Background
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ တန် ၄၀ ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မန်ကျည်း မှည့် (အစေ့ပါ) တင်ပို့မှုရှိခဲ့သော်လည်း ယခုအပတ်မှာတင်ပို့မှုမရှိခဲ့ဘူးလို့သိရပါတယ်။ ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မန်ကျည်းစေ့များကို အမှုန့်ကြိတ်ပြီး ဘိလပ် မြေနဲ့ ရောသုံးတာဖြစ်ပါတယ်။ မြင့်မြင့်မာ
သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်နေ့တာကာလအတွင်း မန်ကျည်း တန် ၁၀၀ ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ အပတ်စဉ်တစ်ပတ်ကို ပျမ်းမျှ မန်ကျည်းတင်ပို့မှုက တန်ချိန် တစ်ရာဝန်းကျင်မှာရှိနေခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၅၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းငါးထောင်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ကလောမြို့နယ်၊ဟဲဟိုးမြို့နယ်နဲ့အောင်ပန်းမြို့နယ်က ချင်းသစ်တွေလည်း ဖော် လာတာကြောင့် အောင်ပန်းေ ဈးကွက်ကို လှိုင်လှိုင်ဝင်လာပါပြီ။ တစ်ရက်ကို ပိဿာ ချိန် သောင်းဂဏန်းခန့် အဝင်ရှိနေပါတယ်။ ဝင်သလောက် လည်း ပြန်ပြီးအရောင်း သွက်နေပါတယ်။ ပွင့်လင်းရာသီရောက်လာတာကြောင့် အရောင်းအဝယ် ကလည်း ကောင်း လာတယ်လို့ဒေသခံတွေကဆိုပါတယ်။ ချင်းတက်တွေ အဝင်များလာ ပေမယ့် အဆွဲကလည်းများနေ တာကြောင့် ဈေးကလည်း အရင်တစ်ပတ်ကထက် ပိုတက်လာပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါ တယ်။
ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ ချင်းအရောင်းအဝယ်မှာ ပစ္စည်းအရည် အသွေး ပိုကောင်းလာတဲ့အတွက် အရောင်း အဝယ်ပိုဖြစ်ကြောင်းသိရပါတယ်။ စီးဝင်မှုအားဖြင့် အောင်ပန်းဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်ရှိပြီး၊ လက်လီ ရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအဖြစ် လက်ကျန်မရှိ၊ အရောင်း သွက်လျက်ရှိနေပါတယ်။ အရောင်းသွက်ပေမဲ့ ဈေးနှုန်းမှာ ပုံမှန်ရှိနေပြီး၊ ချင်းတစ်ပိဿာ (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၃၅၀ ကျပ်၊ ၄၀၀ ကျပ်၊ ချင်း (ဓားလှီး) ၆၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းဝင်းခိုင်-ပြည်
အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်းဒေသထွက်ကုန် ၃၇၇၀၀၀ ပိဿာ (၆၁၅ ဒသမ ၆၂ တန်) အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခင်အပတ်က ထက်(၁၈၇ ဒသမ ၀၄ တန်)ပိုမိုရောင်းဝယ် တင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါဒေသထွက်ကုန်များမှာ ကြက်သွန်ဖြူ ၆၂၅၀၀ ပိဿာ(၁၀၂ ဒသမ ၀၅ တန်)၊ပြောင်း၆၈၀၀၀ ပိဿာ(၁၁၁ဒသမ ၀၄ တန်)၊ ပဲပုပ် စေ့ ၂၄၀၀၀ ပိဿာ (၃၉ ဒသမ ၁၉ တန်)၊ ပန်းနှမ်း ၆၂၀၀ ပိဿာ (၁၀ ဒသမ ၁၂ တန်)၊ ချင်းအစို ၈၅၀၀၀ ပိဿာ (၁၃၈ ဒသမ ၈၀ တန်)၊ နနွင်း ၄၃၀၀ ပိဿာ (၇ ဒသမ ၀၂ တန်)၊ ချင်းခြောက် ၅၀၀၀ ပိဿာ (၈ ဒသမ ၁၆ တန်)နဲ့ အာလူး ၁၂၂၀၀၀ ပိဿာ (၁၉၉ ဒသမ ၂၁ တန်) တို့ဖြစ်ကြောင်းသိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာသုညဒသမ ၁၁၆ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး ပြည့် ၁၃၈ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၁၅၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း ၁၄၂ တန်ကို တစ်ဖက်တရုတ်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်ပဲတီစိမ်း တင်ပို့မှု တန် ၂၈၀ ကျော်ရှိတဲ့အတွက် ယခင်အပတ်ထက် ၃၁ တန်ကျော် ပိုမို တင်ပို့နိုင်တာတွေ့ရပါ တယ်။ နှစ်ဖက်မြေပြင်ပေါက်ေ ဈးများကိုကြည့်တဲ့အခါ ယခင် အပတ်ကထက် ဈေးမြင့်လာတာ တွေ့ရပါတယ်-
နိုဝင်ဘာ တတိယပတ်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲမျိုးအဝယ်လိုက်လာလို့ ဈေးမြင့်လာခဲ့သလို ပဲတီစိမ်း သီးနှံကလည်း ဝယ်လိုအားများနေတဲ့အတွက် ဈေးမြင့်လာခဲ့ တာကိုတွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ ရန်ကုန် လိုင်းသမား များမှ တစ်တင်း ၁၄၈၀၀ ကျပ်နဲ့ နေ့စဉ် အိတ် ၁၀၀-၁၅၀ ခန့်အရောင်းအဝယ်ဖြစ်သလို မျိုးပဲဈေးကတော့ အရည် အသွေးလိုက် ဝယ်ယူတဲ့အတွက် တစ်တင်း ၁၆၅၀၀ ကျပ်ထိ ဈေးရခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယပတ်မှာ ပဲအများစု ဈေးအေး၊ အရောင်းအဝယ်အေးခဲ့ပြီး၊ နှမ်းဈေး ကတော့ အသင့်အတင့်မာနေကာ အရောင်းအဝယ်လည်း သွက်ခဲ့ တယ်လို့ သိရပါတယ်။
ပုံမှန်အနေနဲ့ အိန္ဒိယမှာ ၂ နှစ်ဆက်တိုက် ပဲအထွက်လျော့ ကျခြင်းဟာ အိန္ဒိယရဲ့ ပဲတင်သွင်းမှု ကို မြင့်တက်စေမှာဖြစ်ပေမဲ့ ယေဘုယျခန့်မှန်းချက်နဲ့ လွဲချော်ပြီး၊ ဒီနှစ်ရဲ့ ပဲလက်တွေ့ တင်သွင်း ဝင်ရောက်မှုက ဒီဘဏ္ဍာနှစ်ဆန်း ဧပြီလကစပြီး အတော်လေး လျော့ကျနေပါတယ်။ ဒီနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမ ၆ လအတွင်း ပဲမျိုးစုံတင်သွင်းမှုက တန်ချိန် ၁၂ သိန်းခန့် သာ ရှိခဲ့ပါတယ်။ ၂၀၁၁ ဧပြီလမှ စက်တင်ဘာလအတွင်း တင်သွင်း ခဲ့တဲ့ တန်ချိန် ၁၄ ဒသမ ၇ သိန်း၊ ၂၀၁၀ ကာလတူ တင်သွင်းမှု တန်ချိန် ၁၃ သိန်းတို့ထက် ဒီနှစ်တင်သွင်းမှု ပမာဏ ကျဆင်းခဲ့ပါ တယ်။
ပြည်တွင်းထုတ်လုပ်မှုကိုအားပေးဖို့ ပဲမျိုးစုံတင်သွင်းခွန် ၁၀ ရာခိုင်နှုန်းကောက်ခံရေး အိန္ဒိယနိုင်ငံ လယ်ယာ ထွက် ကုန် ကုန်ကျစရိတ်နဲ့ဈေးနှုန်းကော်မရှင် (CACP) မှ အကြံပြု ကြောင်းသိရပါတယ်။ ဒါ့အပြင် မျှတတဲ့ ကုန်သွယ်ရေးမူဝါဒ တစ်ခုဖြစ်လာစေဖို့ ပဲတင်ပို့မှုတိုးမြှင့်ဖွင့်လှစ်ပေးဖို့လည်း အကြံ ပြုကြောင်းသိရပါတယ်။ လက်ရှိမှာ ပဲမျိုးစုံတင်သွင်းမှု အပေါ် အခွန်ကောက်ခံခြင်းမရှိဘဲ ပဲအမျိုးအစားတော်တော်များများ ကို ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပါတယ်။