Main menu

Background

Monday, 29 Apr 2013

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့ရဲ့ တစ်ဖက်ကမ်းမှ ဈေးကွက်ထဲကို မြကျောက်သရက်သီးနဲ့ ဘုတ်ထုံသရက်သီးများ ဝင်ရောက်လာပါတယ်။ ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှ မကျီးစုရွာ၊ ရွှေဘုံသာရွာ၊ ညောင်ပင် သာရွာတို့မှ မြကျောက်နဲ့ ဘုတ်ထုံသရက်သီးများ အများဆုံးထွက်ရှိပြီး၊ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့အတွက် ရန်ကုန်၊ မန္တလေးမြို့ကြီးများကို တင်ပို့မှုမရှိသေးကြောင်း သိရပါတယ်။ ဈေးနှုန်းများမှာ မြကျောက် သရက်သီးအရွယ်အစား အလိုက် တစ်လုံးကို ၂၀၀ ကျပ်မှ ၂၅၀ ကျပ်၊ ဘုတ်ထုံသရက်သီးမှာ အရွယ်အစားအလိုက်တစ်လုံးကို ၁၀၀ ကျပ်နဲ့ ၁၂၀ ကျပ် ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။အေးမြတ်ခိုင် - ပြည်

Monday, 29 Apr 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် တစ်ထောင့် တစ်ရာကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံ များမှာ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ ဧပြီလ ဒုတိယ ပတ်အတွင်းမှာလည်း မန်ကျည်း ၅၈၆ ဒသမ ၈၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူနိုင်ငံကို တန်ချိန် ၄၂၀၊ ပါကစ္စတန်နိုင်ငံကို ၁၁၈ ဒသမ ၈၅ တန်၊ မလေးရှားနိုင်ငံကို ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တင်ပို့မှုနဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ငါးရာကိုးဆယ် နီးပါး လျော့နည်းပြီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှု မှရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်းကျော်ရှိ ခဲ့တယ်လို့ သိရပါတယ်။     MIRT (DOT)

Monday, 29 Apr 2013

အရင်နှစ်တွေကတော့ သြင်္ကန်ပြီးကာလတွေမှာ အရောင်းအဝယ်တွေ ခပ် အေးအေးသာဖြစ်နေပေမဲ့ ဒီနှစ်ကတော့ အရောင်းသွက်နေတယ်လို့ဆိုရပါမယ်။  သြင်္ကန်အပြီးမှာ ပြည်ပဝယ်လက်တွေ ဝယ်ယူမှုရှိနေ တာကြောင့် နယ်စပ် လမ်းကြောင်းတွေကနေ ချင်းစို၊ ချင်းခြောက်တွေသွားနေတယ်လို့သိရပါတယ်။ သြင်္ကန်အပြီး နှစ်ဆန်းတစ်ရက်ေ န့ ဈေးစဖွင့်ချိန်မှာတော့ အောင်ပန်းဈေးကွက်က ချင်း (စို) တန် ၁၃၀၊ ချင်းခြောက် ၃၂ တန် တရုတ်ကိုပို့ခဲ့ရပါတယ်။ ရှမ်းပြည်နယ် ထုံးစံ အတိုင်း သြင်္ကန်ပြီးသွားပေမဲ့ တစ်လလုံး၊ လူကြီးမိဘတွေကို ကန်တော့တာရယ်၊ ဘုန်းကြီးေ ကျာင်းတက်တာရယ်ကြောင့် တောင်သူတွေကလည်း လုပ်ငန်းခွင်ကို ပြန်မဝင်ဖြစ်သေးပါဘူး။ ဒါကြောင့်ေ ဈးကွက်မှာလည်း ချင်းအဝင်က မရှိ သလောက် ဖြစ်နေပါတယ်။ လှောင်လက်တွေကလည်း ကြိုက်ဈေးနဲ့ ဖွင့်ပြီးရောင်းနေတာကြောင့် ဈေးကလည်းအတော်တက်လာပါတယ်။ ချင်း (စို)က တစ်ပိဿာကို ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းမှာ အလှူအတန်း တွေပြုလုပ်နေ တာကြောင့် အလှူပွဲတွေမှာမပါမပြီး၊ ချင်း၊ လက်ဖက် ထည့်ပြီး ဧည့်ခံတတ်တဲ့ ဓလေ့ကြောင့် ပြည်တွင်းမှာလည်း အဝယ်လိုက်နေတယ် လို့ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ချင်းဈေးက အတက်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတယ် လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။      ဧဧခိုင်-တောင်ကြီး

Monday, 29 Apr 2013

ပြည်ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၇၀၀-၇၅၀ ကျပ်၊ (ရှယ်) ၈၀၀-၉၀၀ ကျပ်တို့ ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးထက် ၁၀၀ ခန့် တက် သွားပါတယ်။ အောင်ပန်းဘက်မှ ချင်းများအခါမတိုင်မီ တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာ အဝင်မရှိဘဲ လက်ကျန် ချင်းများနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်ရှိ ပွဲရုံများမှာ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၄၅၀ ခန့်ထိ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်နဲ့ အရောင်းအဝယ် ပုံမှန်ဖြစ် နေပါတယ်။ ဧရာဝတီနဲ့ ရခိုင်ဘက်ကို ပြည်ဈေးကွက်မှ တစ်ဆင့် စားသုံးမှု အဖြစ် ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။             ဝင်းဝင်းခိုင် - ပြည်

Monday, 29 Apr 2013

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ဟာ နှစ်စဉ်မြေထောက်ပဲ တန်ချိန် ၈၀၀၀ ကျော်နဲ့ ထောပတ်ပဲတန်ချိန် ၂၀၀၀၀ ကျော်ဝယ်ယူရောင်းချလျက်ရှိပါတယ်။ မြေထောက်ပဲကို ဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက်ဒေသများမှ ဝယ်ယူရရှိပြီး၊ ထောပတ်ပဲကို မတ္တရာ၊ ပုသိမ်ကြီး၊ တံတားဦး၊ ချောင်းဦး၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး၊ မကွေး၊ ချောက်၊ ရေနံချောင်း၊ ပခုက္ကူဒေသများမှ ဝယ်ယူရရှိပါတယ်။

Monday, 29 Apr 2013

နှစ်သစ်ကူးပွဲတော်အပြီး နှစ်ဆန်း(၂) ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၈ ရက်နေ့ကစပြီး၊ ရှမ်းပြည်နယ်အောင်ပန်း ကုန်စည်ဒိုင်ဈေးကွက်ရဲ့ နှစ်သစ်မှာ ဈေးနှုန်းအသစ်တွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ လယ်ယာထွက်ကုန်ပစ္စည်း အချို့မှာ ဈေးနှုန်းများ တက် ရိပ်ပြဈေးမာခဲ့ကြောင်းသိရပါတယ်။

နှစ်သစ်ကူးပွဲတော်မတိုင်မီ ဧပြီ ၁၁ ရက်က ကြက်သွန်ဖြူတစ်ပိဿာ ၃၅၀ ကျပ် - ၁၀၅၀ ကျပ် အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ပဲရာဇာတစ်ပိဿာ ၁၃၀၀ ကျပ်၊ ချင်းအစိုတစ်ပိဿာ ၂၅၀ ကျပ် - ၃၅၀ ကျပ်၊ အာလူးတစ်ပိဿာ ၂၅၀ ကျပ် - ၅၅၀ ကျပ်တို့နဲ့ဈေးကပိတ်သွားခဲ့ပေမယ့် ဈေးကွက်ပြန်ဖွင့်ခဲ့တဲ့ ဧပြီ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၇၀၀ ကျပ် - ၁၆၅၀ ကျပ်နဲ့ ၁၄၅ တန်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၁၀ ကျပ်နဲ့ ၃၉ တန်၊ ပဲပုပ်တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၃၂ တန်၊ ပဲစင်းငုံ တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀  ကျပ်နဲ့ တန် ၂၀ ၊ ပဲရာဇာတစ်ပိဿာ ၁၄၀၀ ကျပ်နဲ့ ၂၁ တန်၊ ပန်းနှမ်း တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၁၈ တန်၊ ချင်းအစိုတစ်ပိဿာ ၃၅၀ ကျပ် - ၄၅၀ ကျပ်နဲ့ ၁၀၉ တန်၊ နနွင်းတစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၅၃ တန်၊ ချင်းခြောက်တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ တန် ၄၀ ၊ အာလူး တစ်ပိဿာ ၃၅၀ ကျပ် - ၇၅၀ ကျပ်နဲ့ တန် ၂၀၀ ခန့် အသီးသီးဈေးဖွင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ စုစုပေါင်း ကုန်ချိန် ၆၇၇ တန် တင်ပိ့ုရောင်းချနိုင်ခဲ့ကြောင်းနဲ့ နှစ်သစ်ကူး ပွဲတော်အပြီးမှာ ချင်း၊ နနွင်းနဲ့ ချင်းခြောက် ၂၀၂ တန်ကို ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံကို နယ်စပ်မှ တစ်ဆင့်တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း၊ အောင်ပန်းကုန်စည်ဒိုင်ရဲ့အဆိုအရ သိရပါတယ်။ အဆိုပါ လယ်ယာထွက်ကုန်များအနက်မှ အထူးသဖြင့် ကြက်သွန်ဖြူ၊ ပဲရာဇာ၊ အစေ့ထုတ်ပြောင်း၊ ချင်းအစိုနဲ့ အာလူးဈေးနှုန်းများမှာ သိသိသာသာမြင့်တက်ခဲ့ပြီး၊ အခြားကုန်ပစ္စည်းများမှာလည်း အနည်းငယ် ဈေးမာခဲ့ကြောင်းနဲ့ ယခုလို ဈေးနှုန်းမြင့် တက်ပြီး ဈေးမာခဲ့ခြင်းမှာ ဈေးကွက်ဝယ်လိုအားရှိပြီး၊ ပွဲရုံလက်ကျန်နည်းပါး နေတဲ့ အပြင် စိုက်ပျိုးထုတ်လုပ်သူ ဒေသခံတိုင်းရင်းသားများမှာ မြန်မာနှစ်ဆန်း တစ်ရက်မှ ဧပြီလကုန်အတွင်း ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ရပ်နီးရပ်ဝေးရှိ မိဘ ဆွေမျိုးသက်ကြီးရွယ်အိုများနဲ့ ဆရာတော်ကြီးများကို အစုအဖွဲ့အလိုက် လှည့်လည် သွားရောက် ပူဇော်ကန်တော့ခြင်းကိစ္စကိုသာ လုပ်ဆောင်ကြသဖြင့် ပွဲရုံများကို ဒေသ ထွက်ကုန်များလာရောက်ရောင်းချမှုနည်းပါးခြင်း၊ ရာသီဥတုအခြေအနေအရ နဲ့ ရေခန်းခြောက်မှုတို့ကြောင့် သီးနှံ အချု့ိအထွက်နှုန်းကျဆင်းမှုရှိခြင်းတို့ကြောင့်ဖြစ် ကြောင်း သိရပါတယ်။                          မင်းအောင် - တောင်ကြီး
 

Monday, 29 Apr 2013

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်အတွင်း သြင်္ကန် အပြီးမှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးမြင့်လာခဲ့တာကို တွေ့ရပါ တယ်။ ပဲစင်းငုံသီးနှံတစ်မျိုးသာ ဈေးငြိမ်နေခဲ့ပြီး အခြားပဲမျိုးစုံ ဈေးမှာ ဈေးမြင့်ရလျက်ရှိပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲအဝင် မရှိတော့ဘဲ ပဲလက်ကျန်များသာ ရန်ကုန်ဝယ်လက်အပေါ် မူတည်၍ အိတ် ၂၀၀ ကျော် ၃၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။မတ်ပဲဈေးမှာ ဧပြီလဆန်းမှာ တစ်တင်း ၁၆၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုသြင်္ကန်အပြီး ဧပြီ နောက်ဆုံးပတ်မှာ တစ်တင်း ၁၇၉၀၀ ကျပ်ထိဈေးမြင့်လာခဲ့ပါ တယ်။ ပေါင်းတ လည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ မှ အိတ် ၄၀၀ ကျော်နေ့စဉ်ဝင်ရောက်လျက်ရှိကာ ရန်ကုန် ဝယ်လက်ကလည်း နေ့စဉ်အဝယ်ရှိနေပါတယ်။

Monday, 29 Apr 2013

မြန်မာ့ရိုးရာ သြင်္ကန်ပွဲတော်အပြီး မုံရွာကုန်စည်ဒိုင် နှစ်ဆန်းပဲဈေးကွက်မှာ ပဲအများစု ဈေးတက်လာခဲ့ ပါတယ်။ နထစသမအ ဆွဲအားကြောင့်မဟုတ်ဘဲ မနှစ် ကရာသီဥတုအခြေအနေကြောင့် သီးနှံ အများစု အထွက်နှုန်း ထိခိုက်ခဲ့ပြီး၊ အခု လိုပဲလက်ကျန်နည်းချိန်မှာ ဝယ်လိုအား ကောင်းနေတဲ့အတွက် တက်ဈေးဖြစ်ခဲ့ တာလို့ ကုန်စည်ဒိုင် အသိုင်းအဝန်းဆိုပါ တယ်။

Monday, 29 Apr 2013

နှစ်စဉ်ကုလားပဲတန်ချိန် ခုနှစ်သောင်းကျော် ဝယ်ယူ ဖြန့်ဖြူးရောင်းချလျက်ရှိတဲ့ မန္တလေး ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော် အသင်း)ကို မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မင်းဘူး၊ တောင်တွင်းကြီး၊ ချောက်၊ ရေနံချောင်းအစရှိတဲ့ ဒေသများမှ ဝယ်ယူရရှိ ပါတယ်။

Monday, 29 Apr 2013

အဓိကပဲများဖြစ်တဲ့ ကုလားပဲ၊ စား တော်ပဲနဲ့ ပဲနီလေးအပါအဝင် ကမ္ဘာ့ ပဲမျိုးစုံစုစုပေါင်းထုတ်လုပ်မှုက လက်ရှိ ရာသီထက် ၂၀၁၃-၁၄ မှာ အနည်း ငယ် မြင့်တက်နိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ကုန်သည်နဲ့ ပဲလုပ်ငန်း သုတေ သနအဖွဲ့အစည်းနှစ်ပတ်လည် ညီလာခံ ကို တက်ရောက်ခဲ့တဲ့ ကျွမ်းကျင်သူများ က ခန့်မှန်းခဲ့ပါတယ်။ ကမ္ဘာ့ပဲမျိုး စုံ ရောင်းလိုအားနဲ့ ဝယ်လိုအားကို ဆွေး နွေးကြပြီး ညီလာခံမှာ ၂၀၁၃-၁၄ အတွင်းစားတော်ပဲထုတ်လုပ်တဲ့ အဓိက ဒေသများဖြစ်တဲ့ ကနေဒါ၊ ရုရှား၊ ပြင်သစ်၊ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံများမှ ပိုမိုထုတ်လုပ်ခြင်းကြောင့် တန်ချိန် ၁၀ ဒသမ ၈ သန်း ရှိလာနိုင် မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ အနည်းငယ် ကျဆင်းပြီး တန်ချိန် ၃ ဒသမ ၆ သန်းသာ ထုတ်လုပ်နိုင်မှာဖြစ် ပါတယ်။ ကုလားပဲစိုက်ပျိုးမှု များလာ တာကြောင့် ကုလားပဲ ထုတ်လုပ်မှုမှာ ၂၀၁၂-၁၃ ရာသီမှာ တန်ချိန် ၉ ဒသမ ၄ သန်းမှ လာမယ့် နှစ်မှာ တန်ချိန် ၉ ဒသမ ၇ သန်းကို တိုးမြှင့် ထုတ်လုပ် နိုင်မှာဖြစ်ပါတယ်။

Pages