Background
နနွင်းကလည်း ဒီတစ်ပတ်မှာ အရောင်းပြန်သွက်လာပါတယ်။ သြင်္ကန်ပြီးစမှာ အရောင်းအဝယ်ကောင်းခဲ့ တာ ကြောင့် တောင်သူတွေကလည်း ဖော်ပြီးရောင်းလာကြပါ တယ်။ ငွေလိုတဲ့ တောင်သူတွေကလည်း ဖော် ပြီး ရောင်း၊ လှောင်လက်တွေကလည်း ထုတ်ရောင်းနေတာကြောင့် အဝင်များလာတယ်လို့ ဆိုပါတယ်။ တရုတ်၊ အိန္ဒိယ ဝယ် လက်နဲ့ ပြည်တွင်းကလှောင်လက်တွေ အပြိုင်ဝယ်ယူနေတာ ကြောင့်အရောင်းသွက်နေပါတယ်။ ဒီတစ်ပတ်မှာ ဆင်တောင် နနွင်းတန် ၁၀၀ ကို တရုတ်နဲ့ အိန္ဒိယကိုပို့ခဲ့ရပါတယ်။ အောင်ပန်းနနွင်း (နဝလီ) ပြည်တွင်းေ လှာင်လက်တွေက ဝယ်ယူနေတာကြောင့် တန် ၁၀၀ နဲ့ ပင်လောင်းနနွင်းတန် ၁၀၀ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ဈေးလည်း ကောင်း၊ အရောင်းအဝယ်ကလည်း သွက်နေတာကြောင့် အရောင်း တန်ချိန်ကလည်း အရင်က ထက် တက်လာ ပါတယ်။ ဒီ တစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ပေါက် ဈေး တွေကတော့ ပင်လောင်း နနွင်း ၄၅၀ ကျပ် - ၄၈၀ ကျပ်၊ ရိုးရိုးနနွင်း ၆၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၁၁၀၀ ကျပ်ရှိတယ်လို့ ဈေးကွက်က သိရပါတယ်။ဧဧခိုင် - တောင်ကြီး
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ၂၁ ရက်မှ ၂၇ ရက်နေ့တာကာလအတွင်း မန်ကျည်း ၄၃၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို တန်ချိန် ၂၀၀ နဲ့ စင်ကာပူနိုင်ငံကို ၂၃၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ငါးရာ့ရှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် တစ်ရာ့လေးဆယ်ကျော်လျော့နည်း ပြီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၁၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ တစ်သိန်း ခုနှစ်သောင်းကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ဒီတစ်ပတ်တော့ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များလာပါတယ်။ အရင်အပတ်ကတော့ သြင်္ကန်ပြီး ကာစ အချိန်ဖြစ်တာကြောင့် အဝင်လည်းနည်း ပါတယ်။ အခုတစ်ပတ်တော့ သြင်္ကန်ပြီး၊ အလှူပွဲပြီး၊ တောင်သူတွေ လည်း လုပ်ငန်း ခွင်ကို ပုံမှန်ပြန်ပြီးဝင်လာပြီ။ တောင်သူတွေမှာတော့ ချင်းလက်ကျန်သိပ်မရှိတော့ဘူး လို့ သိရပါတယ်။ ဒါပေမယ့် ချင်းဈေးကွက်မှာတော့ လှောင်လက်တွေက ထုတ် ရောင်းနေလို့ အဝင်များနေပြီး၊ အရောင်းကလည်း သွက်နေပါတယ်။ ဒီတစ်ပတ်မှာ နယ်စပ်လမ်းကြောင်းကနေ စီးဆင်းမှုတွေများလာပါတယ်။ စစ်တွေမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ တမူးကတစ်ဆင့် အိန္ဒိယကို သွားနေပြီး၊ တစ်ပတ်အတွင်း တန်ချိန် ၃၀၀ တင်ပို့ ခဲ့ရတယ်လို့ သိရပါတယ်။ ချင်း(စို) ဈေးကတော့ ပယ်ချင်းဆိုရင် ၂၅၀ ကျပ် - ၃၀၀ ကျပ်၊ မြေဖြူချင်းက ၅၇၀ ကျပ် - ၆၀၀ ကျပ်၊ မြေဝါချင်းက ၆၀၀ ကျပ် - ၆၂၀ ကျပ်၊ မြေနီချင်းက ၆၃၀ ကျပ် - ၆၅၀ ကျပ်ဈေးနှုန်းရှိ ပါတယ်။ ပြည်ပဝယ်လက် တွေ အဝယ်များနေသလို ပြည်တွင်းသုံးစွဲမှုလည်းများနေတယ်လို့ သိရှိရပါတယ်။
ချင်းခြောက်လည်းအရောင်းအဝယ်ကောင်းနေပြီး၊ ပြည်တွင်းဝယ်လက် တွေက အဓိကဝယ်ယူနေကြ ပါတယ်။ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေအပါအဝင် ဒေသစုံက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း တန် ၂၀၀ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ချင်းခြောက်ပေါက်ဈေးကတော့ အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၇၅၀ ကျပ်မှ ၁၂၇၅ ကျပ်ဈေးထိရှိတယ်လို့ အောင်ပန်းချင်းပွဲရုံတွေက သိရှိရပါတယ်။ဧဧခိုင် - တောင်ကြီး
အညာနွေသည် ခါတိုင်း ထက်ပူသည်။ပြင်းသည်၊အရိပ်အောက် ခိုလှုံရသော အခြေအနေရှိသည်။နွေနေ ကြောင့် ကန်တွေ၊ဆည်တွေခန်းခြောက် စပြုနေသည်။ဆည်ရေအချို့ရေနည်း နေသည်။ရေမရှိသော ကန်ကများသည် ဟုဆို သည်။
နွေနေပူလေ သောက်ရေ လိုလာလေဖြစ်သည်။ နွားထိုးကြီး မြို့နယ်တွင်ယခုနှစ်သောက်ရေ သန့် ဈေးကွက်ဝင်နေသည်။ မြင်းခြံမှ ရွှေ မြန်မာ၊ တိုက်ချို၊ အိုကေ သောက် ရေသန့်တွေ ကားထော်လာ ဂျီပေါ်တင် ၍ ဖြန့်ဖြူးလျက်ရှိသည်။ မန္တလေးမှ လပ်ကီး၊ မြကန်သာ၊ မိတ္ထီလာမှ အယ်လ်ပိုင်း စသည့် သောက်ရေ သန့် တွေအပြိုင်အဆိုင်ဝင်သည်။ ယခင်ခေတ်ကလို ရေငန် သောက် မြက်ခြောက်မစားတော့ပေ။ဒေသရေတွင်းမှ ရေကိုမသုံးဘဲ သောက်ရေသန့်တွေကို သုံးလာကြ သည်။(၂၀)ကီလိုဝင်ရေတစ်ဘူး ၄၀၀၊၅၀၀၊၆၀၀၊၇၀၀ ဈေးရှိပြီး ၁၀၀၀ အထက်မရှိဘဲဈေးချိုချိုနှင့် အညာမှာ သောက်ရေသန့်သုံးနိုင်သည်။ နွေကာလအခါ ရေရှား သောအညာမှာသောက်ရေသန့်ကို လှိုင် လှိုင်သုံးနိုင်သည်။ဆေးရုံ၊ကျောင်း၊ ဘာသာရေးဘုရားကျောင်းကန်တွင် အကြီးစားသောက်ရေသန့်လှောင်အိုးနှင့် အလှူဒါနရှိသည်။သောက်ရေသန့်ဈေး ကွက်အညာမှာ ယခုထက်ပိုကောင်းရန် ရှိနေကြောင်းသိရသည်။ဌေးမြင့်မောင်
ယခုတစ်ပတ်ပြည်ပဲဈေးကွက်မှာမတ်ပဲ၊ပဲစင်းငုံ၊ ကုလားပဲ ဈေးနှုန်းများ ဈေးပြန်လျော့သွားခဲ့ပြီး၊ ပဲကြီးဈေးနှုန်း ကတော့ သိသာစွာမြင့်တက်လာခဲ့သလို ထောပတ်ပဲ၊ ပဲနီပြားဈေးများ လည်း အနည်းငယ်မြင့်ခဲ့ပါတယ်။ ပဲပုပ်ဈေး ကတော့ ဈေးငြိမ် လျက်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးမှာ သြင်္ကန် ပြီးကာလစစချင်း ဈေးမြင့်ခဲ့ပေမယ့် ယခု တစ်ပတ်မှာတော့ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့သာ တစ်နေ့အိတ် ၃၀၀ ခန့် ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိပြီး၊ ဈေး ကွက်အတွင်းကို ပေါင်း တလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းဘက်မှ အဝင်အနည်းငယ် ရှိခဲ့ပါတယ်။
ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများသာ တစ်ခါတစ်ရံ ရန်ကုန် ဝယ်လက်ဝယ်ယူမှုရှိတဲ့ အတွက် အရောင်းအဝယ်ဖြစ်တဲ့ရက်များမှာ အိတ် ၂၅၀ ကျပ် - ၃၀၀ ကျပ်ကျော်ရောင်းချခဲ့ပြီး၊ ပဲဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးလျော့ခဲ့ပါတယ်။ ကုလားပဲမှာ ပန်းတောင်းမြို့နယ်ဖက်မှ တစ်ရက်ကို အိတ် ၂၀၀ ကျော် နေ့စဉ် ဝင်ရောက်ခဲ့ပြီး၊ ဒေသတွင်းခွဲစက်သမားများ ပဲတစ် တင်းကို ၁၉၄၀၀ ကျပ်နဲ့ ဝယ်ယူမှုရှိပြီး ယခင်အပတ်ကထက် တစ်တင်း ၆၀၀ ကျပ်ခန့် ဈေးလျော့ခဲ့ပါတယ်။ ပဲကြီးဈေးမှာ သြင်္ကန်ပြီးချိန်မှစပြီး ပဲဈေးများ သိသိသာ သာမြင့်တက်လာခဲ့ကာ ယခုတစ်ပတ်မှာလည်း ပဲကြီး၊ ရွှေ ကျွန်းတစ်တင်း ၃၅၀၀၀ ကျပ်ထိ ဈေးကောင်းရလာသလို ပဲကြီး(ကမ်းနား)တစ်တင်း ၃၂၅၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ ပါတယ်။ ပဲကြီးဈေးများမြင့်တက်လာတာကြောင့် လှောင် လက် အချို့ထုတ်ရောင်းချလာတဲ့အတွက် ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်းမြို့နယ်များမှ ပြည်ပဲဈေးကွက်ကို တစ်ရက်အိတ် ၂၅၀ ကျော်ထိ ဝင်ရောက်လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် ဝယ်ယူမှုအေးသော်လည်း ပဲကြော်ဖိုလုပ်ငန်းသမားများ နေ့ တိုင်း အဝယ်ရှိတာကြောင့် အိတ် ၃၀၀ ကျော် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ထောပတ်ပဲသီးနှံမှာရွှေတောင်၊ ကျီးသဲဘက်မှ ဝင်ရောက် မှုရှိပြီး၊ ဒေသတွင်း လက်လီသမားများ ဝယ်ယူကြတဲ့အတွက် တစ်ရက်အိတ် ၂၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ယခင် အပတ်ကထက် ၁၀၀၀ ကျပ် ခန့် ဈေးပိုရခဲ့ပါတယ်။ ပဲပုပ်ဈေးမှာတော့ ယခင်အပတ်က အတိုင်း တစ်တင်း ၂၁၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး၊ ပဲအဝင် မရှိဘဲ လက်ကျန်ပဲများသာ လက်လီသမားများ ဝယ်ယူကြ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း - ပြည်
မန္တလေးမြို့ပေါ်ရှိ ကုန်သည်ပွဲစား များမှ မတ်ပဲကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ဝေး၊ ပျဉ်းမနား၊ တပ် ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချောင်းဦး၊ မုံရွာစတဲ့ ဒေသများမှ အဓိက ဝယ်ယူ ရရှိ ပြီး၊ နှစ်စဉ် မတ်ပဲတန်ချိန် ၇၀၀၀ ကျော်ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းဝယ် လျက်ရှိကြောင်း သိရပါတယ်။
ယခင်က(ဧပြီ) ပထမအပတ်မှာ မတ်ပဲတစ်ပိဿာ ၈၁၇ ကျပ်(တစ်တန် ၅၀၀၃၂၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်း ဝင်အိတ် ၈၀၀ ခန့်(၇၈ ဒသမ ၃၈၁ တန်ခန့်) အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုလ(မေလ) ပထမအပတ်မှာ မတ်ပဲ တစ်ပိဿာ ၈၃၃ ကျပ်(တစ်တန် ၅၁၀၁၂၁ ကျပ်)နဲ့ နေ့စဉ် သုံးတင်း ဝင်အိတ် ၅၀၀ ခန့်သာ (၄၈ ဒသမ ၉၈၈ တန်ခန့်) အရောင်းအဝယ်ဖြစ်လို့ ဈေးမာပေမယ့်အရောင်းအဝယ် အနည်းငယ် အေးကြောင်းသိရပါတယ်။ ဒေသတွင်းပဲခွဲ စက်များနဲ့ ရန်ကုန် ဝယ်လက်များမှ ဝယ်လိုအားပုံမှန်ရှိ ပေမယ့် အရောင်းအဝယ် သွက်လက်မှု မရှိကြောင်း သိရပါ တယ်။ မတ်ပဲအဓိက စိုက်ပျိုးတဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စဉ့်ကူးမြို့နယ်နဲ့ သပိတ် ကျင်းမြို့ နယ်ဖြစ်ပြီး ၊ တောင်သူများထံမှ မတ်ပဲလက်ကျန်အနည်းငယ်သာရှိသဖြင့် အရောင်းအဝယ်ပါးကြောင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ သဘာဝဘေးအန္တရာယ် (ငလျင်လှုပ်ခြင်း)ကြောင့် သီးနှံ အထွက် နှုန်းများစွာ ထိခိုက်ကြောင်း၊ ယခုအချိန် အထိ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြင်းအားအနည်းငယ်ရှိတဲ့ ငလျင်လှုပ် ခတ်မှု ရှိနေသေးကြောင်း၊ ဒေသခံ တောင်သူ တစ်ဦးက ပြောကြားပါ တယ်။ အခြားဒေသခံတောင်သူ တစ်ဦး မှ မိမိတို့ မှန်းချက်နဲ့ မတ်ပဲ အထွက်နှုန်း မကိုက်လို့ အချိန်၊ လုပ်အားခနဲ့ရရှိမယ့် အခွင့်အရေး(မတ်ပဲဈေးအမြင့်မှာရှိသဖြင့် ငွေကြေးဆုံးရှုံးမှု) ဆုံးရှုံးနစ်နာ ရကြောင်း ပြောကြားပါတယ်။ ပြည်ပ(အိန္ဒိယ)အဆွဲမရှိပေမယ့် ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက် တွေရဲ့ ပုံမှန်အဆွဲရှိတာကြောင့် မတ်ပဲ ဈေး ရုတ်တရက်ပြုတ်မကျဘဲ ဈေးငြိမ်နဲ့ အရောင်းအဝယ်ပုံမှန်ရှိနိုင်ကြောင်း ကုန်သည်ပွဲစားကြီး တစ်ဦးမှ သုံးသပ် ပြောကြားပါတယ်။စိုးအောင် - မန္တလေး
ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း ကုန်စည်ဒိုင်ရဲ့ ဧပြီနောက် ဆုံး ပတ်မှာ ပဲစင်းငုံ၊ ပဲရာဇာနဲ့ ပဲပုပ်ဈေး မြင့်တက်ခဲ့သလိုအရောင်းအဝယ်လည်း သွက်ခဲ့ပါတယ်။ ဧပြီလဆန်းမှာ ပဲစင်းငုံ တစ်ပိဿာ ၈၅၀ ကျပ် - ၉၅၀ ကျပ်၊ ပဲရာဇာ တစ်ပိဿာ ၁၁၅၀ ကျပ်၊ ပဲပုပ်စေ့ တစ်ပိဿာ ၁၁၀၀ ကျပ်သာ ဈေး ရှိခဲ့ပေမယ့် ဧပြီနောက်ဆုံး ပတ် မှာတော့ ပဲစင်းငုံတစ်ပိဿာ ၉၅၀ ကျပ် - ၁၁၀၀ ကျပ်၊ ပဲရာဇာတစ်ပိဿာ ၁၆၀၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ ၁၃၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြပြီး၊ အခြားကုန်ပစ္စည်းဈေးနှုန်းများလည်း အနည်းငယ်ဈေးမာခဲ့ပါတယ်။
အောင်ပန်းကုန်စည်ဒိုင်ရဲ့ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ သီးနှံအမျိုးအစား အလိုက် ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်း များနဲ့ အရောင်းအဝယ်ဖြစ်မှု အခြေအနေ များကတော့ ကြက်သွန်ဖြူတစ်ပိဿာ ၄၀၀ ကျပ် - ၁၆၀၀ ကျပ်နဲ့ ၁၄၉ တန်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၄၁၅ ကျပ်နဲ့ ၃၂ တန်၊ ပဲပုပ်စေ့တစ်ပိဿာ ၁၃၀၀ ကျပ်နဲ့ ၃၁ တန်၊ ပန်းနှမ်း တစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ၉ တန်၊ ချင်းအစိုတစ်ပိဿာ ၄၀၀ ကျပ် - ၆၀၀ ကျပ်နဲ့ ၃၁ တန်၊ ချင်းခြောက်တစ် ပိဿာ ၁၂၀၀ ကျပ်နဲ့ ၂၈ တန်၊ အာလူး တစ်ပိဿာ ၃၀၀ ကျပ် - ၆၅၀ ကျပ်နဲ့ ၁၆၈ တန်၊ ပဲစင်းငုံတစ်ပိဿာ ၉၅၀ ကျပ် - ၁၁၀၀ ကျပ်နဲ့ တန် ၂၀၊ ပဲရာဇာတစ်ပိဿာ ၁၆၀၀ ကျပ်နဲ့ ၁၆ တန်တို့ဖြစ်ကြပြီး၊ ဧပြီနောက်ဆုံးပတ်မှာ ကုန်တန်ချိန် စုစုပေါင်း ၆၁၈ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အောင်ပန်း ကုန်စည်ဒိုင်ဈေးကွက် သတင်းအရသိရပါတယ်။မင်းအောင် - တောင်ကြီး
ဧပြီလကုန်နဲ့မေလဆန်း မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ကုလားပဲအုပ်စုဈေးအနည်းငယ်အေးခဲ့ပြီး၊ ပဲစင်းငုံနီ ကတော့ ဈေးအနည်းငယ်ပြန်မာလာပါတယ်။Export အတွက် ဝယ် လက် ကွက်ကောက်ရှိတဲ့ မြေထောက်ပဲနဲ့ ပုဂံပဲမှာ ပစ္စည်း လက်ကျန်နဲ့ ဝယ်လိုအားထိန်းနေကြလို့ ဈေးငြိမ်နေခဲ့ပါတယ်။ ပဲပုပ်စေ့လည်း ပြီးခဲ့တဲ့ ဧပြီပေါက်ဈေးထက် တစ်တင်း ၂၀၀၀ ကျပ်ထိ ဈေးကျလာခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ပဲတစ်မျိုးချင်း ဈေးကွက်အနေနဲ့ ကုလားပဲအုပ်စုမှာ ဒေသတွင်းစက်သမား၊ ကြာဇံ သမားနဲ့ ပဲကြော်ဖို ပဲလက်လီအဝယ် ပုံမှန်သာရှိခဲ့လို့ ကုလားပဲ ရိုးရိုး တစ်တင်း ၁၇၈၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်၊ ထိုင်ဝမ်တစ် တင်း ၁၈၀၀၀ ကျပ်မှ ၁၈၄၀၀ ကျပ်၊ V2 တစ်တင်း ၁၈၃၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၈၁၀၀ ကျပ်မှ ၁၈၈၀၀ ကျပ် အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အား ဖြင့် တစ်ပတ်အတွင်း တင်း ၂၀၀၀ ခန့်ရှိတယ် လို့ ကုန်စည်ဒိုင် ရပ်ကွက်ကသိရပါတယ်။ ယခုတစ်ပတ်မှာ ငုံနီဈေး အနည်းငယ်မာလာခဲ့ရာ တစ် တင်း၂၀၅၀၀ ကျပ်မှ ၂၀၈၀၀ ကျပ်ထိဈေးပေါက်ခဲ့ပြီး၊ ရန်ကုန် ဝယ်လက်အနည်းငယ်နဲ့ ဒေသခံကုန်သည်အချို့ ဝယ်ယူမှုရှိလို့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ စိမ်းကြီးဈေးကွက်အနေနဲ့ ဝယ်လက်ရှိတဲ့အတွက် ပစ္စည်းဝင်တဲ့ရက်မှာ ဈေးတင်ရောင်းခဲ့ကြလို့ ဒီတစ်ပတ် အတွင်း တစ်တင်း ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ ပေါက် ဈေး ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ Export နဲ့ ပြည်တွင်းသုံးပဲတွေဖြစ်ကြတဲ့ ထောပတ်ပဲနဲ့ စွန်တာနီလည်း ဒီရက်ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ် ဝန်းကျင်မှာ အသီးသီးငြိမ်နေခဲ့ပြီး၊ တစ်ပတ်အတွင်း ပဲတစ်မျိုး ချင်းအလိုက် အိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ယခုတစ်ပတ်မှာ ပဲပုပ်ဈေးပြန်အေးခဲ့ရာ တစ် တင်း ၁၉၀၀၀ ကျပ်နဲ့ အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ Export ဝယ်လိုအားရှိတဲ့ ပုဂံပဲလည်း ယခုတစ်ပတ်မှာ တစ်တင်း ၂၂၅၀၀ ကျပ်ဈေးနဲ့ ငြိမ်နေသလို ပဲကြီးဈေးလည်း တစ်တင်း ၂၉၅၀၀ ကျပ်နဲ့ ၃၁၅၀၀ ကျပ်ဈေးမှာတန့်နေပြီး၊ ပစ္စည်းလက်ကျန်ပေါ် မူတည်ကာ ဝယ်လက်အဝယ်အတိုး အလျော့ ရှိခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ထွန်းလှိုင်-မုံရွာ
တောင်သာနယ် နပြင်းရွာမှထွက် သည့်မြန်မာချည်ထည် နပြင်းထည်မှာ ကုန်ကြမ်းချည်ဈေးကွက်ကြောင့် ဈေး အမြ င့်ဖြင့်ရောင်းနေရကြောင်း သိရ သည်။ နပြင်းရွာမှထွက်သည့် ချည်ဖြင့် ချုပ်လုပ်ရောင်းချသည့် နပြင်းချည် ထည်အင်္ကျီများမှာ တစ်ထည်လျှင် ၂၀၀၀၊ ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူဝတ် ဆင်နိုင်နေရာမှ ယခုအခါ ဈေးမြင့်လာ ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မိုးခေါင်၍ချည်မျှင် ရှည်အုပ်စုဝါများအထွက်ကောင်းပြီး ဈေးကောင်းခဲ့သည်။ ဝါဈေးကောင်း သောဝါ ချည်မျှင်ဈေးကွက်တွင် ကျပ် ၈၀၀၀၊ ၁၁၅၀၀၊ ၁၂၀၀၀ အထိဈေး မြင့်လျက်ရှိကြောင်း သိရသည်။ မြန်မာချည်ထည်ဖြစ်သော နပြင်း ချုပ်ထည်မှာ မြန်မာဝါချည်များနှင့် ဒီ ဇိုင်းအမျိုးမျိုးအကွက်ဆန်းဖြင့် လူကြိုက် များအောင်ထုတ်လုပ်လျက်ရှိသည်။ အထူးသဖြင့် ဝမ်းတွင်း၊ အမရပူရ စက် ရက်ကန်းများမှ အဆိုပါနပြင်းချည် ထည်များအား လူကြိုက်များအောင် တီထွင်ချုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ဝါဈေးကောင်းပြီး ချည်မျှင်ပါမြင့်တက်ခဲ့သဖြင့် မြန်မာ ချည်မျှင်ထည်အင်္ကျီ ဈေးကွက် များဈေး မြင့်လာခြင်းဖြစ်သည်။ ခင်ဇာမွန်မြင့် (ဥပဒေ)
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ သြင်္ကန်မတိုင်မီကာလ မတ်လ၃၁ ရက်မှ ဧပြီလ ၆ ရက်အတွင်းမှာ မလေးရှား နိုင်ငံသို့ ကန်ဒေါ်လာ ၂ဒသမ၂၀၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၄ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ မလေး ရှားနိုင်ငံအပြင် ပါကစ္စတန်နိုင်ငံကိုလည်း Rubber Smoke Sheet 16 ခုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တော့ ကန်ဒေါ်လာ ၁ဒသမ ၃၄၃ သန်း တန်ဘိုးရှိ ရော်ဘာ ၅၉၉ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှားနိုင်ငံသို့ RSS-3 ၂၉၁ တန်၊တရုတ်နိုင်ငံသို့ MSR-20 တန်၄၀ ကျော် နဲ့စင်္ကာပူနိုင်ငံသို့ MSR-20 ၂၆၈ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။
ယခုအပတ်ရော်ဘာနိုင်ငံတကာပေါက်ဈေးမှာယခင်အပတ်ဈေးနဲ့နှိုင်းယှဉ်ကြည့်ပါက တစ်တန်လျှင် ဒေါ်လာ ၂၀၀ ကျော် ကျဆင်းသွားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန် ထားတဲ့ ရော်ဘာဈေးများ ကတော့ RSS-1 တစ်တန်လျှင် ဒေါ်လာ၂၄၀၀-၂၅၀၀၊RSS-3 နှင့် MSR-20 တစ်တန် လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊ RSS-5 နှင့် MSR-50 တစ်တန်လျှင်ဒေါ်လာ၂၂၀၀-၂၃၀၀၊ MSR-10 တစ်တန် လျှင် ဒေါ်လာ၂၃၅၀-၂၄၅၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ၂၁၀၀-၂၂၀၀ ဖြစ်ကြောင်း သိရှိရပါတယ်။ ယဉ်ယဉ်အေး၊ (MIRT)