Background
တရုတ်-မြန်မာနယ်စပ်ရှိ ကြယ် ခေါင်မှာ မြန်မာပြည်ထွက် အင်ကြင်း ကျောက်များကို ဧည့်ခန်းအလှဆင် ပစ္စည်း အဖြစ် ပြုပြင်အချောကိုင်ကာ ပြည်မကြီးသို့ တင်ပို့ရောင်းချတဲ့ လုပ်ငန်းတွေ တွင်ကျယ်နေတာနဲ့အမျှ လိုအပ်တဲ့ အချောကိုင်လုပ်သားတွေကို မြန်မာနိုင်ငံတစ်ဝန်းက ခေါ်ယူခန့်ထား လျက်ရှိတယ်လို့ သိရပါတယ်။
အင်ကြင်းကျောက်အသုံးပြုရာမှာ မြေပြင်ပေါ်ရှိကျောက်ထက် နွားထိုးကြီး နယ်ကထွက်တဲ့ တွင်းအောင်း အင်ကြင်း ကျောက်က အရည်အသွေးပိုကောင်းပြီး ဈေးကွက်မှာမျက်နှာပန်းလှတယ်လို့ ဆိုပါတယ်။ မြန်မာေ ကျာက် သွေးလုပ် သားတွေအနေနဲ့ မိမိကျွမ်းကျင်တဲ့ လုပ်ငန်းအလိုက် ဝင်ငွေကွာခြားမှုရှိပြီး ပုံမှန်အားဖြင့် အလုပ်ချိန် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျောက်သွေးခ တစ်ရက်အနိမ့်ဆုံး ၂၀ ယွမ်မှ အမြင့်ဆုံး ၆၀ ယွမ်ထိ ရရှိကြတယ် လို့ ဆိုပါတယ်။ ပုံဖော်အချောကိုင်သမားတွေကတော့ တစ်ရက်ယွမ် ၁၀၀ ထိ ဝင်ငွေကောင်း မွန် နေကြောင်း လုပ်သားတစ်ဦးက ပြောပါ တယ်။ကြယ်ခေါင်ရှိ အဆိုပါ အင်ကြင်း ကျောက်အလှဆင်လုပ်ငန်းကို စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းက ပုလဲ၊ ယင်းမာပင်နဲ့ ဘုတလင်မြို့နယ် တွေက ကျေးရွာနေလူငယ်အများစု သွား ရောက်လုပ်ကိုင်လျက်ရှိပြီး၊ စားစရိတ် ငြိမ်းလုပ်ကိုင်ရတဲ့အတွက် တစ်လကျပ် တစ်သိန်းမှ နှစ်သိန်းထိအိမ်ကို ပြန်ပို့နိုင် ကြတယ်လို့ ကြယ်ခေါင် မှာ ကျောက်သွေး လုပ်ငန်းလုပ်ပြီး နှစ်သစ်ကူးမှာ ခေတ္တ ပြန်လာတဲ့ ဘုတလင်မြို့နယ် ရဲထွက်ရွာ က ကျောက်သွေး လုပ်သား တစ်ဦးက ပြောပြလို့ သိရပါတယ်။ထွန်းလှိုင် - မုံရွာ
သီတင်းတစ်ပတ်ဖြစ်တဲ့ ဧပြီလ ၇ရက်မှ ၁၃ ရက်နေ့တာ ကာလအတွင်း နို့ဆီ ၅၀၀ ဒသမ ၉၄၀ တန်၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော် ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံမှ နို့ဆီများသာ တင် သွင်းလာတယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်ဖြစ်တဲ့ ဧပြီလပထမပတ် အတွင်းမှာ နို့ဆီအဝင်က တန်ချိန်သုံး ရာကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတန်ချိန် တစ်ရာ့ကိုး ဆယ်ကျော်အဝင်ပိုခဲ့ပါတယ်။ သြင်္ကန် ပိတ်ရက်ရှည်များကြောင့် နို့ဆီ၊ နို့စိမ်း များကို အင်တိုက်အားတိုက် သွင်းလာ တာ တွေ့ရပါတယ်။
ထိုင်း၊ မလေး၊ စင်ကာပူမှ ဘိလပ်မြေများဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဧပြီ ပထမ သီတင်းပတ်အတွင်းမှာ တန်ချိန် သုံးသောင်းခြောက်ေ ထာင်ကျော် တင်သွင်းလာခဲ့ပြီး ဧပြီဒုတိယပတ် အတွင်းမှာ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်း ကျော်တန်ဘိုးရှိ ဘိလပ်မြေ ၂၀၄၄၂ ဒသမ ၆၄ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဝင်လာခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၂၀၃၅၂ တန်၊ မလေးရှားနိုင်ငံမှ ၂၅ ဒသမ ၆၀တန်၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၆၅ ဒသမ ၀၄ တန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် သုံးသောင်းခြောက်ေ ထာင် ကျော်ရှိတာကြောင့် ဒီတစ်ပတ်အဝင် တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ခြောက်ေ ထာင်ကျော် အဝင်လျော့ခဲ့ပါတယ်။
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း နို့ဆီ ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းတန်ဖိုးရှိ အိုကေနို့ဆီ ၂၄၈ ဒသမ ၄၀ တန် ကို တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်အဝင်က တန်ချိန် လေးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်တစ်ရာ့ခြောက် ဆယ်အဝင် နည်းခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ပြင်ပငွေ ကြေးဈေးကွက်တွင် စင်တာများ၏ ပေါက်ဈေးထက် ဈေးလျှော့၍ ရောင်း ချခြင်း ဝယ်ယူခြင်းများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ယခုအခါတွင် ငွေလဲသူများသည် ပြင်ပငွေဈေးကွက်အတွင်း သွားရောက် လဲလှယ်ခြင်းမပြုတော့ဘဲ စင်တာများ တွင်သာ အများအားဖြင့် လဲလှယ်နေ ကြခြင်းကြောင့်ပြင်ပငွေဈေးကွက်အတွင်း ၌ ဒေါ်လာစီးဆင်းမှုနည်းပါးလျက် ရှိ ကြောင်း သိရသည်။ ယင်းကဲ့သို့ နည်းပါးနေမှုကြောင့် ဒေါ်လာများကို ဝယ်ရောင်းပြုလုပ်ရာ တွင် စင်တာများထက် ဈေးပိုပေး၍ ဝယ်ယူခြင်း၊ ဈေးလျှော့၍ ရောင်းချခြင်း များကို ပြုလုပ်လျက်ရှိကြောင်း သိရ သည်။ဧပြီလ ၅ရက်နေ့က ငွေလဲ စင် တာများတွင် အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၈၅ကျပ် ဝယ်ဈေး ၈၈၄ ကျပ်ရှိသော်လည်း ပြင်ပငွေလဲ ဈေးကွက်တွင်မူ ရောင်းဈေး ၈၈၀ကျပ်၊ ဝယ်ဈေး ၈၇၉ ကျပ်ဖြင့် ဈေးမြှင့်ကာ ဝယ် ရောင်းပြုလုပ်နေကြကြောင်းသိရ သည်။"ကျွန်တော်တို့ ငွေဈေးကွက်မှာ ငွေလဲတဲ့သူတွေက အရင်တုန်းကလို လာပြီးမလဲကြတော့ဘူး။ စင်တာတွေ ကလည်း တော်တော်များများဖွင့်လာ ကြတော့ အဲဒီစင်တာတွေမှာပဲ လဲကြ တာများတယ်။ ဒါကြောင့် ကျွန်တော် တို့ဆီမှာ ငွေက နည်းလာတယ်။ ဒါ ကြောင့် ကျွန်တော်တို့ဈေးကွက်အတွင်း မှာ ရောင်းဈေးကိုရော ဝယ်ဈေးကိုပါ စင်တာကဈေးထက် ပိုပြီး ပေးထားတာ ပါ"ဟု ငွေလဲဈေးကွက်အတွင်းမှ ကိုဦး ကဆိုသည်။ယခုတစ်ပတ်အတွင်း ဗဟိုဘဏ် ၏ဧပြီလ ၃ရက်နေ့က သတ်မှတ်လိုက် သည့် ရည်ညွှန်းငွေလဲနှုန်းသည် ၈၈၁ ကျပ် ဖြစ်ကြောင်း သိရသည်။မယ်သီတာ
နို့ဆီ/နို့စိမ်း တန်ချိန် လေးရာ့လေးဆယ်ကျော်ဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ မတ် ၁၇ရက် မှ ၂၃ ရက်တာ ကာလအတွင်း နို့ဆီ ၄၄၄ ဒသမ ၂၇၇ တန်ကို တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ ထိုင်းနဲ့ စင်ကာပူ နိုင်ငံမှ နို့ဆီများ တင်သွင်းလာတယ်လို့ သိရပါတယ်။ ဝင်လာခဲ့တဲ့နို့ဆီများမှာ မာရီဂိုးနို့ဆီ ၁၅၁ ဒသမ ၅၂၄ တန်၊ အိုကေ နို့ဆီ ၂၄၈ ဒသမ ၄၀တန်နဲ့ အခြား တံဆိပ်နို့ဆီ ၄၄ ဒသမ ၃၅၃ တန် တင်သွင်းလာခဲ့ပါတယ်။ ယခင်သီ တင်းပတ်နို့ဆီအဝင်က တန်ချိန် နှစ်ရာ့ ငါးဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီတန်ချိန် တစ်ရာ့ကိုးဆယ် ကျော် အဝင်ပိုခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ငွေကြေးဈေးကွက်အတွင်း၌ ငွေလဲနှုန်းများ တည်ငြိမ် လျက်ရှိကြောင်း သိရသည်။ နိုင်ငံခြားငွေ လက်မှတ်(အက်ဖ်အီးစီ) တို့ကိုလည်း ဧပြီ ၁ရက်မှစတင်ကာ ပြန်လည်ရုပ်သိမ်းတော့မည်ဖြစ် ရာ ငွေကြေးဈေးကွက် အတွင်း အမေရိကန် ဒေါ်လာတစ်မျိုးတည်းကိုသာ မြင်တွေ့ရတော့မည်ဖြစ်သည်။ အမေရိ ကန်ဒေါ်လာ လဲလှယ်နှုန်း များသည်လည်း ယခင်ရက်သတ္တပတ်များက လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်တွင် မူ ပြန်လည်ငြိမ် သက်လျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ဈေးကွက် မှာ ဈေးအေးနေသည်မှာ အတန်ကြာပြီ ဖြစ်တဲ့ ဓာတ်မြေသြဇာဈေးကွက်မှာ ယခုအပတ်မှာ အရောင်းအဝယ် ပြန် ကောင်းလာပါတယ်။ တရုတ်မှ ဝင် ရောက်တဲ့ ဓာတ်မြေသြဇာ လက်ကား ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ မန္တလေးမြို့ ဈေးကွက်မှ ရွှေဘို၊ မုံရွာ၊ မကွေး၊ တောင်ကြီး အစရှိတဲ့ တိုင်းဒေ သကြီး မြို့များရဲ့ အမှာစာများကို ဆက်လက် တင်ပို့လေ့ရှိပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးတဲ့ရာ သီ နောက်ပိုင်း ကစပြီး အရောင်းအဝယ်အေးလာခဲ့ရာက ယခု ရက်ပိုင်းမှာတော့ နွေသီးနှံများ အတွက် မြင်း ခြံ၊ တောင်သာ၊ မတ္တရာ စတဲ့ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ အပြင် စစ်ကိုင်းတိုင်းဒေသ ကြီး ရှိ မြင်းမူ၊ ရွှေဘို၊ မုံရွာ စတဲ့ နွေသီးနှံစိုက်ပျိုးတဲ့ ဒေသများကပါ အဝယ်ရှိလာပါတယ်။
ဒွန်းနို့ဆီနဲ့ နို့မှုန့်သာအဝင်ရှိပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ် ၃ ရက်မှ ၉ ရက်အတွင်း နို့ဆီ ၃၈၂ ဒသမ ၆၀၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ကို တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီတစ်မျိုး သာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်က တန်ချိန် နှစ်ရာ့လေး ဆယ်ကျော်အဝင်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် တစ်ရာ့သုံးဆယ်ကျော် အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၇၅ ဒသမ ၆၀ တန်တင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့် တန် ချိန် တစ်ရာကျော် အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)
အဝင်လျော့နေဆဲ မြေသြဇာ ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ် ၃ ရက်မှ ၉ ရက်တာကာလအတွင်း ကန်ဒေါ်လာ တစ်ရာ့ငါးဆယ်တန်ဖိုးရှိ မြေသြဇာတစ်တန် ကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက မလေးရှားနို င်ငံဖြစ်ပါတယ်။ ဒီအချိန် က မြေသြဇာအသုံးနည်းတာကြောင့် မြေသြဇာတင်သွင်းမှု လည်း လျော့နည်း ပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)
ရောင်းအားတက်လာပေမဲ့ ဈေးမတက်တဲ့ ဓာတ်မြေသြဇာယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က ယခင်တစ် ပတ်ထက် တန်ချိန် ခုနစ်ရာကျော် လျော့ခဲ့သလို နယ်စပ်မှလည်း ဒီတစ်ပတ်အဝင် တန်ချိန်ငါးရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် မြေသြဇာက အရောင်းအဝယ်အေးသလို ဈေးနှုန်းလည်း အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီး၊ မကွေး ဈေး ကွက်တွေမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ငြိမ်နေပေမဲ့ မန္တလေးဘက်မှာ အရောင်း အဝယ်လည်း အနည်းငယ်တက်လာသလို ဈေးလည်း အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာလည်း ဒီတစ်ပတ်မြေသြဇာ ရောင်းအားတက်လာတယ် လို့ဆိုပါတယ်။ မုံရွာဘက်နဲ့ မန္တလေးပတ်ဝန်းကျင်ရဲ့ နွေသီးနှံစိုက် ဒေသတွေက အဝယ်ရှိတာကြောင့် ရောင်းအားတက်လာပါ တယ်။ ရောင်းအားတက်လို့ မြေသြဇာ ဈေးတက်သလို တရုတ်ငွေဈေး အနည်းငယ် တက်လာတာကြောင့် လည်း ဈေးက လည်း နည်းနည်းတက်လာတယ်။ တက်တာကလည်း တစ်အိတ်ကို နှစ်ရာ၊ သုံးရာ ဝန်းကျင်ပဲတက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေး ကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၇၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၄၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၇၀၀၀ကျပ်၊ အာမို ၁၅း၁၅း၁၅း (တရုတ်) ၃၅၅၀၀ ကျပ် အာမို ၁၀း၁၀း၅ ၁၂၂၀၀ ကျပ်ဈေးရှိတယ်လို့ ၈၅-၈၆ ကြား ပွဲရုံတန်းမှာ ရှိတဲ့ စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ပါးတယ်လို့ သိရပါတယ်။ နွေစပါးစိုက်ပျိုးမှုနည်းတာကြောင့် မြေသြဇာလည်း အသုံးနည်းတယ်။ ဒါကြောင့် အရောင်းအဝယ်လည်း အေးတယ်။ မြေသြဇာ ရောင်းအားက မိုးစပါးစိုက်ချိန်မှ ပြန်ပြီးတက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီတစ် ပတ် မြေသြဇာဈေးက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဒီလိုဈေးငြိမ် နေတာ က ဖေဖော်ဝါရီ ပထမပတ်ထဲကစပြီး ဒီတစ်ပတ်အထိ တစ်လကျော်ရှိနေပြီ။ တချို့နေ့တွေဆို ဈေးဦးတောင် မပေါက်တဲ့နေ့တွေရှိတယ်လို့ ဆိုပါတယ်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေး မှာ ပုလဲအသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အစိမ်း) (ထိုင်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅) (ပန်းရောင်)၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၂၅၀၀ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ် ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ မြေသြဇာ အသုံးနည်းနေတာကြောင့် အဝယ်နည်းတယ်။ ရောင်းအား မရှိတော့ ဈေးကလည်းငြိမ်နေတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက မြားကမ္ဘာ (တရုတ်) ၁၂း၁၃ ၁၃၃၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၃၂၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၁၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး၊ ရွှေတောင်)(တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ (တရုတ်) ၁၉၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၀၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် အေး ပြီး ဈေးငြိမ်နေတယ် လို့ မြေသြဇာရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အသုံးများတဲ့ ယူရီးယား-ပုလဲမြေသြဇာ ဆိုရင် နှစ်ရာဝန်းကျင်ဈေးကျလာတာ တွေ့ ရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား (ပန်းဖူး) ၂၀၀၀၀ ကျပ်၊ ရွှေတောင် (တရုတ်) ၁၉၅၀၀ ကျပ်နဲ့ ကမ္ဘာလုံး(တရုတ်) ၂၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)