Background
အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်သွက်တဲ့ မန်းပဲတီဈေးကွက် မန်းဈေးကွက်သို့ ပဲခူး၊ ခရမ်းသုံးခွ ဒေသများက ပဲတီစိမ်း(ရွေဝါ)များဝင်ရောက်မှုရှိနေသလို မတ္တရာ၊ ရွှေဘို ဒေသများမှလည်း ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိပါတယ်။ ဝင်ရောက်လာတဲ့ ပဲတီစိမ်းတွေထဲမှာ ခရမ်းသုံးခွ ပဲတီစိမ်း (ရွှေဝါ) များကတော့ တရုတ်အကြိုက်တွေ့နေတာကြောင့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ်ပဲတီစိမ်း (ရွှေဝါ) တစ်ပိဿာ ၂ဝ၇၁ ကျပ်၊ တစ်တန် ၁၂၆၈၂၅ဝ ကျပ်၊ ပဲတီစိမ်း ထိပ်စတစ်ပိဿာ ၁၆၁၈ ကျပ်၊ တစ်တန် ၉၉ဝ၈၄ဝ ကျပ်၊ အလတ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်၊ အောက်စ ၁ဝ၆၇ ကျပ်၊ တစ်တန် ၆၅၃၄၂ဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေ ကြပါတယ်။ ဈေးကွက်အတွင်းမှာ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်း (ရွှေဝါ)နဲ့ ပဲတီစိမ်းထိပ်စများကို တရုတ်အကြိုက် တွေ့နေတာကြောင့် ဈေးမာပေမဲ့ အလတ်စနဲ့အောက်စများကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်လုပ်ငန်းရှင်တို့က ဝယ်ယူ နေသော်လည်း အရောင်းအဝယ်အေးမြဲဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာ ပဲတီရွှေဝါနဲ့ ပဲတီထိပ်စတွေက အရောင်းအဝယ် သွက်ပြီး အလတ်စနဲ့ အောက်စကတော့ အရောင်းအဝယ်အေးတယ်လို့ ဆိုပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၄ဝဝ တန်၊ ရန်ကုန်သို့ ၁၂ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
နယ်စပ်မှ ပဲတီစိမ်းတင်ပို့မှုလျော့ ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိမူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်းများကို လုံးပြည့်သာမက လုံးခြမ်းပါ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာ ပဲတီစိမ်းလုံးပြည့်ကန်ဒေါ်လာ ဝ ဒသမ ၆၂၁၄ သန်း တန်ဖိုးရှိ ၆၄၄ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့် ၂၈၈ တန်နဲ့ လုံးခြမ်း ၁၇ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် ဈေးနှုန်းမြင့်ရရှိခဲ့သော်လည်း တရုတ်နှစ်သစ်ကူးကာလ ဖြစ်တဲ့ အတွက် တင်ပို့မှုလျော့နည်းခဲ့ရပါတယ်။ လာမဲ့အပတ်များမှာတော့ ပဲတီစိမ်းပိုမိုတင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်း(အကောင်း) ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁၂၃၄၈၅၄ ၁၂ဝ၇၂၇၃ ၂၇၅၈၁ ၂ .၂၃ ၁၄၂၁ ၁၁၂၁ ၃ဝဝ ၂၁MIRT (DOBT)
ပဲတီစိမ်းတန် ၄ဝဝဝ နီးပါးတင်ပို့ အပတ်စဉ် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ကျော်နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ရာက ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ နီးပါး တင်ပို့နိုင်တာတွေ့ရပါတယ်။ ဈေးကွက်မှာ အခြားပဲ တွေ အရောင်းအဝယ်အနည်းအများရှိတတ်ပေမဲ့ ပဲတီစိမ်းကတော့ ပုံမှန်အရောင်းအဝယ်ရှိတဲ့အတွက် ဈေးနှုန်းက ခိုင်မာလျက်ရှိတာတွေ့ရပါတယ်။ ဝယ်လက်ဈေးကွက်တွေကလည်း ပုံမှန်ဝယ်ယူနေတာမို့ ပြည်ပတင်ပို့သူတွေ ပုံမှန်တင်ပို့ လျက်ရှိနေတာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ပဲတီစိမ်း (အညာ) ပဲတီစိမ်း (ပခုက္ကူ) ပဲတီရွှေဝါအသေး၁ဝ-၂-၁၁ ၉၉ဝ-၁ဝ၁ဝ ၉၈ဝ-၁ဝဝဝ ၁၄ဝဝ-၁၄၂ဝ၄-၂-၁၁ ၉၅ဝ-၉၇ဝ ၉၄ဝ-၉၆ဝ ၁၃၃ဝ-၁၃၄ဝ MIRT (MAPT)
ဟင်္သာတဈေးကွက် ပဲလွန်းဖြူဈေး သိသိသာသာကျဆင်းလာ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ဟင်္သာတဈေးကွက်ရဲ့ ပဲလွန်းဖြူဈေး ဟာ သိသိသာသာကျဆင်းလာပါ တယ်။ ယခင်အပတ် ပဲလွန်းဖြူဈေး တစ်တင်းကို ၂၄၅ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂၁၇ဝဝ ကျပ်ဖြစ်၍ ယခင်အပတ်ထက် တစ်တင်းကို ၂၈ဝဝ ကျပ်ကျဆင်းလာပါ တယ်။ ဈေးကျဆင်းသွားသော်လည်း ရန်ကုန် ဝယ်လက် ကုန်သည်ကြီးများရဲ့ နေ့စဉ်ဝယ်ယူမှုကြောင့် ပျမ်းမျှအိတ် ၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
နှစ်သစ်ကူးအချိန်ဖြစ်လို့ နယ်စပ် ပဲလွန်းဖြူ တင်ပို့မှုလျော့ကျ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၅၄ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၆၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၁၄၃ တန်ကျော် တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ ၇၇ တန်လျော့နည်း တင်ပို့ ခဲ့ပါတယ်။နှစ်သစ်ကူးအချိန် ကာလဖြစ်တဲ့အတွက် ကုန်သွယ်မှုများ လျော့ ကျနေရခြင်းဖြစ်ပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးများကို ကြည့်တဲ့အခါနှစ်ဘက်စလုံးမှာ ပဲလွန်းဖြူ ဈေးကျနေတာတွေ့ရပါတယ် မိမိဘက် (ကျပ်/တန်) တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၈၇၅၄ဝဝ ၉၁၄၅၁၆ ၃၉၁၁၆ ၄ .၅ ၁ဝဝ၉ ၁ဝ၆၈ ၅၉ ၆MIRT(DOBT)
ပဲလွန်းဖြူ ပုံမှန်တင်ပို့မှုရှိ ပဲလွန်းနီတင်ပို့မှု တက်လာ ယခုသီတင်းပတ် (ဇန်နဝါရီလ ၃-၇ ရက်)အတွင်း ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တန်ချိန် ၁၇ဝ ခန့်တင်ပို့မှုရှိလို့ ယခင်သီတင်း ပတ် တွေလိုပဲ ပုံမှန်တင်ပို့နေပြီး ပဲလွန်းနီ ကတော့ ယခုတစ်ပတ်မှာ တန် ၇ဝ ကျော် တင်ပို့လာတာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို ပဲလွန်းဖြူ၊ ပဲလွန်းနီတွေ လှိုင်လှိုင်ဝင်ရောက်နေပြီ ဖြစ် သလိုအရောင်းအဝယ်လည်း သွက် တယ်လို့ သိရပါတယ်။ အဝယ်လိုက် လာတာကြောင့် ရန်ကုန် FOB ဈေးမှာ လည်း ယခင်တစ်ပတ်ထက်ဈေး ပိုကာ ဖေဖော်ဝါရီလ ၁၁ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိမွန်ဘိုင်း ဈေးကွက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ ဝန်းကျင်မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
မုံရွာပဲစင်းငုံ အဝယ်သွက်သလို သယ်ယူမှု မြင့်တက် ဖေဖော်ဝါရီ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ နယ်စုံက ပစ္စည်းဝင်ရောက်မှု များပြားလာခဲ့ပြီး၊ ဝယ်လက်မျိုးစုံအဝယ်သွက်ခဲ့ကာ သယ်ယူစီးဆင်းမှုလည်း မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်ဈေးကွက်မှာ တော့ ပဲစင်းငုံနီအဟောင်းတစ်တင်း အနိမ့်ဆုံး ၁၉ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝဝဝဝ ကျပ်၊ ပဲစင်းငုံနီအသစ်တစ်တင်း အနိမ့်ဆုံး ၂၂၂ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၈ဝဝ ကျပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ အဟောင်းတစ်တင်း ၁၉၅ဝဝ ကျပ်နဲ့ အသစ်တစ်တင်း ၂၂၃ဝဝ ကျပ် အရောင်းအဝယ် သွက်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်အဝယ်အော်ဒါ အနည်းငယ်သွက်ခဲ့ကာ ဒေသခံ ကုန်သည်တွေ ဝယ်ယူမှုသွက်ခဲ့လို့ တစ်ရက် တင်း ၇ဝဝဝ ဝန်းကျင် နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်နေ့အထိ မုံရွာကုန်စည်ဒိုင်နယ်မြေ ကနေ ပဲစင်းငုံနီ စီးဆင်းမှုပမာဏ မြင့်တက်လာခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၂ဝဝဝ ခန့် စုစုပေါင်း တင်း ၁၇ဝဝဝ ထိ စီးဆင်းခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်
အရောင်းအဝယ်သွက်တဲ့ မန်းပဲစင်းငုံနီဈေးကွက် မန်းပဲစင်းငုံကို ရန်ကုန်ဝယ်လက်သမားတို့ ဝယ်အားကောင်းနေတာ ကြောင့် မန်းဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခု ဖြစ်ပါတယ်။ ယခင်အပတ်ဈေးနဲ့ ကွာဟမူသိပ်မရှိဘဲ ဒီတစ်ပတ်မှာလည်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီ တစ်ပိဿာ ၁၁ဝ၈ ကျပ်၊ (တစ်တန် ၆၇၈၅ဝဝ ကျပ်) ငုံဖြူတစ်ပိဿာ ၉ဝ၈ ကျပ်(တစ်တန် ၅၅၆ဝဝဝ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ပဲစင်းငုံဈေးကွက်ရာသီဖြစ်တာကြောင့် ဈေးကွက်အတွင်း စီးဆင်းမှုရှိနေ သလောက် ရန်ကုန်ဝယ်လက်တို့ ဝယ်လားကောင်းနေတဲ့အတွက် ယခုအတိုင်းဆိုရင် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းနေအုံးမယ်လို့ ကုန်သည်တို့က ခန့်မှန်း ကြပါတယ်။ ကျော်ကျော်မိုး
အဝင်သွက်အရောင်းသွက် ပြည်ပဲစင်းငုံဈေးကွက် ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင်လည်း ပဲစင်းငုံများ အဝင်များလာ ပါတယ်။ မကွေးနဲ့ အောင်လံမြို့နယ်များအပြင် အခြားမြို့နယ်များမှာလည်း အဝင် များကြောင်းသိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ဆီဆုံကုန်းမှလည်း အဝင်ရှိတယ်လို့သိရပါတယ်။ ပြည်ဈေးကွက်သို့ နေ့စဉ် အိတ် ၇ဝဝ- ၈ဝဝ ခန့် အဝင်ရှိပြီး၊ လှောင်လက်သမားများနဲ့ အိတ်စ်ပို့တာများမှ အဝယ်များ နေတာကြောင့် အရောင်းသွက်နေကြောင်း သိရပါတယ်။ ဈေးနှုန်းအနေ ဖြင့် ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၂၅ဝဝ ကျပ်ဖြင့် အရောင်းသွက် ခဲ့သလို ယခုတစ်ပတ်မှာလည်း တစ်တင်းကို ၂၂၇ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် အနည်း ငယ် ဈေးမြင့်ကာ ဆက်လက် အရောင်းသွက်နေကြောင်းသိရပါတယ်။ ဆုမွန်မွန်ဆွေ
ပဲစင်းငုံတင်ပို့မှု တန် ၆ဝဝဝ နီးပါးသာရှိ ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၆၃ဝဝ ကျော်ကို လျော့ကျ တင်ပို့ ရာမှ ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) မှာ တန် ၆ဝဝဝ နီးပါး သာ တင်ပို့နိုင်လို့ ဆက်လက်လျော့ကျနေတာတွေ့ရပါတယ်။ အိန္ဒိယ ပေါက်ဈေး ထက် ရန်ကုန်ဈေး မြင့်တက်ကွာခြားနေလို့ အဝယ်နည်းသွားပေမဲ့ အိန္ဒိယ ဝယ်လက် အချို့က တက်ဈေးမျှော်ပြီး ဝယ်ယူမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ဖြစ်မှုတော့ နည်းတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခု သီတင်းပတ် ရန်ကုန် FOB ဈေးနှုန်းအပြောင်းအလဲများကို ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ အသစ် အဟောင်း အသစ် အဟောင်း ၁ဝ-၂-၁၁ ၉၁၅-၉၃ဝ ၈၄ဝ-၈၆ဝ - ၇၃ဝ-၇၅ဝ ၄-၂-၁၁ ၉၁ဝ-၉၂ဝ ၈၄ဝ-၈၆ဝ ၈၁ဝ-၈၂ဝ ၇၄ဝ-၇၅ဝ MIRT(MAPT)