Background
ဒီဇင်ဘာလကုန် ချောင်းတွေမြောင်းတွေ ရေနည်းလို့ ပေါ်လာတဲ့သဲသောင်ပြင်တွေမှာစိုက်တဲ့ ဆောင်းစိုက် ကြက် သွန်နီများ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လကုန်လို့ ဧပြီလ ဒုတိယပတ်များထဲမှာ တူးကြဖော်ကြ ကြက်သွန်မိတ် ဖြတ်ကြ လို့ ဈေးကွက်ကို တဖြည်းဖြည်းချင်းဝင်လာရာက ရှေ့လျှောက် အလုံးအရင်းနဲ့ ဝင်လာတော့မှာဖြစ်ပါတယ်။ ဝင်ဖို့လည်း တာစူ နေကြပါပြီ။ သြင်္ကန်ကာလမှာ ပျော်ရွှင်ကြည်နူးစွာနဲ့ ရေကစားကြလို့ နှစ်ဟောင်းကအညစ် အကြေးကိုနှစ်သစ်မှာ အတာရေနဲ့ဆေးပြီးစိတ်သစ်ကိုယ်သစ်နဲ့ နှစ်သစ်မှာ အရောင်း အဝယ်များလှိုင်ကြ၊ ပြိုင်ကြတော့မှာပါ။သြင်္ကန် မတိုင်မီ ကြက် သွန်နီဈေးက တစ်ပိဿာအထက်စ ၂၇၅ ကျပ်၊ အလတ်စ ၂၅၀ကျပ်၊အောက်စ ၁၀၀ ကျပ်ကနေ အထက်စ ၂၅၀ ကျပ်၊ အလတ်စ ၂၀၀ ကျပ်၊ အောက်စ ၁၅၀ ကျပ်ဈေးနဲ့ တစ်နေ့ ကိုပိဿာချိန် ၂၅၀၀ ကြားနဲ့ ၅၀၀၀ ကြားဝင်ပြီး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ သြင်္ကန်ပွဲတော်ပြီးနောက်မှာ ကြက်သွန် တစ်ပိဿာ ထိပ်စ ၂၉၀ ကျပ်၊ လတ်စ ၂၅၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးတွေနဲ့စဖွင့်ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာတော့ အထက်စ တစ်ပိဿာ ၃၄၀ ကျပ်၊ အလတ်စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးအထိ တက်ရိပ်ပြလာ ခဲ့ပါတယ်။ တစ်နေ့ကို ၆၀၀၀ ပိဿာမှ ၁၀၀၀၀ ပိဿာကြား ဝင်တာကိုလည်းတွေ့ရပါတယ်။၂၀၁၂ ဧပြီလတုန်းက ကြက် သွန်နီဝင်စဈေးဟာတစ်ပိဿာအထက်စ ၃၂၅ ကျပ်၊ အလတ် စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးဆိုတော့ ယခင်နှစ် ဈေးနဲ့ယှဉ်ရင် ထိပ်စကြက်သွန်နီဟာ တက်ရိပ် အရောင်ပြ နေတာကိုတွေ့ရပါတယ်။ သြင်္ကန်ကာလမှာအနား ယူရင်း အား မွေးနေတဲ့ကြက်သွန်နီဟာ အခုနောက်ပိုင်း အလုံးအရင်းနဲ့ ဝင်လာရင်၊ ဝင်ခဲ့ရင် အရောင်းအဝယ်သဘော တရားအရ ပစ္စည်းအဝင်များလာရင် ဈေးနှုန်းဘယ်လိုဆက်ဖြစ်လာမယ် ဆိုတာ ကြက်သွန်နီဈေးနှုန်း ဇာတ်လမ်း ဘယ်လိုမှတ်တမ်း ဆက်တင်ရပါမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဘယ်လို ဘဲပြောပြော ဆောင်းစိုက်ကြက် သွန်နီများဟာဈေးကွက်အတွင်းကိုလာပြီ ..လာပြီ..ကြက် သွန်နီလို့ ကြွေးကြာ် ဝင်ရောက်လာကြမှာကတော့ မလွဲ ကြောင်းပါ။ မြင့်ဦး-ပခုက္ကူ
ဧပြီလ ၁၇ ရက်မှ ၂၃ ရက်နေ့ထိ ကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူး သန်းရောင်းဝယ်ရေးစခန်းနှင့် တာချီလိတ် ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၃၀၅ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၄၄ တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၁၆၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခုအပတ်မှာ ၅၁၅ တန် ကျော်တင်ပို့မှု လျော့ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ ယခု အပတ်မှာ ကွမ်းစားဂမုန်း တစ်မျိုးတည်း သာပိုမိုတင်ပို့နိုင်ခဲ့ပြီး မန်ကျည်းမှည့် (အစေ့ပါ)၊ ဝဥခြောက်၊ ဆီးသီးခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြက်ဆူစေ့၊ စကားပန်းပွင့်ခြောက်၊ ကွမ်းသီးခွံ၊ ဖန် ခါးသီးခြောက်တို့မှာ ယခင်အပတ်က ထက်တင် ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ တော ချင်းနဲ့တောင်လုံးကျော်တို့ကိုလည်း ယခုအပတ်မှာ တင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာ တာချီလိတ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုး ရှိ အုံတုံခေါက် ၁၆ တန် ကိုစတင် တင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်း ရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၀၁ သန်းတန်ဖိုးရှိ တောင် လုံးကျော် ၁ တန်ကျော်တင်သွင်းမှု ရှိခဲ့ပါတယ်။ခင်ကလျာဦးMIRT (DCCA)
ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ နနွင်းခြောက် အဝင်များ လာတယ်လို့သိရပါတယ်။ မူဆယ်ဝယ်လက် အချို့ကတော့ ခပ်ပါးပါးသာဝယ်ယူနေတယ်လို့ဆိုပါတယ်။ သြင်္ကန်ပြီးစမှာ အဝင်သိပ်မများပေမဲ့ ဒီရက်ပိုင်းမှာတော့ အဝင်ပြန် များနေပါ တယ်။ တစ်ရက်ကို ခန့်မှန်းခြေ ပိဿာချိန် ၅ ထောင်၊ ၆ ထောင်ခန့် အဝင်ရှိနေပါတယ်။ အဝင်များနေပေမဲ့ အရောင်း အဝယ်က ခပ်အေးအေးသာရှိနေပါသေးတယ်။ ပြည်ပ ဝယ် လက်တွေ ကတော့ ဈေးမေး လိုက်၊ ကြိုက်ဈေးမရလို့ အဝယ် ခဏရပ်လိုက်နဲ့ နနွင်းက ချင်းလောက် အရောင်းမသွက်ဘူး လို့လည်း သိရပါတယ်။ လက်ကျန်နနွင်းတွေလည်း အတော် များများ ကျန်နေ တာကြောင့် လှောင်လက်တွေ၊ တောင်သူ တွေ ကတော့ ရောင်းချင်နေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၇၂၀ ကျပ်၊ ၇၃၀ ကျပ်ဈေးရှိပါ တယ်။ တောင်ကြီး ဈေးကွက်မှာ အင်းလေးစနနွင်းကိုတော့တစ်ပိဿာ ၅၅၀ ကျပ်၊ ၆၀၀ ကျပ်နဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဧပြီလ ပထမပတ်အတွင်း နနွင်းတန်ချိန် လေးရာ ငါးဆယ် ကျော်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံ များမှာ စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ ဧပြီလ ဒုတိယပတ် အတွင်းမှာတော့ မန် ကျည်း ၁၆ တန်ကိုသာ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူနိုင်ငံကိုပဲ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် လေးရာကျော် လျော့ နည်းပြီးတင် ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှု မှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ခြောက်ထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့ရဲ့ တစ်ဖက်ကမ်းမှ ဈေးကွက်ထဲကို မြကျောက်သရက်သီးနဲ့ ဘုတ်ထုံသရက်သီးများ ဝင်ရောက်လာပါတယ်။ ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှ မကျီးစုရွာ၊ ရွှေဘုံသာရွာ၊ ညောင်ပင် သာရွာတို့မှ မြကျောက်နဲ့ ဘုတ်ထုံသရက်သီးများ အများဆုံးထွက်ရှိပြီး၊ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့အတွက် ရန်ကုန်၊ မန္တလေးမြို့ကြီးများကို တင်ပို့မှုမရှိသေးကြောင်း သိရပါတယ်။ ဈေးနှုန်းများမှာ မြကျောက် သရက်သီးအရွယ်အစား အလိုက် တစ်လုံးကို ၂၀၀ ကျပ်မှ ၂၅၀ ကျပ်၊ ဘုတ်ထုံသရက်သီးမှာ အရွယ်အစားအလိုက်တစ်လုံးကို ၁၀၀ ကျပ်နဲ့ ၁၂၀ ကျပ် ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။အေးမြတ်ခိုင် - ပြည်
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် တစ်ထောင့် တစ်ရာကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံ များမှာ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ ဧပြီလ ဒုတိယ ပတ်အတွင်းမှာလည်း မန်ကျည်း ၅၈၆ ဒသမ ၈၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူနိုင်ငံကို တန်ချိန် ၄၂၀၊ ပါကစ္စတန်နိုင်ငံကို ၁၁၈ ဒသမ ၈၅ တန်၊ မလေးရှားနိုင်ငံကို ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တင်ပို့မှုနဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ငါးရာကိုးဆယ် နီးပါး လျော့နည်းပြီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှု မှရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်းကျော်ရှိ ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
အရင်နှစ်တွေကတော့ သြင်္ကန်ပြီးကာလတွေမှာ အရောင်းအဝယ်တွေ ခပ် အေးအေးသာဖြစ်နေပေမဲ့ ဒီနှစ်ကတော့ အရောင်းသွက်နေတယ်လို့ဆိုရပါမယ်။ သြင်္ကန်အပြီးမှာ ပြည်ပဝယ်လက်တွေ ဝယ်ယူမှုရှိနေ တာကြောင့် နယ်စပ် လမ်းကြောင်းတွေကနေ ချင်းစို၊ ချင်းခြောက်တွေသွားနေတယ်လို့သိရပါတယ်။ သြင်္ကန်အပြီး နှစ်ဆန်းတစ်ရက်ေ န့ ဈေးစဖွင့်ချိန်မှာတော့ အောင်ပန်းဈေးကွက်က ချင်း (စို) တန် ၁၃၀၊ ချင်းခြောက် ၃၂ တန် တရုတ်ကိုပို့ခဲ့ရပါတယ်။ ရှမ်းပြည်နယ် ထုံးစံ အတိုင်း သြင်္ကန်ပြီးသွားပေမဲ့ တစ်လလုံး၊ လူကြီးမိဘတွေကို ကန်တော့တာရယ်၊ ဘုန်းကြီးေ ကျာင်းတက်တာရယ်ကြောင့် တောင်သူတွေကလည်း လုပ်ငန်းခွင်ကို ပြန်မဝင်ဖြစ်သေးပါဘူး။ ဒါကြောင့်ေ ဈးကွက်မှာလည်း ချင်းအဝင်က မရှိ သလောက် ဖြစ်နေပါတယ်။ လှောင်လက်တွေကလည်း ကြိုက်ဈေးနဲ့ ဖွင့်ပြီးရောင်းနေတာကြောင့် ဈေးကလည်းအတော်တက်လာပါတယ်။ ချင်း (စို)က တစ်ပိဿာကို ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းမှာ အလှူအတန်း တွေပြုလုပ်နေ တာကြောင့် အလှူပွဲတွေမှာမပါမပြီး၊ ချင်း၊ လက်ဖက် ထည့်ပြီး ဧည့်ခံတတ်တဲ့ ဓလေ့ကြောင့် ပြည်တွင်းမှာလည်း အဝယ်လိုက်နေတယ် လို့ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ချင်းဈေးက အတက်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတယ် လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်-တောင်ကြီး
ပြည်ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၇၀၀-၇၅၀ ကျပ်၊ (ရှယ်) ၈၀၀-၉၀၀ ကျပ်တို့ ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးထက် ၁၀၀ ခန့် တက် သွားပါတယ်။ အောင်ပန်းဘက်မှ ချင်းများအခါမတိုင်မီ တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာ အဝင်မရှိဘဲ လက်ကျန် ချင်းများနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်ရှိ ပွဲရုံများမှာ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၄၅၀ ခန့်ထိ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်နဲ့ အရောင်းအဝယ် ပုံမှန်ဖြစ် နေပါတယ်။ ဧရာဝတီနဲ့ ရခိုင်ဘက်ကို ပြည်ဈေးကွက်မှ တစ်ဆင့် စားသုံးမှု အဖြစ် ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းဝင်းခိုင် - ပြည်
မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ဟာ နှစ်စဉ်မြေထောက်ပဲ တန်ချိန် ၈၀၀၀ ကျော်နဲ့ ထောပတ်ပဲတန်ချိန် ၂၀၀၀၀ ကျော်ဝယ်ယူရောင်းချလျက်ရှိပါတယ်။ မြေထောက်ပဲကို ဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက်ဒေသများမှ ဝယ်ယူရရှိပြီး၊ ထောပတ်ပဲကို မတ္တရာ၊ ပုသိမ်ကြီး၊ တံတားဦး၊ ချောင်းဦး၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး၊ မကွေး၊ ချောက်၊ ရေနံချောင်း၊ ပခုက္ကူဒေသများမှ ဝယ်ယူရရှိပါတယ်။
နှစ်သစ်ကူးပွဲတော်အပြီး နှစ်ဆန်း(၂) ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၈ ရက်နေ့ကစပြီး၊ ရှမ်းပြည်နယ်အောင်ပန်း ကုန်စည်ဒိုင်ဈေးကွက်ရဲ့ နှစ်သစ်မှာ ဈေးနှုန်းအသစ်တွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ လယ်ယာထွက်ကုန်ပစ္စည်း အချို့မှာ ဈေးနှုန်းများ တက် ရိပ်ပြဈေးမာခဲ့ကြောင်းသိရပါတယ်။
နှစ်သစ်ကူးပွဲတော်မတိုင်မီ ဧပြီ ၁၁ ရက်က ကြက်သွန်ဖြူတစ်ပိဿာ ၃၅၀ ကျပ် - ၁၀၅၀ ကျပ် အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ပဲရာဇာတစ်ပိဿာ ၁၃၀၀ ကျပ်၊ ချင်းအစိုတစ်ပိဿာ ၂၅၀ ကျပ် - ၃၅၀ ကျပ်၊ အာလူးတစ်ပိဿာ ၂၅၀ ကျပ် - ၅၅၀ ကျပ်တို့နဲ့ဈေးကပိတ်သွားခဲ့ပေမယ့် ဈေးကွက်ပြန်ဖွင့်ခဲ့တဲ့ ဧပြီ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၇၀၀ ကျပ် - ၁၆၅၀ ကျပ်နဲ့ ၁၄၅ တန်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၁၀ ကျပ်နဲ့ ၃၉ တန်၊ ပဲပုပ်တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၃၂ တန်၊ ပဲစင်းငုံ တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ်နဲ့ တန် ၂၀ ၊ ပဲရာဇာတစ်ပိဿာ ၁၄၀၀ ကျပ်နဲ့ ၂၁ တန်၊ ပန်းနှမ်း တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၁၈ တန်၊ ချင်းအစိုတစ်ပိဿာ ၃၅၀ ကျပ် - ၄၅၀ ကျပ်နဲ့ ၁၀၉ တန်၊ နနွင်းတစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ ၅၃ တန်၊ ချင်းခြောက်တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့ တန် ၄၀ ၊ အာလူး တစ်ပိဿာ ၃၅၀ ကျပ် - ၇၅၀ ကျပ်နဲ့ တန် ၂၀၀ ခန့် အသီးသီးဈေးဖွင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ စုစုပေါင်း ကုန်ချိန် ၆၇၇ တန် တင်ပိ့ုရောင်းချနိုင်ခဲ့ကြောင်းနဲ့ နှစ်သစ်ကူး ပွဲတော်အပြီးမှာ ချင်း၊ နနွင်းနဲ့ ချင်းခြောက် ၂၀၂ တန်ကို ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံကို နယ်စပ်မှ တစ်ဆင့်တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း၊ အောင်ပန်းကုန်စည်ဒိုင်ရဲ့အဆိုအရ သိရပါတယ်။ အဆိုပါ လယ်ယာထွက်ကုန်များအနက်မှ အထူးသဖြင့် ကြက်သွန်ဖြူ၊ ပဲရာဇာ၊ အစေ့ထုတ်ပြောင်း၊ ချင်းအစိုနဲ့ အာလူးဈေးနှုန်းများမှာ သိသိသာသာမြင့်တက်ခဲ့ပြီး၊ အခြားကုန်ပစ္စည်းများမှာလည်း အနည်းငယ် ဈေးမာခဲ့ကြောင်းနဲ့ ယခုလို ဈေးနှုန်းမြင့် တက်ပြီး ဈေးမာခဲ့ခြင်းမှာ ဈေးကွက်ဝယ်လိုအားရှိပြီး၊ ပွဲရုံလက်ကျန်နည်းပါး နေတဲ့ အပြင် စိုက်ပျိုးထုတ်လုပ်သူ ဒေသခံတိုင်းရင်းသားများမှာ မြန်မာနှစ်ဆန်း တစ်ရက်မှ ဧပြီလကုန်အတွင်း ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ရပ်နီးရပ်ဝေးရှိ မိဘ ဆွေမျိုးသက်ကြီးရွယ်အိုများနဲ့ ဆရာတော်ကြီးများကို အစုအဖွဲ့အလိုက် လှည့်လည် သွားရောက် ပူဇော်ကန်တော့ခြင်းကိစ္စကိုသာ လုပ်ဆောင်ကြသဖြင့် ပွဲရုံများကို ဒေသ ထွက်ကုန်များလာရောက်ရောင်းချမှုနည်းပါးခြင်း၊ ရာသီဥတုအခြေအနေအရ နဲ့ ရေခန်းခြောက်မှုတို့ကြောင့် သီးနှံ အချု့ိအထွက်နှုန်းကျဆင်းမှုရှိခြင်းတို့ကြောင့်ဖြစ် ကြောင်း သိရပါတယ်။ မင်းအောင် - တောင်ကြီး