Main menu

Background

Wednesday, 24 Nov 2010

 နယ်စပ် အပို့နည်း       ယခုအပတ်မှာ စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နနွင်းတက် ၁ တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတော့ ၂ တန်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တင်ပို့မှုလျော့နည်း နေတာတွေ့ရပါတယ်။ နနွင်းထွက်တဲ့ ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော်ဒေသတွေမှာ ဒီဇင်ဘာလ လောက်မှ နနွင်းအသစ်တွေ ဈေးကွက်ထဲ ဝင်လာတော့မှာဖြစ်လို့ ဒေသထွက် နနွင်း လက်ကျန်ညံ့နဲ့ နနွင်းသန့်ရောနေတာကြောင့် တစ်ဖက်နိုင်ငံ ဝယ်လိုအား နည်းနေသေးတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီဇင်ဘာလကျော်ရင် ဝယ်လိုအား ကောင်းလာနိုင်တယ်လို့ဆိုပါတယ်။ စစ်တွေနယ်စပ်မှာ နနွင်းတက် တစ်တန်မိမိဘက်မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝကျပ်ရှိပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေး ကတော့ ၁၃၂၅ဝဝ တာကာ ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT)

Wednesday, 24 Nov 2010

ဒီတစ်ပတ် တန် ၅ဝ ကျော်တင်ပို့       ပင်လယ်ရေကြောင်း ကနေ နနွင်းတန်ချိန် ၅ဝ ဒသမ ၇၃ တန်ကို တင်ပို့နိုင်တာ တွေ့ရပါတယ်။ နိုဝင်ဘာ ၈ ရက် မှ ၁၄ ရက် တာကာလအတွင်း ကိုရီးယားနိုင်ငံကို ၅ဒသမ ၁၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၄၄ တန် နဲ့ စင်ကာပူနိုင်ငံကို ၁ဒသမ ၅၅တန် တင်ပို့ခဲ့တာဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၅ဝဝ ခန့်နဲ့ ဈေးကွက်တင်ခဲ့ပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၆၃၂၄ ဒေါ်လာ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က ရေကြောင်း ကနေ နနွင်းတန်ချိန် ၁၆ ဒသမ ၅တန်တင်ပို့နိုင်ခဲ့ကာ ယခုတစ်ပတ် ၅ဝ ဒသမ ၇၃ တန်တင်ပို့နိုင်ခဲ့တဲ့ အတွက် တဖြည်းဖြည်း နနွင်းပုံမှန် အပို့ ပြန်လည်နေရာ ရလာတာတွေ့ရပြီး ယခု သီတင်းပတ်မှာ တန်ချိန် ၃ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT) 

Wednesday, 24 Nov 2010

သိုလှောင်၊ ဈေးကစားခြင်းကြောင့် တရုတ်ကြက်သွန်ဖြူနဲ့ ချင်းဈေးများမြင့်တက           တရုတ်နိုင်ငံမှာ ချင်းနဲ့ကြက်သွန်ဖြူတို့လို အဓိကချက်ပြုတ်ရတဲ့ ကုန်စည်ဈေး ဟာ မနှစ်ကထက် နှစ်ဆ မြင့်တက်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားပါတယ်။ ဝန်ကြီးဌာနရဲ့ ၃၆ မြို့ နယ်မှာ စစ်တမ်း ကောက်ယူချက်အရ ကြက်သွန်ဖြူဈေးဟာ ၉၆ ရာခိုင်နှုန်းမြင့်တက်ပြီး ချင်းဈေးက ၉ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကုန်ပစ္စည်းနှစ်မျိုးကို သိုလှောင် ထိမ်းသိမ်းပြီး ဈေးကစားကြတာ ကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်တယ်လို့ ဈေးကွက် စီမံကွပ်ကဲမှုဌာန ဒါရိုက်တာ Wong Bingnan မှ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။                စိုက်ပျိုးရေးထုတ်ကုန်များရဲ့ အောက်တိုဘာလဈေးနှုန်းဟာ တစ်နှစ်ထက် တစ်နှစ် ၁၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ အလုပ်သမားစရိတ်ကြီးမြင့်ခြင်းနဲ့ ထုတ်လုပ်မှု စရိတ်ကြီးမား တိုးတက် နေခြင်းတို့ကြောင့် ဈေးနှုန်းက အတက်ဘက်ကို ဆက်လက်ဦးတည်ဖွယ်ရှိတယ် လို့လည်း အမျိုးသားဖွံ့ဖြိုးမှုရဲ့ ပြန်လည်ထူထောင်ရေးကော်မရှင် ဈေးနှုန်းထိန်းချုပ် ရေး ဌာန ဒုတိယညွှန်ကြားရေးမှူး Zhou Wangjun က ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနံှနဲ့ ဝါတို့လို စိုက်ပျိုးရေးကုန်စည်များကို အစိုးရထိန်းချုပ်မှုနဲ့ နှိုင်းယှဉ်ရင် ကြက်သွန်ဖြူ၊ ချင်းနဲ့ ဟင်းသီးဟင်းရွက်တို့လို ထုတ်ကုန်တွေအတွက် ဈေးကွက်အနိမ့်အမြင့် များလွန်းတာကြောင့် ဈေးနှုန်းတည်ငြိမ်စေဖို့အတွက်အစိုးရ ရဲ့ တင်းကျပ်

Wednesday, 24 Nov 2010

ဈေးငြိမ်ပြီး အဝင်သွက်လာတဲ့ ပြည်ချင်းဈေးကွက်         ပြည်ချင်းဈေးကွက်ရဲ့ ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေပြီး ယခင်အပတ်ကအတိုင်း တစ်ပိဿာကို အနိမ့်ဆုံး ၁၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၅ဝဝ ကျပ်နဲ့ ပုံမှန်ရောင်းဝယ်လျက် ရှိပါတယ်။ယခုအချိန်ဟာ အောင်ပန်းချင်းများ စပြီးရင့်တဲ့အချိန်ဖြစ်လို့ သိုလှောင်အထားခံတဲ့အတွက် ပြည်ဈေးကွက်ရှိ ချင်းရောင်း ဝယ်သူများအနေဖြင့် ပိုမို မှာယူခြင်းများကြောင့် အဝင်လည်း များလာတာ တွေ့ရပါတယ်။ ယခင်ကတစ်ပတ်ကို ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့် အထိသာ အဝင်ရှိပြီး ယခုတစ်ပတ် အိတ် ၃ဝဝ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို မန္တလေးတိုင်းဒေသကြီးမှ မိတ္ထီလာချင်းများ ဒီဇင်ဘာ လ ဆန်းပိုင်းတွင် ဝင်ရောက်မယ်လို့လည်း သိရပါတယ်။ ဝင်းလဲ့ဝါ

Wednesday, 24 Nov 2010

ရှမ်းချင်းသစ်ဈေးကွက်စဝင်          ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ အောင်ပန်းဒေသ၊ ရပ်စောက်၊ ကောင်းဘို၊ ပင်းတယ စတဲ့နယ်တွေကနေ ချင်းသစ် (စို) တွေ အောင်ပန်း ဈေးကွက် ကို အများဆုံးဝင်နေပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃ သောင်းခန့် ဝင်နေတယ်လို့ လည်း ချင်းပွဲရုံတွေက သိရပါတယ်။ ချင်းအသစ်တွေလည်း အနည်းငယ်ရင့်လာပါပြီ။ နောက်လဆိုရင်တော့ အကုန်ရင့်ကုန်တော့မှာဖြစ်ပြီး ဈေးကောင်းရရင်တော့ ဒီထက်ပိုဝင်လာမယ်လို့ သိရပါတယ်။ အခုလောလောဆယ် ချင်းသစ်တွေကို ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေပါသေးတယ်။ ဒီဇင်ဘာလလယ်လောက် ချင်းသစ် တွေ ရင့်တဲ့အချိန်ဆိုရင်တော့ ပြည်ပဝယ်လက်တွေလည်းဝယ်ယူနိုင်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ ပြည်တွင်းသုံးအတွက် အခက်ကြီးပြီး လှတဲ့ ချင်းသစ် တွေကို ရန်ကုန်၊ မော်လမြိုင်က အများဆုံး ဝယ်ယူတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာ ဒီတစ်ပတ်ချင်းဈေးတွေကတော့ အခက်လှ၊ ကြီးတဲ့ ချင်းက ၉ဝဝ ကျပ်-၁ဝဝဝ ကျပ်ဈေးရှိပါတယ်။ လတ်စလို့ခေါ်တဲ့ချင်းစိုကတော့ တစ်ပိဿာ ၈၅ဝ ကျပ်-၉ဝဝ ကျပ်ဈေးရှိပြီး အညံ့စတွေကတော့ ၈ဝဝ ကျပ်-၈၂၅ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ဈေးကတော့ တောင်ကြီး၊ အောင်ပန်းဈေး အတူတူဖြစ်ပြီး တစ်ပိဿာ ၂၇ဝဝ ကျပ်-၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင် 

Wednesday, 24 Nov 2010

ချင်းတန်ချိန်နှစ်ဆယ်သာ ပို့နိုင်ခဲ့          ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ချင်း ၂ဝတန် ကို အင်ဒိုနီးရှားနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ကန် ဒေါ်လာ ၁၄၇ဝ ဝန်းကျင်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ၂၉၄ဝဝ ဒေါ်လာ ရရှိခဲ့ပြီး ယခင် သီတင်းပတ်ထက်တော့ အပို့ကျခဲ့ပါတယ်။ ရှေ့လတွေမှာ ချင်းတွေ လှိုင်လှိုင်ပေါ်လာနိုင်ပေမဲ့လည်း ချင်းခြောက်ဈေးက ပြည်တွင်းမှာ နဲနဲမြောက် နေတာ ကြောင့် အပို့လည်း နည်းနည်း လျော့သွားတာ တွေ့ရပါတယ်။             MIRT (DOT) 

Tuesday, 23 Nov 2010

  လက်ကျန်ပြတ်သွားပေမယ့် ဈေးဖွင့်ထားတဲ့ ပြည်ထောပတ်ပဲ     ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ကောက်စောစပါးများ ရိတ်သိမ်းပြီး ဆောင်းသီးနံှပဲမျိုးစုံများကိုလည်း စတင် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနံှတစ်မျိုးဖြစ်တဲ့ ထောပတ်ပဲကိုလည်း တောင်သူများ စတင်စိုက်ပျိုးနေပြီဖြစ်လို့ နိုဝင်ဘာလ လယ်အထိ ဧက ၅၅ဝ ကျော်စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ထောပတ်ပဲမှာ ယခုနှစ်အတွင်း တစ်တင်းကို ၂၄ဝဝဝ ကျပ်မှ ၂၆၅ဝဝ ကျပ်ထိဈေးမြင့်လာခဲ့ပြီး ပဲလက်ကျန်ပြတ်သွားချိန်မှာလည်း ဈေးအမြင့်နဲ့ ဈေးကွက် ပျောက်သွားတယ်လို့ သိရပါတယ်။     လက်ကျန်ပြတ်ပြီး ဈေးကွက်ပျောက်နေပေမယ့် ပိဿာ ၂ဝ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ယခုနိုဝင်ဘာလ တတိယပတ်ထိဈေးဖွင့်ထားကြောင်း သိရှိရပါတယ်။                                 ခင်ဆွေဝင်း

Tuesday, 23 Nov 2010

ရွှေကျွန်းနဲ့ ကမ်းနား အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီးဈေးကွက်        ပြည်ပဲကြီး ( ရွှေကျွန်းနဲ့ ကမ်းနား) မှာ ယခင်တစ်ပတ်ထက် ဆက်လက်ဈေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ပဲကြီး (ကမ်းနား) တစ်တင်းကို ၃၁၅ဝဝ ကျပ်သာရှိခဲ့ပြီး၊ ယခုနိုဝင်ဘာလ တတိယပတ်အတွင်းမှာတော့ ပဲကြီး (ကမ်းနား)တစ်တင်းကို ၃၂ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာကာ ပဲကြီး (ရွှေကျွန်း) မှာတော့ တစ်တင်းကို ၃၄ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပဲကြော်ဖို များမှ ပဲကြီးကမ်းနားသာမက ရွှေကျွန်းပါ အဝယ်လိုက်လာတဲ့အတွက် ယခင်တစ်ပတ်ဈေးထက် ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပဲကြီး (ကမ်းနား) မှာ တစ်နေ့ကို အိတ် ၁၅ဝ-၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း)မှာတော့ တစ်နေ့ကို အိတ် ၁ဝဝ ခန့် အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                                                          ခင်ဆွေဝင်း 

Tuesday, 23 Nov 2010

ယခုတစ်ပတ် မြေထောက်ပဲတန် ၁၂ဝ တင်ပ           ယခင်တစ်ပတ်က တင်ပို့မှုမရှိသလောက်နည်းသွားတဲ့ မြေထောက်ပဲဟာ ယခုတစ်ပတ် နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်အတွင်း တန် ၁၂ဝ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ်ဆောင်းပဲ လက်ကျန်ဟောင်းများ ကုန်သလောက်ရှိနေပြီး ကချင်ပြည်နယ် မိုးကောင်းဘက်က မိုးမြေထောက်ပဲ အနည်းငယ်ဈေးကွက်တွေကို ဝင်လာတယ်လို့ သိရပါတယ်။ ယခုနှစ် မြေထောက်ပဲကို ပြည်ပ အဝယ်လိုက်နေတာကြောင့် ဈေးကွက်တွေမှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၈ဝ-၆၉ဝ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT 

Tuesday, 23 Nov 2010

ပဲအသစ်မပေါ်မီ ပဲလွန်းဖြူ၊ ပဲယင်း လက်ကျန်အနည်းငယ်စီတင်ပို့      အခြားပဲအုပ်စုထဲမှာပါတဲ့ ပဲလွန်းဖြူ၊ ပဲယင်းလက်ကျန်များ ကုန်သည်လက်ထဲမှာ တော်တော်နည်းလာပြီ ဖြစ်လို့ ပြည်ပတင်ပို့မှုမှာလည်း တော်တော်လေးလျော့လာတာတွေ့ရပါတယ်။ ပဲအသစ်တွေက ဇန်နဝါရီလဆန်း လောက်ဆို ပေါ်တော့မှာဖြစ်ပြီး ပဲအသစ်မပေါ်မီ ယခုတစ်ပတ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်အတွင်း ပဲလွန်းဖြူ ၄၈ တန်နဲ့ ပဲယင်း ၄၈ တန်စီ ပင်လယ်ရေကြောင်းက တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့နိုင်တဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ ကိုရီးယားတို့ဖြစ် ပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ ပဲလွန်းဖြူ (FAQ )တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ နဲ့ ှ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။              MIRT - MAPT 

Pages