Main menu

Background

Monday, 3 Sep 2012

ဒီတစ်ပတ်မှာတော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၁၄၄ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ မန်ကျည်းနဲ့ မန်ကျည်း(အစေ့လွတ်) ဆိုပြီး နှစ်မျိုးတင်ပို့ခဲ့ပါတယ်။ မန်ကျည်းက FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့ပြီးတော့ မန်ကျည်း(အစေ့လွတ်)ကFOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ထိ ရရှိခဲ့ပါတယ်။ ယခင်တစ်ပတ် မန်ကျည်းတင်ပို့မှုက တန်တစ်ရာ့နှစ်ဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ် တင်ပို့မှုတန်ချိန်ထက် တန်နှစ် ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                           MIRT (DOT)

Monday, 3 Sep 2012

ရာသီဥတုကြောင့် ဒီတစ်ပတ်မှာလည်း ချင်းကအဝင်နည်းနေပါသေးတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂၀၀၀ - ၃၀၀၀ ခန့်သာအဝင်ရှိနေတယ်လို့ သိရပါ တယ်။ ချင်းတက်က လက်ကျန်မရှိတော့ပေမယ့် ချင်း(ဥမ) ကတော့ လက်ကျန် အတော်များများကျန်နေပါသေးတယ်။

Monday, 3 Sep 2012

သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာသုညဒသမ ၀၆၆ သန်းတန်ဖိုးရှိ ချင်းခြောက် ၂၉ တန်နဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၀ တန်ကို အပို့ရှိခဲ့ပါတယ်။ ယခု အပတ်နယ်စပ်မှ ဂျင်းခြောက် ၃၉ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်  ၄ တန်အပို့ပိုမိုခဲ့ပါတယ်။ သြဂုတ်လတစ်လလုံးမှာ ချင်းခြောက်တင်ပို့မှု တန် ၁၀၀ နီးပါးရှိတယ်လို့စာရင်းများအရ သိရှိရပါတယ်။      MIRT(DOBT)

Monday, 3 Sep 2012

ယခုရက်ပိုင်းအတွင်း မြို့နယ်တာဝန်အနေနဲ့ ကျေးရွာအတော်များများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရလို့ သြဂုတ်လ ၂၆ ရက်က မြိုင်မြို့နယ်၊ ၂၉ ရက်မှာ ပခုက္ကူမြို့နယ်ထဲက ချိုင်းကျေးရွာအုပ်စုကိုရောက်ခဲ့ပါတယ်။ နယ်တွေကို ကွင်း ဆင်းရင်း ကျွဲကူးရေပါဆိုသလို စိုက်ရေးပျိုးရေး၊ သီးနှံအထွက်ဆိုတာတွေကို လေ့လာ စူးစမ်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Monday, 3 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် ထိကာလအတွင်းမှာ ပဲပုပ်စေ့၊ ထောပတ်ပဲ၊ ပဲယင်းနဲ့ပဲနီကြား များ ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။

Monday, 3 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၃၅၀ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့်နဲ့လုံးခြမ်း ၄၁၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ယခင်အပတ် ကထက် ပဲတီစိမ်းလုံးပြည့်တန် ၆၀ ကျော်နဲ့ပဲတီစိမ်းခွဲခြမ်းတန် ၁၀၀ ကျော် တင် ပို့မှု လျော့ခဲ့ပါတယ်။

Monday, 3 Sep 2012

သြဂုတ်လ လကုန်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက် မှာ ကုလားပဲဈေးဆက်လက်မာနေကာ ရန်ကုန်အဝယ် မရှိပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေ အဝယ်ရှိလို့ နေ့စဉ် အရောင်း အဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလထဲမှာ ပဲတစ်မျိုးခြင်း အလိုက်ဖြစ်ပေါ်ခဲ့တဲ့ အရောင်း အဝယ်နဲ့ပေါက် ဈေးတွေကိုလေ့လာတဲ့အခါ V2 ဟာ ဒီတစ်ပတ်မှာ တစ်တင်း ၂၂၀၀၀ ကျပ်ဈေးမှာတန့်နေပြီး၊ ဒီလထဲမှာ တစ်တင်းအနိမ့် ဆုံး ၂၁၈၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၂၈၀၀ ကျပ်ထိပေါက်ခဲ့ ပါတယ်။

Monday, 3 Sep 2012

သြဂုတ်လရဲ့ နောက်ဆုံးရက်သတ္တပတ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့တာတွေက ပဲစင်းငုံနီနှမ်းဝါ၊ နှမ်းညို၊ ပဲတီစိမ်းသေး၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါ၊ ပဲယင်း (မြစ်ခြေ) တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီနေ့စဉ်အိတ် ၃၀၀ မှ ၁၄၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ပြီး၊ ရန်ကုန်ဝယ်လက်နဲ့ဒေသခံပွဲစားတွေ နဲ့ လှောင်လက်တွေ ဝယ်ယူကြပြီး၊ ရန်ကုန် အပို့မရှိတာကိုတွေ့ရပါတယ်။ ဈေးနှုန်းမှာ ၂၁၃၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်ပါတယ်။

Monday, 3 Sep 2012

ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လအတွင်း ပြည်တွင်းရန်ကုန်ပဲ ဈေး ကွက်က ဈေးအတက်အကျကြီးမားပြီး ကြိမ်နှုန်းများ ခဲ့တဲ့အပြင် ပြည်တွင်းပေါက်ဈေးက ရန်ကုန် FOB   ဈေးအထက်မှာရောက်လို့ နေပါတယ်။ အထူးသဖြင့်တော့ ပြည်တွင်းပဲလက်ကျန်များနေသေး တဲ့ မတ်ပဲဈေးကွက်မှာ သိသာခဲ့ပါတယ်။ ဇူလိုင်လလယ် အထိ မတ်ပဲတစ်တန် ၅ သိန်းအောက်မှာရှိခဲ့ရာမှ ဇူလိုင်လကုန်၊ သြဂုတ် လ ပထမပတ်လောက်အထိ တစ်တန် ၆ သိန်းကျော်ထိ တစ်ဟုန် ထိုး တက်လာခဲ့ကာ နောင်ပိုင်းမှာတော့ ၆ သိန်းအောက် ရောက် လိုက်၊ အထက်ရောက်လိုက်နဲ့ ဈေးအပြောင်းအလဲများခဲ့ပါတယ်။

Friday, 31 Aug 2012

ကမ္ဘာမှာ သကြားဒုတိယ အများဆုံး စားသုံးတဲ့ တရုတ် နိုင်ငံရဲ့၂၀၁၂-၁၃ သကြားတင်သွင်းမှုဟာ ယခုရာသီ တင် သွင်းတဲ့ တန်ချိန် ၃ သန်းထက် ၁ သန်းခန့်လျော့ပြီး၊ တန်ချိန် ၁ ဒသမ ၉၇ သန်းခန့်ကိုကျဆင်းနိုင်တယ် လို့လန်ဒန် အခြေ စိုက်  Armajaro  Trading  Group   သကြားကုမ္ပဏီ ခေါင်းဆောင် Guy  Toller မှ ဆိုပါတယ်။ ယခုနှစ် ထုတ်လုပ် မှု တန်ချိန် ၁၁ ဒသမ ၅ သန်းရှိရာမှ လာမယ့်နှစ်မှာ အနည်း ဆုံး တန်ချိန် ၁၂ ဒသမ ၅ သန်း ထိ တိုးတက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Pages