Background
အစိုဓါတ်များခြင်းကြောင့် အိန္ဒိယပြည်နယ်အစိုးရ ပဲစင်းငုံဝယ်ယူမှု နှောင့်နှေးနေ အိန္ဒိယနိုင်ငံ မဟာရပ်ရှတရာမှထွက်ရှိတဲ့ ပဲစင်းငုံများမှာ အစိုဓါတ် ပါဝင်မှု မြင့်မားနေလို့ ဝယ်ယူဖို့အခက်တွေ့ နေရပါတယ်လို့ ပြည်နယ် အစိုးရ အရာရှိတစ်ဦးက ပြောကြားကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရက ပဲစင်းငုံ ဝယ်ယူဖို့ခရိုင် ၁၁ ခုမှာ ပဲစင်းငုံအဝယ်စင်တာများဖွင့်လှစ်ထားပြီး အစိုဓါတ် ပါဝင်မှု များလို့ လက်ရှိအချိန်ထိ ဝယ်ယူရခြင်းမရှိသေးဘူးလို့ ပြည်နယ်ဈေးကွက် ရှာဖွေရေး အဖွဲ့မှ ပြောကြားပါတယ်။ တောင်သူများရောင်းချနေတဲ့ ပဲစင်းငုံများဟာ နိုင်ငံတော် လယ်ယာထွက်ကုန်သမ ဈေးကွက်ရှာဖွေရေးအဖွဲ့မှ သတ်မှတ်ထားတဲ့ ပဲစင်းငုံ အစိုဓါတ် ပါဝင်မှု ၁၂ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး ၁၅-၁၇ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလကုန်အထိ ပဲအဓိကစိုက်ပိုျးတဲ့ ဒေသများ မှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ အစိုဓါတ်ပါဝင်မှု များနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရဟာ နောက်နှစ်လအတွင်း ပဲစင်းငုံအနည်းဆုံးတန်ချိန် ၁ဝဝဝဝ-၂ဝဝဝဝ ဝယ်ယူသွားဖို့ ခရိုင် ၁၁ ခုမှာ အရောင်းစင်တာ ၄၇ ခုဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဗဟိုအစိုးရမှ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၆၄)သတ်မှတ်ထားပြီး၊ ပဲအများဆုံး ထွက်ရှိတဲ့ နှစ်လအတွက် တစ်ကြိမ်ကို အပိုဆောင်းငွေ ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) ပေးဝယ်ယူဖို့ ဝယ်ယူရေးအေဂျင်စီများကို သတ်မှတ်ပေးခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံဝယ်ယူမှုဟာ နောက် ၆ ရက်-၇ ရက်အတွင်း အရှိန်အဟုန်ဖြင့် ဝယ်ယူသွားမယ်လို့ အရာရှိတစ်ဦးက ပြောကြားပါတယ်။ ယမင်းခင်၊ှSource: business standard
တက်ဈေးမျှော်တဲ့ ပဲစင်းငုံ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲစင်းငုံနီ (ဟောင်း) တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၇၂၅ ကျပ်၊ ၇၄၅ ကျပ်၊ ပဲစင်းငုံနီ (အသစ်) ဈေး ၆၈၅ ကျပ်၊ ၈၁ဝ ကျပ် ဈေးဖွင့်ထားပါတယ်။ မုံရွာမြို့နယ် ကျောက္ကာကျေးရွာနဲ့ သာစည်ကျေးရွာများမှ ပဲစင်းငုံနီအသစ်တင်း ၃ဝ/၂ဝ ခန့် ရက်ခြား မုံရွာမြို့သို့ အဝင်ရှိပြီး၊ ဈေးတက်ရိပ်ရှိလို့ လှောင်လက်သမားများက ဝယ်ယူသိုလှောင်ကာ တက်ဈေးမျှော်နေကြောင်း ကုန်သည်သတင်း ရပ်ကွက်ကသိရပါတယ်။ အခုလော လောဆယ် ရန်ကုန်ဝယ်လက်အဆွဲများတာကြောင့် မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် ပျမ်းမျှတင်း ၁ဝဝဝကျော်၊ ပဲစင်းငုံနီ (အဟောင်း)များ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ပြည်ပဲစင်းငုံ အဟောင်းထက် အသစ်ဈေးမြင့် ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ပဲစင်းငုံပိဿာ ၂ဝ တစ်တင်းကို ပဲအသစ် ၁၅၃ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပဲအဟောင်းလက်ကျန်များမှာ ၁၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ပဲစင်းငုံအသစ်များမှာ ကံမဘက်မှ အဝင်ရှိသလို မကွေး၊ အောင်လံ၊ ကျောက်ပန်းတောင်း မြို့နယ် များမှလည်း အိတ် ၁၅ဝ ခန့် အဝင်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် မန္တလေးတိုင်းသို့ အိတ် ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆုမွန်ဆွေ
ပြည်ဈေးကွက်သို့ ပဲစင်းငုံအသစ်များ စတင်ဝင်ရောက် ပဲခူးတိုင်းဒေသကြီးအနောက်နဲ့ ၂ဝ၁ဝ-၂ဝ၁၁ စိုက်ပိုျးရာသီမှာ ပဲစင်းငုံ စိုက်ဧက ၁၆ဝဝဝ ကျော်စိုက်ပျိုးခဲ့ပါတယ်။ ပဲစင်းငုံသီးနံှဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ များမှာ လှိုင်လှိုင်ပေါ်လာမှာဖြစ်ပါတယ်။ ယခင်နှစ် ပဲစင်းငုံထွက်ပေါ်ချိန်မှာ တစ် တင်း ၂၈ဝဝဝ ကျပ်မှ ၂၈၅ဝဝ ကျပ်အထိရှိခဲ့ပါတယ်။ ယခုနှစ် ဒီဇင်ဘာ လဆန်းမှ စပြီး ပဲစင်းငုံတစ်တင်း ၁၅ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်မှာ ဈေးဖွင့်လျှက်ရှိပါ တယ်။ ဆွေဆွေမင်း
တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက တန် ၄ဝဝဝ ကျော် တင်ပို့ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ ပဲစင်းငုံတန် ၃ဝဝဝ ခန့်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလနောက်ဆုံးပတ်) မှာ တန်ချိန် ၄ဝဝဝ ကျော်ထိ တင်ပို့မှု တက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံအထွက်ပိုလို့ ပြည်ပက တင်သွင်းမှု လျော့ကျမယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အရည်အသွေး ကောင်းပဲတွေ မရနိုင်တာကြောင့် မြန်မာနိုင်ငံမှာ အဝယ်တွေတက်လာပါတယ်။ ယခင် သီတင်းပတ်တွေထက် ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက်တွေ စုပြုံဝယ်ယူ ခဲ့တာကြောင့် ယခုတစ်ပတ် ပြည်တွင်းပဲစင်းငုံများသိသိသာသာ မြင့်တက်လာ ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ၃၁-၁၂-၁ဝ ၆၅ဝ-၆၆ဝ ၅၉ဝ-၆ဝဝ၂၄-၁၂-၁ဝ ၅၄ဝ-၅၅ဝ ၅ဝဝ-၅၁ဝMIRT(MAPT)
လက်ပံတန်းနယ်မှာ ရေလိုက်ပဲတွေ ဈေးကွက်ဝင် ပဲခူးတိုင်းဒေသကြီးအနောက်၊ လက်ပံတန်းမြို့နယ်မှာ ရေလိုက်မတ်ပဲနဲ့ ပဲလွန်းဖြူများ ပေါ်စပြုနေပြီဖြစ်ပါတယ်။ ရေလိုက်မတ်ပဲများကို လက်ပံတန်းမြို့နယ် အတွင်းရှိ မြစ်ဘေးချောင်းဘေးကျေးရွာများဖြစ်တဲ့ အသရော်၊ ဘီးလင်း၊ ဇိုင်းသွယ်၊ ချောင်းသုံးခွနဲ့ တော်လဿကျေးရွာများမှာ စိုက်ပျိုးကြပါတယ်။ ရေလိုက် မတ်ပဲများ ကို အများအားဖြင့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး မြစ်ရေ၊ ချောင်းရေကျချိန် အောက်တိုဘာလဆန်းတွင်းမှာ ရေလိုက်ကြဲပက်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလ လယ်လောက်မှာ ပေါ်စပြုလာခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက် မတ်ပဲပေါက် ဈေးမှာ တစ်တင်းလျှင် ၂၁၃ဝဝ ကျပ်ဖြစ်ပြီး၊ ပဲလွန်းဖြူတစ်တင်းလျှင် ၁၇ဝဝဝ ကျပ်ဖြင့် ပဲအဝယ်ဒိုင်များက ဈေးဖွင့်ဝယ်ယူလျက်ရှိကြောင်းသိရှိရပါတယ်။ ခင်ခင်ထိုက်
၂ဝ၁ဝ ခုနှစ်အတွက် ဟင်္သာတရဲ့ မတ်ပဲဈေးကွက်မှတ်တမ်း ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှာ မတ်ပဲသစ်များ စပေါ်ပြီး ပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၅ဝဝဝ ကျပ်နဲ့ စတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ ၂၄၃ဝဝ ကျပ်နဲ့ ဈေးပြန်ငြိမ်သွားပါတယ်။ မတ်လ မတ်ပဲလှိုင်လာချိန် ဈေးမှာ ငွေဈေးကွက် ပေါ် မူတည်ပြီး အတက်အကျဖြစ်နေပါတယ်။ ဧပြီနဲ့ မေလများမှာ မတ်ပဲ အရောင်းအဝယ်များ သွက်လာခဲ့ပြီး တစ်တင်းကို ၃၇၅ဝဝ ကျပ်ဈေးသို့ မြင့်တက် ခဲ့ပါတယ်။ ဇွန်၊ ဇူလိုင်လများမှာ အရောင်းအဝယ် ပုံမှန်ရှိနေပေမဲ့ မတ်ပဲဈေးမှာ ၃၃ဝဝဝ ကျပ်ဈေးကို ပြန်လည်ကျဆင်းသွားပါတယ်။ သြဂုတ်၊ စက်တင်ဘာလများမှစ၍ မတ်ပဲဈေးမှာ တဖြည်းဖြည်းဆက်တက်လာကာ လက်ကျန်လည်း နည်းပါးသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ မတ်ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်မှ ၂ဝ၅ဝဝ ကျပ်ကို ကျဆင်းသွားပေမဲ့ လက်ကျန်ပေါ်မူတည်ပြီး ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါတယ်။ အေးအေးခိုင်
လှောင်လက်ဝယ်တဲ့ စစ်ကိုင်းက မတ်ပဲ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ အရာတော်၊ ကနီ၊ ပုလဲမြို့နယ်များမှ မတ်ပဲများ မုံရွာမြို့သို့ အဝင်လှိုင်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲတစ်ပိဿာ ပေါက်ဈေး ၂ဝ၁ဝ ခု ဒီဇင်ဘာလဆန်းမှာ ၁၁၂၅ ကျပ်မှ ဒီဇင်ဘာလကုန်မှာ ၉၅ဝ ကျပ်ကို ဈေးအေးသွားကြောင်းသိရပါတယ်။ ဈေးအေးသွားတဲ့အတွက် လှောင်လက်သမားတွေက အဝယ် များကြောင်း ကုန်သည်တစ်ဦးမှပြောပါတယ်။Export ဝယ်လက်ကတော့ အရည်အသွေးကောင်းတာကိုစစ်ဝယ်ပြီး၊ ဒေသတွင်း ပဲခွဲစက်နဲ့ ကြာဇံစက်သမားများကတော့ အရည်အသွေးသိပ်မစစ်ကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၃ဝဝ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင်
မတ်ပဲတင်ပို့မှု ဆက်လက်တိုးတက် ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းရှိသလို ယခုတစ်ပတ် (ဒီဇင်ဘာနောက်ဆုံးပတ်) မှာလည်း တန်ချိန် တစ်သောင်းနဲ့ ဆက်လက်တိုးတက်တင်ပို့နေပါတယ်။ ဒီဇင်ဘာ ဒုတိယပတ်၊ တတိယပတ်မှာ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေခဲ့ရာမှ ယခုတစ်ပတ်မှာ အဝယ်တက် လာတာကြောင့် ဈေးလည်း အနည်းငယ်တက်လာသလို တင်ပို့မှုလည်း အားကောင်း နေတာဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၃၁-၁၂-၁ဝ ၇၉ဝ-၈ဝဝ ၉၉ဝ-၁ဝဝဝ ၂၄-၁၂-၁ဝ ၇၇ဝ-၇၈ဝ ၉၆ဝ-၉၇ဝ MIRT(MAPT)
အရောင်းအဝယ်အေးနေတဲ့ မန်းငရုတ် ဈေးကွက် ယခုနောက်ပိုင်း မန္တလေး ဈေးကွက်ရှိ ငရုတ်ဈေးမှာ အရောင်း အဝယ်အေး ဈေးအေးနေကြောင်း သိရပါတယ်။ ဈေးကွက်သို့ ကျောက်ဆည်နယ်မှ (မိုးထောင်၊ ဒီမွန်၊ သာမွန်)မိုျးများလည်းကောင်း၊ ငရုတ်ပုမှာ သဲတော ဝမ်းတွင်းနယ်မှ လည်းကောင်း ဝင်ရောက်လျက်ရှိပါတယ်။ အရောင်း အဝယ်အေးနေတဲ့အတွက် ဒီဇင်ဘာလ လဆန်းပိုင်းမှ စပြီး ငရုတ်ရှည် (မိုး ထောင်) တစ်ပိဿာကို ၁၆ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်ဝန်းကျင် ငရုတ်ပွ တစ် ပိဿာကို ၃၅ဝဝ ကျပ်၊ ၃၆ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်အနေနဲ့ ဒေသတွင်း ရောင်းဝယ်မှု သာရှိတဲ့အတွက် ဈေး အေးအရောင်းအေးကြောင်း ပွဲရုံ ဈေး ကွက်က သိရပါတယ်။ ကျော်ဇင်သန်း