Background
ယခင်သီတင်းပတ်အတွင်း ပြည်တွင်းပဲဈေးကွက် အရောင်း အဝယ်အေး ဈေးလျော့ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အိန္ဒိယ ဝယ်လက်တွေ လတစ်လရဲ့ ပထမပတ်ဝယ်လိုအား ထွက်လာတာ ကြောင့် ပဲရောင်းဝယ်မှု ပြန်တက်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အသွက်ဆုံးကတော့ ပခုက္ကူပဲတီစိမ်းဖြစ်ပြီး၊ ဒုတိယကတော့ မတ်ပဲ SQ ကိုအဝယ်လိုက်တယ်လို့ သိရပါတယ်။ မတ်ပဲ FAQ နဲ့ ပဲစင်းငုံကတော့ အသင့်အတင့်ပဲ ရှိတယ်လို့ ကုန် သည်တစ်ဦးက ဆိုပါတယ်။
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၂၈-၉-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
21/9
28/9
ပြောင်းလဲမှု
1
မတ်ပဲ
846
800
717
667
-
695
750
750
2
ပဲစင်းငုံ
1025
963
942
900
970
920
955
910
3
ပဲတီစိမ်း
1030
1030
676
711
1000
-
948
842
4
ကုလားပဲရိုးရိုး
1430
1300
996
942
1000
947
1105
974
5
ပဲလွန်းဖြူ
950
950
833
833
-
-
843
-
6
ထောပတ်ပဲ
780
780
942
978
737
737
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၂၈-၉-၂၀၁၂ ဒေါ်လာ/တန်
စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား
20/9
27/9
ပြောင်းလဲမှု
20/9
27/9
ပြောင်းလဲမှု
20/9
27/9
ပြောင်းလဲမှု
1
မတ်ပဲ
640
605
-
629
764
737
2
ပဲစင်းငုံ
750
710
-
746
782
761
3
ပဲတီရွှေဝါ
860
860
-
845
-
901
4
ကုလားပဲဖြူလုံးကြီး
820
780
-
864
847
840
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၄၈၀ သန်း တန်ဖိုးရှိ သကြားဖြူ ၄၈၂ တန်ကျော်နဲ့ သကြားညို ၃၂၈ တန်ခန့်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ တင်ပို့ခဲ့သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၄၈ တန်ကျော် ပိုမိုခဲ့တယ်လို့သိရပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်မှ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၉၅ သန်းတန်ဖိုးရှိတဲ့ ပြောင်း ဖူးစေ့ တန် ၂၅၀ ကိုအပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှလည်း ကန်ဒေါ်လာ ၁ ဒသမ ၁၆၅ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၃၀၇၁ တန်အပို့ရှိခဲ့ရာ ယခုအပတ်မှာ နယ်စပ်မှပြောင်းဖူးစေ့ တန် ၃၃၂၁ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် မူဆယ်နဲ့ချင်းရွှေဟော်တို့မှ တင်ပို့ခဲ့ခြင်းထက် ယခုအပတ်မှာ ၂၉၈ တန်ကျော်အပို့ပို ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမှာပါ မြေပြင်ပေါက်ဈေးများ အနည်းငယ်လျော့ နည်းလျက်ရှိပါတယ်။ ယခုအပတ်မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၃၃၄၈၅၄ ကျပ်ဖြစ်ပြီး ယခင်အပတ်ထက် ၇၈၅၉ ကျပ် လျော့နည်းပြီး တစ်ဘက် နိုင်ငံရွှေလီဈေးမှာ ဒေါ်လာ ၄၀၀ ဖြစ်ပြီး ယခင်အပတ်ထက် ၂ ဒေါ်လာ လျော့နည်း ခဲ့ပါတယ်။ MIRT(DOBT)
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁၉၃ တန်၊ တန်ဖိုးကန် ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးကို စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ဗီယက်နမ် နိုင်ငံသို့ တန် ၁၅၀ နဲ့ စင်္ကာပူနိုင်ငံသို့ ၄၃ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ တန် ၂၄၀ အပို့ရှိခဲ့ပြီးစက်တင်ဘာ ၂ ရက်မှ ၈ ရက်ထိကာလမှာ အပို့နားခဲ့ပါတယ်။ ယခု အပတ်မှာပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ သြဂုတ်လမှာ ဗီယက်နမ် သို့တန် ၁၅၀ နဲ့ စင်္ကာပူသို့ တန် ၉၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ပြောင်း FOB ရန်ကုန်ပေါက်ဈေးမှာ ဒေါ်လာ ၃၈၀ ဖြစ်ပါတယ်။ CMK
တမူးနယ်စပ်မှ စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်း တန်ဖိုးရှိ ဂျုံစေ့ ၃၈ တန်ကျော် အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က အသွင်း မရှိခဲ့ဘဲ ယခုအပတ်တင်သွင်းမှု ပြန်ရှိ လာတာတွေ့ရပါတယ်။ စက်တင်ဘာ လ ပထမပတ်မှာတော့ ၇၈ တန်ခန့် အသွင်းရှိခဲ့ပြီး ဇူလိုင်နဲ့ သြဂုတ်လ ၂ လမှာတမူးနယ်စပ်မှ ဂျုံစေ့ တန် ၄၂၀၀ ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
နနွင်း ၂၆၈ တန်ကို စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ပြည်ပကို တင်ပို့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး နနွင်းတင်ပို့မှုကိုကြည့်ရင် ဒီတစ်ပတ်တင်ပို့မှု တန်ချိန်က အများဆုံးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က အိန္ဒိယနိုင်ငံကို ၃၃ တန်၊ မလေးရှားနိုင်ငံကို ၁၀၅ တန်၊ ပါကစ္စတန်နိုင်ငံကို ၅၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့ခဲ့ တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်နနွင်းတင်ပို့မှုက တန်ခြောက်ဆယ် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် နှစ်ရာကျော်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၀၀-၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၆၈ တန်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် များကအပို့မရှိဘဲ ယခု အပတ်မှာ အပို့ရှိလာတာဖြစ်ပါတယ်။ ပင်လယ်ဆားငန်ရေဒဏ်ခံနိုင်စွမ်းရည်ရှိသဖြင့် ဘိလပ်မြေနဲ့ရောပြီး ဆောက်လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုတယ်လို့သိရပါတယ်။MIRT(DOBT)
ဒီတစ်ပတ်မှာလည်း ချင်း(ဥမ)က အဝင်နည်းလာပါတယ်။ အရင်လတွေက အောင်ပန်းဈေးကွက်မှာ ၅ ရက်တစ်ဈေးကို ပိဿာချိန်လေးထောင်၊ ငါးထောင်ခန့် အဝင်ရှိပေမယ့် ဒီတစ်လမှာတော့ နှစ်ထောင်၊ သုံးထောင်ခန့်သာအဝင်ရှိပါတော့ တယ်။ အခုချိန်က ချင်းတွေပုပ်တဲ့အချိန်ဖြစ်လာတာကြောင့်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ချင်း(ဥမ)ကအဝင်ရှိသလောက်၊ ပြန်ထွက်တယ်လို့ သိရပါတယ်။ အောက်တိုဘာလမှာ ချင်းအသစ် တွေ ပေါ်လာတော့မှာဖြစ်တာကြောင့် အဟောင်း တွေလည်း ဈေးကွက်မှာ သိပ်မကျန်တော့ပါ ဘူး။ အောင်ပန်း ဈေးကွက်မှာ ဒီတစ်ပတ်ချင်းဈေးက (အစို) ၁၆၀၀ ကျပ် - ၁၇၀၀ ကျပ်ရှိပြီး (အခြောက်)က ၁၃၀၀ ကျပ် - ၁၃၅၀ ကျပ် ရှိပါတယ်။