Main menu

Background

Sunday, 12 Dec 2010

ဈေးအေးနေဆဲ ပြည်မတ်ပဲ             ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ဆောင်းသီးနံှမတ်ပဲကို စိုက်ပျိုးပြီးလုနီးပါးရှိနေတာကြောင့် မျိုးပဲဝယ်သူနည်းသွားပြီး ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေး သာရှိတယ်လို့ သိရပါတယ်။ မတ်ပဲဈေးကတော့ တဖြည်းဖြည်းနဲ့ အေးလာတာကို တွေ့ရပြီး ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၂၃၅ဝဝ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ်လက်လည်း အနည်းငယ်သာရှိပြီး ဒေသတွင်း အရောင်းအဝယ် ကတော့ အိတ် ၂ဝဝ-၃ဝဝ ခန့်ပုံမှန်သာ အရောင်းအဝယ် ရှိနေတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ပေါင်းတလည်၊ ဥသျှစ်ပင်မြို့များမှ တစ်နေ့ကို ပဲအိတ် ၁၅ဝ-၂ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်သို့ တင်ပို့မှုကတော့ ပြည်မှတစ်နေ့ကို အိတ် ၆ဝဝ၊ တိုင်းတွင်းအခြားမြို့နယ်များမှ အိတ် ၆၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။                                                                                                                                    မိမိအေး

Sunday, 12 Dec 2010

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း တင်ပို့မှု မတ်ပဲတန် ၄ဝဝဝ ကျော်လာ           ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၄ဝဝဝ ကျော် တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်တွေထဲမှာ နယ်လှောင်လက်တွေက မျိုးပိုတွေ ထုတ် ရောင်းလာကြလို့ ရောင်းအားများပြီး ဝယ်လိုအားနည်းတာကြောင့် ဈေး အနည်းငယ် ပြန်ကျလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ပြည်ပပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ် တန်ဖိုး ကျဆင်းတာကြောင့်လည်း အရောင်းအဝယ်နည်း ဈေးကျလာ တာဖြစ်တယ် လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။            ယခုနှစ် နိုဝင်ဘာလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာတဲ့အခါ တန်ချိန် ၂၃၆ဝဝ ကျော်ရှိပြီး အောက်တိုဘာမှာ တန်ချိန် ၃၃ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရာမှာ တန်ချိန် ၅ သောင်းနီးပါး တင်ပို့ခဲ့လို့ ယခုနှစ် နိုဝင်ဘာတင်ပို့မှုဟာ ထက်ဝက်ခန့် လျော့ကျ လာတာတွေ့ရပါတယ်။ ပြောင်းလဲမှုရှိတဲ့ ရန်ကုန်FOB  ဈေးများကို ယခင်တစ် ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                                                  ဒေါ်လာ/တန်                            မတ်ပဲ(FAQ)                             မတ်ပဲ(SQ) ၉-၁၂-၁ဝ                 ၉ဝဝ-၉၁ဝ                          ၁၁၁ဝ-၁၁၂ဝ ၂-၁၂-၁ဝ                 ၉၄ဝ-၉၅ဝ                          ၁၁၆ဝ-၁၁၇ဝ MIRT(MAPT)

Wednesday, 8 Dec 2010

 ပွက်သားများစဝင်လာလို့ သကြားဈေးနှုန်းကျဆင်းဘ             နိုဝင်ဘာလကုန်ပိုင်းက ပွက်သားများစတင်ဝင်လာလို့ လက်ကျန်သကြား ဈေးနှုန်း ကျဆင်းလာကြောင်း သိရပါတယ်။ လတ်တလော မြတောင်၊ ထီးချိုင့်မြို့နယ်မှ ပွက်သားပိဿာချိန် ၂ သောင်းကျော် စတင်ဝင်လာပြီး နောက်ပိုင်းမှာ ဗန်းမော်၊ ကသာ၊ ကြာညှပ်၊ တကောင်းမြို့နယ်များမှ တဖြည်းဖြည်းဝင်ရောက်မှာ ဖြစ်လို့ လက်ကျန် သကြားဈေးနှုန်း ထပ်မံကျဆင်းလာနိုင်ကြောင်းသိရပါတယ်။ မန္တလေးမြို့သကြားနှင့်သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌက 'ဒီနှစ်အထွက်နှုန်း ပိုနိုင်တယ်။ စိုက်ဧက ၄ သိန်းကျော်မှာ သကြားတန်ချိန် ၇ သိန်းနဲ့ ၈ သိန်းကြား ဝင်ရောက်နိုင်လို့ ပြည်တွင်းစားသုံးမှုလည်း ပိုနိုင်တယ်။ လောလောဆယ် သကြားအသစ်စဝင်နေတာဆိုတော့ မုန့်သမားလောက်ပဲ အသုံးရှိ ပါသေးတယ်။ တဖြည်းဖြည်းနဲ့ အသစ်ဝင်လာပြီဆိုတော့ လက်ကျန် လှောင်လက် သမားတွေက ဈေးချရောင်းနိုင်တယ်'လို့ ပြောပါတယ်။ သကြားနဲ့သကာရည် (ပွက်သား) ဈေးနှုန်းမှာ ဒီဇင်ဘာ ၂ ရက်က ပွက်ရည်တစ်ပိဿာလျှင် ၈၃ဝ ကျပ်၊ ၈၅ဝ ကျပ်၊ သကြားတစ်ပိဿာလျှင် ၁၅၂ဝ ကျပ်၊ ၁၅ဝဝ ကျပ်၊ ၁၄၈ဝ ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။                                                                                               ဇူးဇူး

Wednesday, 8 Dec 2010

 အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးပြောင်းဈေးကွက်           နိုဝင်ဘာလ စတုတ္ထပတ်အတွင်းမှာ ပြောင်းဈေးအနည်းငယ်ကျခဲ့ပေမဲ့ အရောင်းအဝယ်မပျက်ဘဲ သွက်နေတယ်လို့သိရပါတယ်။ ပြောင်းဈေးမှာ တစ်တင်း ၅၄ဝဝ ကျပ်မှ ၄၉ဝဝ ကျပ်အထိ တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးအေးခဲ့ပေမဲ့ အရောင်းအဝယ်ကတော့ သွက်နေဆဲလို့သိရပြီး၊ မန္တလေးကို နိုဝင်ဘာ စတုတ္ထပတ် အတွင်းမှာ တင်းရေ ၂၃ဝဝ ခန့် စီးထွက်ခဲ့ပြီး၊ နိုဝင်ဘာလတစ်လလုံး တင်းရေ ၃ဝဝဝဝ ကျော်စီး ထွက်ခဲ့ကြောင်း သိရပါတယ်။                                                                                                 အောင်မင်း

Wednesday, 8 Dec 2010

 တစ်ဖက်နိုင်ငံ ပြောင်းဈေးကျဆင်းသဖြင့် ချိန်ဆတင်ပို့နေ          ယခုအပတ်မှာ မူဆယ်၊ လွယ်ဂျယ်နှင့်ချင်းရွှေဟော် နယ်စပ်စခန်း များမှ ပြောင်းဖူးစေ့ ၁၉၁၉၆ ဒသမ ၅ တန်၊ ကန်ဒေါ်လာ ၄ ဒသမ ၉၇ သန်းဖိုးနဲ့ မူဆယ်မှ နံှစားပြောင်း ၇၄၈ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပြောင်းတန်ချိန် ၂၃၁၃ဝ ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၃၉၃၄ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း တစ်ဖက်နိုင်ငံ ဝယ်ဈေးမှာ ၁၈ဝဝ ယွမ် သာရသည့် အတွက် ယခင်အပတ်ကထက် ယွမ် ၆ဝ လျော့နည်းကျဆင်းခဲ့ရာ တွက် ချေကိုက်မှု မရှိသဖြင့် ချိန်ဆတင်ပို့နေကြတာကြောင့် ယခုအပတ် ပြောင်းတင်ပို့မှု လျော့ကျ ရတာလို့ သိရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                                       မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                  ယခု                 ယခင်        ပြောင်းလဲမှု     %          ယခု         ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့          ၂၄၂၅၅ဝ        ၂၅၆၄၉၃         ၁၃၉၄၃         ၅ .၈       ၂၈၂         ၂၈၉           ၇             ၃MIRT (DOBT)

Wednesday, 8 Dec 2010

 ဒီတစ်ပတ် ပင်လယ်ရေကြောင်း အပိုလျော့           နိုဝင်ဘာလ ၂၂ ရက်မှ ၂၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းဖူး ၂၅၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၆၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၂၃၇ တန်တင်ပို့ခဲ့ တာကြောင့် ယခုရက်သတ္တပတ်မှာ ၉၇၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများ ကတော့ စင်္ကာပူကို ၁၄၄ တန်နဲ့ မလေးရှားကို ၁၁၅ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။                                                                                                    KZW

Wednesday, 8 Dec 2010

ရာဘာဈေးနှုန်းကောင်းလို့ တာယာဈေးနှုန်းများ မြှင့်ဖို့ပြင်ဆင်           တိုင်တန်နဲ့ဂွတ်ရီးယားတာယာ ဈေးနှုန်းများကို လာမယ့် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ၈ ရာခိုင်နှုန်း ဈေးတက်မယ် လို့ တိုင်တန်နိုင်ငံတကာအုပ်စုကပြောကြားခဲ့ပါတယ်။၎င်းကုမ္ပဏီများက သဘာဝရော်ဘာဈေးနှုန်း မြင့်တက်ခြင်းနဲ့ ကုန်ကြမ်း ဈေးတက်ခြင်းကို အပြစ်တင်ခဲ့ကြပါတယ်။ ဒီလိုဈေးနှုန်းတိုးခြင်းဟာ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်များကို ပြန်လည် ဈေးကွက် နေရာချထားခြင်းအတွက် အထောက်အပံ့ပေးမှာဖြစ်ကြောင်း ၎င်းးတို့ကဆက်လက်ပြောကြားခဲ့ပါတယ်။ တိုင်တန်ကုမ္ပဏီက ဘီးများ၊ တာယာများနဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့၊ အခြား စက်မှုလုပ်ငန်းများရဲ့ အခြားယာဉ်သုံးအစိတ်အပိုင်း ပစ္စည်းများအတွက် ထောက်ပံ့ကြေးပေးမှာဖြစ်ကြောင်း သိရပါတယ်။ တိုင်တန်ရဲ့ရှယ်ယာဈေးနှုန်းများဟာ ၁၆ ဒသမ ၂၂ ဒေါ်လာ အထိတိုးတက်သွားကြောင်းသိရပါတယ်။ ရော်ဘာဈေးနှုန်းတွေဆက်ပြီး တစ်ရှိန်ထိုးတက်ကာ ကုန်ကြမ်းဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်စရိတ်တွေလည်း ဆက်တက်ဖို့ရှိကြောင်း တိုင်တန်အုပ်စုကပြောကြားခဲ့ပါတယ်။လန်ဒန်အခြေစိုက် ယိုကိုဟားမား တာယာအုပ်စုကလည်း ၎င်းတို့ရဲ့ ကုန်ပစ္စည်းများကို ၅ ရာခိုင်နှုန်းကျော်ဈေးမြှင့်ပြီး လာမယ့်ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။ ဘရစ်စတုန်း အုပ်စုကလည်း ဘရစ်စတုန်း၊ ဖားယားစတုန်းနဲ့ အခြားလယ်ယာနဲ့ လုပ်ငန်းသုံးယာဉ်များရဲ့ တာယာ ဈေးနှုန်းကို ယခုလအစောပိုင်းကတည်းက ၈ ရာခိုင်နှုန်းကျော် ဈေး တက်ခဲ့ကြောင်း သိရပါတယ်။ Source: IST,KZW

Wednesday, 8 Dec 2010

မိုးကောင်းရော်ဘာမျိုး ပြောင်းလဲစိုက်လာ           ရော်ဘာပင်ဟာ အစေးရည်ထုတ်ယူရသည်သာမက အပင်အိုသွားသော်လည်း ရော်ဘာသစ်အဖြစ် အသုံးပြုနိုင်ပါ တယ်။ ဝင်ငွေရနှစ်ရှည်ပင်ဖြစ်တာကြောင့် ကချင်ပြည်နယ်မှာ စိတ်ဝင်တစား ဧကတိုးခဲျ့ စိုက်ပျိုးခဲ့သော်လည်း ဒေသနဲ့ကိုက်ညီတဲ့ မျိုးရွေးချယ်စိုက်ပျိုးမှု အားနည်းခဲ့တာကြောင့် အစေးခြစ်ကာလတွင် အစေးထွက်နှုန်းနည်းပါးခြင်း၊ အစေးထွက်မှု မရှိခြင်း တို့ကြောင့် ယခုအခါ မိုျးပြောင်းတဲ့အနေနဲ့ တစ်နှစ်ပတ်လုံး မိုးရေချိန်ပျမ်းမျှ ၅ဝ-၆ဝ လက်မရွာသွန်းပြီး၊ အေးမြတဲ့ ကချင်ပြည်နယ်နဲ့ ကိုက်ညီတဲ့ စပ်မျိုး ၂ဝဝဝ၊ ဖူးဆက်မျိုးပင်များနဲ့ အစားထိုးစိုက်ပျိုးလျက်ရှိပါတယ်။            စပ်မျိုး ၂ဝဝဝ ဖူးဆက်မိုျးပင်များ၊ လုပ်ငန်းရှင်၊ ရော်ဘာခြံရှင်များမှ မျိုးသန့်ပျိုးအရောင်းဆိုင်များမှ မှာယူ၍ ရထားတွဲများနဲ့သယ်ယူကာ တိုးခဲျ့စိုက်ပျိုးခြင်း၊ အစားထိုးစိုက်ပျိုးခြင်းများဖြင့် မျိုးပင်ရေ ၇၆၄ဝ ပင်ကို အောင်မြင်စွာစိုက်ပျိုးခဲ့ပြီး၊ မျိုးတစ်ပင် စိုက်ခြံအရောက် ၁၄ဝဝ ကျပ်ခန့်ရှိကြောင်းသိရပါတယ်။ ယခုကဲ့သို့ မျိုးပြောင်းလဲ စိုက်ပျိုးနေသလို စိုက်ပျိုးပြီး ၂ဝဝ၃ ဧကမှ သက်တမ်း ၇ နှစ်ရှိ ၁၄၇ ဧကကိုလည်း အစေးခြစ်လုပ်ငန်းများလည်း စတင်ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရပါတယ်။ ကိုကိုစိုး

Wednesday, 8 Dec 2010

 ယခုအပတ်မှာ မူဆယ်မှ ရော်ဘာအရောင်းအဝယ်ပုံမှန်ရှိ              ယခုအပတ်မှာ မူဆယ်၊ ချင်းရွှေဟော်နဲ့မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ ၁၃၆၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၄ဝ၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၁၁၅၆ တန်၊ ချင်းရွှေဟော်မှRSS (3)တန် ၁ဝ၄ ကျော်နဲ့ မြိတ်နယ်စပ်မှ MSR (20) တန် ၁ဝဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ် မှရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ RSS (1) တန် ၃ဝ ကျော် ၊RSS (3) ၆၃၉ တန်ကျော်၊ RSS (3)  ၁၂၁ တန်ကျော်၊MSR (20) ၂၄၅ တန် နဲ့MSR (50) ၁၂ဝ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကရော်ဘာ ၁၄၂၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၆ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း ယခုအပတ်မှာ အရောင်းအဝယ်ပုံမှန်သာ ရှိတယ်လို့ မူဆယ်နယ်စပ်ကုန်သည်အသင်းမှ သိရပါတယ်။ မူဆယ်နယ်စပ်ရှိ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် -                                   မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု            ယခင်     ပြောင်းလဲမှု    %       ယခု       ယခင်  ပြောင်းလဲမှု       %RSS (3)    ၃၂၃၆၈ဝဝ     ၃၃ဝ၇၃၁ဝ     ၇ဝ၅၁ဝ     ၂       ၃၅၇၄      ၃၅၇၆     ၂              ဝ .ဝ၆RSS (5)    ၃၁ဝဝ၈ဝဝ     ၃၁၅၅၆၉ဝ     ၅၄၈၉ဝ     ၂       ၃၄၂၃      ၃၄၂၆      ၃             ဝ .ဝ၈MIRT (DOBT)

Wednesday, 8 Dec 2010

 ရော်ဘာတင်ပို့မှု တစ်ရှိန်ထိုးတက်          နိုဝင်ဘာလ ၂၂ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁ဝ၈၄ တန် တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၄၅၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၅၃ တန်တင်ပို့ခဲ့ တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၆၃၁ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယကိုRSS-3 တန် ၄ဝ၊ ကိုရီးယားကို MSR -20 ၂ဝ၁ တန်၊ မလေးရှားကိုRSS-5 ၄၄၁ တန်၊RSS-3 ၃၄၂ တန်နMSR -50 တန် ၆ဝ အသီးသီးဖြစ်ပါတယ်။ KZW

Pages