Main menu

Background

Monday, 29 Nov 2010

ပဲတီစိမ်း ပုံမှန်ပြန်တင်ပို့လာ         ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၅ဝဝ သာတင်ပို့မှု ရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တန်ချိန် ၂၅ဝဝ ကို ပုံမှန်အတိုင်းပြန်တင်ပို့ လာနိုင်တာ တွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဝင်ရောက်လာတဲ့ ပဲအသစ်များ က မိုးကြောင့် အရည်အသွေးနိမ့်များလာတဲ့အတွက် ယခုတစ်ပတ်မှာ အရည်အသွေးကောင်းတဲ့ ပခုက္ကူစများကို အဝယ်ပြန် လိုက်လာတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လတ်တလောမှာ တရုတ်ဘက်က အဝယ်ခေတ္တ အေးနေတယ်လို့ သိရပါ တယ်။ ယခုတစ်ပတ် ပြည်ပအဝယ် ရှိလာတဲ့အတွက် လာမယ့်သီတင်းပတ်တွေမှာ တင်ပို့မှုတိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါ တယ်။ နိုဝင်ဘာလ ၂၅ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ဈေးများဖြစ်တဲ့ ပဲတီစိမ်း (အညာ) FAQ  တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ ၊ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂၅ဝ-၁၂၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။   MIRT - MAPT 

Monday, 29 Nov 2010

ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွား တဲ့ ပဲလွန်းဖြူ                      ပဲခူးတိုင်းဒေသကြီး အနောက်မှ ဆောင်းသီးနံှ ပဲလွန်းဖြူကို ၂ဝ၁ဝ- ၂ဝ၁၁ ခုနှစ် လျာထားဧက ၃၇ဝဝဝ ခန့်မှာ စိုက်ပျိုးပြီးတဲ့ဧက ၈၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ ပဲလွန်းဖြူ လက်ကျန်မရှိတာ ကြောင့် အရောင်းအဝယ်မဖြစ်ဘဲ နောက်ဆုံးဈေး ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။               မိမိအေး

Monday, 29 Nov 2010

ပဲလွန်းဖြူ တင်ပို့မှုပိုလာ၊ ပဲယင်း တန် ၅ဝ တင်ပို့           ပြည်တွင်း ဈေးကွက်တွေမှာ လက်ကျန် တော်တော်လေး နည်းလာ ပြီဖြစ်တဲ့ အခြားပဲများထဲမှာ ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က ၄၈ တန်သာတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၈ ရက်မှ ၂၃ ရက် အတွင်းမှာတော့ တန်ချိန် ၂၄ဝ ခန့်ထိ ပြန်လည်တိုးတက် တင်ပို့လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ ယူအေအီး၊ ကိုရီးယားတို့ ဖြစ်ပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ နိုဝင်ဘာလ ၂၅ ရက်မှာ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ  တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ နဲ့ ယခင်တစ်ပတ်ဈေး အတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။                                                                           MIRT - MAPT

Monday, 29 Nov 2010

ပြည်ပဲစင်းငုံအရောင်းအဝယ်အနည်းငယ်သာဖြစ်            ပြည်ဈေးကွက်တွင် ပဲစင်းငုံမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဝင်ရောက်မှု အနေဖြင့် ပြည်ဈေးကွက်သို့ ယခင်အောက်တိုဘာလက အခြားတိုင်းမှ ပဲစင်းငုံအိတ် ၁၅ဝ အဝင်ရှိခဲ့ပြီး ယခုနိုဝင်ဘာလ စတုတ္ထပတ်အတွင်းမှာတော့ ကျောက်ပန်း တောင်းမြို့နယ်မှ အိတ် ၄ဝဝ အဝင်ရှိကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် ဈေးကွက်အတွင်း ငွေလိုသူ တချို့သာ ထုတ်ရောင်းနေတဲ့အတွက် အရောင်းအဝယ် အနည်းငယ်သာရှိကြောင်း သိရပါတယ်။                                                             ဆုမွန်ဆွေ

Monday, 29 Nov 2010

ပဲစင်းငုံတင်ပို့မှု အနည်းငယ် ပြန်တိုးတက်        ယခင်သီတင်းပတ်များက ပိတ်ရက်များကြောင့် ပြည်ပကို တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်) အတွင်းမှာ တော့ တန်ချိန် ၁၅ဝဝ ကို အနည်းငယ်တိုးတက် တင်ပို့လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က အိန္ဒိယ တင်ဒါမရလိုက်ပေမဲ့ ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက် အနည်းငယ်ရှိလို့ အရောင်းအဝယ် အနည်းငယ်ဖြစ်လာသလို အချို့ကုန်သည်များက လည်း ဒူဘိုင်းကို တင်ပို့ဖို့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် ကုန်သည်လက်ထဲမှာရှိတဲ့ ပဲစင်းငုံကြားတွေကိုတော့ မန္တလေးနဲ့ မုံရွာဘက်က ကြာဇံစက်သမားများ အဝယ်ရှိလို့ အထက်ကို ပြန်တက်မှုတွေရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၅ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ပဲစင်းငုံနီတစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ၊ ပဲစင်းငုံဖြူနီနဲ့ အဖြူတစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ- ၅၈ဝ နဲ့ ယခင် တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။    MIRT - MAPT 

Monday, 29 Nov 2010

ဈေးလှုပ်နေတဲ့ ပြည်မတ်ပဲ      ဆောင်းသီးနံှ မတ်ပဲကို ပဲခူးတိုင်းဒေသကြီးအနောက်မှ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ သာယာဝတီမြို့နယ်တွေမှာ အများအပြားစိုက်ပျိုးကြပါတယ်။ ယခု အချိန်ထိ လျာထားဧက ၅ ဒသမ ၁၅ သိန်းမှာ ဧက ၁ ဒသမ ၂ဝ သိန်းခန့် စိုက်ပြီးပြီလို့ သိရပါတယ်။ မတ်ပဲစိုက်ပျိုးချိန်ဖြစ်လို့မိုျးပဲတစ်တင်းကို ၂၇၅ဝဝ ကျပ်- ၂၈ဝဝဝ ကျပ်နဲ့ ဝယ်ယူ စိုက်ပိုျးရတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲ တစ်တင်းကို ၂၅၅ဝဝ ကျပ်ဖြစ်ပြီး၊ ယခုတစ်ပတ် ပဲတစ်တင်းကို ၂၆၇ဝဝ ကျပ်ထိ မြင့်လာခဲ့ပါတယ်။ မြို့တွင်းတစ်နေ့ ရောင်းဝယ်မှုမှာ တစ်တင်းခွဲအိတ် ၂ဝဝ-၃ဝဝ ခန့် ရှိပြီး ပုံမှန်ရောင်းဝယ်မှုရှိတယ်လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။ ပဲစီးဆင်းမှုအနေနဲ့ကတော့ ပြည်မှတစ်နေ့ကို အိတ် ၈ဝဝ၊ တိုင်းတွင်း အခြား မြို့နယ်များမှ တစ်နေ့ကိုပဲအိတ် ၃၅ဝဝ ခန့် ရန်ကုန်သို့ တင်ပို့တယ်လို့သိရပါတယ်။                                                           မိမိအေး

Monday, 29 Nov 2010

ဈေးလည်းလှုပ် တင်ပို့မှုလည်း ပိုလာတဲ့ ဟင်္သာတမတ်ပဲ       ဟင်္သာတတွင် မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်တက်လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်တွင် မတ်ပဲဈေးမှာ ၂၆၇ဝဝ ကျပ်ဈေးထိ တက်လာ ခဲ့ပါတယ်။ မတ်ပဲအသစ်များလည်း စိုက်ပျိုးနေပြီဖြစ်၍ ဒေသခံ ကုန်သည် ကြီးများမှလည်း လက်ဝယ်ရှိပဲများအား နေ့စဉ်ဖြစ်ပေါ်သောဈေးများဖြင့် ရန်ကုန် ဈေးကွက် သို့ ယခင်အပတ်ထက်ပိုပြီး ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၁ဝဝဝ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။                                                                                             အေးအေးခိုင်

Monday, 29 Nov 2010

ယခုတစ်ပတ်မတ်ပဲ တန် ၇ဝဝဝ နီးပါးကို တင်ပို့မှု ပြန်တက်လာ           ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှု လျော့ကျခဲ့တဲ့ မတ်ပဲကို ယခု တစ်ပတ်မှာတော့ တန်ချိန် ၇ဝဝဝ နီးပါးထိ ပြန်လည်တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ အိန္ဒိယမှာ ပဲအထွက်က ယခင်နှစ်ထက်ပိုမယ်လို့ ဆိုပေမဲ့ ချန်နိုင်း ဆိပ်ကမ်းကို မြန်မာနိုင်ငံကသယ်ယူစရိတ်ကပဲထွက်ရှိတဲ့အခိုျ့ဒေသတွေက သယ်ယူ တာထက် စရိတ်သက်သာတာကြောင့် အိန္ဒိယဝယ်လက်များ ပုံမှန်အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဝယ်လက်အခိုျ့ ဈေးမြင့်ပေးဝယ်ယူမှုမရှိတာကြောင့် ရန်ကုန် FOB ဈေးအနေနဲ့ အနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ပြောင်းလဲလာတဲ့ FOB ဈေးများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်-                                                                                                                                                ဒေါ်လာ/တန်                       မတ်ပဲ(FAQ)         မတ်ပဲ(SQ) ၂၅-၁၁-၁ဝ          ၉၅ဝ-၉၆ဝ          ၁၁၇ဝ-၁၁၈ဝ ၁၉-၁၁-၁ဝ          ၉၆ဝ-၉၇ဝ          ၁၁၇ဝ-၁၁၈ဝ                                                                                                                        MIRT(MAPT)

Wednesday, 24 Nov 2010

 နယ်စပ်မှ ပရဆေး ကုန်သွယ်မှု ကျပ် ၂၇၅ သန်းဖိုးခန့် ဆောင်ရွက်နိုင်        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်မှတင်ပို့တဲ့ ပရဆေးကုန်ကြမ်း တွေကတော့ မိကျောင်းကွမ်းဖတ် စေ့၊ ချဉ်ဖေါင်ဖာလာ အခွံပါ၊ ကျောက်ဂျင်း၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့နဲ့မာလာဥတို့ ဖြစ်ပြီး တန်ချိန် ၁၂ တန်နီးပါး တန်ဖိုးကျပ် ၂၆၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။            မြန်မာ-တရုတ်နယ်စပ်မှ ပရဆေး ကုန်ကြမ်း တင်ပို့မှုရှိသလို မြန်မာအိန္ဒိယနယ်စပ်မှ ပရဆေးကုန်ကြမ်းများ တင်သွင်းမှုများလုပ်ဆောင်လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလ အတွင်း တမူးနယ်စပ်မှ တောင် လုံးကျော်၊ မင်သော်နဲ့ ဇာတိပ္ဖိုလ်သီး စတဲ့ ပရဆေးကုန်ကြမ်း ၂ တန်ခွဲနီးပါး တန်းဖိုးအားဖြင့် ကျပ် ၁၁ ဒသမ ၇၅ သန်းဖိုးခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။          မြန်မာ-တရုတ်နယ်စပ်ရှိ ပရဆေးကုန်ကြမ်းအချို့ရဲ့ ယခုအပတ် တစ်တန် မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်                              ကျပ်                                ယွမ်မိကျောင်း             ၂၆၇၉၇၅၈                          ၂ဝဝဝဝကွမ်းဖတ်စေ့ချဉ်ပေါင်ဖာလာ     ၃၂၃၃၆၂၆                          ၂၃၅ဝဝ(အခွံပါ)ကျောက်ဂျင်း         ၅၉၉၉၈၆                             ၄၃ဝဝဒရင်ကောက်မြစ်    ၂၁ဝဝဝဝ                             ၁၄၈၅ကွမ်းစားဂမုန်း       ၉၄၆၇၃ဝ                             ၆၆ဝဝကြောင်ပန်းစေ့       ၈၁၉ဝဝဝ                             ၆ဝဝ၁မာလာဥ            ၂ဝ၈၆ဝဝဝ                            ၁၄၅ဝဝဒါ့ကြောင့် နိုဝင်ဘာလ ဒုတိယ ပတ် တစ်ပတ်ထဲမှာတင် နယ်စပ်စခန်း များရဲ့ ပရဆေးကုန်သွယ်မှု ပမာဏ ဟာ ကျပ်သန်း ၂၇၅ သန်းနီးပါး ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ နှစ်အလိုက် နယ်စပ်မှ ပရဆေးတင်ပို့ နိုင်မှု များကတော့ ၂ဝဝ၇-၂ဝဝ၈ မှာက တော့ ကျပ်သန်း ၁၃၁ဝဝ ကျော်ဖိုး၊ ၂ဝဝ၈-၂ဝဝ၉ မှာ ကျပ်သန်း ၁၃၈ဝဝ ကျော်ဖိုး၊ ၂ဝဝ၉-၂ဝ၁ဝ မှာလည်းကျပ်သန်း ၁၃၆ဝဝ ကျော်ဖိုး နဲ့ ၂ဝ၁ဝ- ၂ဝ၁၁အောက်တိုဘာလ ကုန်အထိ ကျပ်သန်း ၁ဝ၃ဝဝ ကျော်ဖိုး အသီးသီး တင်ပို့ထားပြီးဖြစ်ပါတယ်လို့ သိရပါ တယ်။                                                              MIRT (DOBT)

Wednesday, 24 Nov 2010

လက်ကျန်နည်းချိန် ရှမ်းနနွင်း တက်ဈေးမှာရှိ           အောင်ပန်းဈေးကွက်မှာတော့ နနွင်းတက်က ဈေးသာရှိပြီး ပစ္စည်းလက် ကျန်မရှိဖြစ်နေပါတယ်။ ဝယ်လက်တွေကတော့ ပစ္စည်းကောင်း၊ သန့်တွေသာ လိုချင်ပေမဲ့ ပစ္စည်းလက်ကျန်တွေကလည်း အညံ့စတွေ ဖြစ်နေတာကြောင့် လှောင် လက်တွေဆီက ပစ္စည်းတွေကို ရွေးဝယ်နေရပါတယ်။ ဒီနှစ်နနွင်း အထွက်ကလည်း ယခင်နှစ်တွေကလို ပုံမှန်ထွက်ပေမဲ့ ပေါ်ကာစဈေးကောင်းချိန်မှာ ပစ္စည်းကောင်း တွေကလည်း ထွက်သွားတာကြောင့် လှောင်လက်တွေမှာ အညံ့စတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ ပင်လောင်းဖက်ကထွက်တဲ့ နနွင်းကတော့ ရေ၊ မြေအနေ အထားနဲ့ မြေဖြူတွေမှာစိုက်ရတာကြောင့် ဈေးကွက်ဝင်နနွင်း သိပ် မထွက်ပါဘူး။ ဈေးကောင်းပြီး ဝယ်လိုအားများနေတဲ့အချိန်မှာတော့ နနွင်းသန့်တွေနဲ့ ရောရောင်း ကြတယ်လို့ သိရပါတယ်။ နနွင်းကလက်ကျန်လည်း နည်းလာတာကြောင့် ဈေးကလည်း တက်နေပါတယ်။ တောင်ကြီးဈေးကွက်မှာ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေး ရှိပြီး အောင်ပန်းဈေးကွက်မှာတော့ နနွင်းသန့်က တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နနွင်းညံ့က ၂၈ဝဝ ကျပ်-၃ဝဝဝ ကျပ်ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Pages