Main menu

Background

Wednesday, 12 Aug 2015

  မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် ဇူလိုင်လလယ်မှာ ကုလားပဲမျိုးစုံ စံချိန်တင် ဈေးမြင့်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့ တဲ့ အမြင့်ဆုံးဈေးထက် တစ်တင်း ၂၀၀၀ ကျပ်မှ ၂၅၀၀  ကျပ်အထိ ဈေးတက်ခဲ့တာဖြစ်ပြီး ယခု တစ်ပတ်မှာ ထိုင်ဝမ်ပဲလက်ကျန်မရှိလို့ ဈေးမဖွင့်နိုင်ခဲ့ပေမယ့် V 2  ကတော့ တစ်တင်း ၂၈၀၀၀ ကျပ်အထိနဲ့၊ ၉၂၉  ကုလားပဲက တစ်တင်း ၂၈၅၀၀ ကျပ်အထိ အသီးသီးပေါက်ဈေး ဖြစ်ခဲ့ပါတယ်။

Tuesday, 11 Aug 2015

  ပြည်ပဲဈေးကွက်မှာ ယခုသြဂုတ်လဆန်းပိုင်းတွင်သာ ပဲများအရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ကြပြီး ယခုနောက်ရက်များမှာ မြစ်ရေများ မြင့်တက်လာတဲ့အတွက် ပဲဝင်ရောက်နိုင်တဲ့ မြို့နယ်များတွင်လည်း ရေကြီးမှုများ ရှိနေတာကြော င့် ဈေးကွက်သို့ ပဲအဝင်မရှိတော့ဘဲ ပွဲရုံ အချို့ပိတ်ထားသလို အချို့ပွဲရုံများမှာလည်း လက်လီသမားသာ အဝယ်ရှိခဲ့တဲ့အတွက် ဒေသတွင်းအရောင်းအဝယ်ဖြစ်တဲ့ ကုလားပဲသီးနှံမှာ အိတ်အနည်းငယ်သာ အရောင်းအဝယ် ဖြစ် ခဲ့ပါတယ်။  ပဲဈေးမှာတော့ တစ်တင်း ၂၈၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြောင်း သိရပါ တယ်။

Tuesday, 11 Aug 2015

      ဒီတစ်ပတ်ဆန်ဈေးကွက်မှာတော့ ဈေးသိသာစွာတက်သွားခဲ့တာကို တွေ့ရပါတယ်။ ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးကွက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၇ ရက်နေ့ ဈေးနှုန်းများအရ ပေါ်ဆန်းဖျာပုံ လတ်စတစ်အိတ် ကို ၃၉၅၀၀ ကျပ်၊ ထိပ်စ ၄၁၅၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်း ထိပ်စတစ်အိတ်ကို   ၄၂၅၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်း လတ်စ ၃၈၀၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်ဖြစ်ခဲ့ကြလို့ ယခင်တစ်ပတ်ထက် တစ်အိတ် ကို ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အတွင်း ဈေးနှုန်းသိသာစွာ  တက်ခဲ့ကြောင်း၊ ရေဘေးသတင်းများကြောင့် စားသုံးသူများက စိုးရိမ်ပြီး မိမိတို့လိုသည်ထက်ပိုဝယ်နေကြခြင်း၊ ပစ္စည်းအဝင် ပါးခဲ့ခြင်းနှင့် လက်လီဆိုင်သမား အဝယ်က လည်း သွက်ခဲ့ခြင

Thursday, 2 Apr 2015

အတွဲ(၁၅)အမှတ်(၁၃)

Pages