Main menu

Background

Monday, 18 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၅၆၀ သန်းတန်ဖိုး ရှိ အချိုမှုန့် ၅၅၉ တန်ကျော်ကို ဖေ ဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်ထိကာ လအတွင်းမှာ  တင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ၁၆၉ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ၃၉၀ တန် တင် သွင်းခဲ့တာဖြစ်ပါတယ်။

Monday, 18 Feb 2013

နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေး တွေကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ် -တစ်ဘူး/ကျပ် ရန်ကုန်    မန္တလေး ဒွန်း (နို့ဆီ)        ၇၈၀      ၇၅၀         ဒွန်း (နို့စိမ်း)       ၆၇၀      ၆၂၅ ဝမ်းတီးနို့ဆီ       ၆၆၀      ၆၆၀ အိုကေ(နို့ဆီ)     ၆၅၀      ၆၁၅ အိုကေ(နို့စိမ်း)    ၆၅၀      ၆၀၀MIRT (DOT)

Monday, 4 Feb 2013

နို့ဆီ/စိမ်းတန်ချိန် လေးရာကျော်နဲ့ နို့မှုန့် တန်ချိန်နှစ်ရာနီးပါးဝင်ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း နို့ဆီနို့စိမ်း ၄၁၈ ဒသမ ၇၄၈ တန်၊ တန် ဖိုးအားဖြင့် ကန်ဒေါ်လာကိုးသိန်းကျော် ဖိုး အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ ဝင်လာတဲ့တံဆိပ်က ဒွန်းဖြစ်ပါတယ်။ နို့ဆီက ယခင်တစ်ပတ်နဲ့ယှဉ်ရင် ဒီတစ် ပတ်မှာ တန်ချိန်တစ်ရာကျော် အဝင် နည်းခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူမှ ၁၃၅ တန်နဲ့ နယူး ဇီလန်မှ ၇၅ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့် က တန်ချိန် တစ်ရာကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ MIRT (DOT)

Friday, 1 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၈၃၄ သန်းတန်ဖိုး ရှိ အချိုမှုန့် ၈၃၃ တန်ကျော်ကို ဇန်န ဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ မူဆယ် မှ ၁၈၂ တန်နဲ့ ချင်းရွှေဟော်မှ ၆၅၁ တန်ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ အချိုမှုန့် ၁၀၂ တန် ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ပြည် တွင်းမှစားသုံးမှုများပြီး ဝယ်လိုအားအမြဲ ကောင်းနေတဲ့  အိမ်ရှင်မတို့အကြိုက် ပစ္စည်းအမယ်တစ်မျိုး ဖြစ်တာကြောင့် လည်း သွင်းအားကောင်းနေတာ ဖြစ်ပါ တယ်။

Friday, 1 Feb 2013

နို့ဆီအဝင်ပိုပြီး နို့စိမ်းအဝင်လျော့ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အတွင်း နို့ဆီ ၃၂၈ ဒသမ ၃၂ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။  နို့စိမ်းက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ဘူးလို့ သိရပါတယ်။

Monday, 21 Jan 2013

တန်ချိန် ငါးရာကျော်ဝင်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း နို့ဆီ ၂၅၂ ဒသမ ၅၄တန်၊ နို့စိမ်း ၂၄၈ ဒသမ ၄၀ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီ၊ နို့စိမ်းအဝင်က တန် ချိန် ခုနစ်ရာကျော်ရှိခဲ့တာကြောင့် ဒီ တစ်ပတ်မှာ အဝင်လျော့နည်းမှုက တန် ချိန် နှစ်ရာနီးပါး ရှိခဲ့တယ်လို့ သိရပါ တယ်။

Sunday, 13 Jan 2013

ဒွန်းနို့စိမ်းနဲ့ အိုကေနို့ဆီ တင်သွင်းပြည်တွင်းကို ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်နေ့တာကာလ အတွင်း ဒွန်းနို့စိမ်း ၅၀၅ ဒသမ ၀၈ တန်နဲ့ အိုကေနို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ပါတယ်။နိုဝင်ဘာလရဲ့ နို့ဆီ/နု့ိစိမ်းအဝင်က တန်ချိန်တစ်ထောင့်ခုနစ်ရာနီးပါးရှိခဲ့ပြီး ဒီဇင်ဘာလမှာ တန်ချိန်  နှစ်ေ ထာင် ကျော်တင်သွင်းခဲ့တာကြောင့် ဒီဇင်ဘာ လမှာ တန်ချိန် သုံးရာကျော် အဝင်ပိုခဲ့ ပါတယ်။ နို့မှုန့်က ဒီဇင်ဘာလမှာ တန် ချိန် ၂၀ ကျော် လျော့နည်းပြီး အဝင် ရှိခဲ့တယ်လို့ သိရပါတယ်။

Sunday, 6 Jan 2013

ဒွန်းနဲ့ မာရီဂိုးနို့ဆီများ အဝင်ရှိသီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း နို့ဆီ ၇၇၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို    ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီ ၁၂၆ တန်၊ မာရီဂိုးနို့ဆီ ၁၅၂ တန်နဲ့ အခြားတံဆိပ် နို့ဆီများက ၄၉၆ ဒသမ ၈၀ တန် ဝင်လာခဲ့တယ်လို့ သိရပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံ မှသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။  MIRT (DOT)

Wednesday, 26 Dec 2012

ဖြေလျော့တင်သွင်းခွင့်ပြုထားတဲ့ စား သောက်ကုန်များအနက်  နယ်စပ်မှ အများဆုံးတင်သွင်းတဲ့  စားသောက် ကုန်ကတော့ အချိုမှုန့်ပဲဖြစ်ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်း ရွှေဟော်မှ ပုံမှန်တင်သွင်း လျက်ရှိရာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၇၀ သန်းဖိုးရှိ ချင်းရွှေဟော်မှ ၃၂၂  တန် နဲ့ မူဆယ်မှ ၂၄၈ တန်  တင်သွင်းခဲ့ပြီး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ   ကော့သောင်း စခန်းမှလည်း ယခုအပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ အချိုမှုန့် ၅ တန်ကို တင်သွင်းလာတာ တွေ့ရပါတယ်။      တင်တင်ထွန်း

Wednesday, 26 Dec 2012

ဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ရက် မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၂၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ် သိန်းငါးသောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်ဝင်လာခဲ့တဲ့ နို့ဆီက OK တံဆိပ်နို့ဆီပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်က တစ်ဆယ့်နှစ် တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီအဝင်က တန်ချိန် နှစ်ရာ ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင် မရှိခဲ့တာ တွေ့ရပါတယ်။

Pages