Main menu

Background

Thursday, 31 Mar 2016

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်  ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်းတက် (ရှမ်းစ) ၂၁၄ တန်ခွဲကို ကန်ဒေါ်လာ ၁၅၇၀၀၃ တန်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ် ကုန်သွယ်ရေး ဇုန်ကနေ နနွင်းတက် ၁၀၄ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် နနွင်းတင်ပို့မှု တန် ၁၁၀ ထိပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ် တန်ရဲ့ မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ၈၇၃၅၀၂-၈၉၇၆၈၂ ကျပ်ဝန်းကျင်ခန့်ရှိ တယ်လို့ သိရပါတယ်။

Wednesday, 30 Mar 2016

   ပြည်ပဲဈေးကွက်မှာ ဆောင်းပဲများအနေဖြင့်ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲနဲ့ ပဲစင်းငုံသီးနှံအဝင်များခဲ့သလို ပြည်တွင်းဝယ်လက်ပဲမှာလည်း ကုလားပဲနဲ့ပဲကြီးသီးနှံများ ဝင်ရောက်မှုများခဲ့ပြီး ဘိုကိတ်ပဲသီးနှံမှာတော့ ပဲသိပ ်အဝင်မရှိတော့ဘဲ တစ်ရက်အိတ် ၅၀ ကျော်သာဝင်ရောက်လာပါတယ်။ဘိုကိတ်ပဲကိုရန်ကုန် အဝယ်ရှိသလို ဒေသတွင်းဝယ်လက်များလည်း ဝယ်ယူ လျက်ရှိခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် ပဲသစ်ပေါ်စအချိန်က ဈေးထက် ဈေးလျော့နည်းသွားပေမယ့် ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ဈေးထက်တော့ဈေးပိုရခဲ့ပါတယ်။   ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ပဲလွန်း ဖြူဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ

Tuesday, 22 Mar 2016

   ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံအသစ်များ ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ ဇန်နဝါရီလမှာ စတင်ဝင်ရောက်လာပါတယ်။ဈေးစတင်ဖွင့်လှစ်စဉ်က တစ်တင်းကို ၄၅၀၀၀ ကျပ် ဖြင့်ဈေးဖွင့်ခဲ့သော်လည်းပြည်ပဆွဲလက်ရှိ သော်လည်း အထွက်နည်းခြင်း၊ နယ်ဆင်းစဉ် အတွေ့အကြုံမေးမြန်းလေ့လာမှုအရ တစ်ဧက ၃ တင်းနှင့် တောင်သူများမှာ အလွန်ရမှ ၅ တင်းသာရရှိခြင်းတို့ကြောင့် တစ်တင်းကို ၅၂၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ သော်လည်း နောက်ပိုင်းတွင် ၄၄၁၀၀ ကျပ်ဈေးအထိ ကျဆင်းလာခဲ့သဖြင့် ယခင်အမြင့်ဈေး ၅၂၀၀၀ ကျပ်နှင့် ဝယ်ယူသိုလှောင်ထားသူများအနေဖြင့် တစ်တင်းကို ၈၀၀၀ ကျပ်ခန့် အရှုံးပေါ်နေကြသဖြင့် ''ဘယ်လိုလဲ ပဲစင်းငုံ''လို့ မေးရမလိုဖြစ်နေကြောင်း ကု

Thursday, 17 Mar 2016

    ယခုတစ်ပတ် ပြည်မြို့အနီးဆန်စက်နှင့် ဆန်ပွဲရုံများတွင်စပါးဈေး၊ ဆန်ဈေးအနည်းငယ်တက်ပြီးအရောင်းအဝယ်ကတော့ နယ်ရောဒေသတွင်းပါပုံမှန်ဖြစ်နေကြောင်းသိရပါတယ်။ ရန်ကုန်သို့တောင်ပျံမွှေး ဆန်တွေတင်ပို့နေပါ တယ်။ ဧည့်မထဆန်ချောများကို မန္တလေးသို့တင်ပို့ရကြောင်းလည်းသိရပါတယ်။ ရန်ကုန်သို့တစ်ပတ်ကို အိတ် ၈၀၀ ခန့်တင်ပို့ပြီး (တောင်ပျံမွှေး) ဆန်အိတ်များသာတင်ပို့ရပါတယ်။ မန္တလေးကိုတော့ဧည့်မထဆန်(ချော) နှစ်ရက်ခြား အိတ် ၆၀၀ ကျော်တင်ပို့ရပါတယ်။ယခုတစ်ပတ်စပါးဈေးတွေကတော့ တောင်ပျံမွှေး တင်း ၁၀၀ (၄၆ ပေါင်)ကိုက် ၇၇၂၈၀၀ ကျပ်၊ ဧည့်မထစပါး (နယ်ပို့စ) ၅၈၈၈၀၀ ကျပ်နဲ့ ဒေသတွင်းစားသုံးမှု ဧည့်မထစပါး ၅၆၀၀၀၀ ကျပ်တို့ဖ

Wednesday, 9 Mar 2016

မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန်သွယ်ရေးဇုန်၊  ကော့သောင်းကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၄၅၉၀ တန်နီးပါးတင်ပို့နိုင် ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့  နှိုင်း ယှဉ်ပါက ၈၂၂ တန်ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ  ကန် ဒေါ် လာ ၁ ဒသမ ၅၄၇ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော  ငါးမျိုးစုံ ၅၄ တန်ကျော်၊ ကဏန်း ၁၃ တန်ကျော်နဲ့ ပုစွန် တစ်တန်ကျော်  တင်ပို့နိုင်ခဲ့ပါ တယ်။  ယခင်သီတင်းပတ်နဲ့  နှိုင်းယှဉ် ပါက ၅၇ တန်ကျော်  လျော့နည်းတင်ပို့ ခဲ့ပါတယ်။ကော့သောင်း   ကုန်သွယ်ရေး စခန်းမှ ကန်

Wednesday, 9 Mar 2016

         မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၇၉ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်တဲ့ အေးခဲကဏန်းပျော့ ၅၈ တန်ကျော်၊ ကဏန်းနီ ၅၁ တန်ကျော်၊ ကဏန်း သေး (အသေ) ငါးတန်ကျော်နဲ့ သဲကဏန်းနှစ်တန်ကျော် စုစုပေါင်း ၁၁၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၅၄ တန်ကျော် ယမန်နှစ် ကာလတူနဲ့နှိုင်းယှဉ်ပါက ၂၄ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါ တယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီအတွင်း ကဏန်းမျိုးစုံအပြင် ကန်ဒေါ်လာ ၁၁ ဒသမ  ၁၈၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၄၈၃၈ တန်ကျော်၊ ပုစွန် ၁၇၅ တန်နီးပါး၊ ငါးမ

Wednesday, 9 Mar 2016

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ပဲသစ်များအားလုံးလိုလို ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေပြီး ဝင် ရောက်မှုပမာဏလည်း များခဲ့ပေမယ့် ဆောင်းပဲတီစိမ်းသီးနှံကတော့ အဝင်ပါးသွားတာကြောင့် ယခုမတ်လဆန်းမှာ အရောင်းအဝယ် နေ့စဉ်မဖြစ်တော့ဘဲ ရက်ခြားသာ အိတ် ၂၀၀ ကျော် မန္တလေးဝယ်လက်မှ ဝယ်ယူနေခဲ့တယ်လို့ သိရ ပါတယ်။ မတ်ပဲသီးနှံကတော့ နယ်စုံတွင် ရိတ်သိမ်းနေပြီဖြစ်လို့ ဈေးကွက်သို့လည်း အိတ် ၅၀၀ကျော်အထိ ယခုတစ်ပတ် တွင် နေ့စဉ်ဝင်ရောက်လာသလို ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူခဲ့တဲ့အတွက် အရောင်းအဝယ်သွက်နေခဲ့တာကို တွေ့ရပါတယ်။ ပဲသစ်ပေါ်စတွင် ကျပ်ငါးသောင်းခန့်ရရှိသော်လည်း ပဲအဝင်များလာတာနဲ့အမျှ ပဲဈေးနှုန်းကလည်း လျော့သွားခဲ့တဲ့အတွက် တစ်တင်း

Wednesday, 9 Mar 2016

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှွန်ကြားမှုဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းများအား ယခင်ကထက် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရေး နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီမှတ်ပုံ တင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်အသစ်ကို မတ် ၇ ရက်မှစတင်ကာ ထုတ်လွှင့် လိုက်ပြီဖြစ်ေ ကြာင်း သိရ သည်။အဆိုပါဝက်ဘ်ဆိုက် အသစ်စတင် ထုတ်လွှင့်ရန်အတွက် မိတ်ဆက်ခြင်းအခမ်း အနားကို မတ် ၁ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ယင်း

Wednesday, 3 Feb 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကာလအတွင်း ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်ထိ ဘိလပ်မြေ တန်ချိန် ၂၈ သိန်းကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၇ သန်းကျော်ဖိုးတင်သွင်းခဲ့ရာ ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၁၇၃၁၃ တန် ပိုမိုတင်သွင်း နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့်တော့ ကန်ဒေါ်လာ ၁၀ သန်းကျော် လျော့နည်းခဲ့ပါတယ်။                                                                                          

MIRT

Wednesday, 3 Feb 2016

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကမြင့်တက်နေခဲ့သည့် မြန်မာ့ရွှေဈေး သည်ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်ခဲ့ကာ ကျပ်ခုနစ်သိန်းရှစ် သောင်းအထိ မြင့်တက်ခဲ့ပြီးမှ ပြန်လည်ကျဆင်းခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးနှင့်အတူ  လိုက်ပါ မြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်း ကမ္ဘာ့ရွှေဈေး နှင့်အတူ လိုက်ပါမြင့်တက်ခဲ့ပြီးနောက်  ရက်သတ္တပတ်၏နောက်ဆုံးရက်များ တွင် ပြန်လည်ကျ ဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဈေးမြင့်တက်လာခြင်းကြောင့် ပြည် တွင်းရွှေဈေးကွက်တွင်  အဝယ်ထက်  အရောင်းပိုများလာခဲ့ပြီး  ဈေးကွက် အတွင်း ပြန်လည်ဈေးကျလာခြင်းဖြစ် ကြောင်း သိရသည်။

Pages