Background
၂၀၀၇ ခုနှစ်၊ ဂေါ်ဖီထုပ်ပေါ်ချိန် တုန်းက ကလောမြို့နယ်ကို စာရေးသူ တစ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ ထိုစဉ်က ဂေါ်ဖီထုပ်တစ်ထုပ်ကို ၆၀ ကျပ်ဈေး သာရရှိလို့ ထပ်မံစိုက်ထုတ်ရမယ့် သယ် ယူတင်ပို့ခ ၆၀ ကျပ်ကို မကုန်ကျနိုင် တာကြောင့် စိုက်ခင်းထဲမှာပင် ဒါး ကောက်နဲ့ ရမ်းခြင်း၊ လမ်းဘေးမှာ ခြောက်သည်အထိ ပုံထားခြင်းဆိုတဲ့ ရင် နင့်ဖွယ်မြင်ကွင်းကို တွေ့ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၈၀၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၅ သန်း တန်ဖိုးရှိ သခွားမွှေး ၂၉၅ တန်ကျော်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၃၄၉ သန်းတန်ဖိုးရှိ ပန်းသီး ၇၉၁ တန်လည်း မူဆယ်နယ်စပ်မှ အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ရှေးဟောင်း အနုပညာနယ်မြေ ပုဂံညောင်ဦးမြို့နယ်ကို ပြည်ပဧည့်သည်များ လာရောက်လေ့လာလျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပဧည့် ၁၉၉၉၇ ဦး ဝင်ရောက်တာကြောင့် ယခင်လ ဧည့်ဝင်ရောက်မှုထက် ၄၈၆၄ ဦး ပိုမိုဝင် ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဧည့်ဝင်ရောက်မှုမှ ဝင်ငွေရရှိမှုမှာလည်း ကန်ဒေါ်လာ ၁၈၃၁၅၉ နဲ့ FEC ၁၆၈၁၁ ဖြစ်တာ ကြောင့် ဇန်နဝါရီလ နိုင်ငံခြားဝင်ငွေရရှိမှုမှာ ဒေါ်လာ ၁၉၉၉၇၀ ရရှိခဲ့တယ်လို့သိရပါတယ်။ တင်မျိုးခိုင်
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ ဆောင်းအာလူး ဧက ၁၁၀၀ ကို စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မြို့နယ်အလိုက် စိုက်ပျိုးမှုမှာ လွိုင်ကော်မြို့နယ်မှာ ၃၁၀ ဧကနဲ့ ဒီမော့ဆိုမြို့နယ်မှာ ၇၉၀ဧကတို့ဖြစ်ပြီး၊ ဆောင်းအာလူးကို ဒီဇင်ဘာနဲ့ ဇန်န ဝါရီလများမှာ စိုက်ပျိုးပြီး၊ မတ်လနဲ့ ဧပြီလများမှာ ထွက်ရှိမှာဖြစ်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ မိုးနှောင်း အာလူးစိုက်ဧကမှာ ၅၀၁ ဧကရှိခဲ့တာကြောင့် ဆောင်းအာလူးစိုက်ပျိုးမှုမှာ မိုးအာလူးထက် နှစ်ဆကျော် တိုးတက်စိုက်ပျိုးလာ ကြောင်း သိရပါတယ်။ မင်းအောင်
နှစ်စဉ် တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ခုနစ်ရက် ကျင်းပတဲ့ မိုးဗြဲမွေတော်ဓာတ်စစ်စေတီ တော်ဘုရားပွဲကို ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတစ်ခွင်မှ ဘုရားဖူးဧည့်သည်များ၊ ဈေးရောင်းသူ များလာရောက်ကြပြီး၊ ဘုရားပွဲမှအပြန် မှာလိုအပ်တဲ့ အိမ်သုံးပစ္စည်းမျိုးစုံနဲ့ အိမ် ဆောက်ပစ္စည်းအမျိုးမျိုးတို့ကို ပုံအော ဝယ်ယူလေ့ရှိကြောင်းသိရပါတယ်။
ရာသီစာသီးနှံတွေအနက်က ယခုလအတွင်း ဖရဲသီးလှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ ဖရဲသီးလက်လီ၊ လက်ကားရောင်းချ တဲ့ဆိုင်တွေ များပြားလာတာတွေ့ရပါတယ်။ ဖရဲစိုက်တောင်သူတွေထံက ကုန်သည်များက မြေငှားခပေးပြီးစိုက်ပျိုးကာ ထွက်ရှိလာတဲ့ အသီးတွေကို မူဆယ်မှတစ်ဆင့် တရုတ်ဈေးကွက်ကို တင်ပို့ရောင်းချပြီး၊ ပယ်သီးများကို အလုံးရေအလိုက် ဈေးနှုန်းသတ်မှတ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများအား ရောင်းချပေးကြောင်း သိရှိရပါတယ်။ ဖရဲသီးကို ရှမ်းကလေးကျွန်းနဲ့ တံတားဦးကျေးရွာများက အများအပြားစိုက်ပျိုးထွက်ရှိပြီး၊ လက်လီဈေးအကြီး တစ်လုံး ကျပ် ၁၅၀၀၊ အလတ် ကျပ် ၁၀၀၀၊ အသေး ကျပ် ၅၀၀ နဲ့ တစ်ထောင်ကျပ်ဖိုး သုံးလုံးနဲ့ ရောင်းဝယ်နေကြောင်း သိရပါတယ်။ ခင်မြင့်မြင့်
မန္တလေးမြို့ သီရိမာလာဈေးကြီးကို ဟင်းသီးဟင်းရွက်ဝင်ရောက်မှုနဲ့ ပတ် သက်ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက မုန်လာဥ၊ မုန်ညင်း၊ ဘိုစားပဲသီး၊ ခါကြက်ဥ တို့အဝင်ပိုခဲ့ပါတယ်။ ဂေါ်ဖီ၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီးတို့ ဝင်ရောက်မှု နည်းခဲ့ပါတယ်။ အဝင်များတဲ့ ဟင်းသီးဟင်းရွက်ရော၊ အဝင်နည်းတဲ့ ဟင်းသီး ဟင်းရွက်ရော ဈေးနှုန်းကွာခြားမှု မရှိဘူးလို့ သိရပါတယ်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း တွင်ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေး ရွာများမှာ ဒုတိယအကြိမ်၊ တောင်သူ၊ လုပ်ငန်းရှင်များစိုက်ထားတဲ့ သခွားမွှေး များ ဆွတ်ခူးရောင်းချပြန်ပါပြီ။ အဓိက ဈေးကွက်ကတော့ မူဆယ် ၁၀၅ မိုင်နဲ့ မန္တလေးသစ်သီးဈေးကွက်များ ဖြစ်ပါ တယ်။
မန္တလေးသစ်သီးဈေးကွက်မှာ လိမ္မော်ကတော့ ထိပ်ကပြေးနေပါတယ်။ မိုးကုတ်လိမ္မော်တွေ တုံးခါနီးပြီး မိုင်းလုံသီး တွေလည်း အဝင်လျော့လာတယ်။ ဟမ္မငိုင်းသီးတွေကတော့ အဝင်များပြီး အရောင်းသွက်လျက်ရှိပါတယ်။ မိုးကုတ်၊ မိုင်းလုံသီး တွေကုန်သွားရင် ဟမ္မငိုင်းသီးက လှောင်နိုင်တဲ့အတွက် ဟမ္မငိုင်းသီးပဲကျန်မှာဖြစ်ပြီး တပေါင်း၊ တန်ခူးထိ ဝင်နိုင်ပါတယ်။ အဲဒီအချိန်မှာဆို လိမ္မော်တွေ ရှားလာတဲ့အတွက် ဈေးကောင်းမယ်။ ယခုချိန် လိမ္မော်ဈေးမှာ အချိန် ၁၀၀ ကို ၄၅၀၀၀ ကျပ်ကနေ ၈၀၀၀၀ ကျပ်ထိရှိပါတယ်။
အနီရောင်ပေါ် အနက်စက်လေးပါတဲ့ ရွေးလေးအဖြစ် အသိများတဲ့ ဆင်ရွေးစေ့ပင်ရဲ့ အရွက်နဲ့ အစေ့ဟာ ဆေးဘက်ဝင်တဲ့အတွက် ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုဖို့ တရုတ်နိုင်ငံမှ ဝယ်ယူလာရာ ဈေးကောင်း ရလာခဲ့ ပါတယ်။ ဒါကြောင့် ယခင်က အလေ့ကျပေါက်ရာမှ ယခုအခါ အရာတော်မြို့နယ်မှ စနစ်တကျ စိုက်ပျိုးပြီး၊ အများဆုံး စိုက်တဲ့ ကံသာနဲ့တောင်မွှာကျေးရွာများအပါအဝင် စိုက်ဧကပေါင်း ၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။