Main menu

Background

Tuesday, 25 Apr 2023

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပျစ်သီး ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံ စိုက်ပျိုး တောင်သူတစ်ဦး ထံမှ သိရသည်။

Friday, 31 Mar 2023

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နေသော ဒေသတစ်ခု ဖြစ်သည်။ ထို့ပြင် ညောင်တုန်းမြို့နယ်နှင့်  အနီးအနားမြို့များ ဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊  မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌလည်းဖြစ် "ခင်" ငရုတ်ရောင်းဝယ်ရေး ပိုင်ရှင်လည်းဖြစ်သည့်   ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။ 

Friday, 17 Mar 2023

သံပရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြား စိုက်ပျိုးကြသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း စိုက်ပျိုးကြသည်။ သံပရာသီးကို လူအများအသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာသည်။

Monday, 27 Feb 2023

မရန်းသီးသည်  ဟင်းလျာအဖြစ်  စား၍ ရသလို သရေစာအဖြစ်လည်း စားသုံး၍ရသည့် ကျန်းမာရေး  အထောက်အကူပြု အစားအစာ တစ်မျိုးဖြစ်သည်။
မရန်းသီးသည် ဈေးကွက်သို့ ဇန်နဝါရီလ ကုန်ခန့်မှစ၍ ဝင်ရောက်လာကြပြီး ဖေဖော်ဝါရီလ တွင် ဝင်ရောက်မှုများလာသည်။  ဈေးမှာလည်း ပေါ်ခါစအချိန်ထက် လျော့နည်းလာခဲ့ကာ ၁၀ ကျပ်သားလျှင် ကျပ် ၂၀ဝ၀ ခန့်ထိ ဈေးကောင်း ပေး၍ ဝယ်ယူစားသုံး ကြသည်။

Tuesday, 21 Feb 2023

 စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့်  ကုန်စည်ဒိုင်များ၏ သီးနှံ ဈေးနှုန်း များနှင့် အရောင်းအဝယ် ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြ လျက်ရှိရာ ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံ နှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းရာ ပဲစင်းငုံနှင့် မတ်ပဲများ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ပဲစင်းငုံ

Monday, 13 Feb 2023

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) ၄၅ ပိဿာတစ်အိတ်လျှင်   ဖေဖော်ဝါရီ ၁ ရက်တွင် ကျပ် ၂၉၀ဝ၀ဝ ဖြစ်ပြီး  ၇ ရက်တွင်  ကျပ် ၂၈၀ဝ၀ဝ  ဖြစ်၍ ကျပ် ၁၀ဝ၀ဝ ဈေးလျော့ခဲ့ကြောင်း၊ နှမ်းဖြူတစ်အိတ် ယခင်တစ်ပတ် ကျပ် ၂၆၀ဝ၀ဝ ဖြစ်ပြီး ယခု တစ်ပတ်တွင် ကျပ် ၂၆၀ဝ၀ဝ၊ နှမ်းပြာတစ်အိတ်လျှင် ယခင်တစ်ပတ်က ကျပ် ၂၄၀ဝ၀ဝ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၂၄၀ဝ၀ဝ၊ နှမ်းနီတစ်အိတ်လျှင် ယခင်တစ် ပတ်က ကျပ် ၂၅၀ဝ၀ဝ ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၂၅၀ဝ၀ဝ ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့် ၄၅ပိဿာ ဝင်အိတ်ဖြင့် နှမ်းနက် (စမုံ) ၅၈၀ အိတ်၊ နှမ်းပြာ  ၁၄၀ အိတ်၊ နှမ်းနီ ၉၀ အိတ်နှင့်၊ နှမ်းဖ

Pages