Main menu

Background

Wednesday, 7 Nov 2012

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်း ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းသီးနှံ များကို အဓိကထား စိုက်ပျိုးကြသော်လည်း ထောပတ်ပဲသီးနှံကတော့ တိုင်းအတွင်း မိုးညို၊ လက်ပံတန်းမြို့နယ်များ နဲ့ ပြည်ခရိုင်အတွင်း ရွှေတောင်၊ ပန်းတောင်းမြို့နယ် များမှာသာ  စိုက်ဧကစုစုပေါင်း ၇၀၀၀ ကျော်သာ  စိုက်ပျိုးမှုရှိခဲ့ပါ တယ်။ ပြည် ဈေးကွက် သို့ အောက်တိုဘာနောက်ဆုံးပတ်မှစပြီး ရွှေတောင်မြို့နယ်မှ ထောပတ်ပဲ အသစ်များ ဝင်ရောက်လာခဲ့ကာ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ ကြပါတယ်။ ယခုနိုဝင်ဘာလဆန်းရက် မှာ ထောပတ်ပဲသစ်များ ဆက်လက် ဝင် ရောက်ခဲ့သလို တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်ကအတိုင်း ဈေးငြိမ်အရောင်း အဝယ်ဖြစ်ခဲ့ကာ လက်လီသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း-ပြည်

Wednesday, 7 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၉၉၇ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၃ တန်ကို အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၁၂၅ တန်အပို့ပိုခဲ့ပါတယ်။ ယခုအပတ်အတွင်း မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိထောပတ်ပဲ ၉၅ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ပဲနီကြား ၄ တန်ခွဲလည်း အပို့ရှိခဲ့သေးတယ်လို့သိရပါ တယ်။ MIRT(DOBT)

Wednesday, 7 Nov 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၀၆၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၇၅ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၁၀၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း ၉၂ တန်ကို တစ်ဖက်တရုတ်နိုင်ငံသို့အပို့ရှိခဲ့ပါတယ်။ တမူးနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိပဲတီစိမ်း ၄ တန်လည်း အပို့ရှိခဲ့ပါ တယ်။ နှစ်ဖက် မြေပြင်ပေါက်ဈေးများကို ကြည့်တဲ့အခါ ယခင်အပတ်ထက် မိမိဖက် မြေပြင်ဈေးနိမ့်လျက်ရှိပါတယ် -

Wednesday, 7 Nov 2012

ယခုနိုဝင်ဘာလဆန်း ပြည်ဈေးကွက်မှာ မတ်ပဲသီးနှံကို မျိုးပဲသမားများအဝယ်ရှိသလို လိုင်းသမားလည်း အဝယ်ရှိနေ ခဲ့ပါတယ်။ ကောက်စောစပါးရိတ်သိမ်းထားတဲ့ လယ်မြေများ မှာ မတ်ပဲစိုက်ပျိုးနေကြပြီဖြစ်လို့ မျိုးပဲသမားများ တစ်ရက် အိတ် ၂၀ ကျော် ၃၀ အထိအဝယ်ရှိခဲ့ပြီး မျိုးပဲတစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သလို ရန်ကုန်ဝယ် လက်ကလည်း အဝယ်ရှိပြီး တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် တစ်ရက် အိတ် ၂၅၀ မှ ၃၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ မျိုး ပဲသမားများကတော့ အရည်အသွေး လိုက်ပြီး ဝယ်ယူကြ တဲ့အတွက် ဈေးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Wednesday, 7 Nov 2012

အောက်တိုဘာလကုန်ပတ် ဝါကျွတ်ကာလ မုံရွာ ကုန် စည်ဒိုင် ပဲဈေးကွက်အနေနဲ့ ပဲမျိုးစုံကျဈေးနဲ့ အရောင်းအဝယ် အေးခဲ့တယ်လို့ ကုန်သည် အသိုင်းအဝိုင်းက ကြားသိရပါ တယ်။ ကုန်သည်လက်ဝယ်မှာ ပဲလက်ကျန် အသင့်အတင့်ရှိ နေပြီး၊ ရန်ကုန်အဝယ်မရှိဘဲ ဒေသတွင်းလုပ်ငန်းသမားတွေရဲ့ အဝယ်သာရှိခဲ့လို့ ကုလားပဲမျိုးစုံ ကျဈေးဖြစ်ပေါ်ခဲ့ရာ ယခု ပတ်မှာ V2 ကုလားပဲဟာ တစ်တင်း ၁၇၂၀၀ ကျပ်ထိ အနိမ့် ဆုံးဈေးဖြစ်ပေါ်ခဲ့ပါတယ်။

Monday, 29 Oct 2012

ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၂၆-၁၀-၂၀၁၂                                              ဒေါ်လာ/တန်

စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား

18/10
25/10
ပြောင်းလဲမှု
18/10
25/10
ပြောင်းလဲမှု
18/10
25/10
ပြောင်းလဲမှု

1
မတ်ပဲ
630
610

670
652

-
727

2
ပဲစင်းငုံ
710
690

755
717

-
745

3
ပဲတီရွှေဝါ
900
900

1076
1025

1001
987

4
ကုလားပဲဖြူလုံးကြီး
740
720

887
857

982
866

 
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Monday, 29 Oct 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၂၆-၁၀-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

19/10
26/10
ပြောင်းလဲမှု
19/9
26/10
ပြောင်းလဲမှု
19/10
12610
ပြောင်းလဲမှု
19/9
19/10
ပြောင်းလဲမှု

1
မတ်ပဲ
841
820

717
667

725
725

705
790

2
ပဲစင်းငုံ

963

947

917
883

915
910

920

900

3
ပဲတီစိမ်း
1230
1180

711
800

1000
1026

1026
1026

4
ကုလားပဲရိုးရိုး
1340
1340

996
960

1053
989

1095
1079

5
ပဲလွန်းဖြူ
930
965

1167
1167

-
-

-
816

6
ထောပတ်ပဲ
800
800

889
924

727
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Monday, 29 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ရော်ဘာ ၄၆၂ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကမူဆယ်မှ တင်ပို့မှုထက် ၂၆၅ တန် အပို့ပိုခဲ့ပါတယ်။ ချင်းရွှေဟော်နဲ့ မြိတ်စခန်းများမှ ယခုအပတ်တင်ပို့မှုကတော့ ယခင်အပတ်ထက် တန် ၆၄၀ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်မှRSS-3 ၂၅၇ တန် ကျော်နဲ့ MSR-20 ၁၀၆ တန်ကျော်၊ မြိတ်မှ RSS-3 တန် ၄၀ နဲ့ RSS-5 တန် ၂၀ အသီးသီးအပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ရော်ဘာအဆင့်စုံ ၈၈၆ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၃၈၁ တန် လျော့နည်းခဲ့ ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ရွှေလီမြေပြင်ဈေးများ ကိုကြည့်ရာမှာ ပြည်တွင်းရော်ဘာဈေး ကျသော်လည်း တစ်ဖက်နိုင်ငံဈေးမှာRSS-3 မကျဘဲ RSS-5 ဈေးလျော့ကျလျက် ရှိတယ်လို့ သိရပါတယ်။

Monday, 29 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၆၇ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့များ ကို မူဆယ် မှ ၁၀၇၄၀ တန်ခန့်၊ လွယ်ဂျယ် မှတန် ၂၀၀ နဲ့ ချင်းရွှေဟော်မှ ၁၃၄၅ တန်ခန့်၊ စုစုပေါင်း ၁၂၂၈၅ တန်ခန့်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်း ယှဉ်လျှင် တန် ၁၀၅၀ ကျော်လျော့နည်းခဲ့ပါတယ်။ ပိဿာ ၃၀ ပါပြောင်းတစ်အိတ် ကို ၉၅ ယွမ်မှ ၁၀၁ ယွမ်ဝန်းကျင်ဈေးရလျက်ရှိပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေး များကို ယခင်အပတ်နဲ့နှိုင်းယှဉ်တဲ့အခါ မိမိဘက်ဈေးကျ ခဲ့ပြီး တစ်ဖက်နိုင်ငံဈေးမှာမူ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် -

Wednesday, 24 Oct 2012

ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၁၉-၁၀-၂၀၁၂                                   ကျပ်/ပိဿာ

စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး

12/10
19/10
ပြောင်းလဲမှု
12/9
12/10
ပြောင်းလဲမှု
12/9
19/10
ပြောင်းလဲမှု
12/9
19/10
ပြောင်းလဲမှု

1
မတ်ပဲ
859
841

667
717

700
725

-
705

2
ပဲစင်းငုံ

963

963

917
917

910
915

920

920

3
ပဲတီစိမ်း
1150
1230

676
711

921
1000

942
1026

4
ကုလားပဲရိုးရိုး
1340
1340

996
996

1000
1053

1026
1095

5
ပဲလွန်းဖြူ
950
930

-
1167

-
-

-
-

6
ထောပတ်ပဲ
800
800

996
889

-
-

-
-

* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Pages