Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တစ်ဖက်တရုတ်နိုင်ငံ သို့ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မှာကန်ဒေါ်လာ ၁ ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၀၂၃ တန်နဲ့ ပြောင်း ကြိတ်ဖတ် ၁၄ တန်ခွဲ၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ တန် ၂၅၁၀ ဝန်းကျင်နဲ့ ချင်းရွှေဟော်မှ ၅၁၃ တန်ခန့် အသီးသီး ဖြစ်ပါတယ်။ ပြောင်းမိမိဘက် မြေပြင်ဈေး အနည်း ငယ်မျှလျော့ကျသော်လည်း တစ်ဘက်နိုင်ငံရွှေလီဈေးပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၄၂၇၁၃ ၃၄၃၄၀၅ ၆၉၂ ၀ .၂ ၄၀၂ ၄၀၂ - -MIRT(DOBT)
စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၀၈၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က အပို့မရှိခဲ့တဲ့ တဆေး၊ မာလာဥခေါင်း၊ ကွမ်းသီးခွံ၊ ထန်းသီးဆံခြောက်၊ တောင်လုံးကျော်၊ ဆေးမြင်းခွာနဲ့ အုံတုံခေါက်တို့အပို့ရှိခဲ့သလို နနွင်းတက်၊ ဆီးဆံ၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ စကားပန်းပွင့်ခြောက်၊ ဂုံညင်းလုံးတို့ ယခင်အပတ်ထက် အပို့ပိုခဲ့ပါ တယ်။ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ နနွင်းခေါင်း၊ ဒရင်ကောက် မြစ်၊ ချင်းခြောက်၊ ရွေးရွက်နဲ့ တောဂျင်းတို့ကတော့ ယခင်အပတ်ထက်အပို့လျော့ခဲ့ ပါတယ်။ တမူး နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၃ တန်၊ မင်သော် ၁ တန်နဲ့ ဟင်းရိုင်းဖြူ သုည ဒသမ ၁၀ တန်တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် ယခင်အပတ်နဲ့အတူူတူပင်ဖြစ်ပြီး တောင်လုံးကျော်ရော မင်သော်ပါ ပမာဏအနည်းငယ်ပိုမို တင်သွင်းခဲ့ပြီး ယခု အပတ်မှာတော့ ကတ္တရာသင်္ချေ အသွင်းမရှိဘဲ ဟင်းရိုင်းဖြူ တင်သွင်းမှုရှိတာ ဖြစ်ပါတယ်။MIRT(DOBT)
အိန္ဒိယ အလယ်ပိုင်းနဲ့ မဟာရပ် ရှ တရာ မှာ မိုးကောင်းကောင်း ရွာသွန်း နေပြီဖြစ်လို့ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ပဲမျိုးစုံနဲ့ ပဲပုပ်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပါတယ်။ ရိတ် သိမ်းမှုကို စက်တင်ဘာလကုန်မှာ စတင် မှာ ဖြစ်ပါတယ်။ မုတ်သုံမိုး တိုးတက် လာ တာကြောင့် အိန္ဒိယနိုင်ငံရဲ့ သီးနှံတွေ အထွက်ကောင်းဖို့ အလားအလာ ပိုမိုလာ ခဲ့ပြီး၊ ဈေးကွက် အခြေအနေ အားပျော့ လာပြီး၊ ဈေးကျဆင်းဖို့ ဖြစ်လာတယ်လို့ Geojit Comtrade ဒါရိုက်တာ CP Krishman မှ ပြောကြားပါတယ်။
ဒီတစ်ပတ် ဟိုပုံးနနွင်းကလည်း အဝင်ပါးနေပါတယ်။ ချင်းလိုပဲ ခြံရှင်တွေက ဈေးမကြိုက်လို့ မရောင်းချင်ကြ သေးပါ ဘူး။ လှောင်လက်တွေကတော့ လက်လီလိုက်ကောက်နေကြ တယ် လို့ဆိုပါတယ်။ လက်ကျန်ကတော့ အတော်များများ ကျန်နေပါသေးတယ်။ ဟိုပုံးမှာတင် တန် ၂၀၀ ခန့် ကျန်နေ သေးတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၉၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းနနွင်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက် ဝယ်နေတာကြောင့် ဈေးကတော့နည်းနည်းတက်လာ ပါတယ်။ လှောင်လက်တွေမှာကျန်နေပြီး၊ သူတို့တွေ ထုတ် ရောင်းမှသာဈေးကွက်မှာ များမှာဖြစ်ပြီး၊ ယခုလောလော ဆယ်တော့ အဝင်ကနည်းနည်းသာရှိပါတယ်။ နနွင်းက ချင်း အစိုအတိုင်း ချက်ချင်းရောင်းလို့မရဘဲ၊ အခြောက် ခံ၊ နေလှန်း ပြီးမှသာ ဈေးကွက်ကိုဝင်တာကြောင့် ချင်းထက်နောက်ကျပြီး မှ ဝင်မှာဖြစ်ပါတယ်။ နနွင်းအသစ်ကတော့ တပေါင်း/တန်ခူး လောက်မှသာစပြီး ဝင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းဈေးတွေက ပင်လောင်းနနွင်းဆိုရင် တစ်ပိဿာ ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ တောင်ပို့လက ၁၂၀၀ ကျပ်နဲ့ ဆင်တောင်က ၁၃၀၀ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှတစ်ဘက်နိုင်ငံသို့ နနွင်းတက် တန် ၂၁၀ ကျော်ကို ယခုအပတ်မှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၆၁ တန်ကျော်အပို့ပိုခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၁ တန်ကို မူဆယ်နဲ့ ၇ တန်ကို မြဝတီနယ်စပ်မှအပို့ရှိခဲ့ပါတယ်။ နနွင်းတက်အပြင် မူဆယ်မှကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၄ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် သုည ဒသမ ၂၀၀ တန်သာ လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်နေ့တာကာလအတွင်း နနွင်းတန် ၆၀ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့မှုက တန် တစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုကိုကြည့်ရင် တန်ခြောက်ဆယ် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုမှာ တန် ငါးဆယ်နီးပါး လျော့နည်းခဲ့တာတွေ့ရပါတယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၅၅၀ ဝန်းကျင် ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုညဒသမ ၃၅၀ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၄၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်းတန်ဖိုးရှိ ၈ ဒသမ ၈၀၀ တန်ကို မြဝတီနယ်စပ်တို့မှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၃၇ တန်ခန့်ပိုမိုခဲ့ပါတယ်။ ယခင်အပတ်က မြဝတီနယ်စပ်မှသာ ၁၈ တန်ခန့်အပို့ရှိခဲ့တာဖြစ်ပြီး ယခုအပတ် မှာ မြဝတီမှအပို့လျော့ခဲ့သော်လည်း မူဆယ်မှ ယခုအပတ်မှာအပို့ရှိလာတဲ့အတွက် သီဟိုဠ်စေ့အပို့ပိုရတာဖြစ် ပါတယ်။ MIRT(DOBT)
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက ယခင် တစ်ပတ်တင်ပို့မှုထက် တန်ငါးဆယ်နီးပါးလျော့နည်းပြီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ၂၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၆ တန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက ၅၁ တန်ရှိခဲ့ပါတယ်။ FOB ဈေးကတစ်တန်ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ တစ်သောင်းခုနှစ် ထောင်ကျော်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)
မူဆယ်နဲ့မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၃၃ သန်းတန်ဖိုးရှိ ချင်းခြောက် ၈ တန်ကျော်ကို မူဆယ်နဲ့ ၇ တန်ကို မြဝတီ နယ်စပ်တို့မှတင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၁၇ တန်နဲ့ မြဝတီမှ ၈ တန်အပို့လျော့ခဲ့ တယ်လို့ သိရပါတယ်။ MIRT(DOBT)
ဒီတစ်ပတ်မှာ ဟိုပုံးချင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ခြံရှင်တွေ ကလည်း ဈေးမကြိုက်တော့ ထုတ်မရောင်းကြပါဘူး။ မိုးရွာနေတာရယ်၊ ဝယ်လက် တွေကလည်း သိပ်မဝယ်ကြတာကြောင့် ဈေးကလည်း ခပ်အေးအေးပါပဲ။ ချင်း (ဥမ)တွေကိုမှ အခက်သေးရင် ၁၀၀ ကျပ်ဈေးသာရှိပြီး၊ အခက်ကြီးရင်တော့ ၁၃၀ ကျပ်ဈေးရှိပါတယ်။ လက်လီသမားတွေကသာ ဒေသတွင်းသုံးဖို့ ဝယ်ယူနေတယ်လို့ လည်းသိရပါတယ်။ ချင်းခြောက်ကလည်း အဝင်သိပ်မရှိတော့တာကြောင့် ဈေး ကွက်မှာ ပစ္စည်းလက်ကျန်လည်းနည်းေ နပါပြီ။ ဈေးကတော့ တစ်ပိဿာ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။