Main menu

Background

Monday, 8 Apr 2013

ပြည်ပဲဈေးကွက်အတွင်း မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီးစသဖြင့် ပဲမျိုးစုံ သီးနှံများ အရောင်းအဝယ်ဖြစ်လျက် ရှိရာ ထောပတ်ပဲသီးနှံဟာလည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ ပြည်ဈေးကွက် သို့ ဖေဖော်ဝါရီနောက်ဆုံးပတ် မှစပြီး၊ ထောပတ်ပဲ သစ်များဝင်ရောက်လာခဲ့ပြီး၊ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ကြပါ တယ်။ ထောပတ်ပဲ ဟာ တိုင်းအတွင်း စားသုံးမှု ဖူလုံရုံသာရှိတာကြောင့် အခြားတိုင်းကို တင်ပို့နိုင်ခြင်းမရှိသလို တိုင်းအတွင်း အရောင်း အဝယ်ဖြစ်တဲ့ ပဲများဟာလည်း ဒေသတွင်းမှထွက်ရှိတဲ့ပဲများဖြစ်ပါတယ်။ ရွှေတောင်၊ ကျီးသဲမြို့နယ်များမှ အများဆုံး ဝင်ရောက်ခဲ့ပြီး၊ တစ်ရက်အိတ် ၁၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ လှောင်လက် သမားနဲ့ လက်လီသမားများအဝယ်ရှိတဲ့ အတွက် တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။ခင်ဆွေဝင်း-ပြည်

Monday, 8 Apr 2013

ပြည် ပဲဈေးကွက် မတ်ပဲဈေးမှာ တဖြည်းဖြည်းဈေးမြင့်တက်လာခဲ့ပြီး၊ ပဲတစ် တင်းကို ၁၇၀၀၀ ကျပ်ဈေးမြင့် လာခဲ့တယ်လို့ သိရပါတယ်။ မတ်လရဲ့ ပထမ ပတ်အတွင်း ပဲတစ်တင်းကို ၁၅၀၀၀ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာ တော့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းဘက်မှ ပဲအဝင်ရှိသော်လည်း တစ်နေ့ကို အိတ် ၁၀၀ - ၂၀၀ ခန့်သာ အဝင်ရှိပြီး၊ ပဲစိုက်တောင်သူများမှ တက်ဈေး စောင့်နေတဲ့အတွက် ပဲရောင်းချသူနည်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ် လက်ရှိသော်လည်း လှောင်လက်သမားများက အဝယ်ပိုများနေခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်မှာ တစ်နေ့ကို အိတ် ၄၀၀ - ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး၊ ပြည်ဘက်မှ ရန်ကုန်ကို တစ်နေ့ အိတ် ၄၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။မိမိအေး - ပြည်

Monday, 8 Apr 2013

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းကုန်စည်ဒိုင်မှာ မတ် ဒုတိယ ပတ်အတွင်း ပဲစင်းငုံဈေးကောင်းခဲ့သလို အရောင်းအဝယ်လည်း သွက်ခဲ့တယ်လို့ သိရပါတယ်။ မတ် ပထမပတ်က ပဲစင်း ငုံ တစ်ပိဿာကို ၉၀၀ ကျပ် ဈေးသာ ရှိခဲ့ပြီး၊ ၂၈ တန်ခန့်သာ အရောင်း အဝယ် ဖြစ်ခဲ့ပေမယ့် ဒုတိယပတ်မှာ တော့ ငုံနီတစ်ပိဿာကို ၁၀၅၀ ကျပ် အထိ ဈေးရှိခဲ့ပြီး၊ မတ် ၈ ရက်မှ ၁၄ ရက်အထိ ပဲစင်းငုံ ၃၄၅၀၀ ပိဿာ၊ ၅၆ တန်ခန့် အရောင်းအဝယ်ရှိ ခဲ့တာ ကြောင့်မတ်လပထမပတ်ကထက် နှစ် ဆအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အစေ့ ထုတ် ပြောင်းကတော့ တစ်ပိဿာကို ၄၁၅ ကျပ်နဲ့ ဈေးအနည်းငယ် ပြန်အေး သွားခဲ့ပေမယ့် မတ် ၈ ရက်မှ ၁၄ ရက် ထိ ၇၁၁၀၀ပိဿာ၊၁၁၆ တန် အရောင်း အဝယ်ဖြစ်ခဲ့တာကြောင့်  မတ်လ ပထမပတ်ကထက်ပိုပြီး အရောင်း အဝယ်ဖြစ်ခဲ့တဲ့အပြင် ချင်းခြောက် ကိုလည်း ထိုင်းနဲ့တရုတ်ဝယ်လက်ရှိခဲ့ တာကြောင့် မတ် ဒုတိယပတ်မှာ တန် ၈၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အောင်ပန်းကုန်စည်ဒိုင်ရဲ့ ပြောပြချက် အရ သိရပါတယ်။ မင်းအောင် - တောင်ကြီး

Monday, 8 Apr 2013

မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပဲစင်းငုံ အဟောင်းFOB ရှိလို့ ဒိုင်အတွင်း တစ်ရက်အိတ် ၁၀၀၀ ခန့်နေ့စဉ် အဝယ်သွက်ခဲ့ပြီး၊ ငုံနီအသစ်ဈေးကွက်မှာ တော့ ပဲဟောင်းပဲသစ်လဲဖို့ ဒေသခံလှောင်လက်တွေ အဝယ်ရှိ ခဲ့တဲ့အတွက် တစ်ရက်အိတ် ၂၀၀၀ ဝန်းကျင်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ငုံနီတစ်တင်း ပဲ ဟောင်း ၁၉၀၀၀ ကျပ်၊ပဲသစ် ၂၀၁၀၀ ကျပ်မှ ၂၁၀၀၀ ကျပ် ထိပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ စီးဆင်းမှုအနေနဲ့ မြင်းမူ ဆိပ်ကမ်း ကတစ်ဆင့်ရန်ကုန်ကို ငုံနီအိတ် ၃ သောင်းကျော် တင်ပို့ခဲ့ တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲ မျိုးစုံဈေးကွက်အနေနဲ့ ယခုအပတ်ထဲမှာ နယ်စုံက ကုလားပဲ များ ဒိုင်အဝယ်သွက်လာခဲ့သလို Export  အဝယ်မရှိပေမယ့် ဒေသလှောင်လက်ဝယ်လို အားကောင်း လို့ ဈေးအသင့်အတင့် မာနေတယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်မှာ V2 တစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၇၇၀၀ ကျပ်၊ 929 တစ်တင်း ၁၇၁၀၀ ကျပ် မှ ၁၇၅၀၀ ကျပ်နဲ့ ထိုင်ဝမ်တစ်တင်း ၁၇၂၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ခဲ့ကာ မုံရွာကုန်စည်ဒိုင် ဈေး ကွက်မှာ တစ်ရက်အိတ် ၂၀၀၀ အထက်နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။

Monday, 8 Apr 2013

ကယားပြည်နယ်လွိုင်ကော်မြို့ ပဲစင်းငုံဈေးကွက်မှာ မတ်လ ဒုတိယပတ် အတွင်း ပဲစင်းငုံဈေးမာလျက်ရှိပြီး၊ တစ် ပိဿာကို ၁၀၀၀ ကျပ်ဈေးရှိခဲ့တာကြောင့် နေ့စဉ်ပဲစင်းငုံ ပိဿာ ၃၀ ဝင် ၃၀၀ အိတ်မှ ၄၅၀ အိတ်အထိ ဝင်ရောက် လျက်ရှိပြီး၊ အရောင်းအဝယ်သွက်ခဲ့ကြောင်း၊ လွိုင်ကော်မြို့ခံ ပဲကုန်သည်တစ်ဦးထံမှ သိရပါ တယ်။ ကယား ပြည်နယ် မှာ ၂၀၁၂/၂၀၁၃ မိုးသီးနှံ ပဲစင်းငုံစိုက်ဧက တစ်သောင်း ခန့်ရှိပြီး၊ ကယားပြည်နယ်က ပဲစင်းငုံစိုက်ပျိုး သူ တောင်သူအများစုက သီးသန့် စိုက်ခင်းအဖြစ် စိုက်ပျိုးသူအလွန်နည်းပါးပြီး၊ အစေ့ ထုတ်ပြောင်း စိုက်ပျိုးရာမှာ ကြားသီးနှံအဖြစ်သာအများစုကစိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ယခုနှစ်အတွင်း ပဲစင်းငုံ စိုက်ခင်းများ မှာ နှင်းခါး ကျရောက်မှုမရှိခဲ့ပေမယ့် ရာသီဥတုအခြေ အနေအရ မိုးရွာ သွန်းမှုနည်းပါးခဲ့တာကြောင့် ပဲစင်းငုံထွက်ရှိ မှု လျော့နည်း ကျဆင်းနိုင်ကြောင်း ဒေသခံတောင်သူအချို့ရဲ့ အဆိုအရ သိရပါတယ်။        MA- တောင်ကြီး

Monday, 8 Apr 2013

၂၀၁၃ ခုနှစ်၊ မတ်လ ဒုတိယပတ် ပခုက္ကူ ကုန်စည်ဒိုင်မှာ အရောင်းအဝယ် ဖြစ်တဲ့ သီးနှံတွေကတော့ ပဲစင်းငုံနီ၊ ကုလားပဲဝါကြီး၊ ကုလားပဲဖြူကြီး၊ စွန် တာနီ၊ ပဲဇီးကွက်၊ ပဲယင်း(မြစ်ခြေ)၊ နှမ်းဖြူ၊နှမ်းနီ၊ နှမ်းညို၊ ဃဏ ပြောင်း၊ မန် ကျည်းသီးတောင့်၊ မန်ကျည်းဖတ်အစုံ အရောင်းအဝယ် ဖြစ်ပါတယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၁၀၁၀ ကျပ်၊ တစ်တင်း ၂၀၂၀၀ ကျပ်ကနေတစ်ပိဿာ ၁၀၇၀ ကျပ်၊ တစ်တင်း ၂၁၄၀၀ ကျပ်ဆိုတော့ ဈေးမြောက်နေတယ်လို့ သုံးသပ်ရမှာ ပါ။ရန်ကုန်အော်ဒါလက်အောက် ဒေသ ခံ လှောင်လက်တွေ အပြိုင်ကျဲ အပြိုင် ဆွဲနေတဲ့သဘော ရှိပါတယ်။အချို့ဒေသ ခံ လှောင်လက်တွေ ၁၇၀၀၀ ကျပ် - ၁၇၅၀၀ ကျပ် တစ်ပတ်လည်ကနေ ၂၁၄၀၀ကျပ် ဆိုတော့သင့်ပြီဆိုပြီး လွှတ် ကြသလို ဆက်တက်မယ်ထင်လို့ ဆက် ဆွဲနေတဲ့သူတွေလည်း ရှိတယ်လို့ ကုန် စည်ရပ်ဝန်း သတင်းတွေအရ သိရပါ တယ်။ ဘယ်လိုပဲပြောရပြောရ တစ်နှစ် တာ အရောင်းအဝယ်ရဲ့ ဇာတ်ရှိန်မြင့် လေ့ရှိတဲ့ ဇွန်၊ဇူလိုင်လထိကတော့ ပဲစင်း ငုံ ဇာတ်လမ်း ဘယ်လမ်းနဲ့သွားမလဲ ဆို တာ စောင့်ကြည့်ရဦးမှာပါ။

Monday, 8 Apr 2013

ဟင်္သာတကုန်စည်ဒိုင်ဈေးကွက် မတ်လဒုတိယပတ် ပြောင်းဈေးမှာပိဿာ ၂၀တစ်တင်းကို ၇၄၅၀ကျပ် နဲ့ ဈေးအေးနေပြီး၊ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်း အဝယ်ဖြစ်နေပါတယ်။ ပဲကြီးအသစ်များလည်း ဈေးကွက်ကို ဆက်လက်ဝင် ရောက်လာပြီး၊တစ်တင်းကို ၂၂၃၀၀ ကျပ်နဲ့ ယခင်အပတ် ထက်ဈေးအေးသွား သော်လည်း အရောင်းအဝယ်ဖြစ်မှုအရေ အတွက်ကတော့ယခင်အပတ်ထက် ပိုများ လာပါတယ်။

Tuesday, 12 Mar 2013

ယခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကုလား ပဲထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် လာမယ့်ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတန် ချိန် ၃ သန်း ဝန်းကျင်သာ တင်သွင်း တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ လက်ရှိကုလားပဲထုတ်လုပ်မှုဟာ ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်သွင်းမှုလျော့ ကျလာပြီး ပမာဏအနေနဲ့  မက်ထရစ် တန် ၃ သန်းဝန်းကျင်သာ ရှိမှာဖြစ် ကြောင်း အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအဖွဲ့ ဥက္ကဋ္ဌ Pravin Dongre  က ပြော ကြားခဲ့ပါတယ်။ ယခုနှစ်အတွင်း ပဲမျိုးစုံ တင်သွင်းမှုသည် (မက်ထရစ်)၃ ဒသမ ၃ တန်ဝန်းကျင်သာ တင်သွင်းမှာဖြစ် ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ကနေ ဒါ၊ သြစတြေးလျ၊ မြန်မာနဲ့ အမေရိကန် နိုင်ငံကဲ့သို့ အခြားနိုင်ငံများမှ ပဲမျိုးစုံကို အများဆုံးစားသုံးသူ၊ ထုတ်လုပ်သူ၊ တင် သွင်းသူမှာ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။

Tuesday, 12 Mar 2013

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၂၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၈၇ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၄၄ တန်ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခု အပတ်မှာ ၂၄၂ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့တာကိုတွေ့ရှိရပါ တယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင်လျာစေ့၊ ချဉ်ပေါင် ဖာလာ (အခွံပါ)နဲ့ ကြက်ဆူစေ့တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး နေလဲစေ့၊ ဆီးဆံနဲ့တောချင်းတို့ ကိုတော့ လျော့နည်းတင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိခဲ့တဲ့ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက် နဲ့တောင်လုံးကျော်တို့ကို လည်း ယခု အပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်း တန်ဖိုးရှိ ကတ္တရာသင်္ချေ သုည ဒသမ ၈ တန်ခန့်၊ ကန် ဒေါ်လာ သုည ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုုလ်သီး ၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်း ၁ တန်ခန့်တို့ကိုတင်သွင်းခဲ့ပါတယ်။ ခင်ကလျာဦး၊MIRT (DOBT)

Tuesday, 12 Mar 2013

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၄ တန်ကို ပြန်လည်တင်ပို့မှု ရှိလာတာတွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက နောက်ဆုံးအကြိမ် အပို့ရှိခဲ့ပြီး တင်ပို့မှု ရပ်နားနေရာမှာ ယခုအပတ်မှာ ပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။ မန်ကျည်း သီးမှည့်ပေါ် ရာသီချိန်ဖြစ်သဖြင့် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။

Pages