Main menu

Background

Wednesday, 6 Mar 2013

ယခုကာလက မန်ကျည်းပေါ်တဲ့အချိန်ဖြစ်လို့ မန်ကျည်းတင်ပို့မှုကလည်း အား ကောင်းနေပါ တယ်။ ပြည်ပ ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း မန်ကျည်း ၁၀၇၈ ဒသမ ၁၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံကို ၂၂၈ ဒသမ ၁၂ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၅၀ ဒသမ ၀၅ တန်၊ မလေးရှားနိုင်ငံကို ၄၅၀၊ အိန္ဒိယကို တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် လေးရာ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ယခုတစ်ပတ်အထိ မန်ကျည်း တင်ပို့မှုက တန်ချိန် ၂၂၃၈ ဒသမ ၁၇ တန်ရှိခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့ တဲ့ဝင်ငွေ စုစုပေါင်းက ကန်ဒေါ်လာ ရှစ်သိန်းကျော်ပြီလို့ သိရပါတယ်။MIRT (DOT)

Wednesday, 6 Mar 2013

ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကို ချင်းအဝင်နည်းနေပါတယ်။ အဝင်နည်း နေသလို အရောင်းကလည်း ပါးနေတယ်လို့ သိရပါတယ်။ ပွဲရုံတွေမှာ ချင်းတွေများ နေပြီး အဝယ်ကတော့ သိပ်မရှိပါဘူး နထစသမအ လည်းရပ်သွားတာကြောင့် ပလပ်တိုက် တာလည်း ရပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလပ်တိုက်တယ် ဆိုတာ က ချင်းအခက်လှတွေကို မြေတွေစင်အောင်သန့်စင်ပြီး တင်ပို့တာ ကို ခေါ်ပါတယ်။ လောလောဆယ် အဲဒီအ လုပ်ကလည်း ရပ်နေတော့ အလုပ်သမားတွေကလည်း အလုပ်နားနေရတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေး က လက်ကျန် ချင်း(ဥမ)က ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးသာရှိပါတယ်။ မျိုးစိုက်ပြီး ပယ်တဲ့ချင်း (ပယ်ချင်း)ကတော့ ၁၅၀ ကျပ် - ၂၀၀ ကျပ်၊ အခက်လှရင် ၂၅၀ ကျပ် - ၃၀၀ ကျပ်၊ ဈေးရှိပြီး အဲဒီအခက်လှမှာမှ မြေဖြူချင်းဆို ၃၀၀ ကျပ် - ၃၂၀ ကျပ်ဈေးရှိပါ တယ်။ နေပူလာတာကြောင့် ချင်းထိုးသမားတွေကလည်း အမှာရပ်နေကြလို့ နှစ်ပတ် မှ ပိဿာ ၉၀၀ - ၁၀၀၀ ခန့်သာတင်ပို့နေရတယ်လို့ သိရပါတယ်။

Wednesday, 6 Mar 2013

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ချင်းတင်ပို့မှုမှာ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း တန်ချိန် ၁၈၉ ဒသမ ၁၄ ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဖောက် သည်ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်တစ်ပတ်ဈေးတင်ပို့ခဲ့တဲ့ တန်ချိန်က တစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ခုနှစ် ဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ငါးသောင်းခုနှ စ်ထောင်ကျော်ဖြစ် တယ်လို့ သိရပါတယ်။MIRT (DOT)

Wednesday, 6 Mar 2013

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ပဲစင်းငုံနဲ့ အစေ့ ထုတ်ပြောင်းများ ဈေးမာလျက်ရှိပြီး၊ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။

Wednesday, 6 Mar 2013

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလကုန်ပတ် ပဲဈေးကွက်မှာ Export အတွက် ရန်ကုန်လှောင်လက်အဝယ်နဲ့ ဒေသခံ ပဲ ကုန်သည်တွေ ဒီနှစ်ပဲအဝင်နည်းမှုကြောင့် ဈေးကွက်မျှော်မှန်း ချက်နဲ့လှောင်ဖို့ အဝယ်သွက်ခဲ့လို့ တစ်ရက်ထက်တစ်ရက် ဈေးခုန်တက်နေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်းမှာ ငုံနီတစ်တင်းအနိမ့်ဆုံး ၁၉၆၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၀၄၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ကုန်စည်ဒိုင်မှာ ပစ္စည်းဝင် ရောက်မှုပေါ် မူတည်ကာ တစ်ရက်အိတ် ၃၀၀၀ မှ ၅၀၀၀ ကြား အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဈေးကွက်ကဆိုပါ တယ်။ ယခုရက်အတွင်း မြင်းမူဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်ကို ငုံနီအိတ် ၁၅၀၀၀ ခန့် တင်ပို့ခဲ့တယ်လို့ ရေယာဉ် ကိုယ်စား လှယ် ရပ်ကွက်က ကြားသိရပါတယ်။

Wednesday, 6 Mar 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မတ်ပဲအသစ်များအဝင်များလာသလို ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲအသစ်များလည်း ဆက်တိုက် ဝင်ရောက် လာခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံကတော့ အဝင်မရှိသလောက်ဖြစ်ခဲ့ပြီး၊ ပဲစင်းငုံသီးနှံနဲ့ ပဲပုပ်သီးနှံမှာ ပဲအဝင်ပါးလာခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပဲသစ်များ အဝင်များလာလို့ ပဲဟောင်းလက်ကျန်များရှိခဲ့သော် လည်း ပဲသစ်များသာ ပိုအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လှောင် လက်သမားများ ဝယ်ယူမှုရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်ယူလျက်ရှိတာကြောင့် ဈေးနှုန်းမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးပိုလာခဲ့ကာ ပဲသစ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်ရက်အိတ် ၂၀၀ - ၃၀၀ ခန့် ရောင်းဝယ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

Wednesday, 6 Mar 2013

၂၀၁၃ ဖေဖော်ဝါရီလ တတိယပတ်ကစပြီး၊ ရွှေဘိုခရိုင်မှ ခင်ဦးနဲ့ ကန့်ဘလူ မြို့နယ်များရှိ ကျေးရွာတွေက ပဲစင်းငုံနီ တွေ အဝင်များလာပါပြီ။ ရွှေဘိုနယ်ထဲကလည်း ဝင်ပေမယ့် အရင်နှစ်တွေကလောက် မများပါဘူး။ ရာသီဥတုမမှန်တော့ သီးနှံတွေကလည်းအထွက်လျော့ကြတယ်လု့ိပဲကုန်သည်တစ်ဦး က ပြောပါတယ်။ လက်ရှိ တစ်တင်းပေါက်ဈေးနှုန်းတွေက တော့ ပဲစင်းငုံနီမှာ ၁၉၀၀၀ ကျပ်ခန့်၊ အဖြူ ၁၇၀၀၀ ကျပ်ခန့်၊ ကုလားပဲ (V2) ၁၇၀၀၀ ကျပ်ခန့်၊ (ထိုင်ဝမ်) ၁၆၀၀၀ ကျပ် ခန့်၊ ပြောင်း ၇၃၃၅ ကျပ်ခန့်၊ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းဖြူ ၃၆၀၀၀ ကျပ်ခန့်၊ နှမ်းအနက် ၃၅၀၀၀ ကျပ်ခန့်၊ နှမ်းနီ (ဆီနှမ်း) ၃၃၀၀၀ ကျပ်ခန့် ဈေးပေါက်နေပါတယ်။ နှမ်း ရောင်စုံကတော့ အဝင်ပါးသွားပြီး၊ ကုလားပဲနဲ့ ပြောင်း ကတော့ အခုမှအစပြုပြီးဝင်တာပါ။ နယ်ကအဝင်များတဲ့ ပဲ ဆို လို့ ပဲစင်းငုံ တစ်မယ်ဘဲရှိပြီး တစ်ရက်ပျမ်းမျှတင်း ၁၈၀၀ ခန့် ဝင်တယ်လို့ ကုန်သည်အသိုင်းအဝိုင်းကပြောပါတယ်။ နှမ်းကတော့ ဝယ်ရောင်းသမားတွေများပြီး၊ ပဲစင်းငုံကတော့ လှောင်လက်အချို့ရှိပါတယ်။ မနှစ်က ပဲစင်းငုံဟောင်းတွေ ကုန်သည်လက်ထဲမှာ တင်း ၃၀၀၀ ခန့် ကျန်သေးတယ်လို့ သိရပြီး၊ တစ်တင်းကို ၁၈၀၀၀ ကျပ်ခန့်ရှိပါတယ်။ ယခုနှစ် လည်း ပေါ်ချိန်ဈေး ကျပ် ၁၇၀၀၀ ခန့်ကစခဲ့တာ လက်ရှိ ပေါက်ဈေး ကျပ် ၁၉၀၀၀ ခန့်အထိ တက်လာတာမို့ လှောင် လက်သမားတွေ အကျိုးရှိနိုင်တဲ့နှစ်လို့ ပဲကုန်သည် အချို့က သုံးသပ်ပါတယ်။ ကျော်မင်းသိန်း - ရွှေဘို

Monday, 25 Feb 2013

ပခုက္ကူကုန်စည်ဒိုင်ရဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ တတိယ ပတ် အရောင်းအဝယ်မှာ ပစ္စည်းအမယ် တော်တော် စုံအောင် ရောင်းဝယ်ကြပါတယ်။ ပဲစင်းငုံအသစ်အဟောင်း၊V2 အသစ်၊ ဟော်လန်အသစ်၊ ပဲယင်း(ယော)၊ ပဲလွန်းပြာ၊ စားတော်ပဲ၊ ပဲတီစိမ်းသေး၊ ပဲကြီးနက်၊ CP ပြောင်းဖူးတွေပါ။ ပဲစင်းငုံနီ အသစ် ဖေဖော်ဝါရီလ ၁၅ ရက်မှာ တစ်ပိဿာ ၈၇၅ ကျပ်၊ တစ်တင်း ၁၇၉၀၀ ကျပ်ကနေ ၂၁ ရက်နေ့မှာ တစ်ပိဿာ ၉၈၀ ကျပ်၊ တစ်တင်း ၁၉၆၀၀ ကျပ်အထိ ဈေးမြောက်လာ တာကို တွေ့ရပါတယ်။ ရန်ကုန်အော်ဒါအမှာများလာတော့ ဒေသခံေ လှာင်လက်ေ တွ ဈေးလှုပ်ရတဲ့ သဘောပါ။ ၂၁ ရက် နေ့မှာပဲ ဒိုင်ချိန်အကုန်ညနေပိုင်းမှာ တစ်တင်း ၂၀၃၀၀ ကျပ် တစ်ပတ်ဆိုင်း၊ ၂၀၇၀၀ ကျပ်တစ်လဆိုင်း၊ အရောင်းအဝယ် ဖြစ်တယ်လို့လည်း အရောင်းအဝယ်လောကရဲ့ သတင်း တစ်ရပ် ထွက်လာခဲ့ပါတယ်။ ဒါတောင် ဝယ်သူများပြီး၊ ရောင်း သူမရှိ ဆိုတာတွေ ကြားရပါသေးတယ်။

Monday, 25 Feb 2013

ဟင်္သာတခရိုင်အတွင်း မြို့နယ်များမှာ မတ်ပဲသစ်များ ဈေးကွက်သို့ ဝင်ရောက် လာရာ အဝင်ရှိသလောက် အရောင်းသွက်နေပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည် ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် မတ်ပဲဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ယခင် အပတ်က ၁၄၁၀၀ ကျပ်ဈေးမှ ယခုအပတ် တစ်တင်းကို ၁၅၂၀၀ ကျပ်နဲ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်သို့ တစ်ရက်ပျမ်းမျှ အိတ် ၅၀၀ ခန့် တင်ပို့နေကြောင်း သိရပါတယ်။အေးအေးခိုင်-ဟင်္သာတ

Monday, 25 Feb 2013

၂၀၁၃ ခုနှစ် ဇန်နဝါရီလ မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း) မှာ ပဲတီစိမ်းကြီး ဈေးမာနဲ့ အရောင်းအဝယ်သွက်သလောက် ယခုလဖေဖော်ဝါရီ တတိယအပတ်မှာ ဇန်နဝါရီပေါက်ဈေးနဲ့ ပဲအရောင်းအဝယ်ဖြစ် ပေမဲ့ အရောင်းအဝယ်အေးကြောင်းသိရပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲအတော် များများ (မတ်ပဲမှလွဲပြီး) ဈေးမြင့်၊ ဈေးမာတာကို တွေ့ရပေမဲ့လည်း ပဲတီစိမ်းကြီးမှာ ဈေးလည်းမအေး၊ ဈေးလည်းမမာဘဲ ယခုနှစ်ဈေးအမြင့်နဲ့ ပဲဈေးငြိမ်လျက်ရှိပါတယ်။ တရုတ်ဝယ်လက်အဆွဲရှိသလို ရန်ကုန်ဝယ်လက်နဲ့ဒေသတွင်း ပဲစက်များမှလည်း ဝယ်ယူလျက်ရှိပါတယ်။ ယခုနှစ်ဖေဖော်ဝါရီတတိယပတ်မှာ ပဲတီစိမ်းကြီးတစ်ပိဿ ၁၂၀၀ ကျပ်၊ (တစ်တန် ၇၄၀၃၈၀ ကျပ်) နဲ့ နေ့စဉ် ၃ တင်းဝင်အိတ် ၅၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ တရုတ်ဝယ်လက်အဆွဲ နည်း သလို ဈေးအနည်းငယ်မြင့်တာကြောင့် လှောင်လက်များကလည်း လက်တွန့်နေ ကြပြီး များများဝယ်၊ မြန်မြန်ရောင်း၊ ပါးပါးစားမယ်လို့ကုန်သည်တစ်ဦးက ပြောပါ တယ်။ ဈေးငြိမ်နေတဲ့အတွက် ဇန်နဝါရီလမှ ယခုအထိ ဈေးအေးသွားနိုင်သလို ယခုထက်ဈေးပိုမိုမာလာနိုင်တဲ့အတွက် လှောင်လက်များမှ ယခုလကုန်အထိ အခြေ အနေကိုစောင့်ကြည့်ပြီးမှ ဝယ်ယူသိုလှောင်ဖို့အတွက် ဆုံးဖြတ်ရမှာဖြစ် ကြောင်း ပဲတီစိမ်းလှောင်လက် ကုန်သည် တစ်ဦးကပြောပါတယ်။စိုးအောင်-မန္တလေး

Pages