Background
ပြောင်းတန် ၂ဝဝဝ ကျော် မေလ ၁၃ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၂၄၇၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၆၇၃ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်သာ တင်ပို့ခဲ့တာကြောင့် တင်ပို့ မှု ၂ ဆကျော်မြင့်တက်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံတွေနဲ့ တန်ချိန်တွေကတော့ အိန္ဒိယကို ၁၆၉၂ တန်၊ မလေးရှားကို တန် ၄၈ဝ နဲ့ ဖိလစ်ပိုင်ကို တန် ၃ဝဝ အသီးသီး ဖြစ်ပါတယ်။ ၤဥြ ရန်ကုန်ဈေးကတော့ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW
မေလကုန်တွင် ရော်ဘာဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းကျော် ကျဆင်းနိုင် သွင်းကုန်တွေ ဈေးချိုလာခြင်းနဲ့ ပြည်တွင်းအထွက်နှုန်း မြင့်မားလာခြင်းကြောင့် မေလကုန်မှာ ရော်ဘာဈေးနှုန်း ၁၁ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်ကြောင်း အိန္ဒိယရော်ဘာသုံး တာယာလုပ် ငန်းနဲ့ အခြား စက်မှုလုပ်ငန်းများက မျှော်လင့်နေကြပါတယ်။ ယခု လက်ရှိမှာ ရော်ဘာဈေးနှုန်းက တစ်ကီလိုကို ၂၂၂ ရူပီး (၄ ဒသမ ၉ ဒေါ်လာ) ရှိရာကနေ မေလကုန်မှာ ရူပီး ၂ဝဝ ( ၄ ဒသမ ၄၅ ဒေါ်လာ)ကို ကျဆင်းသွားနိုင်ကြောင်း စက်မှုကျွမ်းကျင်သူများက ပြောပါတယ်။ ကြိုပွိုင့်ဈေးတွေကတော့ ဧပြီလကုန်ကတည်းက ကျဆင်းနေတာဖြစ်ကြောင်း သိရပါတယ်။ ရော်ဘာဈေးနှုန်းက ဇွန်လ တိုင်အောင် တစ်ကီလိုကို ရူပီး ၂ဝဝ အထိ ကျဆင်းနိုင် ကြောင်း အိန္ဒိယရော်ဘာရောင်းဝယ်သူများအသင်း (IRDF) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရာသီဥတု အခြေအနေကောင်းမွန် တာကြောင့် ရော်ဘာအစေးထွက်ကောင်းပြီး ထုတ်လုပ်မှုတက်လာခြင်းက ဈေးနှုန်းကျစေတဲ့အပြင် ကမ္ဘာ့ဈေးနှုန်းကျတာကြောင့် ရော်ဘာ သွင်းကုန်ဈေးတွေလဲ ကျဆင်းလာကြောင်း (IRDF) ရဲ့ ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။ အိန္ဒိယရဲ့ ရော်ဘာ ထုတ်လုပ်မှုဟာ ၂ဝ၁၁-၂ဝ၁၂ မှာ တန် ၉ဝ၂ဝဝဝ အထိ ထွက်ရှိနိုင် ကြောင်း ခန့်မှန်းထားပါတယ်။ တောင်သူများကလည်း မုတ်သုံရာသီ မတိုင်မီအချိန်မှာ ၎င်းတို့ရဲ့ သိုလှောင်မှုကို အများဆုံးသိုလှောင် ထားကြပြီး ဈေးကောင်းထပ်မံ ရဦးမယ်လို့ မျှော်လင့်နေကြကြောင်း သိရပါတယ်။ မိုးရာသီမှာတော့ စိုစွတ်တဲ့ရာသီဥတုကြောင့် ရော်ဘာ ပင်တွေ မှိုစွဲရောဂါဖြစ်ပြီး ပျက်စီးတတ်ကြောင်း ၎င်းကပြောကြား ခဲ့ပါတယ်။ ခရင့်ဗ်ရော်ဘာဈေးနှုန်းက တစ်ကီလိုကို ရူပီး ၂ဝဝ ဖြစ်ပြီး သွင်းကုန်ခွန် ရူပီး ၂ဝ ပေးဆောင်ရသည့်တိုင် ပြည်တွင်းဈေးထက် သက်သာနေသေးကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဘန်ကောက်ဈေးနှုန်းက တစ်ကီလိုကို ရူပီး (၂၂၈-၂၃ဝ) လောက် ရှိကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ ယခု လက်ရှိမှာတော့ အိန္ဒိယရဲ့ နေ့စဉ်ရော်ဘာ တင်သွင်းမှုက တန် ၁ဝဝဝ ခန့်ရှိကြောင်း သိရပါတယ်။ Source:msn KZW
ရော်ဘာဈေးတက်၍ တာယာဈေးလိုက်တက် နယူးဇီလန်မှာရှိတဲ့ ဘရစ်(ချ်)စတုန်းကုမ္ပဏီက ၎င်းးရဲ့တာယာဈေးနှုန်းများကို ၁၆ ရာခိုင်နှုန်း ဈေးမြှင့်လိုက်ကြောင်း သိရပါ တယ်။ ၎င်းရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တာယာတွေကို ၉ ရာခိုင်နှုန်းနဲ့ အထက် ဈေးမြှင့် မှာ ဖြစ်ပြီး အခြားဆက်စပ်နေတဲ့ တာယာတွေကိုတော့ လာမယ့်လကစပြီး ၁၆ ရာခိုင်နှုန်းဈေးတင်မှာ ဖြစ်ကြောင်း သိရပါတယ်။ စီးပွားရေးလုပ်ငန်းသုံး ကားတာယာနဲ့ ကျွတ်တွေရဲ့ ဈေးနှုန်းကိုတော့ ဇွန်လ ၁ ရက်နေ့ ကစပြီး ၅ ရာခိုင်နှုန်း ဈေးမြှင့်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီလိုဈေးတက်တာဟာ ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး ကုန်ကြမ်း ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ယခုလိုဈေးတင်ရခြင်းဖြစ်ကြောင်း နယူးဇီလန်ရှိ ဘရစ်(ချ်) စတုန်းကုမ္ပဏီ ဒါရိုက်တာကပြောကြားခဲ့ပါတယ်။ တကယ်လို့ ကုန်ကျစရိတ်တွေ မလျှော့ ချဘူးဆိုရင်တော့ ရှေ့ဆက်ပြီး ဈေးတက်အုံးမှာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ ရော်ဘာ ဈေးနှုန်းက မရပ်မနားဆက်တက်နေတဲ့ အပြင် ရေနံဓါတုအခြေခံပစ္စည်းတွေဖြစ်တဲ့ ရော်ဘာတုနဲ့ ကာဗွန်တွေရဲ့ ဈေးနှုန်းလဲ မြင့်တက်နေဆဲဖြစ်ကြောင်း ၎င်းဒါရိုက်တာက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source:Businessday,KZW
မွန်ပြည်နယ်ရော်ဘာလုပ်ငန်း ခေတ္တရပ်နား ယခုနှစ် မွန်ပြည်နယ်အတွင်း အနောက်တောင်မုတ်သုန်လေ ဝင်ရောက်ချိန်ကာလထက် စောစီးစွာ မိုးရွာသွန်းခဲ့ တာကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းများ ပိတ်သိမ်းခဲ့ရသလို ရော်ဘာရောင်းဝယ်သူ ကုမ္ပဏီ အဝယ်ဒိုင်အချို့လည်း ရောင်းဝယ်မှု ရပ်နားခဲ့တာကို တွေ့ရပါတယ်။ ရော်ဘာခြံရှင်များအနေဖြင့် အစေးခြစ် ရပ်နားတဲ့ ယခုကာလများမှာ အပင်များအစေးထွက်နှုန်း ကောင်းမွန်လာစေရေးအတွက် မြေသြဇာကျွေးခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းစတဲ့ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ ရော်ဘာဈေးကွက်အခြေအနေမှာလည်း ပြည်ပဝယ်လိုအား နည်းပါးလာခြင်းအပေါ် အရောင်းအဝယ် အေးနေပြီး လက်ရှိ အခြေအနေတွင်RSS-3 တစ်ပေါင်ကို ၁၆ဝဝ ကျပ်နဲ့RSS-5 တစ်ပေါင် ၁၅ဝဝ ကျပ် ရှိနေကြောင်း သိရပါတယ်။ စီးဆင်းမှုအနေဖြင့် မွန်ပြည်နယ်မှ ရန်ကုန်နဲ့ မန္တလေးမြို့များသို့ မေလ ၁ ရက်မှ ၂၁ ရက်နေ့အထိ တန်ချိန်ပေါင်း ၄၅ဝဝ ကျော် တင်ပို့ခဲ့ကြောင်း မရမ်းချောင်စစ်ဆေးရေးဂိတ်မှ စာရင်းဇယားများအရ သိရပါတယ်။ အောင်လွင်
ရော်ဘာပြန်လည်တင်ပို့နိုင်ပြီ မေလ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁ဝ သန်းတန်ဖိုးရှိ ရော်ဘာတန် ၄၆ဝ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကတော့ ၉ တန်သာ တင်ပို့ခဲ့တဲ့အတွက် တင်ပို့မှု တိုးတက်မှုရှိတယ်လို့ ဆိုရပါမယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ကျဆင်းနေပေမယ့်လည်း မြန်မာကုန်သည်တွေက သင်္ဘောတင်ဖို့ စာချုပ် ချုပ်ဆိုပြီး ဖြစ်တဲ့အတွက် ပြန်လည်တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။ တင်ပို့တာကလည်း တရုတ်တစ်နိုင်ငံတည်းကို ပင်လယ် ရေကြောင်းရော၊ နယ်စပ်ကုန်သွယ်ရေးကပါ တင်ပို့နေရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ၊ RSS-5 တစ်တန်ကို ဒေါ်လာ ၄၅ဝဝ နဲ့ MSR-20 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ အသီးသီး ဖြစ်ပါတယ်။ KZW
ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှုပို မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ဝ၉၆ သန်းတန်ဖိုးရှိ ရော်ဘာ ၈၄၁ ဒသမ ၇ တန်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ဝ ဒသမ ၆၂၈ သန်းတန်ဖိုးရှိ ရော်ဘာ ၁၂၉ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်မှ ရော်ဘာ တန် ၉၇ဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၆၄ တန်ခန့် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၆ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အဆင့်အလိုက်ရော်ဘာ တင်ပို့နိုင်မှုတွေ ကတော့ မူဆယ် RSS-3 ၄၉၆ ဒသမ ၅ တန်၊RSS-5 ၇၁ ဒသမ ၂ တန်၊ MSR -20 ၁ဝ၅ တန်နှင့်MSR -50 ၁၆၉ တန်နဲ့ချင်းရွှေဟော်မှ RSS-3 ၅၉တန်နဲ့RSS-5 တန် ၇ဝ အသီးသီး ဖြစ်ပါတယ်။ယခုအပတ်မှာ ရော်ဘာ ဈေးများ မြင့်တက် ရရှိတဲ့ အတွက် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃ဝ၂၄ဝဝဝ ၃ဝ၂၄ဝဝဝ - - ၄၃၁၃ ၃၆၉ဝ ၆၂၃ ၁၄RSS-5 ၂၉၁၂ဝဝဝ ၂၉၁၂ဝဝဝ - - ၄၂၃၆ ၃၆၁၄ ၆၂၂ ၁၅MIRT (DOBT)
Export ဝယ်လက်ဆွဲတဲ့ စစ်ကိုင်း ကုလားပဲဖြူလုံးကြီး V2 ၂ဝ၁၁ ခု မေလအတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၉၅၃ ကျပ်-၁ဝဝဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ် ကြပြီး ယခင်နှစ်ကာလတူဈေးမှာ ၁ဝ၃၂ ကျပ်-၁ဝ၆၃ ကျပ်ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များမှ ကုလားပဲဖြူလုံးကြီး V2 များ မုံရွာကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်သလို ပြည်ပဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဒုတိယ အရောင်းအဝယ်သွက်ဆုံး ပဲသီးနံှမှာ ကုလားပဲဖြူလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၉ဝဝဝ ကျော်ရန်ကုန်သို့ V2 တင်း ၆ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်
ပြည်မတ်ပဲဈေးထပ်မံ လျော့နည်း ယခင်တစ်ပတ်ပြည်ရဲ့ ပဲဈေးကွက်မှာ မတ်ပဲဈေး တစ်တင်းကို ၁၉၅ဝဝ ကျပ် ဈေးရှိပြီး ယခုတစ်ပတ်မှာတော့ ပဲတစ်တင်းကို ၁၈၅ဝဝ ကျပ်ထိလျော့ခဲ့ပြီး ပြည်ပွဲရုံများသို့ တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်သာ အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်နည်းနေပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲအဝင်နည်းသော်လည်း မြို့တွင်း လှောင်လက်သမားများမှ ရန်ကုန်ဘုရင့်နောင်သို့ ပဲတင်ပို့မှုရှိနေပါတယ်။ ပဲခူးတိုင်းဒေသကြီး မှ ရန်ကုန်သို့ တင်ပို့မှုကတော့ တစ်နေ့ကို မတ်ပဲအိတ် ၁၁၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ပဲယင်း (ချင်းပဲ) မူဆယ် (၁ဝ၅) မိုင်နဲ့ တမူးနယ်စပ်များမှ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ ဝ ဒသမ ၂၅၂ သန်းတန်ဖိုးရှိ ပဲယင်း ၃၆၃ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ၃၅၈ ဒသမ ၉ဝဝ တန်နဲ့ တမူးမှ ၄ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဧပြီလအတွင်းမှာ ပဲယင်း ၁၆၈၃ တန် တင်ပို့မှု ရှိခဲ့ပြီး မေလအတွင်းမှာတော့ ယခုအပတ်မှ တင်ပို့မှုရှိတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၄၁၃၄ဝ၅ ၃၉ဝ၈၃၅ ၂၂၅၇ဝ ၅ ၅၂၈ ၅၂၇ ၁ ဝ .၂MIRT (DOBT)
လက်လီရော လက်ကားပါ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲနီပြား ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်သို့ ပဲနီပြားသီးနံှအနေဖြင့် တစ်ရက်ကို အိတ် ၅ဝ ခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်လီသမားရော၊ လက်ကားသမားများပါ အဝယ်ရှိတယ်လို့ သိရပါတယ်။ လက်လီသမားများဖြင့် တစ်နေ့ကို အိတ် ၃ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်ကားသမားများ အဝယ်ရှိသည့်ရက်၌ အိတ် ၁ဝဝ မှ ၁၅ဝ ခန့်အထိ ရောင်းဝယ်မှု ရှိကြပါတယ်။ ပဲနီပြားဈေးနှုန်းမှာ လက်လီတစ်တင်း ၁၇ဝဝဝ ကျပ်နဲ့ လက်ကားဈေးမှာ တစ်တင်း ၁၆ဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း