Main menu

Background

Tuesday, 31 May 2011

မုံရွာစိမ်းကြီးအဝယ်သွက် အဆွဲသွက်နေ                 ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်မှာ ချောင်းဦး၊ မြောင်နဲ့ ရေဦးနယ်ဘက်က ပဲတီစိမ်းကြီးတွေ ဈေးကွက်အတွင်း အဝင်သွက်လာခဲ့ပြီး တရုတ်ပြည်တင်ပို့ဖို့ မန္တလေးအဆွဲသွက်လို့ အရောင်းအဝယ်အား ကောင်းလာ တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ဈေးအဆင်းအတက်မကြာခဏဖြစ်ပေါ်ခဲ့ပေမဲ့ တစ်တင်း ၂၆၅ဝဝ ကျပ်အနိမ့်ဆုံးနဲ့ တစ်တင်း ၃၁ဝဝဝ ကျပ်ထိ အမြင့် ဆုံးပေါက်ခဲ့တာ တွေ့ရပါတယ်။ တရုတ်အဝယ် မျှော်လင့် ချက်နဲ့ ဒေသခံကုန်သည်တွေ အဝယ်ရှိခဲ့လို့ မုံရွာကုန်စည်ဒိုင် မှာ ယခုရက်ပတ်အတွင်း တစ်ရက်ကို အိတ် ၃ဝဝဝ မှ ၅ဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ပွဲရုံရပ်ကွက်က ကြား သိရပါတယ်။                  ယခုတစ်ပတ်စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း၅ဝဝဝ ကျော်ရှိကြောင်း လေ့လာသိရှိရပါတယ်။  ထွန်းလှိုင်

Tuesday, 31 May 2011

ရက်ခြားသာ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲစင်းငုံ               ပြည်ပဲစင်းငုံမှာ ရန်ကုန်ဝယ်လက်များ အဝယ်လျော့နည်းခဲ့တာကြောင့် ယခုတစ်ပတ်မှာတော့ ဈေးအနည်းငယ်ကျသွားခဲ့ကြောင်း သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ နေ့စဉ် အရောင်းအဝယ်မဖြစ်ဘဲ တစ်ရက်ခြား၊ နှစ်ရက်ခြားသာ အရောင်းအဝယ် ဖြစ်ကြောင်းအရောင်းအဝယ်ဖြစ်သည့်ရက်များတွင် အိတ် ၄ဝဝ-၅ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်က ယခုလိုအချိန်တွင် ပဲစင်းငုံ ပိဿာ ၂ဝ တစ်တင်းကို ၃၂၇ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး ရောင်းအားသွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်မှတော့ ယခင်နှစ်လောက် ဈေးကောင်းမရသည့်အပြင် ရောင်းအားမသွက်ဘူးလို့ သိရပါတယ်။                        ဆုမွန်ဆွေ

Tuesday, 31 May 2011

ရန်ကုန်ဝယ်လက်အဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ               ပြည်ပဲဈေးကွက်မှာ ထောပတ်ပဲဝင်ရောက်မှုမရှိ သလောက်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်လီသမားများ အဝယ် ရှိသလို ရန်ကုန်ဝယ်လက် များလည်း ဝယ်လိုအားရှိနေ ပြီး တစ်ခိုျ့ရက်တွေမှာ အိတ် ၁ဝဝ ခန့်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ယခင်နှစ် မေလ အတွင်း တစ်တင်း ၂၂ဝဝဝ ကျပ်ထိ ဈေးရခဲ့ပြီး ယခုနှစ်မေလ ပထမပတ်မှ တတိယပတ်အထိ တစ်တင်း ၁၃ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် လျက်ရှိကာ ယခုမေလ စတုတ္ထပတ်တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိလာသည့်အတွက် တစ်တင်း ၁၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 31 May 2011

မုံရွာပဲကြီးဈေးကွက် ဒေသသုံးသာ အရောင်းသွက်                   မုံရွာကုန်စည်ဒိုင် မေလပဲကြီးဈေးကွက်မှာ နယ်ပစ္စည်းအဝင်ရှိခဲ့ပေမဲ့ မန္တလေးဝယ်လက်မရှိလို့ ကျဈေးဆက်လက်ဖြစ်ပေါ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာဈေးကွက်အတွင်း အဓိက စီးဝင်နေကျ ကနီ၊ ကင်းနဲ့ မင်းကင်း ဒေသတွေက ပဲပေါ်စအချိန်မှာ ရေလမ်းဖြင့် တစ်ရက်အိတ် ၃ဝဝဝ ခန့် ဝင်ရောက်ခဲ့ပြီး ဈေးအနေနဲ့ တစ်တင်း ၂၄၅ဝဝ ကျပ်၊ ၂၅ဝဝဝ ကျပ်ထိ ဈေးကောင်းရတတ်ကြပေမဲ့ ယခုလအတွင်းမှာတော့ ရေလမ်းက အဝင်ကြဲသွားကာ တစ်ရက်ကို အိတ် ၈ဝဝ ဝန်းကျင်သာဝင်ရောက်လျက်ရှိပြီး ပေါက်ဈေးက တစ်တင်း ၁၄ဝဝဝ ကျပ်ထိကျဆင်းသွားတာတွေ့ရပါတယ်။ ပဲကြီးအသစ်ပေါ်စ အချိန်က ရန်ကုန်ဝယ်လက်ရှိလို့ အမြင့်ဆုံး ရခဲ့ခြင်းဖြစ်ပြီး ယခုအခြေအနေမှာတော့ ဒေသတွင်း ကုန်သည် လှောင်လက်နဲ့ လုပ်ငန်းသုံးသမားအဝယ်သာရှိခဲ့လို့ အခုလို ဈေးအေးခဲ့ခြင်းဖြစ်တယ်လို့ ပဲကြီးပွဲရုံတစ်ခုမှ ကြားသိရပါတယ်။ ဒီနှစ်ထဲမှာ တရုတ်အဝယ်မရှိသေးလို့ တရုတ်အဝယ်မျှော်လင့်ရင်း ကုန်သည်အခိုျ့ ပဲကြီးဆက်လက် လှောင်လျှက်ရှိပြီး မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။                ထွန်းလှိုင် 

Tuesday, 31 May 2011

ရန်ကုန်ဝယ်လက်ပါးလို့ မုံရွာ V2  ဈေးကျလာ              မုံရွာကုန်စည်ဒိုင် မေလ စတုတ္ထပတ် ကုလားပဲဈေးကွက်အနေနဲ့ ရန်ကုန် ဝယ်လက်ပါးလာလို့ V2 ဈေးအနည်းငယ်အေးလာခဲ့ပြီး ကျန်ကုလားပဲများကတော့ ဈေးတက်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေးများကတော့ V2 တစ်တင်း အမြင့်ဆုံး ၁၈၆ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၇၈ဝဝ ကျပ်ထိ ဈေးကျခဲ့ပြီး ထိုင်ဝမ်တစ်တင်း ၁၅၇ဝဝ ကျပ်မှ ၁၅၅ဝဝ ကျပ်နဲ့ 929  တစ်တင်း ၁၅၅ဝဝ ကျပ်မှာ ငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ်မှာ ရန်ကုန်ဝယ်လက်ပါးလာလို့ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက် V2 တင်း ၁၅ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထိုင်ဝမ်နဲ့ 929 ကုလားပဲများ ကတော့ ဒေသတွင်း လုပ်ငန်းသမား ပုံမှန်ဝယ်လို့ တစ်ရက်တင်း ၁ဝဝဝ ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။    ထွန်းလှိုင် 

Tuesday, 31 May 2011

ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲအဝယ်လျော့ကျ               ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခင်သီတင်းပတ်တွေက အဝယ်သွက်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးကို ယခုသီတင်းပတ် (မေလ ၂၃-၂၇)အတွင်းမှာတော့ တန်ချိန် ၃ဝဝ ကျော်က အရောင်းအဝယ်ဖြစ်ခဲ့ တာ တွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အတွင်းမှာ ကုလားပဲဖြူလုံးကြီး တန် ၈ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။              ယခင်သီတင်းပတ်များအတွင်း FOB ဈေးကွက်မှာ ပြည်ပအဝယ်သွက်ခဲ့ပေမဲ့ ဒီတစ်ပတ်အတွင်း ပြည်ပအဝယ်အေးလာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးကွက် မှာတော့ ဒေသတွင်းသုံးအဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း မေလ ၂၇ ရက် မှာလည်း  FAQ တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ရှိတယ်လို့ သိရပါတယ်။    MIRT - MAPT 

Tuesday, 31 May 2011

ကုလားပဲဖြူလုံးကြီး တန်ချိန် ၃ဝဝဝ တင်ပို့မှုရှိ                ကုလားပဲဖြူလုံးကြီး ပြည်ပသင်္ဘောတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေထက် အနည်းငယ်လျော့ကျပြီး ယခုသီတင်းပတ် (မေလ ၁၉-၂၅)အတွင်းမှာ တန်ချိန် ၃ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၆ဝဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီးနဲ့ စင်ကာပူတို့ဖြစ်ပြီး တင်ပို့မှုပမာဏများတဲ့ နိုင်ငံတွေကတော့ ပါကစ္စတန်နဲ့ အိန္ဒိယတို့ကိုဖြစ်ပါတယ်။ ပါကစ္စတန်ဝယ်လက်များ အဝယ်ရှိနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း ကုလားပဲကတော့ တင်ပို့မှု အားကောင်းနေအုံးမယ်လို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ MIRT - MAPT 

Tuesday, 31 May 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိ               ယခုတစ်ပတ် (မေလ ၁၉-၂၅ ရက်) အတွင်းမှာလည်း ထောပတ်ပဲနဲ့ မြေထောက်ပဲတွေကတော့ သင်္ဘောတင်ပို့မှု ပုံမှန်ရှိနေပါတယ်။ ထောပတ်ပဲတန် ၈၅ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃၅ဝ ကျော်တင်ပို့ခဲ့ပြီး တင်ပို့နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။               ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ထောပတ်ပဲတန် ၉ဝဝ ထိ ရှိခဲ့ပြီး မြေထောက်ပဲတန် ၂၅ဝ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ပမာဏများ ကတော့ ထောပတ်ပဲတန် ၃၅ဝဝ နဲ့ မြေထောက်ပဲတန် ၁၅ဝဝ ခန့်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။MIRT - MAPT 

Tuesday, 31 May 2011

နှစ်ငုံ ညီမျှခြင်း တစ်စိမ်း                ပဲစင်းငုံက စိုက်ရက်သက်တမ်း ၇ လ၊ ၈ လရှိပြီး တစ်ဧကကို ၁၂ တင်းမှ ၁၅ တင်းခန့် ထွက်တတ်ပါတယ်။ ယခု လက်ရှိတော့ တစ်တင်းကို ၁၄၈ဝဝ ကျပ်ပေါက်ပြီး ကုန်သည် တော်တော်များများဆီမှာ လက်ကျန်ပေါ်နေ ပါတယ်။ ပဲတီစိမ်းကြီးကတော့ စိုက်ရက်သက်တမ်း ၃-၄ လရှိပြီး တစ်ဧကကို ၈ တင်းမှ ၁ဝ တင်းခန့် ထွက်ပါတယ်။ လက်ရှိ ပေါ်ဦးစ မှ တရုတ်ဘက်စဆွဲနေတော့ တစ်တင်းကို ၃ဝ၁ဝဝ ကျပ်ဈေးရပါတယ်။ အဲဒီတော့ ပဲစင်းငုံ ၂ တင်းနဲ့ ပဲတီစိမ်းကြီး ၁ တင်း ညီမျှနေတဲ့ သဘောပါ။ MMA 

Tuesday, 31 May 2011

အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းပဲတီစိမ်းကြီး               မုံရွာကုန်စည်ဒိုင်မှာ မေလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ်သွက်ဆုံးပဲသီးနံှမှာ ပဲတီစိမ်းဖြစ်ကြောင်း သိရပါ တယ်။ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီမြို့နယ်များမှ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ မုံရွာ ကုန်စည်ဒိုင်ကို ဝင်ရောက်လာပြီး တရုတ်ဝယ်လက်ဆွဲအားကောင်းလို့ အရောင်းအဝယ်သွက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ပိဿာဈေးမှာ မေလ ၁ ရက်နေ့တွင် ၁၃၁၆ ကျပ်မှ မေလ ၁၈ ရက်နေ့တွင် ၁၆၃၂ ကျပ်သို့ဈေးမြင့်ခဲ့ပြီး မေလ ၂၅ ရက်နေ့တွင် ၁၅၅၃ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ရက်ကို အိတ် ၁၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း စစ်ကိုင်း တိုင်းဒေသကြီးမှ ရန်ကုန်သို့ ပဲတီစိမ်းကြီးတင်း ၅၄ဝ ကျော် မန္တလေးသို့ တင်း ၁၇ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။                               သန်းသန်းတင်- မုံရွာ 

Pages