Main menu

Background

Wednesday, 12 Jun 2013

ပြည်ပဝယ်လက်တွေက လိုအပ်ရင်ဝယ်လိုက်၊ များနေရင် နားလိုက်နဲ့ ရှမ်းနနွင်းက အရောင်းအဝယ်နည်း နည်း ဖြစ်လိုက်၊ ပြန်ရပ်သွားလိုက်နဲ့ ဖြစ်နေပါတယ်။ အခုတော့ မိုးလည်း အတော်ရွာလာပြီး မြေအစိုဓာတ်လည်း ရပြီဖြစ်တာကြောင့် နနွင်းကိုပြန်စိုက်နေကြပါတယ်။ နနွင်းက ချင်းလိုမျိုး တစ်နှစ် နှစ်သီးစားမဟုတ်ဘဲ၊ တစ်သီးသာ စားရတဲ့ သီးနှံဖြစ်ပြီး လ အတော်ကြာစိုက်ရပါတယ်။ အခုစိုက်တဲ့ နနွင်းတွေကို နောက် နှစ် ဖေဖော်ဝါရီလလောက် မှသာပြန်ပြီး ဈေးကွက်ဝင်တော့မှာ ဖြစ်ပါတယ်။ ပြည်ပဝယ်လက်မရှိပေမဲ့ ပြည်တွင်းသုံးအတွက် တော့ ဝယ်ယူမှုရှိနေ တာကြောင့် တစ်ပတ်ကို ပိဿာချိန် ၃ သောင်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ နနွင်းအရောင်း အဝယ် သိပ်မကောင်းတာကြောင့် နနွင်းတောင်သူတွေက လောလောဆယ်နနွင်းအစားအခြားကုန်စိမ်းတွေကို အရောင်း အဝယ်လုပ်နေတယ်လို့လည်း သိရပါတယ်။

Wednesday, 12 Jun 2013

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ နနွင်း ၇၁ တန် ကို မေလနောက်ဆုံးသီ တင်းပတ်မှာ တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန် မှာ ပါကစ္စတန် နိုင်ငံကို ၅၈ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၃ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ နနွင်းတန် တစ်ရာ့လေးဆယ်ကျော် တင် ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်ခုနှစ်ဆယ်ကျော် လျော့ နည်းပြီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ခုနှစ်ဆယ်ကျော် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ကန်ဒေါ်လာ လေးရာ့လေးဆယ်ဝန်းကျင်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Wednesday, 12 Jun 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေလနောက်ဆုံးပတ်မှာ မန်ကျည်း ၂၅၆ တန်တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို တန် ၆၀၊ ပါကစ္စတန်နိုင်ငံကို တန် ၁၀၀၊ မလေးရှားနိုင်ငံကို ၉၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင် သီတင်းပတ်မှာ မန်ကျည်းတန်ချိန် ခုနှစ်ရာ့ကိုးဆယ်ကျော်တင်ပို့နိုင်ခဲ့ တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်း တင်ပို့မှုလျော့ခဲ့တဲ့ တန်ချိန်က တန်ချိန်ငါးရာ ကျော်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုမှာ အများဆုံးနိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ ကိုးသောင်းလေးထောင် ကျော်ဝင်ငွေရရှိခဲ့ ပါတယ်။

Wednesday, 12 Jun 2013

ဒီတစ်ပတ်တော့ ချင်းဈေးနည်းနည်းပြန်ကျလာပါတယ်။ ပြည်ပဝယ်လက်တွေ ကလည်း အဝယ်ရပ်သွားတာကြောင့် တမူး၊ စစ်တွေဝယ်လက်တွေလည်း အဝယ် နားသွားလို့ ဈေးကလည်းနည်းနည်းအေးသွားတယ်လို့ ဆိုပါတယ်။ အေး တယ် ဆိုပေမဲ့ တစ်ပိဿာကို ၅၀ ကျပ်လောက်သာကျသွားခြင်းဖြစ်ပါတယ်။ ပစ္စည်းလက် ကျန်ကလည်း မရှိသလော က်ဖြစ်နေပါပြီ။ ပွဲရုံတွေကတော့ ရှိတာတွေကိုထိန်းပြီး ရောင်းနေတယ်လို့ ဆိုပါတယ်။ တောင်သူတွေတစ်ချို့မှာသာ လက်ကျန်နည်းနည်း ရှိတာကလွဲရင် အတော်များများကတော့ ကုန်သွားပါပြီ။ မနှစ်က မိုးသိပ်မကောင်း တာကြောင့် ချင်းအစိုက်လည်း နောက်ကျခဲ့ပါတယ်။ ဒါကြောင့် ချင်း (ဥမ) တွေ လည်း မဖော်နိုင်သေးပါဘူး။ အစိုက်နောက်ကျတာကြောင့်အတွက်လည်း  နောက် ကျမှာ ဖြစ်တယ်လို့သိရပါတယ်။ အခုလိုမျိုးသာ မိုးဆက်တိုက်ရွာ မယ်ဆိုရင်တော့ ၆ လပိုင်း လလယ်လောက်မှာ ပစ္စည်းကဈေးကွက်ကိုစပြီးဝင်လာနိုင်ပါတယ်။

Wednesday, 12 Jun 2013

အောင်ပန်းချင်းများ ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းကို ဝင်ရောက်မှုမှာ ယခင်အပတ်ကအတိုင်း ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိပြီး၊ အခြား တိုင်း ဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ဘက်ကို ယခုတစ်ပတ် အတွင်း ပိဿာ ၁၆၀၀ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ပါတယ်။ ဈေးကွက်အတွင်းပွဲရုံများမှာ အရောင်းအဝယ် ပုံမှန်ဖြစ်လျက် အဝင်လည်း ပုံမှန်ရှိတဲ့အတွက်၊ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၄၀၀ ကျပ်(ဂျွန်) ၁၂၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိပြီး၊ ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲဈေးငြိမ်နေတာတွေ့ရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Wednesday, 12 Jun 2013

ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ် များရှိ ကုန်သည်များ လက်ဝယ်လှောင် ထားတဲ့ ထောပတ်ပဲများ ကြိုက်ဈေး ရလို့ မုံရွာမြို့နဲ့ မန္တလေးမြို့များကို ပို့ ဆောင် ရောင်းဝယ်ကြကြောင်း သိရပါ တယ်။ ကလေးမြို့မှ မုံရွာကုန်စည်ဒိုင် ကို ထောပတ်ပဲ ဝင်ရောက်တဲ့နေ့မှာ ကား တစ်စီးပါ အိတ် ၃၀၀ ခန့်ဝင်ရောက်ပြီး၊ ချက်ချင်း အရောင်းအ ဝယ်ဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောပါတယ်။ ထောပတ်ပဲ တစ်တင်းပေါက်ဈေးမှာ မေလဆန်းတွင် ၁၅၀၀၀ ကျပ်မှ မေလ ကုန် မှာ ၁၆၅၀၀ ကျပ်၊ ဇွန်လ ပထမ ပတ်မှာ ၁၇၃၀၀ ကျပ်ထိ ဈေးလှုပ်ခဲ့ပြီး၊ ကလေးမြို့ မှာ ဒေသပေါက်ဈေး ဇွန် ၄ ရက်နေ့မှာ ထောပတ်ပဲ တစ်တင်း ၁၆၀၀၀ ကျပ်ခန့်သာ ဈေးပေါက် ကြောင်း သိရပါတယ်။သန်းသန်းတင် - မုံရွာ

Wednesday, 12 Jun 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်ရဲ့ ဇွန်ပထမပတ်မှာ သီးနှံ အများစု ဈေးအေးခဲ့သလို အရောင်းအဝယ်များလည်း မေလကလောက် မသွက်ခဲ့ ဘူးလို့သိရပါတယ်။ အစေ့ထုတ်ပြောင်းဈေးကွက်မှာလည်း ရန်ကုန်အစာစပ်လုပ်ငန်း အတွက် ဝယ်လက်အနည်းငယ်သာရှိပြီး၊ ပြည်ပတင်ပို့နေကျ မန်းဝယ်လက်က အဆွဲ မရှိသလောက်နည်းသွားတယ်ဆိုပေမယ့် ပြောင်းဈေးကတော့ မေလကထက် ဈေး မာ နေတာတွေ့ရပါတယ်။ မီးဖိုချောင်သုံးဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ အာလူးကတော့ ဈေးအေးသွားပေ မယ့် ပြည်တွင်းစားသုံးသူ ဈေးကွက်ရှိ တာကြောင့် အဝင်လှိုင်သလို အရောင်းသွက်ခဲ့ပါတယ်။

Wednesday, 12 Jun 2013

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်အတွင်း ယခု ဇွန် လဆန်းမှာ ပဲမျိုးစုံဈေးနှုန်း များ ဈေးငြိမ် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မတ်ပဲမှာ ပြည်ဈေးကွက်ကို ပန်းတောင်း၊ ပေါင်းတ လည်၊ ပေါက်ခေါင်းမြို့ နယ်များမှ နေ့စဉ်ဝင် ရောက် မှုရှိခဲ့သလို ပဲလက်ကျန်များလည်းရှိခဲ့တာကြောင့် တစ်ရက် အိတ် ၃၀၀ ကျော်၊ ရန်ကုန် ဝယ်လက်မှ ဝယ်ယူလျက်ရှိပါ တယ်။ ပဲဈေးနှုန်းမှာ ဈေးမပြောင်းဘဲ ယခင်မေလကုန်ဈေး အတိုင်းတစ်တင်း ၁၇၃၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ဖြစ် ခဲ့ပါတယ်။

Wednesday, 12 Jun 2013

ရေစကြို ကုန်စည်ဒိုင်မှာ ခုတလော နေ့စဉ်အရောင်း အဝယ် ဖြစ်နေတဲ့ သီးနှံတွေကတော့ CP ပြောင်းဖူးစေ့နဲ့ ရေ သွင်းစိုက်တဲ့ နွေနှမ်းများဖြစ်ကြတဲ့ နှမ်းဖြူ၊ နှမ်းညို ရေသွင်း စိုက်ပဲတီစိမ်းများဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ပခုက္ကူ ကုန်စည်ဒိုင်ရဲ့ ၂၇ မိုင်အကွာမှာရှိတဲ့ ရေစကြို ကုန် စည်ဒိုင်မှာဖြစ်တဲ့ အရောင်းအဝယ်ပစ္စည်းများဟာ ဈေးနှုန်း အထက်မှာရှိနေတာ တွေ့ရပါတယ်။ CP   ပြောင်း တစ်တင်း ၈၆၀၀ ကျပ်၊ ဒါတောင် အနည်းငယ် ဈေးဆင်းသွားတယ် လို့ ပြောရမှာပါ။ယခင်ရက်တွေက ၈၈၀၀ ကျပ် - ၈၉၀၀ ကျပ်ပါ၊ ပခုက္ကူဈေးနဲ့ယှဉ်ရင် ပခုက္ကူမှာ တစ်တင်း ၈၃၀၀ ကျပ်ဆိုတော့ တစ်တင်းအပေါ် ၃၀၀ ကျပ်ကွာပါတယ်။ နှမ်းဖြူတစ်တင်း ၄၄၀၀၀ ကျပ် - ၄၃၅၀၀ ကျပ်၊ နှမ်းညို (ဆီနှမ်း)တစ်တင်း ၃၆၅၀၀ ကျပ်၊ ပခုက္ကူမှာဖြစ်နေတာက တစ်တင်း ၃၆၂၀၀ ကျပ်ဆိုတော့ ၃၀၀ ကျပ်လောက် ကွာဟနေပါတယ်။ ရေသွင်းစိုက်တဲ့ ပဲတီစိမ်းတစ်တင်း ၂၆၀၀၀ ကျပ်၊ ပခုက္ကူမှာ တစ်တင်း ၂၅၈၀၀ ကျပ်ဆိုတော့  တစ်တင်းအပေါ်သူလဲ ၂၀၀ ကျပ် ကွာဟပါတယ်။ ရေစကြိုမှာ CP  ပြောင်းဖူးစေ့များ ဈေးကောင်းနေလေတော့ စိုက်ကြပျိုးကြတဲ့ တောင်သူတွေ အဆင်ပြေကြလို့ CP ပြောင်းကို နွေမိုးဆောင်း ရာသီမရွေး စိုက်ကြဖို့ ပြင်ဆင်နေကြကြောင်း၊ ဆွေးနွေးညှိနှိုင်းနေကြ ကြောင်းကိုလည်း ကုန်စည်ရပ်ဝန်းက ကြားသိရပါတယ်။ နေ့ စဉ် အရောင်းအဝယ်တွေ အနေနဲ့ CP ပြောင်း တစ်နေ့ အိတ် ၃၀၀ မှ ၅၀၀ ကြား၊ နွေနှမ်းအိတ် ၂၀၀ မှ ၃၀၀ ကြား၊ ပဲတီ စိမ်း ၂၀၀ အိတ် ပတ်ဝန်းကျင်အရောင်းအဝယ်ဖြစ်နေ တယ် လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ်သက်တမ်းနုနယ်သေး တဲ့ ရေ စကြိုကုန်စည်ဒိုင်မှာဒေသကထွက်တဲ့သီးနှံကိုနေ့စဉ် အရောင်း အဝယ်ဖြစ်အောင်၊ မပြတ်အောင်တက်ကြွစွာ လှုပ်ရှား ရောင်း ဝယ်နေကြတာကိုတော့ ဂုဏ်ယူရမှာဖြစ်ပါတယ်။ ခြုံငုံ သုံးသပ်ရရင် ထွက်နေတဲ့ သီးနံှအပေါ် တက်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နေတဲ့ ကုန်စည်ဒိုင်လို့ ဆိုရမှာဖြစ်ကြောင်းပါ။မြင့်ဦး - ပခုက္ကူ

Wednesday, 12 Jun 2013

မုံရွာကုန်စည်ဒိုင် ဇွန်လပထမပတ် ပဲဈေးကွက်မှာ လုပ် ငန်းသုံးသမားနဲ့ Exporter  ဝယ်လက်ပါအေးလို့ ပဲအများစုကျ ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ ကုလားပဲအုပ်စု ၉၂၉ မှာဆိုရင် ပြီး ခဲ့တဲ့လ ပေါက်ဈေးထက် တစ်တင်း ၁၀၀၀ ကျပ်ထိ ကျဆင်း သွားခဲ့ပါတယ်။ export   ဝယ်လက်မရှိသလို ဒေသတွင်းလုပ် ငန်းသမားတွေ အဝယ်အားပျော့သွား လို့ ခုလို ကျဈေးဖြစ်ခဲ့ ပေမယ့်ယခုတစ်ပတ်အတွင်းတစ်ရက်ကို ကုလားပဲမျိုးစုံ အိတ် ၁၅၀၀ ဝန်းကျင် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေး အနိမ့်အမြင့် အနေနဲ့ ထိုင်ဝမ် ၁၇၀၀၀ ကျပ် - ၁၇၈၀၀ ကျပ်၊ V2 ၁၈၁၀၀ ကျပ် - ၁၈၄၀၀ ကျပ်၊ 929 ၁၇၈၀၀ ကျပ် - ၁၈၀၀၀ ကျပ်အသီးသီး ဖြစ်ကြောင်း တွေ့ရပါတယ်။

ယခုတစ်ပတ်ငုံနီဈေးကွက်မှာတော့ export  အတွက် ရန်ကုန် ဝယ်လက်အားပျော့ခဲ့လို့ ယခင်လကထက် တစ်တင်း ၇၀၀ ကျပ်ခန့် ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ရောင်းလက်က ဈေး တင်ရင် ရန်ကုန်ဝယ်လက်ကမဝယ်ဘဲ  ကြိုက်ဈေးရမှ ဝယ်နေ လို့ ရောင်းလိုသူတွေက ဈေးချရောင်းခဲ့ကြရာ ဒီရက်သတ္တပတ် အတွင်းတစ်ရက်အိတ် ၁၅၀၀ မှ ၂၀၀၀ ကြား၊ အရောင်း အဝယ်ဖြစ်လျက်ရှိတယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ရန်ကုန် ကို ငုံနီတင်ပို့မှုအနေနဲ့တစ်ပိဿာ သယ်ခ ၃၀ ကျပ်ထိ ဈေး သက်သာနေတဲ့ မော်တော်ယာဉ်နဲ့သာ တင်ပို့ခဲ့ကြရာ အိတ် တစ်သောင်းခန့် ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စိမ်းကြီးအများစု နယ်စုံကနေ မုံရွာ ကုန်စည်ဒိုင်ကို အဝင်သွက်လာခဲ့ပြီး၊ တရုတ်အတွက် မန်း ဝယ်လက် အဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက် အနေနဲ့ ဝယ်လက်က ဈေးကစားလို့ ဈေးတည်ငြိမ်မှု မရှိဘဲ ဒီတစ်ပတ်မှာ တစ်တင်း ၂၆၈၀၀ ကျပ် - ၂၆၂၀၀ ကျပ် - ၂၆၀၀၀ကျပ်အသီးသီးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။အရောင်း အဝယ်အားဖြင့် တစ်ရက်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ်ခဲ့ ပြီး၊ မန္တလေးဈေးကွက်ကို နေ့စဉ် တင်ပို့နေတယ်လို့ ဒိုင်ရပ် ကွက်က ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း ဒေသသုံး စွန်တာနီနဲ့ ထောပတ်ပဲ ဈေးအငြိမ်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ရာ  စွန်တာနီ တစ်တင်း ၁၆၈၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၇၀၀၀ ကျပ်မှ ၁၇၃၀၀ ကျပ် အသီးသီး ပေါက်ဈေးဖြစ် ခဲ့ပြီး ဒေသတွင်း လုပ်ငန်းသုံးသမားနဲ့ export  အဝယ် အနည်းငယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲကြီး ဈေးကွက်မှာတော့ ကုန်သည် လက်ဝယ် ပဲလက်ကျန်အသင့်အတင့် ရှိနေသော်လည်း ဈေးချ မရောင်းကြလို့ ယခုတစ်ပတ်မှာ တစ်တင်း ၃၂၀၀၀ ကျပ်ထိ ဈေးမာနေကာ တစ်ရက်ပျမ်းမျှ အိတ် ၁၀၀ ခန့်အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင် - မုံရွာ
 

Pages