Background
ပြည်တွင်းကို ပင်လယ်ရေကြောင်း လမ်း မှ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက် နေ့တာကာလအတွင်းမှာ နို့ဆီ/စိမ်း ၄၇၀ ဒသမ ၉၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာငါးသိန်းသုံးသောင်း ကျော် ဖိုး ကို ဒီတစ်ပတ်မှာတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။ နို့မှုန့်ကဒီတစ်ပတ်မှာစင်ကာပူ နိုင်ငံ မှ ၆ ဒသမ ၇၈ တန်၊ ဒိန်းမတ်နိုင်ငံ မှ ၁၁ ဒသမ၅၀၈တန်နဲ့ ဗီယက်နမ်နိုင်ငံ မှ ၁ ဒသမ ၉၇၃ တန် စုစုပေါင်း ၂၀ ဒသမ ၂၆၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာငါးသောင်းလေးထောင်ကျော် တန်ဖိုးရှိနို့မှုန့်များကိုတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်နို့မှုန့်အဝင်က တန်ချိန်လေးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်လျော့နည်း ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ယခုတစ်ပတ်အတွင်း ငွေလဲနှုန်း များ အနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်ဥပဒေကို ထုတ် ပြန်လိုက်ခြင်းနှင့်အတူ အစိုးရက ထိန်း ချုပ်သည့်နှုန်းရှင်စနစ်အစား လွတ်လပ် သည့်နှုန်းရှင်စနစ်ကို ပြောင်းလဲအသုံး ပြုမည်ဖြစ်ရာ အမေရိကန်ဒေါ်လာလဲ လှယ်နှုန်းများ အနည်းငယ်ကျဆင်းလာ ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၃ ရက်မှ ဇွန်လ ၂၉ ရက်အတွင်း ဓာတ်ဆီတန်ချိန်ငါးရာကိုသာတင် သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ပြီး ဒီဇယ်က အဝင်မရှိဘူးလို့သိရပါတယ်။ ယခင် တစ်ပတ် ဓါတ်ဆီအဝင်က တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့ပြီး ၊ ဒီတစ်ပတ် အဝင်က တန်ချိန် ငါးရာသာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓါတ်ဆီတန်ချိန် တစ် သောင်းတစ်ထောင်ကျော် အဝင်နည်းခဲ့ဲ့တယ်လို့ သိရပါတယ်။MIRT-DOT
သီတင်းတစ်ပတ်ဖြစ်တဲ့ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့တာကာလအတွင်း နို့ဆီ ၁၅၁ ဒသမ ၅၂၄ တန် ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် မှာ တန်ချိန် ခြောက်ရာကျော်ဝင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင်လျော့ ခဲ့တယ်လို့ ဆိုရပါမယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၅၆ ဒသမ ၅၄ တန်၊ မလေးရှားနိုင်ငံမှ သုည ဒသမ ၁၀၈ တန်၊ သြစတြေးလျနိုင်ငံမှ ၁ ဒသမ ၄၄ တန်၊ စင်ကာပူနိုင်ငံမှ ၃ ဒသမ ၉၂၅ တန်၊ ဂျာမဏီနိုင်ငံမှ ၇ ဒသမ ၀၉၄ တန် တင်သွင်းလာခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်စုစုပေါင်း ဝင်လာခဲ့တဲ့ နို့မှုန့်တန်ချိန်က ၆၉ ဒသမ ၁၀၇ တန်ရှိခဲ့ပါတယ်။ ယခင်တစ်ပတ် နို့မှုန့်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ငါး ဆယ်နီးပါး ပိုမိုတင်သွင်းလာတယ်လို့ သိရပါတယ်။ MIRT (DOT)
ပြည်တွင်းကို ကန်ဒေါ်လာ လေး သိန်းကျော်တန်ဖိုးရှိ နို့ဆီ ၃၉၉ ဒသမ ၉၂၄ တန်ကို ဧပြီလ ၂၁ ရက်မှ ၂၇ ရက် အတွင်း ရေကြောင်းလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ စင်ကာပူနိုင်ငံမှ မာရီဂိုးနို့ဆီနဲ့ ဒွန်းနို့ဆီ များ ဝင်လာခဲ့ပါ တယ်။ ယခင်သီတင်း ပတ် နို့ဆီအဝင်က တန်ချိန် ငါးရာရှိခဲ့ တာကြောင့်ဒီတစ်ပတ်မှာ တန်ချိန် တစ် ရာကျော် အဝင်လျော့ခဲ့ပါတယ်။
နို့မှုန့်က မလေးရှားနိုင်ငံမှ ၆ ဒသမ ၄၄၆ တန်၊ နယူးဇီလန်နိုင်ငံမှ ၁၁၆ ဒသမ ၁၇၂ တန်၊ တရုတ်နိုင်ငံမှ ၁၈ ဒသမ ၂၅၉ တန်၊ သြစတြေးလျနိုင်ငံမှ ၂ ဒသမ ၄၃၃ တန်၊ ဗီယက်နိုင်ငံမှ ၁၁ ဒသမ ၁၃၆ တန်နဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စုနိုင်ငံမှ သုည ဒသမ ၃၂၄ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ နယူးဇီ လန်နိုင်ငံမှ အများဆုံးမှာယူတင်သွင်းလာတာ တွေ့ ရပါတယ်။ ယခင်သီတင်းပတ်ထက် တန်ချိန် သုံးဆယ်ကျော် ပိုမိုတင်သွင်း လာတယ်လို့ သိရပါတယ်။MIRT (DOT)
တရုတ်-မြန်မာနယ်စပ်ရှိ ကြယ် ခေါင်မှာ မြန်မာပြည်ထွက် အင်ကြင်း ကျောက်များကို ဧည့်ခန်းအလှဆင် ပစ္စည်း အဖြစ် ပြုပြင်အချောကိုင်ကာ ပြည်မကြီးသို့ တင်ပို့ရောင်းချတဲ့ လုပ်ငန်းတွေ တွင်ကျယ်နေတာနဲ့အမျှ လိုအပ်တဲ့ အချောကိုင်လုပ်သားတွေကို မြန်မာနိုင်ငံတစ်ဝန်းက ခေါ်ယူခန့်ထား လျက်ရှိတယ်လို့ သိရပါတယ်။
အင်ကြင်းကျောက်အသုံးပြုရာမှာ မြေပြင်ပေါ်ရှိကျောက်ထက် နွားထိုးကြီး နယ်ကထွက်တဲ့ တွင်းအောင်း အင်ကြင်း ကျောက်က အရည်အသွေးပိုကောင်းပြီး ဈေးကွက်မှာမျက်နှာပန်းလှတယ်လို့ ဆိုပါတယ်။ မြန်မာေ ကျာက် သွေးလုပ် သားတွေအနေနဲ့ မိမိကျွမ်းကျင်တဲ့ လုပ်ငန်းအလိုက် ဝင်ငွေကွာခြားမှုရှိပြီး ပုံမှန်အားဖြင့် အလုပ်ချိန် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျောက်သွေးခ တစ်ရက်အနိမ့်ဆုံး ၂၀ ယွမ်မှ အမြင့်ဆုံး ၆၀ ယွမ်ထိ ရရှိကြတယ် လို့ ဆိုပါတယ်။ ပုံဖော်အချောကိုင်သမားတွေကတော့ တစ်ရက်ယွမ် ၁၀၀ ထိ ဝင်ငွေကောင်း မွန် နေကြောင်း လုပ်သားတစ်ဦးက ပြောပါ တယ်။ကြယ်ခေါင်ရှိ အဆိုပါ အင်ကြင်း ကျောက်အလှဆင်လုပ်ငန်းကို စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းက ပုလဲ၊ ယင်းမာပင်နဲ့ ဘုတလင်မြို့နယ် တွေက ကျေးရွာနေလူငယ်အများစု သွား ရောက်လုပ်ကိုင်လျက်ရှိပြီး၊ စားစရိတ် ငြိမ်းလုပ်ကိုင်ရတဲ့အတွက် တစ်လကျပ် တစ်သိန်းမှ နှစ်သိန်းထိအိမ်ကို ပြန်ပို့နိုင် ကြတယ်လို့ ကြယ်ခေါင် မှာ ကျောက်သွေး လုပ်ငန်းလုပ်ပြီး နှစ်သစ်ကူးမှာ ခေတ္တ ပြန်လာတဲ့ ဘုတလင်မြို့နယ် ရဲထွက်ရွာ က ကျောက်သွေး လုပ်သား တစ်ဦးက ပြောပြလို့ သိရပါတယ်။ထွန်းလှိုင် - မုံရွာ
သီတင်းတစ်ပတ်ဖြစ်တဲ့ ဧပြီလ ၇ရက်မှ ၁၃ ရက်နေ့တာ ကာလအတွင်း နို့ဆီ ၅၀၀ ဒသမ ၉၄၀ တန်၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော် ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံမှ နို့ဆီများသာ တင် သွင်းလာတယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်ဖြစ်တဲ့ ဧပြီလပထမပတ် အတွင်းမှာ နို့ဆီအဝင်က တန်ချိန်သုံး ရာကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတန်ချိန် တစ်ရာ့ကိုး ဆယ်ကျော်အဝင်ပိုခဲ့ပါတယ်။ သြင်္ကန် ပိတ်ရက်ရှည်များကြောင့် နို့ဆီ၊ နို့စိမ်း များကို အင်တိုက်အားတိုက် သွင်းလာ တာ တွေ့ရပါတယ်။
ထိုင်း၊ မလေး၊ စင်ကာပူမှ ဘိလပ်မြေများဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဧပြီ ပထမ သီတင်းပတ်အတွင်းမှာ တန်ချိန် သုံးသောင်းခြောက်ေ ထာင်ကျော် တင်သွင်းလာခဲ့ပြီး ဧပြီဒုတိယပတ် အတွင်းမှာ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်း ကျော်တန်ဘိုးရှိ ဘိလပ်မြေ ၂၀၄၄၂ ဒသမ ၆၄ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဝင်လာခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၂၀၃၅၂ တန်၊ မလေးရှားနိုင်ငံမှ ၂၅ ဒသမ ၆၀တန်၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၆၅ ဒသမ ၀၄ တန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် သုံးသောင်းခြောက်ေ ထာင် ကျော်ရှိတာကြောင့် ဒီတစ်ပတ်အဝင် တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ခြောက်ေ ထာင်ကျော် အဝင်လျော့ခဲ့ပါတယ်။
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း နို့ဆီ ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းတန်ဖိုးရှိ အိုကေနို့ဆီ ၂၄၈ ဒသမ ၄၀ တန် ကို တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်အဝင်က တန်ချိန် လေးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်တစ်ရာ့ခြောက် ဆယ်အဝင် နည်းခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ပြင်ပငွေ ကြေးဈေးကွက်တွင် စင်တာများ၏ ပေါက်ဈေးထက် ဈေးလျှော့၍ ရောင်း ချခြင်း ဝယ်ယူခြင်းများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ယခုအခါတွင် ငွေလဲသူများသည် ပြင်ပငွေဈေးကွက်အတွင်း သွားရောက် လဲလှယ်ခြင်းမပြုတော့ဘဲ စင်တာများ တွင်သာ အများအားဖြင့် လဲလှယ်နေ ကြခြင်းကြောင့်ပြင်ပငွေဈေးကွက်အတွင်း ၌ ဒေါ်လာစီးဆင်းမှုနည်းပါးလျက် ရှိ ကြောင်း သိရသည်။ ယင်းကဲ့သို့ နည်းပါးနေမှုကြောင့် ဒေါ်လာများကို ဝယ်ရောင်းပြုလုပ်ရာ တွင် စင်တာများထက် ဈေးပိုပေး၍ ဝယ်ယူခြင်း၊ ဈေးလျှော့၍ ရောင်းချခြင်း များကို ပြုလုပ်လျက်ရှိကြောင်း သိရ သည်။ဧပြီလ ၅ရက်နေ့က ငွေလဲ စင် တာများတွင် အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၈၅ကျပ် ဝယ်ဈေး ၈၈၄ ကျပ်ရှိသော်လည်း ပြင်ပငွေလဲ ဈေးကွက်တွင်မူ ရောင်းဈေး ၈၈၀ကျပ်၊ ဝယ်ဈေး ၈၇၉ ကျပ်ဖြင့် ဈေးမြှင့်ကာ ဝယ် ရောင်းပြုလုပ်နေကြကြောင်းသိရ သည်။"ကျွန်တော်တို့ ငွေဈေးကွက်မှာ ငွေလဲတဲ့သူတွေက အရင်တုန်းကလို လာပြီးမလဲကြတော့ဘူး။ စင်တာတွေ ကလည်း တော်တော်များများဖွင့်လာ ကြတော့ အဲဒီစင်တာတွေမှာပဲ လဲကြ တာများတယ်။ ဒါကြောင့် ကျွန်တော် တို့ဆီမှာ ငွေက နည်းလာတယ်။ ဒါ ကြောင့် ကျွန်တော်တို့ဈေးကွက်အတွင်း မှာ ရောင်းဈေးကိုရော ဝယ်ဈေးကိုပါ စင်တာကဈေးထက် ပိုပြီး ပေးထားတာ ပါ"ဟု ငွေလဲဈေးကွက်အတွင်းမှ ကိုဦး ကဆိုသည်။ယခုတစ်ပတ်အတွင်း ဗဟိုဘဏ် ၏ဧပြီလ ၃ရက်နေ့က သတ်မှတ်လိုက် သည့် ရည်ညွှန်းငွေလဲနှုန်းသည် ၈၈၁ ကျပ် ဖြစ်ကြောင်း သိရသည်။မယ်သီတာ
