Main menu

Background

Tuesday, 7 May 2013

မန္တလေးမြို့ပေါ်ရှိ ကုန်သည်ပွဲစား များမှ မတ်ပဲကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ဝေး၊ ပျဉ်းမနား၊ တပ် ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချောင်းဦး၊ မုံရွာစတဲ့ ဒေသများမှ အဓိက ဝယ်ယူ ရရှိ ပြီး၊ နှစ်စဉ် မတ်ပဲတန်ချိန် ၇၀၀၀ ကျော်ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းဝယ် လျက်ရှိကြောင်း သိရပါတယ်။

ယခင်က(ဧပြီ) ပထမအပတ်မှာ မတ်ပဲတစ်ပိဿာ ၈၁၇ ကျပ်(တစ်တန် ၅၀၀၃၂၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်း ဝင်အိတ် ၈၀၀ ခန့်(၇၈ ဒသမ ၃၈၁ တန်ခန့်) အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုလ(မေလ) ပထမအပတ်မှာ မတ်ပဲ တစ်ပိဿာ ၈၃၃ ကျပ်(တစ်တန် ၅၁၀၁၂၁ ကျပ်)နဲ့ နေ့စဉ် သုံးတင်း ဝင်အိတ် ၅၀၀ ခန့်သာ (၄၈ ဒသမ ၉၈၈ တန်ခန့်) အရောင်းအဝယ်ဖြစ်လို့ ဈေးမာပေမယ့်အရောင်းအဝယ် အနည်းငယ် အေးကြောင်းသိရပါတယ်။ ဒေသတွင်းပဲခွဲ စက်များနဲ့ ရန်ကုန် ဝယ်လက်များမှ ဝယ်လိုအားပုံမှန်ရှိ ပေမယ့် အရောင်းအဝယ် သွက်လက်မှု မရှိကြောင်း သိရပါ တယ်။ မတ်ပဲအဓိက စိုက်ပျိုးတဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စဉ့်ကူးမြို့နယ်နဲ့ သပိတ် ကျင်းမြို့ နယ်ဖြစ်ပြီး ၊ တောင်သူများထံမှ မတ်ပဲလက်ကျန်အနည်းငယ်သာရှိသဖြင့် အရောင်းအဝယ်ပါးကြောင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ သဘာဝဘေးအန္တရာယ် (ငလျင်လှုပ်ခြင်း)ကြောင့် သီးနှံ အထွက် နှုန်းများစွာ ထိခိုက်ကြောင်း၊ ယခုအချိန် အထိ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြင်းအားအနည်းငယ်ရှိတဲ့ ငလျင်လှုပ် ခတ်မှု ရှိနေသေးကြောင်း၊ ဒေသခံ တောင်သူ တစ်ဦးက ပြောကြားပါ တယ်။ အခြားဒေသခံတောင်သူ တစ်ဦး မှ မိမိတို့ မှန်းချက်နဲ့ မတ်ပဲ အထွက်နှုန်း မကိုက်လို့ အချိန်၊ လုပ်အားခနဲ့ရရှိမယ့် အခွင့်အရေး(မတ်ပဲဈေးအမြင့်မှာရှိသဖြင့် ငွေကြေးဆုံးရှုံးမှု) ဆုံးရှုံးနစ်နာ ရကြောင်း ပြောကြားပါတယ်။ ပြည်ပ(အိန္ဒိယ)အဆွဲမရှိပေမယ့် ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက် တွေရဲ့ ပုံမှန်အဆွဲရှိတာကြောင့် မတ်ပဲ ဈေး ရုတ်တရက်ပြုတ်မကျဘဲ ဈေးငြိမ်နဲ့ အရောင်းအဝယ်ပုံမှန်ရှိနိုင်ကြောင်း ကုန်သည်ပွဲစားကြီး တစ်ဦးမှ သုံးသပ် ပြောကြားပါတယ်။စိုးအောင် - မန္တလေး
 

Tuesday, 7 May 2013

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း ကုန်စည်ဒိုင်ရဲ့ ဧပြီနောက် ဆုံး ပတ်မှာ ပဲစင်းငုံ၊ ပဲရာဇာနဲ့ ပဲပုပ်ဈေး မြင့်တက်ခဲ့သလိုအရောင်းအဝယ်လည်း သွက်ခဲ့ပါတယ်။ ဧပြီလဆန်းမှာ ပဲစင်းငုံ တစ်ပိဿာ ၈၅၀ ကျပ် - ၉၅၀ ကျပ်၊ ပဲရာဇာ တစ်ပိဿာ ၁၁၅၀ ကျပ်၊ ပဲပုပ်စေ့ တစ်ပိဿာ ၁၁၀၀ ကျပ်သာ ဈေး ရှိခဲ့ပေမယ့် ဧပြီနောက်ဆုံး ပတ် မှာတော့ ပဲစင်းငုံတစ်ပိဿာ ၉၅၀ ကျပ် - ၁၁၀၀ ကျပ်၊ ပဲရာဇာတစ်ပိဿာ ၁၆၀၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ ၁၃၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြပြီး၊ အခြားကုန်ပစ္စည်းဈေးနှုန်းများလည်း အနည်းငယ်ဈေးမာခဲ့ပါတယ်။

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ သီးနှံအမျိုးအစား အလိုက် ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်း များနဲ့ အရောင်းအဝယ်ဖြစ်မှု အခြေအနေ များကတော့ ကြက်သွန်ဖြူတစ်ပိဿာ ၄၀၀ ကျပ် - ၁၆၀၀ ကျပ်နဲ့ ၁၄၉ တန်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၄၁၅ ကျပ်နဲ့ ၃၂ တန်၊ ပဲပုပ်စေ့တစ်ပိဿာ ၁၃၀၀ ကျပ်နဲ့ ၃၁ တန်၊ ပန်းနှမ်း တစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ၉ တန်၊ ချင်းအစိုတစ်ပိဿာ ၄၀၀ ကျပ် - ၆၀၀ ကျပ်နဲ့ ၃၁ တန်၊ ချင်းခြောက်တစ် ပိဿာ ၁၂၀၀ ကျပ်နဲ့ ၂၈ တန်၊ အာလူး တစ်ပိဿာ ၃၀၀ ကျပ် - ၆၅၀ ကျပ်နဲ့ ၁၆၈ တန်၊ ပဲစင်းငုံတစ်ပိဿာ ၉၅၀ ကျပ် - ၁၁၀၀ ကျပ်နဲ့ တန် ၂၀၊ ပဲရာဇာတစ်ပိဿာ ၁၆၀၀ ကျပ်နဲ့ ၁၆ တန်တို့ဖြစ်ကြပြီး၊ ဧပြီနောက်ဆုံးပတ်မှာ ကုန်တန်ချိန် စုစုပေါင်း ၆၁၈ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အောင်ပန်း ကုန်စည်ဒိုင်ဈေးကွက် သတင်းအရသိရပါတယ်။မင်းအောင် - တောင်ကြီး
 

Tuesday, 7 May 2013

ဧပြီလကုန်နဲ့မေလဆန်း မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ကုလားပဲအုပ်စုဈေးအနည်းငယ်အေးခဲ့ပြီး၊ ပဲစင်းငုံနီ ကတော့ ဈေးအနည်းငယ်ပြန်မာလာပါတယ်။Export အတွက် ဝယ် လက် ကွက်ကောက်ရှိတဲ့ မြေထောက်ပဲနဲ့ ပုဂံပဲမှာ ပစ္စည်း လက်ကျန်နဲ့ ဝယ်လိုအားထိန်းနေကြလို့ ဈေးငြိမ်နေခဲ့ပါတယ်။ ပဲပုပ်စေ့လည်း ပြီးခဲ့တဲ့ ဧပြီပေါက်ဈေးထက် တစ်တင်း ၂၀၀၀ ကျပ်ထိ ဈေးကျလာခဲ့ပါတယ်။

ယခုတစ်ပတ်အတွင်း ပဲတစ်မျိုးချင်း ဈေးကွက်အနေနဲ့ ကုလားပဲအုပ်စုမှာ ဒေသတွင်းစက်သမား၊ ကြာဇံ သမားနဲ့ ပဲကြော်ဖို ပဲလက်လီအဝယ် ပုံမှန်သာရှိခဲ့လို့  ကုလားပဲ ရိုးရိုး တစ်တင်း ၁၇၈၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်၊ ထိုင်ဝမ်တစ် တင်း ၁၈၀၀၀ ကျပ်မှ ၁၈၄၀၀ ကျပ်၊ V2 တစ်တင်း ၁၈၃၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၈၁၀၀ ကျပ်မှ ၁၈၈၀၀ ကျပ် အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အား ဖြင့် တစ်ပတ်အတွင်း တင်း ၂၀၀၀ ခန့်ရှိတယ် လို့ ကုန်စည်ဒိုင် ရပ်ကွက်ကသိရပါတယ်။ ယခုတစ်ပတ်မှာ ငုံနီဈေး အနည်းငယ်မာလာခဲ့ရာ တစ် တင်း၂၀၅၀၀ ကျပ်မှ ၂၀၈၀၀ ကျပ်ထိဈေးပေါက်ခဲ့ပြီး၊ ရန်ကုန် ဝယ်လက်အနည်းငယ်နဲ့ ဒေသခံကုန်သည်အချို့ ဝယ်ယူမှုရှိလို့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ စိမ်းကြီးဈေးကွက်အနေနဲ့ ဝယ်လက်ရှိတဲ့အတွက် ပစ္စည်းဝင်တဲ့ရက်မှာ ဈေးတင်ရောင်းခဲ့ကြလို့ ဒီတစ်ပတ် အတွင်း တစ်တင်း ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ ပေါက် ဈေး ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ Export  နဲ့ ပြည်တွင်းသုံးပဲတွေဖြစ်ကြတဲ့ ထောပတ်ပဲနဲ့ စွန်တာနီလည်း ဒီရက်ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ် ဝန်းကျင်မှာ အသီးသီးငြိမ်နေခဲ့ပြီး၊ တစ်ပတ်အတွင်း ပဲတစ်မျိုး ချင်းအလိုက် အိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ယခုတစ်ပတ်မှာ ပဲပုပ်ဈေးပြန်အေးခဲ့ရာ တစ် တင်း ၁၉၀၀၀ ကျပ်နဲ့ အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ Export ဝယ်လိုအားရှိတဲ့ ပုဂံပဲလည်း ယခုတစ်ပတ်မှာ တစ်တင်း ၂၂၅၀၀ ကျပ်ဈေးနဲ့ ငြိမ်နေသလို ပဲကြီးဈေးလည်း တစ်တင်း ၂၉၅၀၀ ကျပ်နဲ့ ၃၁၅၀၀ ကျပ်ဈေးမှာတန့်နေပြီး၊ ပစ္စည်းလက်ကျန်ပေါ် မူတည်ကာ ဝယ်လက်အဝယ်အတိုး အလျော့ ရှိခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ထွန်းလှိုင်-မုံရွာ
 

Tuesday, 30 Apr 2013

တောင်သာနယ် နပြင်းရွာမှထွက် သည့်မြန်မာချည်ထည် နပြင်းထည်မှာ ကုန်ကြမ်းချည်ဈေးကွက်ကြောင့် ဈေး အမြ င့်ဖြင့်ရောင်းနေရကြောင်း သိရ သည်။ နပြင်းရွာမှထွက်သည့် ချည်ဖြင့် ချုပ်လုပ်ရောင်းချသည့် နပြင်းချည် ထည်အင်္ကျီများမှာ တစ်ထည်လျှင် ၂၀၀၀၊ ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူဝတ် ဆင်နိုင်နေရာမှ ယခုအခါ ဈေးမြင့်လာ ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မိုးခေါင်၍ချည်မျှင်  ရှည်အုပ်စုဝါများအထွက်ကောင်းပြီး ဈေးကောင်းခဲ့သည်။ ဝါဈေးကောင်း သောဝါ ချည်မျှင်ဈေးကွက်တွင် ကျပ် ၈၀၀၀၊ ၁၁၅၀၀၊ ၁၂၀၀၀ အထိဈေး မြင့်လျက်ရှိကြောင်း သိရသည်။ မြန်မာချည်ထည်ဖြစ်သော နပြင်း ချုပ်ထည်မှာ မြန်မာဝါချည်များနှင့် ဒီ ဇိုင်းအမျိုးမျိုးအကွက်ဆန်းဖြင့် လူကြိုက် များအောင်ထုတ်လုပ်လျက်ရှိသည်။ အထူးသဖြင့် ဝမ်းတွင်း၊ အမရပူရ စက် ရက်ကန်းများမှ အဆိုပါနပြင်းချည် ထည်များအား လူကြိုက်များအောင် တီထွင်ချုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ဝါဈေးကောင်းပြီး ချည်မျှင်ပါမြင့်တက်ခဲ့သဖြင့် မြန်မာ ချည်မျှင်ထည်အင်္ကျီ ဈေးကွက် များဈေး မြင့်လာခြင်းဖြစ်သည်။   ခင်ဇာမွန်မြင့် (ဥပဒေ)
 

Tuesday, 30 Apr 2013

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ သြင်္ကန်မတိုင်မီကာလ မတ်လ၃၁ ရက်မှ ဧပြီလ ၆ ရက်အတွင်းမှာ မလေးရှား နိုင်ငံသို့ ကန်ဒေါ်လာ ၂ဒသမ၂၀၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၄ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ မလေး ရှားနိုင်ငံအပြင် ပါကစ္စတန်နိုင်ငံကိုလည်း  Rubber Smoke Sheet 16  ခုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တော့ ကန်ဒေါ်လာ ၁ဒသမ ၃၄၃ သန်း တန်ဘိုးရှိ ရော်ဘာ ၅၉၉ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှားနိုင်ငံသို့ RSS-3 ၂၉၁ တန်၊တရုတ်နိုင်ငံသို့ MSR-20  တန်၄၀ ကျော် နဲ့စင်္ကာပူနိုင်ငံသို့ MSR-20   ၂၆၈ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

ယခုအပတ်ရော်ဘာနိုင်ငံတကာပေါက်ဈေးမှာယခင်အပတ်ဈေးနဲ့နှိုင်းယှဉ်ကြည့်ပါက တစ်တန်လျှင် ဒေါ်လာ ၂၀၀ ကျော် ကျဆင်းသွားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန် ထားတဲ့ ရော်ဘာဈေးများ ကတော့  RSS-1 တစ်တန်လျှင် ဒေါ်လာ၂၄၀၀-၂၅၀၀၊RSS-3 နှင့် MSR-20  တစ်တန် လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊ RSS-5 နှင့် MSR-50  တစ်တန်လျှင်ဒေါ်လာ၂၂၀၀-၂၃၀၀၊ MSR-10  တစ်တန် လျှင် ဒေါ်လာ၂၃၅၀-၂၄၅၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ၂၁၀၀-၂၂၀၀ ဖြစ်ကြောင်း သိရှိရပါတယ်။            ယဉ်ယဉ်အေး၊ (MIRT)
 

Tuesday, 30 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၆၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၅၀၀၀ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကျန် တရုတ်နယ်စပ်များဖြစ်တဲ့ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီးစခန်းတို့မှ ပြောင်း ဖူးစေ့ တင်ပို့မှုမရှိပါဘူး။ ယခင်အပတ်ကမူဆယ်မှ ၄၄၆၅ တန်ကျော်၊ လွယ်ဂျယ်မှ တန် ၄၀၀ နဲ့ချင်းရွှေဟော်မှ ၁၄၆၀တန်ကိုတင်ပို့ခဲ့တာမို့ ယခုအပတ်ပြောင်း တင် ပို့မှု ဟာ ယခင်အပတ်တင်ပို့မှုထက် ၁၃၁၄ တန်လျော့နည်းခဲ့ပါတယ်။ မြန်မာနှစ်သစ် ကူးသြင်္ကန်ကာလနဲ့တိုက်ဆိုင်နေတာကြောင့် ယခုလိုတင်ပို့မှု လျော့ နည်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်တွင် ဆန်နဲ့ဖရဲသီးဈေးကျဆင်းလာတာနဲ့အမျှ မန္တလေး-မူဆယ်ကားခများ လည်း ကျဆင်းလာပါတယ်။ ယခုအပတ်မန္တလေး-မူဆယ်ကုန်စည် သယ်ယူခနှုန်းထား မှာ ပြောင်းတစ်ပိသာ ၆၀ ကျပ်ဖြစ်တာကြောင့် ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါ က လျော့နည်းခဲ့တာတွေ့ရပါတယ်။ နှစ်နိုင်ငံပြောင်းဈေး များကိုကြည့်မယ် ဆိုလျှင် တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမရှိဘဲ မိမိဘက်ဈေးကယခင်အပတ်ထက် အနည်းငယ် မြင့် တက်လာတာ တွေ့ရပါတယ် -

 
မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု         ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၃၁၃၃၄၈    ၃၀၅၈၄၅     ၇၅၀၃        ၂    ၃၅၉     ၃၅၉            -          -MIRT (DCCA)

Tuesday, 30 Apr 2013

မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ဧပြီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၆၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၄၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က ၁၂၅၉ တန်ကျော်တင်ပို့နိုင်ခဲ့လို့ ယခုအပတ်မှာ ၆၁၃ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ စခန်းအသီး သီးအလိုက် တင်ပို့နိုင်မှုတွေကတော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၂ သန်းတန်ဖိုးရှိ  ရော်ဘာRSS-3  ၅၄ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၂၉ သန်းတန်ဖိုးရှိ  ရော်ဘာMSR-20 ၁၀ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းတန်ဖိုးရှိ  ရော်ဘာ MSR-50  ၃၇ တန်ခန့်၊ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၄၃ သန်းတန်ဖိုးရှိ  ရော်ဘာ RSS-3 ၃၉၄ တန်ခန့်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကူးသန်း ရောင်းဝယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်းတန်ဖိုးရှိ  ရော်ဘာRSS-3 တန် ၁၀၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ  ရော်ဘာMSR-20 တန် ၅၀ ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မိမိဘက်မှာရော တစ်ဖက်နိုင်ငံမှာပါ RSS-3 နဲ့ RSS-5 ရော်ဘာဈေးများ ကျဆင်းလျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင် ပေါက်ဈေး များကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ် -

 
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု          ယခင်       ပြောင်းလဲမှု    %      ယခု      ယခင်    ပြောင်းလဲမှု    %RSS-3   ၂၀၈၃၆၈၉    ၂၃၄၄၃၄၁    ၂၆၀၆၅၂      ၁၃    ၂၃၆၂    ၂၆၆၅         ၃၀၃        ၁၃RSS-5    ၁၉၂၆၂၈၈    ၂၂၀၇၅၀၀    ၂၈၁၂၁၂     ၁၅    ၂၁၈၆    ၂၅၀၄         ၃၁၉        ၁၅MIRT (DCCA)

Monday, 29 Apr 2013

မန္တလေးမြို့ သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေးသကြားဒိုင်)မှာနေ့စဉ် သကြား၊ သကာရည်များ အရောင်းအဝယ် ပြု လုပ်လျက်ရှိပါတယ်။ သကာပွက်ရည် အပေါ်မှာ တည်မီပြီး သကြားဈေး အတက်၊ အကျ အပြောင်းအလဲရှိပါ တယ်။ သြင်္ကန်မတိုင်မီနဲ့ သြင်္ကန် အပြီးမှာ သကြားဈေးတက်နိုင်တယ်လို့ ယူဆပေမယ့် သိသိသာသာပြောင်းလဲမှု တော့မရှိပါဘူး။ သြင်္ကန်မတိုင်မီက သကြားတစ်ပိဿာလျှင် A (၈၅၀ ကျပ်)၊ B (၈၄၀ ကျပ်)၊ C (၈၃၀ ကျပ်)၊ သကာ ပွက်ရည် တစ်ပိဿာလျှင် ၅၁၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုဧပြီလ စတုတ္ထအပတ်မှာ သကြား၊ သကာရည် တစ်ပိဿာပေါက်ဈေးမှာ သကြား A (၈၇၀ ကျပ်)၊ B (၈၆၀ ကျပ်)၊ C (၈၅၀ ကျပ်)သကာပွက်ရည် (၅၃၀ ကျပ်)နဲ့ နေ့စဉ်သကြား ၃၀ ပိဿာဝင်အိတ် ၄၀၀၀ ကျော် အရောင်းအ ဝယ်ဖြစ်နေပါတယ်။

Monday, 29 Apr 2013

သြင်္ကန်ကာလအပြီးတွင် ပြည် ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်လာ ခဲ့ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

Monday, 29 Apr 2013

ဒီဇင်ဘာလကုန် ချောင်းတွေမြောင်းတွေ ရေနည်းလို့ ပေါ်လာတဲ့သဲသောင်ပြင်တွေမှာစိုက်တဲ့ ဆောင်းစိုက် ကြက် သွန်နီများ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လကုန်လို့ ဧပြီလ ဒုတိယပတ်များထဲမှာ တူးကြဖော်ကြ ကြက်သွန်မိတ် ဖြတ်ကြ လို့ ဈေးကွက်ကို တဖြည်းဖြည်းချင်းဝင်လာရာက ရှေ့လျှောက် အလုံးအရင်းနဲ့ ဝင်လာတော့မှာဖြစ်ပါတယ်။ ဝင်ဖို့လည်း တာစူ နေကြပါပြီ။ သြင်္ကန်ကာလမှာ ပျော်ရွှင်ကြည်နူးစွာနဲ့ ရေကစားကြလို့ နှစ်ဟောင်းကအညစ် အကြေးကိုနှစ်သစ်မှာ အတာရေနဲ့ဆေးပြီးစိတ်သစ်ကိုယ်သစ်နဲ့ နှစ်သစ်မှာ အရောင်း အဝယ်များလှိုင်ကြ၊ ပြိုင်ကြတော့မှာပါ။သြင်္ကန် မတိုင်မီ ကြက် သွန်နီဈေးက တစ်ပိဿာအထက်စ ၂၇၅ ကျပ်၊ အလတ်စ ၂၅၀ကျပ်၊အောက်စ ၁၀၀ ကျပ်ကနေ အထက်စ ၂၅၀ ကျပ်၊ အလတ်စ ၂၀၀ ကျပ်၊ အောက်စ ၁၅၀ ကျပ်ဈေးနဲ့  တစ်နေ့ ကိုပိဿာချိန် ၂၅၀၀ ကြားနဲ့ ၅၀၀၀ ကြားဝင်ပြီး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ သြင်္ကန်ပွဲတော်ပြီးနောက်မှာ ကြက်သွန် တစ်ပိဿာ ထိပ်စ ၂၉၀ ကျပ်၊ လတ်စ ၂၅၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးတွေနဲ့စဖွင့်ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာတော့ အထက်စ တစ်ပိဿာ ၃၄၀ ကျပ်၊ အလတ်စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးအထိ တက်ရိပ်ပြလာ ခဲ့ပါတယ်။ တစ်နေ့ကို ၆၀၀၀ ပိဿာမှ ၁၀၀၀၀ ပိဿာကြား ဝင်တာကိုလည်းတွေ့ရပါတယ်။၂၀၁၂ ဧပြီလတုန်းက ကြက် သွန်နီဝင်စဈေးဟာတစ်ပိဿာအထက်စ ၃၂၅ ကျပ်၊ အလတ် စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးဆိုတော့ ယခင်နှစ် ဈေးနဲ့ယှဉ်ရင် ထိပ်စကြက်သွန်နီဟာ တက်ရိပ် အရောင်ပြ နေတာကိုတွေ့ရပါတယ်။ သြင်္ကန်ကာလမှာအနား ယူရင်း အား မွေးနေတဲ့ကြက်သွန်နီဟာ အခုနောက်ပိုင်း အလုံးအရင်းနဲ့ ဝင်လာရင်၊ ဝင်ခဲ့ရင် အရောင်းအဝယ်သဘော တရားအရ ပစ္စည်းအဝင်များလာရင် ဈေးနှုန်းဘယ်လိုဆက်ဖြစ်လာမယ် ဆိုတာ ကြက်သွန်နီဈေးနှုန်း ဇာတ်လမ်း ဘယ်လိုမှတ်တမ်း ဆက်တင်ရပါမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဘယ်လို ဘဲပြောပြော ဆောင်းစိုက်ကြက် သွန်နီများဟာဈေးကွက်အတွင်းကိုလာပြီ ..လာပြီ..ကြက် သွန်နီလို့ ကြွေးကြာ် ဝင်ရောက်လာကြမှာကတော့ မလွဲ ကြောင်းပါ။                            မြင့်ဦး-ပခုက္ကူ

Pages