Main menu

Background

Monday, 26 Nov 2012

ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၃၅၀-၄၀၀ ကျပ်၊ ချင်းဓါးလှီး ၆၀၀ ကျပ်တို့နဲ့ ရောင်း ဝယ်လျက်ရှိနေပါတယ်။ အဝင်အားဖြင့် လည်း ပြည်ဈေးကွက် သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ပိဿာချိန် ၂၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုက်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်-ပြည်

Monday, 26 Nov 2012

ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်နေ့တာ ကာလ အတွင်းချင်း သုည ဒသမ ၁၁ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။  ချင်းကို အောက်တို ဘာ တတိယပတ်မှာ တစ်ကြိမ်တင်ပို့ပြီး နောက်နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့ တာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။               MIRT (DOT)

Monday, 26 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ ထောပတ်ပဲ ၃၉ တန်ခွဲ၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ မတ်ပဲ ၅ တန်ခွဲ၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းဖိုးတို့ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက် အတွင်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်မှာ စွန်တာနီ၊ စွန်တာပြာတင်ပို့မှုမရှိခဲ့ပါဘူး။           မော်မော်အောင်၊ MIRT (DOBT)

Monday, 26 Nov 2012

ပြည်အနောက်ဘက်ကမ်းရှိ ကံမနဲ့ပန်းတောင်းမြို့နယ်များမှ ပြည်ဈေး ကွက်သို့ ဘိုကိတ်ပဲ နေ့စဉ် အိတ် ၄၀-၅၀ ခန့် အဝင်ရှိပါတယ်။ နေ့စဉ်အဝင် ရှိနေတာကြောင့် ဘိုကိတ်ပဲ ပိဿာ ၂၀ တစ်တင်းမှာ ကျပ် ၁၇၀၀၀ ဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ်မှာလည်း ရန်ကုန်ဝယ်လက်များရှိနေတာကြောင့် အဝယ်သွက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ရန်ကုန်သို့ ဘိုကိတ်ပဲများကို ရထား ဖြင့်တင်ပို့ကြောင်းနဲ့ အဝင်ရှိသလောက် အဝယ်ရှိကြောင်းသိရပါတယ်။  ဆုမွန်ဆွေ-ပြည်

Monday, 26 Nov 2012

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၁ ရက်မှ ၁၅ ရက်ထိ ဒေသထွက် ကုန် ၃ မျိုးဖြစ်တဲ့ ကြက်သွန်ဖြူအမြတ်ပါ၊ နှမ်းဖြူ နဲ့မြေပဲဆန်ကုန်ချိန် ၂၈၉၀၀၀ ပိဿာ (၄၇၁ ဒသမ ၉၂ တန်) အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဒေသထွက်ကုန်များမှ ကြက်သွန်ဖြူ အမြိတ်ပါ ၁၄၈၀၀၀ ပိဿာ (၂၄၁ ဒသမ ၆၇ တန်)၊ မြေပဲဆန် စက်ကျ ၁၁၅၀၀၀ ပိဿာ (၁၈၇၅ ဒသမ ၇၈ တန်)နဲ့ နှမ်းဖြူ ၂၆၀၀၀ ပိဿာ (၄၂ ဒသမ ၄၅ တန်) တို့ ဖြစ်ကြောင်း သိရပါတယ်။ လဲချားကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ သီးနှံအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက် သွန်ဖြူအမြိတ်ပါတစ်ပိဿာအနိမ့်ဆုံး ၃၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀ ကျပ်၊ မြေပဲ ဆန်စက်ကျတစ်ပိဿာ အနိမ့်ဆုံး ၁၂၅၀ ကျပ်မှ အမြင့်ဆုံး ၁၄၀၀ ကျပ်နဲ့ နှမ်းဖြူ တစ်ပိဿာ အနိမ့်ဆုံး ၁၉၃၀ ကျပ်မှ အမြင့်ဆုံး ၁၉၅၀ ကျပ်တို့ဖြစ်ပြီး မြေပဲဆန် စက်ကျဈေးနှုန်း မှာ အောက်တိုဘာလထက် ပိုမိုဈေးမာလာကြောင်းနဲ့ ပဲပုပ်စေ့မှာ လက်ကျန်နည်းပါးနေပြီဖြစ်ကြောင်း သိရပါတယ်။    မင်းအောင် - တောင်ကြီး

Monday, 26 Nov 2012

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ တစ်ပတ်အတွင်း ဒေသထွက်ကုန် ၃၄၃၃၅၀ ပိဿာ (၅၆၀ ဒသမ ၆၇ တန်) အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဒေသထွက်ကုန်များမှာ ကြက်သွန်ဖြူ ၈၆၀၀၀ ပိဿာ (၁၄၀ ဒသမ ၄၃ တန်)၊ ပြောင်း ၅၇၅၀၀ ပိဿာ (၉၃ ဒသမ ၈၉ တန်)၊ ပဲပုပ်စေ့ ၁၀၅၀၀ ပိဿာ (၁၇ ဒသမ ၁၄ တန်)၊ ပန်းနှမ်း ၇၂၅၀ ပိဿာ (၁၁ ဒသမ ၈၃ တန်)၊ ချင်းအစို ၅၈၀၀၀ ပိဿာ (၉၄ ဒသမ ၇၁ တန်)၊ နနွင်း ၅၅၀၀ ပိဿာ (၈ ဒသမ ၉၈ တန်)၊ ချင်းခြောက် ၁၃၆၀၀ ပိဿာ (၂၂ ဒသမ ၂၀ တန်)နဲ့ အာလူး ၁၀၅၀၀၀ ပိဿာ (၁၇၁ ဒသမ ၄၅ တန်)ကို တင်ပို့ခဲ့ပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက်သွန်ဖြူ တစ်ပိဿာ အနိမ့်ဆုံး ၄၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ အနိမ့်ဆုံး ၃၂၀ ကျပ်၊ အမြင့်ဆုံး ၃၄၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၅၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ချင်းစို တစ်ပိဿာအနိမ့်ဆုံး ၂၀၀ ကျပ်၊ အမြင့်ဆုံး ၃၀၀ ကျပ်၊ နနွင်း တစ်ပိဿာ အနိမ့် ဆုံး ၉၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၀၀ ကျပ်၊ ချင်းခြောက် တစ်ပိဿာ ၁၃၀၀ ကျပ်နဲ့ အာလူး တစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်၊ အမြင့်ဆုံး ၇၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။                                     မင်းအောင် - တောင်ကြီး

Monday, 26 Nov 2012

ပဲခူတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ယခုနိုဝင်ဘာ စတုတ္ထပတ်အတွင်း မတ်ပဲနဲ့ ပဲတီစိမ်းသီးနှံများမှာ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးပြန်လျော့သွားခဲ့ပြီး၊ ပဲစင်းငုံနဲ့ ကုလားပဲ အမျိုးအစားများကတော့ တစ်တင်း ၅၀၀ ခန့် ဈေးလျော့သွား ခဲ့ပါတယ်။ မတ်ပဲကိုမျိုးသမားများက တစ်တင်း ၁၆၀၀၀ ကျပ် နဲ့ အရည်အသွေးကောင်းပဲများ ဝယ်ယူခဲ့ကြသလို ရန်ကုန် ဝယ်လက်ကတော့ တစ်တင်း ၁၃၈၀၀ ကျပ်နဲ့သာ ဈေးလျော့ အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၂၅၀ ခန့် ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Monday, 26 Nov 2012

မုံရွာကုန်စည်ဒိုင် နိုဝင်ဘာတတိယပတ် ပဲဈေးကွက်မှာ ကထိန်အလှူနဲ့ ဝယ်သူရောင်းသူတွေနှေးကွေးပြီး ဈေးအေး ခဲ့ရပါတယ်။ ကုလားပဲဈေးကွက်တော့ ဒီရာသီ ဒီလတွေဖြစ် တတ်တဲ့ သဘာဝအတိုင်း V2 လိုင်းမှာ ဈေးအတက်စောင့်တဲ့ ကုန်သည်တွေ အထုတ်နှေးခဲ့ပြီး မျိုးပိုလို့ ရောင်းတဲ့သူတွေနဲ့ ဒေသတွင်းက စက်သမားတွေ အဝယ်ညီလို့ ထုံးစံမပျက် တစ်ရက်ကို အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

Monday, 26 Nov 2012

ရန်ကုန်ဘုရင့်နောင်ပဲဈေးကွက်မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းကစပြီး အရောင်းအဝယ်အေး ဈေးအေးခဲ့ရာက ယခုတစ်ပတ်ထိလည်း ဆက်ပြီးအေးနေတုန်းပဲလို့ သိရပါတယ်။ ပဲမျိုးစုံဈေးတွေကလည်း ပြီးခဲ့တဲ့ သီတင်းပတ်နဲ့ ယှဉ်ရင် တစ်တန် ကျပ်နှစ်သောင်းခန့် ကျ ဆင်းလာတာလည်း တွေ့ရပါတယ်။ အရောင်းအဝယ် ပါးတာ ကြောင့် ပဲတီစိမ်းကလွဲပြီး အခြားပဲတွေရဲ့ တင်ပို့မှုတွေကလည်း ယခင်သီတင်းပတ်တွေ ထက်ပိုပြီး လျော့လာတာတွေ့ရ ပါတယ်။

အိန္ဒိယဘက်မှာ မိုးပဲအထွက်လျော့တဲ့အတွက် ပဲဈေးတွေ ပြန်မာလာဦးမယ်လို့ ကုန်သည်ကြီး များ မျှော်မှန်းခဲ့ကြပေမဲ့ တကယ့် လက်တွေ့မှာတော့ အိန္ဒိယပြည်တွင်းမှာ ဝယ်လိုအားတွေနည်းတာ ရယ်၊ အခြားအာဖရိက၊ ကနေဒါတို့က ပဲတင်းသွင်းမှုတွေရှိနေတာ ရယ်ကြောင့် မြန်မာပဲ ဝယ်လိုအား ဆက်တိုက်ဆိုသလို ပါးလာခြင်း ဖြစ်တယ်လို့ ကုန်သည်တစ်ဦးကဆိုပါတယ်။ နောက်ပြီး အိန္ဒိယရဲ့ ငွေကြေး တန်ဖိုး က တောက်လျှောက်ကျနေတဲ့အတွက်လည်း တင် သွင်းမှုကို လျှော့ချ လာကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယ ဝယ်လက်ကို အမှီပြုနေရတဲ့ ပဲဈေးကွက်အနေနဲ့ လတ်တလောမှာ စင်ကာပူ ဝယ်လက်တချို့ရဲ့ ဝယ်လိုက်ပျောက်လိုက်ပေါ်မှာပဲ စောင့်စားနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီတစ်ပတ်အတွင်း ပြည်တွင်းဈေးကွက်မှာ ပဲစင်းငုံ အရောင်း အဝယ်အချို့ရှိခဲ့ပေမဲ့လည်း ဈေးကတော့ အကျဘက်ဆင်းနေ တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကို အဝယ်အချို့ရှိပေမဲ့ အခု နောက်ပိုင်း ဝင်လာတဲ့ ပဲတီစိမ်းအချို့ အရည်အသွေးနိမ့်လာသလို အခြားပဲဈေးတွေ ကျရိပ်နဲ့အတူ ပဲတီစိမ်းဈေးလည်း အကျနဲ့ အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအနေနဲ့ ဘုရင့် နောင်ကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့ တစ်ပတ်က တစ်တန် ကျပ် ၄၇၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဒီတစ်ပတ် နိုဝင်ဘာ ၂၃ ရက်မှာ တော့ကျပ် ၄၅၀၀၀၀ ကို လျော့ကျခဲ့ပါတယ်။ အလားတူ ပဲတီစိမ်း မှာလည်း ပြီးခဲ့တဲ့ တစ်ပတ်က ၇၅၀၀၀၀ ကျော် ဈေးရှိခဲ့ရာမှ ကျပ် ၇၁၃၀၀၀ ကျော်ကို ကျပ်သုံးသောင်းကျော်လျော့ကျခဲ့ပြီး ပဲစင်းငုံမှာလည်း ကျပ် ၅၄၀၀၀၀ ကျော်မှ ၅၂၀၀၀၀ ကျော်ကို အသီးသီးလျော့ကျလာတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ဝယ်လိုအားနည်းနေတာရယ်၊ ပဲအသစ်တွေဝင် လာနေတာရယ်အပြင် ရူပီးတန်ဖိုးတွေ ဆက်ပြီးကျဆင်းဦးမယ် ဆိုရင် ပြည်ပပဲဝယ်ယူမှုနည်းလာနိုင်တဲ့အတွက် မြန်မာပဲဈေးလည်း လာမယ့်လ မှာ ဈေးတစ်တန်းလောက်လျော့နိုင်သေးတယ်လို့ ကုန်သည်တစ်ဦးက ခန့်မှန်းထားပါတယ်။ ပဲတင်ပို့မှုအနေ နဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ တန် ချိန် ၉ သိန်းကျော်၊ ကန်ဒေါ်လာ ၅၇၄ သန်းဖိုး ခန့်တင်ပို့ထားပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ် ကာလတူအတွင်းမှာ တန်ချိန် ၉၄၀၀၀၀ ခန့်တင်ပို့ထားခြင်းမှ ကန်ဒေါ်လာ သန်း ၇၈၀ ခန့်ရရှိထားတဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၄ သောင်းခန့်လျော့နည်းတင်ပို့နိုင်သလို ရရှိတဲ့ ဝင်ငွေ မှာလည်း ကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကျော် ကျဆင်းတာတွေ့ ရပါတယ်။ ပဲတစ်မျိုးချင်းအနေနဲ့ မတ်ပဲတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် အတွင်း တန်ချိန် ၄၁၀၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂၄၁ သန်းကျော်ရရှိထားရာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူတင်ပို့မှု တန်ချိန် ၄၅၆၀၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၈၃ သန်းခန့်ရရှိဝင်ငွေနဲ့ ယှဉ်ရင် ယခုနှစ်မှာ တန် ၄ သောင်းကျော်၊ ကန်ဒေါ်လာ ၁၄၂ သန်းခန့်  လျော့နည်းကြောင်း သိရပါတယ်။ အလားတူပဲတီစိမ်းမှာလည်း ယခုနှစ်မှာ တန်ချိန် ၁၇၀၀၀၀ ကျော် မှ ကန်ဒေါ်လာ ၁၃၁ သန်းရရှိထားရာ ယခင်နှစ် တင်ပို့မှု တန်ချိန် ၂ သိန်းကျော်၊ ကန်ဒေါ်လာ ၂၀၁ သန်းကျော်နဲ့ ယှဉ်ရင် ပမာဏ အားဖြင့်တန်ချိန် ၃ သောင်း၊ ကန်ဒေါ်လာ ၇၀ သန်းကျော် လျော့ နည်းကြောင်း သိရပါတယ်။              ယမင်းခင်
 

Monday, 19 Nov 2012

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၁၆-၁၁-၂၀၁၂                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

8/11
15/11
ပြောင်းလဲမှု
8/11
15/11
ပြောင်းလဲမှု
8/11
15/11
ပြောင်းလဲမှု

1
မတ်ပဲ
580
580

625
623

739
-

2
ပဲစင်းငုံ
670
670

787
710

739
-

3
ပဲတီရွှေဝါ
900
930

1010
1037

955
-

4
ကုလားပဲဖြူလုံးကြီး
600
700

859
860

854
-

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Pages