Main menu

Background

Sunday, 18 Nov 2012

အိန္ဒိယနိုင်ငံရဲ့ နနွင်းအဓိကစိုက်ပျိုးတဲ့ အင်ဒရာပရာ ဒေ့ရှ်၊ တမီလ်နာဒူး၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာ တို့မှ တောင်သူများက ၎င်းတို့ရဲ့ အနိမ့်ဆုံးရောင်းချဈေးကို စုပေါင်း သတ်မှတ်တဲ့အတွက် လာမယ့်ရက်တွေ မှာနနွင်းဈေးမြင့်တက် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာရှိတဲ့ နနွင်းတောင်သူများ ဟာ နိုဝင်ဘာလ ၁၀ ရက်မှာ အခြားပြည် နယ် ၃ ခုမှ တောင်သူများနဲ့ ပေါင်းစပ်ပြီး၊ လက်ရှိဈေးကွက် ပေါက်ဈေး တစ်တန် ရူပီး ၅၀၀၀၀ မှ ၆၀၀၀၀ ကြား  (ကန် ဒေါ်လာ ၉၀၉ မှ ၁၀၉၁ ကြား)ရှိပေမယ့် အနိမ့်ဆုံးရောင်း ဈေးကို ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၈၁၈) သတ်မှတ်ခဲ့ တယ်လို့ သိရပါတယ်။

Sunday, 18 Nov 2012

နနွင်းအသစ်တွေကတော့ နောက်နှစ်ဆန်းပိုင်းမှသာ ဝင်လာတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ နနွင်း လက်ကျန်တွေကလည်း တော်တော်များများကျန်နေပါသေးတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်က နနွင်းဈေးကောင်း ချိန်မှာ နနွင်းတွေကို အကောင်း၊ အညံ့ရောနှောပြီး၊ ရောင်းကြတာကြောင့် နနွင်းဈေးကွက်က ပျက်သွားတယ်လို့ ဆိုပါတယ်။ အရည် အသွေးမမီတဲ့ နနွင်းတွေကိုရောပြီး ရောင်းကြတာကြောင့် နောက်ပိုင်းမှာ နနွင်းဈေးကကျပြီးရင်း ကျလာတယ်လို့ သိရပါတယ်။ ရှမ်းတောင်ကထွက်တဲ့ နနွင်းတွေမှာ ဆင်တောင်နနွင်းပြီးရင် ဟိုပုံးနနွင်းက အရည်အသွေး ကောင်းတာကြောင့် တခြားနနွင်း တွေထက်ဈေးပိုရပါတယ်။ ယခုလောလောဆယ်မှာတော့ ဟိုပုံးနနွင်း ကို တစ်ပိဿာ ၈၅၀ ကျပ် ဈေးခေါ်ခဲ့ပေမယ့် ဝယ်လက် တွေကတော့ ၈၀၀ ကျပ် ပတ်ချာလည်လောက်သာပေးချင်နေပါတယ်။အရောအနှောနနွင်းမဟုတ်ဘဲနနွင်းအစစ်ဖြစ်တာကြောင့် ရောင်းသူကလည်း ဈေးမလျော့နိုင်လို့ အရောင်းအဝယ်ကလည်း အေးနေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူမှုရှိနေတာကြောင့် အရောင်းအဝယ်ကလည်း ခပ်အေးအေးသာရှိနေပြီး၊ ဒီတစ်ပတ်နနွင်းပေါက် ဈေးက ပင်လောင်းနနွင်းဆိုရင် ၄၅၀ ကျပ်၊ နနွင်း(ရိုးရိုး)က ၉၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင် - တောင်ကြီး

Sunday, 18 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ နနွင်းတက် ၁၈ တန်ကျော်၊ မြဝတီနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၂၀ သန်းတန်ဖိုးရှိ နနွင်းတက် ၁၁ တန်ခွဲကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မြဝတီမှတင်ပို့မှု မရှိခဲ့ဘဲ ယခုအပတ်မှာတော့ နယ်စပ်များမှ နနွင်းတက် ၁၆ တန်ကျော် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။                                          မော်မော်အောင်

Sunday, 18 Nov 2012

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၀ ရက်နေ့တာကာလအတွင်း နနွင်း ၄ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နနွင်းတင်ပို့မှုက တန်ချိန် ခုနှစ်ဆယ်ကျော်ရှိခဲ့ကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၅၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။      MIRT (DOT)

Sunday, 18 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၈၂၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ အများ ဆုံးတင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ နနွင်းတက် (ရှမ်း/ကျောက်ဆည်)၊ သရက် ပြားခြောက်၊ ကွမ်းစားဂမုန်း၊ ဆီးဆံ၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ မိကျောင်း ကွမ်းဖတ်စေ့၊ တောချင်း၊ ကွမ်းသီးခွံ၊ စကားပန်းပွင့်ခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ဝဥခြောက်၊ တောင်လုံးကျော် နဲ့ ကြောင်လျာစေ့တို့ဖြစ် ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်မှာ  တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးရှိ ရှိန်းခိုတစ်တန်ကို တင်သွင်းခဲ့ပါတယ်။ခင်ကလျာဦး၊ MIRT(DOBT)

Sunday, 18 Nov 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ တန် ၄၀ ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မန်ကျည်း မှည့် (အစေ့ပါ) တင်ပို့မှုရှိခဲ့သော်လည်း ယခုအပတ်မှာတင်ပို့မှုမရှိခဲ့ဘူးလို့သိရပါတယ်။ ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မန်ကျည်းစေ့များကို အမှုန့်ကြိတ်ပြီး ဘိလပ် မြေနဲ့ ရောသုံးတာဖြစ်ပါတယ်။                     မြင့်မြင့်မာ

Sunday, 18 Nov 2012

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်နေ့တာကာလအတွင်း မန်ကျည်း တန် ၁၀၀ ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ အပတ်စဉ်တစ်ပတ်ကို ပျမ်းမျှ မန်ကျည်းတင်ပို့မှုက တန်ချိန် တစ်ရာဝန်းကျင်မှာရှိနေခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၅၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းငါးထောင်ရရှိခဲ့တယ်လို့ သိရပါတယ်။                   MIRT (DOT)

Sunday, 18 Nov 2012

ကလောမြို့နယ်၊ဟဲဟိုးမြို့နယ်နဲ့အောင်ပန်းမြို့နယ်က ချင်းသစ်တွေလည်း ဖော် လာတာကြောင့် အောင်ပန်းေ ဈးကွက်ကို လှိုင်လှိုင်ဝင်လာပါပြီ။ တစ်ရက်ကို ပိဿာ ချိန် သောင်းဂဏန်းခန့် အဝင်ရှိနေပါတယ်။ ဝင်သလောက် လည်း ပြန်ပြီးအရောင်း သွက်နေပါတယ်။ ပွင့်လင်းရာသီရောက်လာတာကြောင့် အရောင်းအဝယ် ကလည်း ကောင်း လာတယ်လို့ဒေသခံတွေကဆိုပါတယ်။ ချင်းတက်တွေ အဝင်များလာ ပေမယ့် အဆွဲကလည်းများနေ တာကြောင့် ဈေးကလည်း အရင်တစ်ပတ်ကထက် ပိုတက်လာပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါ တယ်။

Sunday, 18 Nov 2012

ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ ချင်းအရောင်းအဝယ်မှာ ပစ္စည်းအရည် အသွေး ပိုကောင်းလာတဲ့အတွက် အရောင်း အဝယ်ပိုဖြစ်ကြောင်းသိရပါတယ်။ စီးဝင်မှုအားဖြင့် အောင်ပန်းဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်ရှိပြီး၊ လက်လီ ရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအဖြစ် လက်ကျန်မရှိ၊ အရောင်း သွက်လျက်ရှိနေပါတယ်။ အရောင်းသွက်ပေမဲ့ ဈေးနှုန်းမှာ ပုံမှန်ရှိနေပြီး၊ ချင်းတစ်ပိဿာ (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၃၅၀ ကျပ်၊ ၄၀၀ ကျပ်၊ ချင်း (ဓားလှီး) ၆၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းဝင်းခိုင်-ပြည်

Sunday, 18 Nov 2012

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်းဒေသထွက်ကုန် ၃၇၇၀၀၀ ပိဿာ (၆၁၅ ဒသမ ၆၂ တန်) အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခင်အပတ်က ထက်(၁၈၇ ဒသမ ၀၄ တန်)ပိုမိုရောင်းဝယ် တင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါဒေသထွက်ကုန်များမှာ ကြက်သွန်ဖြူ ၆၂၅၀၀ ပိဿာ(၁၀၂ ဒသမ ၀၅ တန်)၊ပြောင်း၆၈၀၀၀ ပိဿာ(၁၁၁ဒသမ ၀၄ တန်)၊ ပဲပုပ် စေ့ ၂၄၀၀၀ ပိဿာ (၃၉ ဒသမ ၁၉ တန်)၊ ပန်းနှမ်း ၆၂၀၀ ပိဿာ (၁၀ ဒသမ ၁၂ တန်)၊ ချင်းအစို ၈၅၀၀၀ ပိဿာ (၁၃၈ ဒသမ ၈၀ တန်)၊ နနွင်း ၄၃၀၀ ပိဿာ (၇ ဒသမ ၀၂ တန်)၊ ချင်းခြောက် ၅၀၀၀ ပိဿာ (၈ ဒသမ ၁၆ တန်)နဲ့ အာလူး ၁၂၂၀၀၀ ပိဿာ (၁၉၉ ဒသမ ၂၁ တန်) တို့ဖြစ်ကြောင်းသိရပါတယ်။

Pages