Background
ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာထပ်ပြီးတက်လာပါတယ်။ ဒါပေမယ့် ပစ္စည်းက အဝင်လည်းမရှိ၊ လာရောင်းမယ့်သူလည်း မရှိဖြစ်နေပါတယ်။ လက်ကျန်တွေရှိနေပေမယ့် ဈေးကွက်မှာ အဝင်မရှိဘူးလို့ သိရပါတယ်။
သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၅၆၈ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်မှ ၂၇၉ တန်ကျော်နဲ့ မြဝတီမှ ၁၇ တန်ခွဲအပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၀ တန်နီးပါးကိုလည်း မူဆယ်နယ်စပ်မှ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ပြည်ပကို ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်နေ့တာကာလအတွင်း နနွင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာတော့ တန် ၃၀ ကျော်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါ တယ်။ ဇူလိုင်လအတွင်း စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၄၉ ဒသမ ၁ တန်ဖြစ်ခဲ့ပြီး ဇွန်လရဲ့ စုစုပေါင်းတင်ပို့မှုတန်ချိန်က ၇၆ ဒသမ ၄၆ တန်ဖြစ်ခဲ့တာကြောင့် ဇူလိုင်လမှာ အပို့နည်းခဲ့တယ်လို့ ဆိုရပါမယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ နနွင်းတင်ပို့မှုက ၂၀၅ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လမှာ အပို့ နည်းခဲ့ပါတယ်။ MIRT(DOT)
ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်တာ ကာလ အတွင်း မန်ကျည်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာတော့ တန် ၁၇၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့ နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ ထိုင်း နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဘဲဖြစ်ပါတယ်။
ချင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိဆဲပါပဲ။ သီတင်းကျွတ်လောက်ဆိုရင် တော့ ချင်း(ဥမ)တွေကုန်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ချင်း တက်တွေက ဈေးကွက်ကိုစပြီး ဝင်လာတော့မှာဖြစ်ပါတယ်။
သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ချင်းခြောက် ၁၂ တန်ကျော် မြဝတီနယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှအပို့ရှိခဲ့ပြီး ယခုအပတ်မှာတော့ မြဝတီနယ်စပ်မှသာ အပို့ ရှိခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
အိန္ဒိယပဲစိုက်ပျိုးတဲ့ ဧရိယာတွေလျော့ကျတာကြောင့် ပဲအထွက်လျော့ကျ မှာ ကို စိုးရိမ်လျက်ရှိပြီး၊လက်ငင်းရောင်းချမှုပါးတာကြောင့် သြဂုတ် ၇ ရက်မှာ အိန္ဒိယ ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးကြိုပွို င့်ဈေးမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးပဲ စိုက်ပျိုးတဲ့ အချို့ဒေသတွေမှာမိုးရွာသွားပြီးဈေးအမြင့်နဲ့ပဲခွဲစက်များက ဝယ် လိုအား ကျဆင်းတာကြောင့်ပဲဈေးနှုန်းမြင့်တက်မှုကိုကန့်သတ်နိုင်ပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်၊ ကာနာတာကာနဲ့ ဥတ္တရာပရာဒေ့ရှ်တို့မှာ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက် အတွင်း မိုး ကောင်းကောင်းရရှိခဲ့တယ်လို့သိရပါတယ်။
သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၇ သန်းတန်ဖိုးရှိ ပဲယင်း ၁၀ တန်ကို တမူးနယ်စပ်မှ အပို့ရှိလာတာတွေ့ရပါတယ်။ ယခုနှစ်အတွင်း လအလိုက်နယ်စပ်မှ ပဲယင်းတင်ပို့နိုင်မှုတွေကတော့ ဧပြီလတွင် ၁၀၂၉ တန်၊ မေလတွင် ၃၂၉၄ တန်၊ ဇွန်လတွင် ၁၇၈၁ တန်နဲ့ ဇူလိုင်လတွင် ၃၃၆ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၉၈၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၀၈၂ တန်ကို သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၁၅၄ တန် အပို့လျော့ခဲ့တဲ့အပြင် ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်းလည်း တင်ပို့နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ MIRT(DOBT)
မူဆယ်နယ်စပ်မှ သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ် လာ သုည ဒသမ ၀၉၈သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၁ တန်ကျော်၊ ကန်ဒေါ် လာ သုည ဒသမ ၁၀၀ သန်းတန်ဖိုးရှိ ထောပတ်ပဲ ၁၆၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၄ သန်းတန်ဖိုးရှိ ပဲနီကြား ၆၉ တန်ကျော်ကို တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် စွန်တာနီ/ပြာမှာ ၂ ဆကျော်၊ ထောပတ်ပဲက ၁၉ တန်ကျော်နဲ့ ပဲနီကြား ၁၄ တန်ကျော် အပို့ပိုခဲ့တယ်လို့ သိရပါ တယ်။ MIRT(DOBT)