Main menu

Background

Monday, 12 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၂ သန်းတန်ဖိုးရှိ နနွင်းတက် ၁၃ တန်ကျော်ကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်ထိ ကာလအတွင်းမှာ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် တန်ချိန်အနည်းငယ်ပိုမိုတင်ပို့ခဲ့ပါတယ်။  ယခုအပတ်မှာ မြဝတီနယ်စပ်မှ နနွင်းတက်အပို့မရှိခဲ့ပါဘူး။ အောက်တိုဘာလအတွင်း နယ်စပ်မှနနွင်းတက် ၂၄၇ တန်ကျော် တန်ဖိုး သုည ဒသမ ၃၈၉ ဒေါ်လာသန်းဖိုး တင်ပို့ထားပြီးဖြစ်ပါတယ်။မော်မော်အောင်၊ MIRT (DOBT)

Monday, 12 Nov 2012

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာနောက်ဆုံး ပတ်အတွင်း နနွင်း ၇၃ ဒသမ ၀၁ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်ကမလေးရှားနိုင်ငံကို ၄၀ ဒသမ ၀၁ တန်နဲ့ အိန္ဒိယကို ၃၃ တန်ဖြစ်ပါ တယ်။ FOB ဈေးကတစ်တန်ကိုကန်ဒေါ်လာ ၅၁၀ ဒသမ ၅၄၀ ရရှိခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် တစ်ရာ့ ငါးဆယ်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းအပို့လျော့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလအတွင်း မလေးရှား၊ ပါကစ္စ တန်နဲ့ အိန္ဒိယနိုင်ငံတွေကို နနွင်းတန်ချိန် ၃၀၄ ဒသမ ၆၂ တန်တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နနွင်းတင်ပို့မှုက တန်ချိန် ငါးရာကျော် ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ နနွင်းတင်ပို့မှု လျော့ခဲ့ပါတယ်။                      MIRT (DOT)

Monday, 12 Nov 2012

အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်ထိကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စ ပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၃ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ တန် ၆၀ နဲ့ ကန်ဒေါ်လာသုညဒသမ ၀၀၇ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်(အစေ့ပါ)၁၀ တန်တင်ပို့ခဲ့ပါတယ်။အောက်တိုဘာလအတွင်း နယ်စပ် မှ မန်ကျည်းစေ့နဲ့ မန်ကျည်းမှည့် (အစေ့ပါ)တင်ပို့နိုင်မှုတွေကတော့ မန်ကျည်းစေ့ ၁၈၅ တန်နဲ့ မန်ကျည်းမှည့် (အစေ့ပါ) တန် ၁၁၀ အသီးသီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 12 Nov 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာနောက်ဆုံးပတ်မှာတော့ မန်ကျည်း တန်ချိန် ၁၀၀ ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စင်ကာပူနိုင်ငံကို တင်ပို့ နိုင်ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ် ဆိုရင် အောက်တိုဘာလအတွင်း ပါကစ္စတန်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကို မန်ကျည်းတင်ပို့မှုက ၁၃၃ တန်ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း တင်ပို့မှုမှာ တန်ချိန်နှစ်ရာကျော် ရှိခဲ့တာကြောင့် အောက်တို ဘာလမှာ မန်ကျည်းတင်ပို့မှု လျော့ခဲ့ပါတယ်။                           MIRT (DOT)

Monday, 12 Nov 2012

အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်တော့ ချင်းအဝင်များလာပါတယ်။ ချင်း သစ်နဲ့ချင်း(ဥမ)တွေ အဝင်များနေပေမယ့်ေ ဈးကတော့တက်လာပါတယ်။ အောင်ပန်း ဒေသတစ်ဝိုက်က ချင်းသစ်တွေ ဈေးကွက်ကို ဝင်လာတာကြောင့် အဝင်များနေ တယ်လို့ သိရပါတယ်။ ဒါပေမယ့် ချင်း(ဥမ)က ပိုပြီးအဝင်များနေတယ်လို့လည်း ပွဲရုံတွေက သိရပါတယ်။ လှောင်လက်တွေနဲ့ တောင်သူတွေကလည်း လက်ထဲမှာ ရှိနေတဲ့ ဥမတွေကို ချင်းအသစ်တွေ သိပ်မလှိုင်ခင်မှာ အကုန်ထုတ်ရောင်းနေ ကြပါ တယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ငါးသောင်းခန့်အဝင်ရှိနေပါတယ်။ ချင်းသစ် တွေကလည်း ရင့်နေပြီဖြစ်တာကြောင့် ခြံရှင်တွေအတော်များများကလည်း ဖော် နေကြပါပြီ။ အဝင်များသလို အရောင်းကလည်း ပုံမှန်တော့ဖြစ်နေတယ်လို့ သိရပါ တယ်။ ချင်း(ဥမ)က တစ်ပိဿာ ၂၅၀ ကျပ်ဈေးရှိပြီး၊ ချင်း(သစ်)ကတော့ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အရောင်းအဝယ်ခပ်အေးအေးသာဖြစ်နေတယ်လို့ သိရပါတယ်။ ပွဲရုံတွေက တစ်ပိဿာကို ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးနဲ့ လက်လီ သာ ဝယ်မှုရှိတယ်လို့ သိရပါတယ်။                     ဧဧခိုင် - တောင်ကြီး

Monday, 12 Nov 2012

ယခုတစ်ပတ်မှာတော့ အောင်ပန်းဘက်မှ ချင်းများ အနည်းငယ်ရင့်လို့ အိတ် များနဲ့ အဝင်ရှိနေပြီး ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့်ကို ယခင်အပတ်ထက် ပိုမို စီးဝင်မှုရှိလာပါတယ်။ အရောင်းအဝယ်မှာလည်း လက်လီ၊ လက်ကားရောင်းဝယ်သူ များနဲ့ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါအဝင် အိတ် ၂၃၀ ခန့်နဲ့ ယခင်အပတ်ကထက် အရောင်းသွက်လျက်ရှိနေပါတယ်။ လှောင်လက်သမား များမှ ချင်းအသစ်ဖြစ်လို့ မှိုလိုက်တာကြောင့် ဝယ်ယူမှုမရှိသေးဘဲ ကထိန်အလှူပွဲ ရက်များဖြစ်လို့ စားသုံးသူများ၊ ချင်းဓါးလှီးသမားများ အဝယ်လိုက်နေတာကြောင့် ပြည်ဈေးကွက်အတွင်း အရောင်းသွက်နေတာဖြစ်ကြောင်းသိရပါတယ်။ ပွဲရံုံများရှိ ချင်းဈေးမှာ တစ်ပိဿာကို (ဂျွန်) ၃၅၀-၄၀၀ ကျပ်၊ (ရှယ်) ၆၀၀ ကျပ်၊ ချင်း (ဓါးလှီး) ၆၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ ဝင်းဝင်းခိုင်-ပြည်

Monday, 12 Nov 2012

အောက်တိုဘာလ ၃၁ ရက်မှ နိုဝင် ဘာလ ၆ ရက်နေ့အတွင်းမှာတော့ ချင်းခြောက် ၁၅ ဒသမ ၁၆ တန်ကျော် တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၀၃၀ သန်းဖိုးကို မူဆယ်နယ်စပ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။                       MIRT (DOBT)

Monday, 12 Nov 2012

အောက်တိုဘာလအတွင်းမှာ ချင်းတင်ပို့မှုက ၁၄ တန်သာရှိခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။  ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ချင်းတင်ပို့မှု တန်ချိန်လေးဆယ်ကျော်ရှိခဲ့တာကြောင့် ယခုနှစ် မှာ ချင်းတင်ပို့မှုက အပို့လျော့ခဲ့ပါတယ်။                             MIRT (DOT)

Monday, 12 Nov 2012

နိုဝင်ဘာဒုတိယပတ်အတွင်းပြည်ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ် ဈေး နှုန်းများမှာ ဈေးငြိမ်အရောင်းအ ဝယ်ဖြစ်ခဲ့သော်လည်း ပဲစင်းငုံဈေးနှုန်းအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ လက်ကျန်များနဲ့ အရောင်းအဝယ် ဖြစ်လျက် ရှိပြီး၊ ရန်ကုန်ဝယ်လက်နေ့တိုင်း အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းသီးနှံမှာ ဈေးကွက်ကို ပဲသစ်များ နေ့စဉ်အဝင်ရှိနေခဲ့ပြီး၊ ကံမ၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ တာဖြစ်ပါတယ်။ အိတ် ၃၀၀ ကျော်အဝင်ရှိသလို ဝယ်လိုအားများနေတဲ့အတွက် အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း မတ်ပဲတစ်တင်း ၁၅၅၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ပဲစင်းငုံမှာ ဈေးကွက်အတွင်း ပဲလက်ကျန် များ ရှိခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အေးနေခဲ့သလို ပဲဈေးမှာ ယခင် အပတ်က တစ်တင်း ၁၈၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်ထိ ဈေးလျော့သွားခဲ့ပါတယ်။

Monday, 12 Nov 2012

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းများကတော့ ကြက် သွန်ဖြူတစ်ပိဿာ အနိမ့်စ ၄၀၀ ကျပ်မှ ၄၅၀ ကျပ်၊ ထိပ်စ တစ်ပိဿာ ၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ အနိမ့်ဆုံး ၂၈၀ ကျပ်၊ အမြင့်ဆုံး ၃၁၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ အနိမ့်ဆုံး ၉၀၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ အနိမ့်ဆုံး ၁၀၅၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၁၈၀ ကျပ်၊ အမြင့်ဆုံး ၂၅၀ ကျပ်၊ နနွင်းတစ်ပိဿာ အနိမ့်ဆုံး ၈၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၅၀ ကျပ်၊ အာလူးတစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်နဲ့ အမြင့်ဆုံး ၆၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။

Pages