Main menu

Background

Thursday, 8 Oct 2020

ပြည်နယ်အတွင်း မိတ္ထီလာမြို့နယ်ဘက်မှ အများဆုံးအဝင်ရှိသောကြက်သွန်(နီ) ဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးပတ်တွင်  ကြက်သွန်( နီ )တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဖြစ်ပြီး အောက်တိုဘာလ ပထမပတ်တွင်ကြက်သွန်(နီ) တစ်ပိဿာလျှင် ကျပ်  ၁၄၀၀ ၊ ကျပ် ၄၀၀ လောက်အနည်းငယ် မြင့်တက်လာကြောင်း၊ ကလော ၊ အောင်ပန်းဒေသတို့ဘက်မှဝင်သော ကြက်သွန်(ဖြူ) ရှမ်းစဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးပတ်မှ အောက်တိုဘာလပထမ ပတ်ထိ ကြက်သွန် ( ဖြူ )  ရှမ်းစ တစ်ပိဿာလျှင် ကျပ် ၃၂၀၀၊ ပြည်နယ်အတွင်းမှာလည်း ဒေသထွက် ရှမ်းစတစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှကျပ် ၃၀၀၀ ဖြင့်အသီးသီး အလုံးအရွယ်အစားအလိုက်ရောင်းချလျက်ရှိကြောင်း၊ မန္တလေး မြို့နယ်ဘက်မှအဝင်ရှိသော( ဖြူ ) ကြူက

Thursday, 17 Jan 2019

ပြည်တွင်းရွှေဈေးနှုန်းသည်  နှစ်ဆန်းပိုင်းအတွင်း ဈေးအတက်အကျဖြစ် ပေါ်ခဲ့ပြီး ဈေးအနည်းငယ်ပြန်ကျလာကြောင်း  သတင်းရရှိသည်။၂၀၁၉ခုနှစ် နှစ်သစ်ကူးကာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀၄၈၀ဝဝရှိခဲ့ရာ မှ  ဇန်နဝါရီလပထမပတ်တွင်တော့ ကျပ် ၁၀၄၅၀ဝဝသို့ ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Monday, 7 Jan 2019

    အင်းတော်မြို့နယ်မှာ ဆောင်းသီးနှံ မုန်ညင်းကြီးကို ဧကကျယ်ကြီးများနဲ့ စိုက်ပျိုးလာတာ တွေ့ရ ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန်ညင်းကို အမျိုးမျိုး စီမံစားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန်ညင်းကို  အချဉ်တည်  စဉ့်အိုး များနဲ့လှောင်ပြီး  နှစ်ပေါက်ရောင်းချတဲ့သူများ ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး  ရက်ခြောက်ဆယ်ခူးဆွတ်ရောင်းချရတဲ့အတွက်  လျင်မြန်စွာ  ငွေဝင်တဲ့ သီးနှံဖြစ် ကြောင်းသိ ရပါတယ်။

Monday, 7 Jan 2019

        မြန်မာထောပတ်သီးများ တရုတ် နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ် လို့ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးကုန်သည် အချို့ဆီက သိရပါတယ်။ မကြာသေးခင် က မူဆယ်မြို့မှာ ပြုလုပ်တဲ့ ၁၇ ကြိမ် မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်စည် ပြပွဲမှာ သစ်သီးကုန်သည် အစုအဖွဲ့တွေ အနေနဲ့ တရုတ်ဘက်ကို ထောပတ်သီး တွေ တရားဝင်တင်ပို့နိုင်ရေး တရုတ် ဘက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ   မြန်မာနိုင်ငံက   ထွက်ရှိတဲ့ ထောပတ်သီးကို တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲ ရေးဝန်ကြီးဌာန (AQSIQ) မှာ စာရင်းမဝင် တဲ့အတွက် တရားမဝင်ဘဲဖြစ်နေပြီး တရားဝင်တင်ပို့နိုင်ခြင်း မရှိသေးပါ။ ဒါ့ကြောင့် လက်ရှိအချိန်အထိ တရုတ် ဘက်ကို ထော

Tuesday, 30 Oct 2018

       ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို လာမည့်နှစ် ဖေဖော်ဝါရီ လတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Wednesday, 23 May 2018

ယခုတစ်ပတ်   ရန်ကုန်ဆန်ဈေးကွက်မှာ   ဆန်အဝင် ပုံမှန်ရှိသော်လည်း အရောင်းအဝယ်အေးတဲ့အတွက်  အနည်း ငယ်ဈေးကျတယ်လို့  ဝါးတန်းကုန်စည်ဒိုင်မှ  သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့ လက်ကားဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ်   ၃၈၀၀၀ နဲ့  လတ်စတစ်အိတ်ကျပ် ၃၅၅၀၀၊ ပုသိမ်^မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၄၆၀၀၀ ၊ လတ်စတစ်အိတ်ကျပ် ၄၄၀၀၀၊ ကျိုက်လတ် ထိပ်စ တစ်အိတ်ကျပ် ၃၆၀၀၀ နဲ့   လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၅၃၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၅၀၀၀ ရှိပါတယ်။  နယ်စုံပေါ်ဆန်း ဆန်တစ်အိတ်ကျပ် ၃၆၅၀၀ မှ ကျပ်၃၇၅၀၀ ရှိပြီး တစ်အိတ် ကို ကျပ် ၁၀၀၀ ခန့် ဈေးကျကြောင်း သိရပါတယ်။

Wednesday, 23 May 2018

ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ အောင်လံ၊ တောင်တွင်း စတဲ့နယ်များမှ ကြက်သွန်နီများ တစ်ရက်လျှင် ကားတစ်စီးကို ပိဿာ(၃၀) ဝင်အိတ် ၃၀၀-၄၀၀ ဆံ့ ကား  ၃  စီးခန့် ပုံမှန်ဝင်ရောက်မှုရှိနေတာ တွေ့ရပါတယ်။

Wednesday, 3 Jan 2018

     ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ် ငန်းများအနက် ရေလုပ်ငန်းသည် အဓိက နေရာမှ ပါဝင်လျက်ရှိသည်။  ရခိုင်တိုင်း ရင်းသားများသည် ငါး၊  ပုစွန်ဖမ်းဆီး ရေးလုပ်ငန်းများနှင့် သဘာဝနည်းဖြင့်  ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ဒေသခံများ၏ စီးပွားရေး တောင့်တင်း ခိုင်မာမှု အားနည်းသည့်အတွက် ကမ်းဝေးငါးဖမ်းစက်လှေကြီးများဖြင့် ငါးဖမ်း သည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုနိုင်ဘဲ ကမ်းနီးငါးဖမ်းလုပ်ငန်းများ ကိုသာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

Monday, 19 Jun 2017

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်း မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ် ဝန်ချုပ် ဦးစိုးပိုင် လိုက်ပါလျက် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ Dianchi International Exhibition and Convention Center ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် တောင်နှင့် အရှေ့တောင် အာရှ ကုန်စည်ပြပွဲနှင့် ရင်း နှီးမြှုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။

Pages