Main menu

Background

Sunday, 3 Apr 2011

မုံရွာငုံနီ ဝယ်လက်ကိုမျှော်ပြီ              မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲစင်းငုံနီဈေးကွက်မှာ အိတ်စ်ပို့ အဝယ်မျှော်ရင်း ကျဈေးကို ဦးတည်နေတယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင် ဈေးကွက်မှာတော့ ဝယ်လက်နောက်ဆုတ်ကာ ရောင်းလက် ထုတ်လိုအားများ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့သလို မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာပဲကုန်သည်နဲ့ ပွဲစားတွေရဲ့ အဆိုအရ အိတ်စ်ပို့ အဝယ်မရှိသေးလို့ ဈေးအတက်အကျ ခန့်မှန်းရခက်နေပြီး လှောင်လက်ကုန်သည် အချို့ကတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူမှုအသင့်အတင့်ရှိတယ်လို့ ဆိုပါတယ်။                    ဒီတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲစင်းငုံနီစီးထွက်မှု ပမာဏ လျော့နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 3 Apr 2011

 အရောင်းအဝယ်အေးတဲ့ မန်းပဲစင်းငုံဈေးကွက်                       မန်းဈေးကွက်သို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကူ၊ မတ္တရာ၊ စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ ရွှေဘို၊ ဝက်လက်၊ နောင်ချိုစတဲ့ဒေသများက ပဲစင်းငုံများ ဝင်ရောက်မှုရှိနေပါတယ်။ ဝင်ရောက်လာတဲ့ ပဲစင်းငုံကို ရန်ကုန် ဝယ်လက်သမားများမှသာ အဓိကထားဝယ်ယူနေပြီး၊ ယခုတစ်ပတ် ရန်ကုန်ဝယ်လက် အဝယ် အေးတာကြောင့် အရောင်းအေးဈေးအေးလာပါတယ်။ ပဲစင်းငုံနီတစ်ပိဿာ ၉၁၇ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၇၅ဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးအေးပြီး ရောင်းဝယ်နေကြပါတယ်။                    ယခုမန်းဈေးကွက်မှာ ရန်ကုန်ဝယ်လိုအားက တော်တော်အေးသွားပါတယ်။ သြင်္ကန်ကာလ နီးတာကြောင့်လည်း အရောင်းအဝယ်အေးတာဖြစ်နိုင်တယ် လို့ ဈေးကွက်ကဆိုပါတယ်။ ကျော်ကျော်မိုး

Sunday, 3 Apr 2011

ပဲစင်းငုံတင်ပို့မှု ဆက်လက်နည်းနေဆဲ                       ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှုက ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်း တန်ချိန် ၃ဝဝဝ ကျော်နဲ့ ဆက်လက် တင်ပို့မှုနည်း နေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ပဲအသစ်ဝင်ရောက်မှုတိုးပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးအကျဘက်ဆင်းနေတဲ့အတွက် မြန်မာနိုင်ငံက ဝယ်လိုအား နည်းနေပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ပြည်ပဝယ်လက်အဝယ်နည်းတဲ့အပြင် မတ်ပဲဈေးကျဆင်းခြင်းကြောင့်လည်း ယခုတစ်ပတ်ပဲစင်းငုံဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုှုင်းယှဉ်ဖေါ်ပြလိုက်ပါတယ်။                  ဒေါ်လာ/တန်                    ပဲစင်းငုံနီ (FAQ)            ပဲစင်းငုံဖြူ၊ ဖြူနီ၁-၄-၁၁             ၈၅ဝ-၈၇ဝ                ၆၅ဝ-၆၇ဝ၂၅-၃-၁၁            ၉ဝဝ-၉၂ဝ                ၇၆ဝ-၇၈ဝMIRT(MAPT)

Sunday, 3 Apr 2011

အဝင်များသော်လည်း ဟင်္သာတမတ်ပဲဈေးပြန်ကျ                 ဟင်္သာတဈေးကွက်အတွင်း မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၃၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ ၂၃ဝဝဝ ကျပ်ကို လျှော့ကျအရောင်းအဝယ်ရှိပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် ပဲရောင်းဝယ်မှုနည်းသွားသော်လည်း ယခုတစ်ပတ်တွင် မတ်ပဲဈေးကျနေပြီး ရောင်းအား ကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်များနဲ့ ရန်ကုန်ဝယ်လက်များရဲ့ ဝယ်ယူအား ကြောင့် မတ်ပဲစီးဆင်းမှုမှာ နေ့စဉ်ရန်ကုန်ဈေးကွက်သို့ ပျမ်းမျှအိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်

Sunday, 3 Apr 2011

ပြည်ပဲဈေးကွက် အဝင်များသလို အရောင်းသွက်                   ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်လစတုတ္တပတ်ရဲ့ အစရက်မှာ မတ်ပဲတစ်တင်းကို ၂၃၇ဝဝ ကျပ်ဈေးနဲ့ အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ ပြည်မြို့အနီးအနားရွာများမှလည်း တစ်နေ့ကို မတ်ပဲအိတ် ၁ဝဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ လှောင်လက်သမားနဲ့ ရန်ကုန်ဝယ်လက်တွေ အဝယ်များသော်လည်း မတ်ပဲအဝင်များနေခြင်း၊ ရန်ကုန် ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိတာကြောင့် တစ်တင်းကို ၂၂၇ဝဝ ကျပ်ထိ ဈေးလျော့ခဲ့တာကိုတွေ့ရပါတယ်။ ပြည်မြို့မှ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၇ဝဝ ခန့်ရှိတယ်လို့သိရပါတယ်။                                            မိမိအေး

Sunday, 3 Apr 2011

ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှ မတ်ပဲတန် ၈၆၆ဝ တင်ပို့နိုင်ခဲ့               မတ်လပထမပတ်မှာသာ မတ်ပဲ ၃၈ တန်တင်ပို့မှုရှိခဲ့ပြီး၊ ယခုအပတ် အတွင်း မတ်ပဲတင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာတော့ မတ်ပဲ ၈၆၆ဝ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မူဆယ်နဲ့တစ်ဘက်နိုင်ငံရွှေလီမြေပြင်ပေါက်ဈေးများကို ကြည့်တဲ့ အခါ မိမိဘက်မြေပြင် ပေါက်ဈေး ၁ဝ၂ ကျပ်မြင့်တက်သော်လည်း တစ်ဖက်နိုင်ငံ ဈေးပြောင်းလဲမှုမရှိပါဘူး ၊ ဈေးများနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                        မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု              ယခင်      ပြောင်းလဲမှု   %         ယခု            ယခင်    ပြောင်းလဲမှု      %မတ်ပဲ     ၈၉၃၉၈ဝ      ၈၈၃၇၇၈     ၁ဝ၂ဝ၂        ၁        ၁ဝ၅ဝ         ၁ဝ၅ဝ           -                -MIRT (DOBT)

Sunday, 3 Apr 2011

မှန်မှန်သာ တင်ပို့မှုရှိတဲ့ မတ်ပဲ                ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၅၅ဝဝ တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာလည်း တန် ၅၆ဝဝ ခန့်နဲ့ မှန်မှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ပြည်ပဝယ်လက်ပုံမှန်ရှိနေတဲ့အတွက် အရောင်းအဝယ် ပုံမှန်ဖြစ်နေ သလိုတင်ပို့မှုလည်း မှန်မှန်ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ ယခင် သီတင်းပတ်များက မိုးရွာသွန်းခဲ့လို့ အရောင်းအဝယ်နှေးခဲ့ရာမှ ရာသီဥတု ပြန်ကောင်းလာချိန် တောင်သူများ အရောင်းထွက်လာတာကြောင့် ရောင်းအားများ နေတယ်လို သိရပါတယ်။ အဝယ်ပုံမှန်သာရှိပြိး ဈေးကွက်အသီးသီးက ရောင်းအားများ စုံတာကြောင့် ဒီတစ်ပတ် ပြည်တွင်းမတ်ပဲဈေးလျော့ကျလာခဲ့ပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း ဧပြီ ၁ ရက်မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ-၁ဝ၆ဝ အသီးသီးရှိကြောင်း သိရပါတယ်                                                    MIRT - MAPT  

Wednesday, 30 Mar 2011

မူဆယ်နယ်စပ်မှ နနွင်းတက်တင်ပို့မှု ပိုမို                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နနွင်းတက် (ရှမ်း) ၂၄၁ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၄၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ စစ်တွေ နယ်စပ်မှ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ မတ်လ တစ်လထဲမှာ နနွင်းတက် တန် ၄ဝဝ ကျော်၊ ဧပြီလမှ ဖေဖော်ဝါရီ လကုန်ထိမှာတော့ နနွင်းတက် တန် ၁ဝဝဝ ကျော် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တင်တင်ထွန်း MIRT

Wednesday, 30 Mar 2011

ယခင်သီတင်းပတ်ထက် အပို့လျော့ခဲ့                 ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံကို ၂၄၁ တန်၊ စင်ကာပူနိုင်ငံကို ၉၈ တန်နဲ့ ထိုင်းနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာ့သုံးဆယ်ကျော်လောက် လျော့နည်းပြီး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန် ဒေါ်လာ ၃၆ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၅၁၆၆၅ ဒေါ်လာရရှိခဲ့ပါတယ်။MIRT(DOT)

Wednesday, 30 Mar 2011

ချင်းတက်ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ အောင်ပန်းချင်း                 ဒီတစ်ပတ်မှာတော့ ဈေးကွက်သို့ နမ့်စမ်ချင်းများ အနည်းငယ်ဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ-၆ဝဝဝ လောက် ဝင်တယ်လို့သိရပါတယ်။ ဈေးကတော့ တစ်ပိဿာကို ၅၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းကတော့ ခြံထွက် အလယ် အလတ်တန်းစားတွေလို့ သိရပါတယ်။ ဟိုပုံးချင်းကတော့ ချင်းစိုတစ်ပိဿာကို အတက်ပေါ် မူတည်ပြီး (၅ဝဝ ကျပ်မှ ၆ဝဝ ကျပ်)၊ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ပြန်ရောင်းမယ့် ဈေးပတ်သမားတွေသာ အဝယ်ရှိလို့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။                  အောင်ပန်းဈေးကွက်မှာလည်း အတက်ပေါ်မူတည်ပြီးရောင်းဝယ်ကြလို့ ချင်းမြေနီ တက်ကြီးတစ်ပိဿာ ၈ဝဝ ကျပ်၊ မြေဝါတက်ကြီးတစ်ပိဿာ ၇ဝဝ ကျပ်၊ မြေဖြူတက်ကြီးတစ်ပိဿာ ၆ဝဝ ကျပ်၊ ဒါးလှီးချင်းအသေး ၅ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ မျိုးပယ်ချင်းအညံ့ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက် တစ်ပိဿာကို ၂ဝဝဝ ကျပ်၊ ၂၁ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကတော့ ပြည်တွင်းသုံးပဲ ရှိပြီး၊ ချင်းခြောက်ကတော့ နထစသမအ ရှိလို့ အနည်းငယ်အရောင်းသွက်လာတယ်လို့ လည်း သိရပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ တစ်ပိဿာကို ၂ဝဝဝ ကျပ်ဈေး ရှိကြောင်း တောင်ကြီးကုန်စည်ဒိုင်မှသိရှိရပါတယ်။ S.Y.H

Pages