Main menu

Background

Wednesday, 10 Nov 2010

 ပြည်တွင်းလက်ကျန်နည်းလို့ မြေထောက်ပဲ တင်ပို့မှုလျော့           ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်း ပြည်တွင်းမှာ လက်ကျန်နည်းနေပြီ ဖြစ်တဲ့ မြေထောက်ပဲ တင်ပို့မှုဟာတန်ချိန် ၂ဝဝ ဝန်းကျင်ကိုလျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန် ၈ဝဝ ၊ ၄ဝဝ စီတင်ပို့ခဲ့ရာမှ ယခုတစ်ပတ်မှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၁၇ဝဝ ကျော်ရှိလို့ စက်တင်ဘာလမှာ တင်ပို့ခဲ့တဲ့ တန်ချိန် ၇ဝဝ ထက် သိသိသာသာပိုခဲ့သလို ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ တင်ပို့မှုတန်ချိန် ၉၅ဝ ခန့်ထက်လည်း ပိုမိုတာတွေ့ရပါတယ်။ နိုင်ငံတကာကို မြေထောက်ပဲအများဆုံးတင်ပို့နေတဲ့ တရုတ်က အထွက်လျော့ တာကြောင့် ယခုနှစ် မြေထောက်ပဲတင်ပို့မှုက ယခင်နှစ်တွေထက် အားကောင်းနေတာ တွေ့ရပါတယ်။                            လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ ဈေးနှုန်းအနေနဲ့ ငြိမ်နေတာတွေ့ရပြီး နိုဝင်ဘာလ ၄ ရက်နေ့ ရန်ကုန် FOB ဈေးမှာလည်း ယခင်တစ်ပတ်ဈေးအတိုင်း တစ်တန်ကို ကန်ဒေါ်လာ ၆၈ဝ-၆၉ဝ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမွန်ဘိုင်း ဈေးကွက်မှာ လည်း unpolished တစ်တန် ကန်ဒေါ်လာ ၃၇ဝဝဝ (ကန်ဒေါ်လာ ၈၃၄ )နဲ့ polished တစ်တန်ကို ကန်ဒေါ်လာ ၃၉ဝဝဝ (ကန်ဒေါ်လာ ၈၇၉) ဈေးဖြစ်တယ်လို့ သိရပါတယ်။                                                                                                                                      MIRT - MAPT

Wednesday, 10 Nov 2010

ဒီပါဝလီပွဲတော်အတွက် အဝယ်အနည်းငယ်ရှိလို့ ကုလားပဲဈေးမြင့်တက်         အိန္ဒိယဈေးကွက်အများစုမှာ အစောပိုင်းရက်များက ကုလားပဲအပါအဝင် ပဲမျိုးစုံဝယ်လိုအားနည်းတာကြောင့် အရောင်းအဝယ်အေးတဲ့အတွက် ကုလားပဲဈေး မှာ တစ်တန်ကို ရူပီး ၂၁၅ဝဝ -၂၁၆ဝဝ (ကန်ဒေါ်လာ ၄၈၅-၄၈၇) နဲ့ ငြိမ်နေခဲ့ပါ တယ်။ ဒါပေမဲ့ ဒီပါဝလီပွဲတော်နီးကပ်လာပြီဖြစ်လို့ အဝယ်အနည်းငယ်ရှိလာတဲ့ အတွက် အရောင်းအဝယ်သွက်ပြီး တစ်တန်ကို ရူပီး ၂၁၇၅ဝ (ကန်ဒေါ်လာ ၄၉၁) ကို အနည်းငယ်တိုးတက်ခဲ့တယ်လို့ သိရပါတယ်။             ဒါ့အပြင် ဝယ်လိုအားခိုင်မာလာတဲ့အတွက် ကုလားပဲကြိုပွိုင့်ရောင်းဝယ်မှု ကလည်း ဆက်လက်အား ကောင်းလာခဲ့ပါတယ်။NCDEX ကုန်စည်ဒိုင်မှာ နိုဝင်ဘာလ စာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၃ဝဝ (ကန်ဒေါ်လာ ၆ ဒသမ ၇၇) မြင့်တက်ပြီး ရူပီး ၂၄၁၇ဝ (ကန်ဒေါ်လာ ၅၄၅) ဈေးဖြစ်ခဲ့ပါတယ်။ ကုလားပဲ ကြိုပွိုင့်ဈေးမြင့်တက်ရတဲ့ အကြောင်းရင်းတွေထဲမှာ သြစတြေးလျနဲ့ ကနေဒါတို့မှာ ပဲအထွက်လျော့ကျမယ့် မျှော်လင့်ချက်ကလည်း တစ်ချက်ဖြစ်တယ်လို့ သိရပါတယ်။              ကုန်သွယ်ရေးကျွမ်းကျင်ရှင်များရဲ့ ပြောကြားချက်အရ ယခုနှစ် ပဲအထွက်မြင့်တက်ဖွယ်ရှိတယ် ဆိုပေမဲ့ ကုလားပဲစိုက်ပျိုးရေး တိုးတက်မှု နှေးကွေး ခြင်းနဲ့ အခြားသီးနံှများကို ပြောင်းလဲစိုက်ပျိုးဖွယ်ရှိခြင်းတို့ကြောင့်လည်း ဈေးမြင့်တက် ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ရာသီမှာ ကုလားပဲတန်ချိန် ၇ ဒသမ ၆ သန်း ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၇ ဒသမ ၃၅ သန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။                                                                                                             ယမင်းခင်၊ှSources: thehindunbusiness

Wednesday, 10 Nov 2010

မကွေးနဲ့ ပခုက္ကူမှာလည်း ဝယ်အားကောင်း       ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်အပတ်မှစလို့ တက်ဈေးနဲ့ ပဲခွဲစက်များမှ အပြိုင်ဆွဲယူကာ ဝယ်လိုအားကောင်းခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပေါက်ဈေးအနေနဲ့ ပခုက္ကူတွင် ဗွီတူး တစ်တင်း ၂၃ဝဝဝ ကျပ်-၂၄ဝဝဝ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၂၃ဝဝဝ ကျပ်-၂၃၂ဝဝ ကျပ်၊ မကွေးဈေးကွက်တွင် ကုလားပဲ(တိုင်ပေ) တစ်တင်း ၂၃၅ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်တို့ဖြင့် ဆက်လက် ဈေးမာခဲ့ပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲမျိုးစုံတစ်ရက်ကို အိတ် ၁ဝဝ နဲ့ အထက် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့သလို မကွေးဈေးကွက်မှာလည်း ကုလားပဲ (တိုင်ပေ)ကို နေ့စဉ် ၁၅ဝ အိတ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။                                                                                                                                    တင်တင်လ

Wednesday, 10 Nov 2010

အရောင်းသွက်လို့ ဈေးဆက်မာနေတဲ့ ပြည်ကုလားပဲ         ကုလားပဲဈေးမှာ အောက်တိုဘာနောက်ဆုံးပတ်တွင် ၂၄ဝဝဝ ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခုနိုဝင်ဘာ ပထမပတ်တွင် ၂၅၅ဝဝ ကျပ်ဖြင့် တစ်တင်းကို ၁၅ဝဝ ကျပ်မြင့်တက်ခဲ့ပါတယ်။ လက်လီသမားနဲ့ လက်ကားသမား ဝယ်အားကောင်းမှု၊ အမှုန့်ကြိတ်စက်များမှလည်း ရောင်းအားကောင်းလို့ အဝယ်လိုက်လာခြင်းကြောင့် ဈေးမှာ ဆက်လက်၍ မြင့်တက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြည်မှရန်ကုန်သို့ ပုံမှန်အားဖြင့် နေ့စဉ်အိတ် ၂ဝဝ ရောင်းချရပြီး ရောင်းအားကောင်းတဲ့နေ့များမှာ အိတ် ၄ဝဝ-၅ဝဝ အထိ ရောင်းချရကြောင်းသိရပါတယ်။                                                                                                                                       လွင်လွင်ဆန်း

Wednesday, 10 Nov 2010

မျိုးအတွက်အဝယ်များတဲ့ မန်းကုလားပဲ        အောက်တိုဘာလအတွင်း ကုလားပဲဝါ တစ်ပိဿာကို ၁ဝ၁၃ ကျပ်- ၁၁၇၃ ကျပ်၊ ကုလားပဲ(တိုင်ပေ) တစ်ပိဿာ ၁ဝ၂၂ ကျပ်- ၁၁၇၃ ကျပ်နဲ့ ဗွီတူး တစ်ပိဿာကို ၁ဝ၄၈ ကျပ်- ၁၂၂၃ ကျပ်ရှိခဲ့ပေမဲ့ နိုဝင်ဘာလဆန်းပတ်မှာ ကုလားပဲ ဝါ တစ်ပိဿာကို ၁၁၉၁ ကျပ်- ၁၂၆၂ ကျပ်၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ကို ၁၁၇၃ ကျပ်- ၁၂၄၄ ကျပ်နဲ့ ဗွီတူး တစ်ပိဿာကို ၁၂၂၃ ကျပ်- ၁၃၁ဝ ကျပ်ထိရှိလာပြီး တစ်ပိဿာကို ၉ဝ ကျပ်မှ ၁၅ဝ ကျပ်ထိမြင့်တက်လာခဲ့ပေမဲ့ နေ့စဉ်အိတ် ၁ဝဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်နေပါတယ်။ နိုဝင်ဘာလမှာ စိုက်ပျိုးရာသီချိန်ဖြစ်တဲ့အတွက် မျိုးအဖြစ်ရောင်းဝယ်မှုရှိခြင်း၊ ပစ္စည်းလက်ကျန် နည်းလာခြင်းတို့ကြောင့်ဈေးအနည်းငယ်တက်လာခြင်းဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း ဒေသတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီးမှ ကုလားပဲဝါအိတ် ၅ဝဝ ကျော်နဲ့ ဗွီတူးအိတ် ၁၉၅ဝ ကျော်ဝင်ရောက်ခဲ့ပြီး ရန်ကုန်သို့ ကုလားပဲဝါအိတ် ၁၉ဝဝ နဲ့ ဗွီတူး အိတ် ၁၅၁ဝဝ ခန့် စီးထွက်ခဲ့ကြောင်း သိရပါတယ်။                                                                                                                                                 ချိုချိုမြင့်

Wednesday, 10 Nov 2010

မုံရွာပဲဈေးကွက်မှာ အောင်ပွဲခံဆဲ ကုလားပဲ         မုံရွာကုန်စည်ဒိုင်ရဲ့ အောက်တိုဘာလ ပဲဈေးကွက်မှာ ကုလားပဲဈေးဟာ တစ်လအတွင်း တက်ဈေး အဆင့်ဆင့် ပြောင်းခဲ့ပြီး အရောင်းအဝယ် အားကောင်း ခဲ့တာတွေ့ပါတယ်။ အောက်တိုဘာလလယ်အတွင်းမှာ မုံရွာကုန်စည်ဒိုင်ရဲ့ ကုလားပဲအမျိုးအစားအလိုက် တစ်တင်းပေါက်ဈေးအနိမ့်အမြင့်တွေကို လေ့လာတဲ့အခါ ကုလားပဲရိုးရိုး ၁၉၃ဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၁၉၆ဝဝ ကျပ်မှ ၂၂၅ဝဝ ကျပ်၊ ကုလားပဲဗွီတူး ၂ဝ၂ဝဝ ကျပ်မှ ၂၃၁ဝဝ ကျပ်၊ ကုလားပဲ ၉၂၉ ၂ဝ၄ဝဝ ကျပ်မှ ၂၃၂ဝဝ ကျပ်အသီးသီး တက်ဈေးဖြစ်ခဲ့ တာတွေ့ ရပါတယ်။ နေ့စဉ် ရောင်းဝယ်မှုအနေနဲ့ အခြားပဲများထက် ပိုမိုကောင်းမွန်ခဲ့ပြီး အောက်တိုဘာလထဲမှာ မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေးကို တင်း ၆ဝဝဝ ကျော်၊ ရန်ကုန်ကို တင်း ၃ဝဝဝ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ နိုဝင်ဘာလ ဆန်းမှာ ကုလားပဲမျိုးစုံ ဈေးဆက်လက်မြင့်မားလာခဲ့ရာ ကုလားပဲတိုင်ပေ တစ်တင်း ၂၄ဝဝဝ ကျပ်နဲ့ ကုလားပဲ ဗွီတူး တစ်တင်း ၂၅ဝဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။                                                                                                                 ထွန်းလှိုင်

Wednesday, 10 Nov 2010

မန်းပဲတီစိမ်း တရုတ်ဝယ်လိုအား ဆက်ရှိ            ယခုတစ်ပတ် မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဝယ်လိုအားရှိလာတဲ့အတွက် အရောင်းအဝယ် သွက်လာတာကို တွေ့ရပါတယ်။ ယခင်အပတ်မှာ ဈေးအနည်းငယ်အေးခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တော့ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၆၄ ကျပ်၊ လတ်စ ၁၄၂ဝ ကျပ်၊ အောက်စ ၁၁၅၅ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်း မှာ အရည်အသွေးကောင်းပစ္စည်းများနည်းလာပြီး ပဲတီစိမ်းလတ်စ ၃ တင်းတစ်အိတ်ကို ၇၅ဝဝဝ ကျပ်၊ ၈ဝဝဝဝ ကျပ်ဈေးတို့ဖြင့် သာ အများဆုံးအရောင်းအဝယ်ဖြစ်ကြပါတယ်။ ရန်ကုန်ဝယ်လက်တို့မှလည်း ဝယ်ယူမှုရှိသလို ပဲခွဲစက်သမားများမှလည်း အရည်အသွေးနိမ့် ပစ္စည်းများကို ဝယ်ယူနေကြပါတယ်။ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း တရုတ်သို့ ၄ဝဝဝ တန်၊ ရန်ကုန်သို့ ၄၆ဝ တန် တင်ပို့မှု ရှိခဲ့သလို တရုတ်ဝယ်လိုအား ကောင်းနေခြင်း၊ ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်လုပ်ငန်းရှင်များမှပါ ဝယ်ယူမှုရှိနေ တဲ့အတွက် အရောင်းသွက် ဈေးမြင့်နေဦးမယ်လို့ ကုန်သည်များက ပြောဆိုနေကြကြောင်း သိရပါတယ်။                                                                                                                                     ကျော်ကျော်မိုး

Wednesday, 10 Nov 2010

ကချင်ပြည်နယ် မိုးကောင်းက ပဲတီစိမ်း မန္တလေးဈေးကွက်ကို ပို့ပြီ             ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ မိုးပဲတီစိမ်းကို ဒေသမိုျး ၂၄၆ ဧကနဲ့ ယခုနှစ်မိုျး ပြောင်းလဲစိုက်ပျိုးခဲ့တဲ့ ချီတိုမျိုး ၂ဝ၅ ဧက၊ စုစုပေါင်း ၄၅၁ ဧကစိုက်ပျိုးခဲ့ပြိး အောက်တိုဘာလအတွင်း စတင်ရိတ်သိမ်းခဲ့ရာ အထွက်တင်း ၆၇ဝဝ တင်းခန့်ထွက်ရှိခဲ့ပါတယ်။ ဒေသထွက်ပဲတီစိမ်းများကို မန္တလေးတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ခဲ့ပြီး၊ ပဲတီစိမ်းထွက်ရှိချိန်က ဈေးအေးနေတာကြောင့် တောင်သူများလက်ထဲတွင် လက်ကျန်များနေခဲ့ပါတယ်။ စက်တင်ဘာ ဒုတိယပတ်ကစပြီး မန္တလေးဈေးကွက်မှာ ဈေးမြောက် လာတာကြောင့် တင်ပို့သူ ဝယ်လက်များလိုက်လာပြီး မိုးပဲတီစိမ်း လက်ကျန်များ အရောင်းအဝယ် ပြန်ကောင်းလာပါတယ်။ ပဲတီစိမ်းအထက်စ တစ်တင်း ၂၄ဝဝဝ ကျပ်၊ အလတ်စ တစ်တင်း ၂၂ဝဝဝ ကျပ်၊ အောက်စ တစ်တင်း ၁၉၅ဝဝ ကျပ် ဈေးပေး ဝယ်ယူနေကြာင်း သိရပါတယ်။ ယခုအချိန်ထိ ၄၅ ပိဿာဝင် အိတ်ရေ ၇ဝဝ ခန့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။                                                                                                      ကိုကိုစိုး

Wednesday, 10 Nov 2010

 မန္တလေး ဝယ်လက်သွက်တဲ့ မုံရွာပဲတီစိမ်း              မုံရွာနယ်တစ်ဝိုက်မှာ ဈေးကွက်မျှော်လင့်ချက်နဲ့ စိုက်ခဲ့ကြတဲ့ ပဲတီစိမ်းတွေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မုံရွာ ကုန်စည်ဒိုင်မှာ နယ်စုံက တင်း ၂ သောင်းခန့်ဝင်ရောက်ခဲ့ပြီး မန္တလေးလက်အများဆုံးဝယ်ယူခဲ့ကာ တင်း တစ်သောင်းခန့် ရှိတယ်လို့ သိရှိရပါတယ်။ အောက်တိုဘာလ မုံရွာပဲတီစိမ်းဈေးကွက်မှာ တစ်တင်း အနိမ့်ဆုံးအောက်စ ၂ဝ၃ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၅ဝဝ ကျပ်ထိရရှိခဲ့ပြီး ၊ ထိပ်စတစ်တင်းအနိမ့်ဆုံး ၂၄ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၈ဝဝဝ ကျပ်ထိ ရရှိခဲ့တာတွေ့ရ ပါတယ်။ နိုဝင်ဘာလဆန်းမှာတော့ အောက်စတစ်တင်း ၂၂ဝဝဝ ကျပ်၊ ထိပ်စ တစ်တင်း ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ပဲတီစိမ်းကြီးဈေးကွက် ဈေးအတက်အကျဟာ မန္တလေးအဆွဲကို ဆက်လက်အားပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                             ထွန်းလှိုင်

Wednesday, 10 Nov 2010

စစ်တွေနယ်စပ် ပဲတီစိမ်း စတင်ပို့ပြီ          ပုံမှန်တရုတ်ပြည်သို့ ပို့နေကျ မူဆယ်နယ်စပ်ပေါက်မှ သာမက ယခုအပတ်မှာစစ်တွေနယ်စပ်မှလည်း ပဲတီစိမ်း လုံးခြမ်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ ပဲတီစိမ်း ၁၈၄၅ ဒသမ ၅ တန်၊ ကန်ဒေါ်လာ ၁ ဒသမ ၇၃ သန်း နီးပါးဖိုး၊ ပဲတီစိမ်းလုံးခြမ်း ၂၇၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၄ သန်းဖိုးနဲ့ စစ်တွေနယ်စပ်မှ ပဲတီစိမ်းလုံးခြမ်း ၁၅ တန် ကန်ဒေါ်လာ ဝ ဒသမ ဝဝ၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် တင်ပို့တဲ့ ပဲတီစိမ်းဟာ ကျောက်တော်နဲ့မြောက်ဦးဒေသထွက်ကုန်များဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပဲတီစိမ်းလုံး တင်ပို့နိုင်မှုဟာ တန်ချိန် ၁၅ဝဝ ကျော်လျော့နည်းခဲ့ပြီး ပဲတီစိမ်းလုံးခြမ်း တင်ပို့မှုကတော့ ၆၃ တန်ကျော် ပိုမိုခဲ့ပါတယ်။ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ရှိ ပဲတီစိမ်းပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ် -                                      မိမိဘက်(ကျပ်/တန်)                               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု      ယခင်         ပြောင်းလဲမှု        ရာခိုင်နှုန်း         ယခု       ယခင်        ပြောင်းလဲမှု      ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၄ဝ၁၇၃     ၁ဝ၁၃၂၆၂        ၂၆၉၁၁          ၃                 ၁၁၆၈    ၁၂၄၄             ၇၆              ၇MIRT (DOBT)

Pages