်းကျဆင်းလျက်ရှိတာ တွေ့ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၂၅၃၆ ၂၅၃၂ဝ၈ ၁ဝ၆၇၂ ၄ .၄ ၂ဝ၈ ၂၁ဝ ၂ ဝ .၇MIRT (DOBT)
ပင်လယ်ရေကြောင်းက တန် ၃ဝဝဝ ကျော်တင်ပို့နိုင် ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ၉၆၅ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၃၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တိုးတက်တယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကိုတန် ၄၆ဝ၊ အင်ဒိုနီးရှားကို ၁၇၅၁ တန်၊ စင်္ကာပူကို ၈၈၁ တန်နဲ့ ဗီယက်နမ်ကို တန် ၅၄ဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားဈေးရလျက် ရှိပါတယ်။ KZW
၂ဝ၁၁ တွင်ကမ္ဘာ့ ရော်ဘာထုတ်လုပ်မှု ၁ဝ ဒသမ ဝ၂၅ သန်းရှိနိုင် ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) အသင်းဝင်နိုင်ငံတွေရဲ့ ထုတ်လုပ်မှု ကျဆင်းတာကြောင့် ယခုနှစ် ၂ဝ၁၁ မှာ သဘာဝ ရော်ဘာထုတ်လုပ်မှု တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းအထိ ကျဆင်းနိုင်ပြီး ယခင်နှစ်ကတော့ တန်ချိန် ၁ဝ ဒသမ ဝ၆ သန်းသုံးစွဲခဲ့ကြောင်းသိရပါတယ်။ ထိုင်းနဲ့ တရုတ်က ပျှမ်းမျှခြင်း တွက်ချက်မှုအရ ထုတ်လုပ်မှုကျဆင်းနိုင်ပြီး အင်ဒိုနီးရှားနဲ့ အိန္ဒိယကတော့ ယခင်နှစ်ကထက်ပိုပြီး အထွက်ကောင်းနိုင်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ၂ဝ၁၁ မှ လျာထားချက် တန်ချိန် ၃ ဒသမ ၄၃ သန်းကနေ ၃ ဒသမ ၃၇၅ သန်းကို အထွက်ကျနိုင်ပြီး ၂ဝ၁ဝ မှာတော့ တန်ချိန် ၃ ဒသမ ၂၅၂ သန်းထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားကတော့ ၂ဝ၁ဝ ကထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၃၆ သန်းထက်ပိုပြီး တန်ချိန် ၂ ဒသမ ၉၅၅ သန်းအထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။ ANRPC ရဲ့ စုစုပေါင်းရောင်းလိုအားကတော့ ၅ ဒသမ ၈ ရာခိုင်နှုန်းသာတိုးတက်နိုင်ပြီး၊ ယခင်နှစ်ကတော့ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၉ နိုဝင်ဘာလမှာ ANRPC ရဲ့ အဖွဲ့ဝင် ၁ဝ နိုင်ငံရှိပြီး ကမ္ဘောဒီးယား ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဂီနိ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ ၎င်း (၁ဝ) နိုင်ငံက ၂ဝဝ၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့ ၉၄ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: commodity online, KZW
နယ်စပ်အပို့တက် ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်စခန်းများကနေ ကန်ဒေါ်လာ ၇ ဒသမ ၃၆၂သန်းတန်ဖိုးရှိ ရော်ဘာ ၁၄၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၇ဝဝ ကျော်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ၂ ဆကျော် ပိုမိုခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-3 ၄၈၁ တန်၊RSS-5 ၁၈ တန်၊ MSR (50) ၁၅၈ တန် နဲ့ MSR (20) တန် ၂၄၅ တန်၊ ချင်းရွှေဟော်မှ RSS-1 တန် ၅ဝ၊RSS-3 ၄ဝ၆ တန်တို့ ဖြစ်ပြီး မြိတ်စခန်းမှ RSS-3 တန် ၅ဝ နဲ့MSR (50) တန် ၅ဝ၊ အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက် ရော်ဘာ ဈေးနှုန်းများပြောင်းလဲမှု မရှိပေမယ့် တဘက်နိုင်ငံဈေးနှုန်းများတက်တာကိုတွေ့ရှိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၄၁၃၅၄၂ဝ ၄၁၃၅၄၂ဝ - ၅ဝ၇ဝ ၅ဝ၆၄ ၆ ဝ .၁RSS-5 ၄၁ဝဝ၂၁ဝ ၄၁ဝဝ၂၁ဝ - ၄၉၉၃ ၄၉၈၈ ၅ ဝ .၁MIRT (DOBT)
ပင်လယ်ရေကြောင်းတင်ပို့မှု အပို့ကျ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်း တန်ဖိုးရှိ ရော်ဘာ ၂၂၇ တန်ကို စင်္ကာပူတစ်နိုင်ငံတည်း ကိုသာ တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုကျဆင်းခဲ့တာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှုကျဆင်းခဲ့ပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁၄ဝဝ ကျော်တင်ပို့နိုင် ခဲ့တာတွေ့ ရပါတယ်။ FOB ရန်ကုနု်ဈေးတွေကတောRSS-3 တစ်တန်ကို ၄၈ဝဝ ဒေါ်လာ ၊RSS-5 တစ်တန်ကို ၄၇ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၈ဝဝ ဒေါ်လာဖြစ်ကြောင်းသိရပါတယ်။KZW
ငွေကြေးဖောင်းပွမှု မြင့်တက်နေတာကြောင့် ကုန်ပစ္စည်းများသိုလှောင် စုဆောင်းထားဖို့ ဗီယက်နမ်နိုင်ငံစီစဉ် ဗီယက်နမ်အစိုးရဟာ ပြည်တွင်းကုမ္ပဏီများမှ ဆန်နဲ့ အခြားကုန်ပစ္စည်း ၄ မျိုးကို သိုလှောင်ဖို့ လိုအပ်ချက် တွေစီစဉ်နေတယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်အသစ်အရ ပြည်တွင်းရောင်းချမှု ဖူလုံဖို့နဲ့ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ဗီယက်နမ်ကုမ္ပဏီများဟာ ဆန်၊ သကြား၊ စတီး၊ ဓါတ်မြေသြဇာနဲ့ တိရစ္ဆာန်အစာများ သိုလှောင်သွားမှာ ဖြစ်ပါတယ်။ အရေးပါတဲ့ အဲဒီကုန်စည်များ ရောင်းဝယ်နေတဲ့ ကုမ္ပဏီများဟာ ၎င်းတို့ သိုလှောင်ထားရှိမှုရဲ့ ၃ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်းအတွင်း ချန်လှပ်ထားရမယ်လို့ ဝန်ကြီးဌာနရဲ့ မူကြမ်းမှာပါရှိကြောင်း သိရပါတယ်။ အပြန်အလှန် အားဖြင့် ယင်းကုမ္ပဏီများဟာ အတိုးနှုန်းနည်းတဲ့ ချေးငွေရရှိခွင့် ရှိမယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ ဈေးကွက်အခြေအနေပေါ်မူတည်ပြီး သိုလှောင်ဖို့ လိုအပ်တဲ့ ကုန်သည်အရေအတွက်ကို ယင်းဝန်ကြီးဌာနက ဆုံးဖြတ် သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ပေါက်ဈေး ထက် ၁ဝ ရာခိုင်နှုန်း ခန့် လျော့ကျတဲ့ ဝန်ကြီးဌာနက သတ်မှတ်တဲ့ဈေးနဲ့ ယင်းသိုလှောင်ပစ္စည်း တွေကို ရောင်းချသွားရမယ်လို့လည်း သိရပါတယ်။ ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုဟာ ယခင်နှစ်ထက် ၁၇ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အထူးသဖြင့် စားနပ်ရိက္ခာနဲ့ အစားအသောက်ဈေးနှုန်း ဟာ ယခင်နှစ်ထက် ၂၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လဝန်း Source: Thanh Nien
ပဲကြီး နယ်စပ်အပို့တိုးတက် ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပဲကြီး ၁၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၇ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆကျော် ပိုမိုလာတာကို တွေ့ရှိရပါတယ်။ MIRT (DOBT)
မတ်ပဲလည်း နယ်စပ်က အနည်းအကျဉ်းပို့ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ ဝ ဒသမ ဝ၁၆ သန်းတန်ဖိုးရှိ မတ်ပဲ ၁၈ တန်ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ်အနေနဲ့ စတင် တင်ပို့လိုက်ပြီဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာတော့ မတ်ပဲ ၈၆၂၂ တန် တင်ပို့ခဲ့ပါတယ်။ မိမိဖက်မှာ မတ်ပဲတစ်တန်ကို ၇၃၅၂၄ဝ ကျပ်ဈေးရပြီး တစ်ဖက်နိုင်ငံဈေးကတော့ ၉၉၉ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT)
ထောပတ်ပဲ နယ်စပ်အပို့ဆက်ရှိနေ ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ထောပတ်ပဲ ၂၇၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၄၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁၄ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆနီးပါးမြင့်တက်လာတာတွေ့ရပါတယ်။ MIRT (DOBT )
နယ်စပ်အပို့လည်း တဖြည်းဖြည်းတက်လာ ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်ကုန်သွယ်ရေး ဇုန်ကနေ ပဲယင်း ၄၅၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၂၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝဝ နီးပါးတင်ပို့ခဲ့တာကြောင့် ယခုအပတ် တင်ပို့မှု ပိုမိုတိုးတက်လာတာတွေ့ရှိရပါတယ်။ မိမိဘက်ပေါက်ဈေးက တစ်တန် ၄၂၅၅ဝဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံဈေးနှုန်း ၅၅၈ ဒေါ်လာဖြစ်ကြောင်း သိရှိရပါတယ်။ MIRT (DOBT )