Background
ပြည်တွင်းနို့ဆီ လက်ကားဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၆၆ဝ ၆၇ဝ ဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅ မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅ လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- နို့ဆီလက်လီဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၇ဝဝ ၇၁၅ ဒွန်း( နို့စိမ်း) ၆၅ဝ ၆၆၅ Falcon နို့ဆီ ၆ဝဝ ၆၁၅ံ Happy Cow ၅၈ဝ ၅၉၅ ဝမ်းတီနို့ဆီ ၆၅ဝ ၆၆၅ ယူကေနို့ဆီ ၆ဝဝ ၆၁၅MIRT (DOT)
နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်များတွင်နို့စိမ်းတင်သွင်းမှုပို စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကော့သောင်းနယ်စပ်မှသာ My boy တံဆိပ် နို့စိမ်း ကာတွန်း ၆ဝဝဝ ကန်ဒေါ်လာ ၉၈၄ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက်ကာတွန်း ၂၄ဝဝ ပိုမိုတင်သွင်း နိုင်ခဲ့ တယ်လို့သိရပါတယ်။ ယခုအပတ်မှာ သြဂုတ်လလယ်ခန့်မှ စပြီးတင်သွင်းမှုရပ်တန့်နေတဲ့ နို့မှုန့်ပြန်လည်တင် သွင်း လာတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံလုပ် လိပ်ပြာနှစ်ကောင်တံဆိပ်နို့မှုန့် ၇ ဒသမ ၁ တန်၊ တန်ဖိုး အားဖြင့်ကန်ဒေါ်လာ ၂ဝ၂၁၅ ဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT (DOBT)
လက်ကျန်ပဲယင်းတွေ ဆက်လက်တင်နေ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲယင်းကို ဒီတစ်ပတ် (စက်တင်လာလ ၉ ရက်မှ ၁၆ရက်)အတွင်းမှာလည်း တန်ချိန် ၁ဝဝ ကျော်နဲ့ ဆက်လက်တင်ပို့နေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ FAQတစ်တန်ကို ကန်ဒေါ် လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။MIRT - MAPT
လက်လီသမားများအဝယ်လိုက်လာတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်မှာ လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်နေတဲ့ ပဲနီပြား ဈေးနှုန်းမှာ တစ်တင်းကို ၂၆ဝဝဝကျပ်ဖြင့် အဝယ်လိုက်လျက်ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်းမှာ ၂၅၅ဝဝ ကျပ်ဖြင့် ရောင်းဝယ် ခဲ့ကြရာမှ စက်တင်ဘာလဆန်းမှစ၍ ယခုစက်တင်ဘာတတိယပတ်အထိ လက်လီဈေးနူန်း တစ်တင်း ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ကဒေသတွင်းမြို့နယ်များမှ အဝယ်ရှိခဲ့လို့ တစ်ရက်ကို အိတ် ၃ဝ ခန့်သာ အရောင်း အဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်းအောင်လံဘက်မှလည်း အဝယ်ရှိလာတဲ့အတွက် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းသွက်လာကြောင်း သိရပါတယ်။ခင်ဆွေဝင်း
အခြားပဲတွေထဲမှာ တင်ပို့မှုများနေသေးတဲ့ ပဲလွန်းဖြူ လက်ရှိဈေးကွက်တွေမှာ အခြားပဲအမျိုးအစားတွေ လက်ကျန် လျော့နည်းလာပြီဖြစ်ပေမဲ့ ယခုတစ်ပတ်ထိ တင်ပို့မှုများနေသေးတာကတော့ ပဲလွန်းဖြူ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၈ဝ ခန့်ထိ စံချိန်တင် တင်ပို့နိုင်ခဲ့သလို ယခုတစ်ပတ် (စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်)အတွင်းမှာလည်း တန်ချိန် ၅ဝဝ ခန့်ထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ ကိုရီးယား၊ ပါကစ္စတန်၊ စင်ကာပူ၊ ထိုင်းနဲ့ ယူအေအီးတို့ ဖြစ်ပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၄၉) နဲ့ ဈေးငြိမ်နေသလို ရန်ကုန် FOB ဈေးမှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ အသီးသီးရှိတယ်လို့သိရပါတယ်။MIRT - MAPT
ဒေသခွဲစက်နဲ့ နယ်ဝယ်လက်ရှိတဲ့ မုံရွာဗွီတူ စက်တင်ဘာဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ဒေသတွင်းခွဲစက်အဝယ်နဲ့ နယ်အဆွဲရှိခဲ့လို့ အရောင်းအဝယ် အသင့်အတင့် ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပေါက်ဈေးအနေနဲ့ ကုလားပဲ (တိုင်ပေ) တစ် တင်း၁၉၂ဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်၊ ဗွီတူးတစ်တင်း ၁၉၂ဝဝ ကျပ်မှ ၁၉၆ဝဝ ကျပ်အတွင်း ဈေးအေးနေခဲ့ပြီး ဝယ်သူဈေး မကိုက်လို့ တစ်နေ့အိတ် ၂ဝဝ ဝန်းကျင်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း နယ်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း၂၇ဝဝ ခန့်ရှိခဲ့ကြောင်းလေ့လာသိရှိရပါတယ်။ထွနွန်းလှိုှုငိင်
ဝယ်လက်အေးလို့ ပြည်ကုလားပဲဈေးကျ ကုလားပဲဈေးမှာ ယခင်အပတ်တွင် ၂ဝ၃ဝဝ ကျပ်ဈေးရှိရာမှ ယခုတစ်ပတ်အတွင်း ၁၉၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိနေပါတယ်။ ဝယ်လက်များမှ အဝယ်လျော့လာလို့ တစ်တင်းကို ၅ဝဝ ကျပ်ကို ကျဆင်းခဲ့ ခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးများကို တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းဒေသကြီးများ အတွင်း မြို့နယ်များဖြင့်သာ အရောင်းအဝယ်ရှိပြီး နေ့စဉ်ကုလားပဲအိတ် ၁၅ဝ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ရန်ကုန်ဝယ်လက် အဝယ်သွက်တဲ့ မုံရွာဈေးကွက် စက်တင်ဘာဒုတိယပတ်အတွင်း မုံရွာပဲဈေးကွက် ပဲတီစိမ်းမှာ ရန်ကုန်ဝယ်လက်သွက်လာတဲ့အတွက် ဈေးအနည်းငယ် မြင့်တက်လာပြီး အရောင်းအဝယ်သွက်ပါတယ်။တစ်တင်း ၂ဝဝဝဝ ကျပ်၊ ၂၃ဝဝဝ ကျပ်အထိ ဈေးအေးခဲ့ရာမှ ယခုအပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်၊ ၂၄ဝဝဝကျပ် အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်၊ ၁၄ ရက်များမှာ နေ့စဉ် အိတ် ၁ဝဝဝ ခန့် အရောင်းသွက်ခဲ့ကြောင်းသိရပါတယ်။အောင်မင်း
လက်ကျန်နည်းလု့ိ ရောင်းအားလဲ ကျလာတဲ့ပြည်ထောပတ်ပဲ ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ထောပတ်ပဲဈေးနှုန်းမှာ ဈေးအတက်အကျမရှိဘဲဈေးငြိမ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ သြဂုတ်လအတွင်း တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ရောင်းဝယ် နေခဲ့ကြရာမှ သြဂုတ်လလယ်တွင် ရန်ကုန်ဝယ်လက်များ အဝယ်ရှိလာတဲ့အတွက်တစ်တင်းကို ၂၆ဝဝဝ ကျပ်မှ ၂၆၅ဝဝကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုစက်တင်ဘာလဆန်းမှ တတိယပတ်အထိဈေးအတက်အကျမရှိဘဲ လက်လီဈေးတစ်တင်း ၂၆၅ဝဝကျပ်၊လက်ကားဈေးတစ်တင်း၂၆ဝဝဝကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်အတွင်းလက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်ကိုအိတ် ၁၅ အိတ်တစ်ပတ်လည်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း
လက်ကျန်နည်းလာလို့ တင်ပို့မှုလျော့ကျလာတဲ့ မြေထောက်နဲ့ထောပတ်ပဲ ဝယ်လိုအားကောင်း နေပေမဲ့လက်ကျန်နည်းလာလို့ တင်ပို့မှု လျော့ကျလာတဲ့ ပဲတွေကတော့ ထောပတ်ပဲနဲ့မြေထောက်ပဲ တွေဘဲဖြစ်ပါတယ်။ဂျပန်နဲ့ ကိုရီးယားဝယ်လက်များကအဝယ်ဆက်ရှိနေတဲ့ ထောပတ်ပဲဟာ ယခင်နှစ် ဆောင်းရာသီဥတု ကြောင့်အထွက် လျော့ကျခဲ့တဲ့အတွက် မျှော်မှန်းထားသလောက် မထွက်ရှိခဲ့ဘူးလို့သိရပါတယ်။ ဒါကြောင့် ဖောက်သည်ဝယ်လက်တွေ လိုသလောက်မရပေမဲ့လက်ကျန်တွေ စုစည်းပြီး တင်ပို့နေခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ် (စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်)မှာ ပင်လယ်ရေကြောင်းက ထောပတ်ပဲ ၇၅ တန်ကျော်နဲ့ မြေထောက်ပဲ ၇၆ တန်တင်ပို့ တာတွေ့ရပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ပြောင်းလဲခြင်းမရှိဘဲ ယခင်ရက်များအတိုင်း ထောပတ်ပဲ FAQ တစ်တန် ကိုကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ၊ မြေထောက်ပဲ FAQ တစ်တန်ကို ကန် ဒေါ်လာ၆၇ဝ-၆၈ဝ ရှိကြောင်း သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့မြေထောက်ပဲဈေး တစ်တန်ကို ရူပီး၂ဝဝဝ ခန့်စီ မြင့်တက်ပြီး polished တစ်တန်ကို ရူပီး ၃၅၅ဝဝ (ကန်ဒေါ်လာ ၇၆၈)၊ unpolished တစ်တန်ကိုရူပီး ၃၄၅ဝဝ (ကန်ဒေါ်လာ ၇၄၆ )ဈေး ဖြစ်လာတယ်လို့ သိရပါတယ်။
