Background
ရေကြည်မြို့နယ်ရှိ တောင်သူများ ရင့်မှည့်ပြီး၊ ကောက်စောစပါးများ ရိတ်သိမ်း ခြွေလှေ့လျက်ရှိနေ သလို ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးဖို့ မျိုးစေ့များ ဝယ်ယူ စုဆောင်းနေကြပါတယ်။ နှစ်စဉ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွန်းဖြူအများဆုံး စိုက်ပျိုး ခဲ့ပေမယ့် ယခင်နှစ်က မတ်ပဲဈေးကွက်နဲ့ စားသုံးဆီ(အတု)များ ဝင်ရောက်လာမှု အပေါ် MAPT ဝန်ထမ်းများရဲ့အသိပညာပေးခြင်းများကြောင့် တောင်သူများ အသိအမြင်ရှိလာကြပြီး၊ ၂၀၁၂-၁၃ ခုနှစ်၊ ယခုနှစ်မှာတော့ မြေပဲစိုက်ဧက တိုးချဲ့ စိုက်ပျိုးဖို့ စိုက်နေကြတောင်သူများနဲ့ ယခင်စိုက်ပျိုးခြင်းမရှိတဲ့ တောင်သူများပါ မျိုးမြေပဲများ ကြိုတင်ဝယ်ယူစုဆောင်းလျက် ရှိကြောင်းသိရပါတယ်။
မလေးရှား စားအုန်းဆီသိုလှောင်မှု စံချိန်တင်မြင့်တက်ခြင်းကြောင့် ဈေးနှုန်း ကျဆင်းမှာ စိုးရိမ်နေကြပေမယ့်လည်း ပွဲတော်အတွက် ဝယ်လိုအားတိုးတက်လာ တာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး မြင့်တက်လာကြောင်း သိရပါတယ်။ အဓိက စားဆီတင်သွင်းတဲ့ အိန္ဒိယနိုင်ငံမှာ ဒီပါဝလီပွဲတော်အတွက် ဝယ်လက်များက စားအုန်းဆီကို တိုးတက်ဝယ်ယူခြင်းက ကမ္ဘာ့နံပါတ် -၂ စားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့သိုလှောင်မှုလက်ကျန် ကိုလျော့ကျစေပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်း စစ်ဆေးသူများရဲ့ စာရင်းအရ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။
ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်ဈေးဟာ ၁ ရာခိုင်နှုန်း ပိုမိုပြီး၊ တစ်တန် ရင်းဂစ် ၂၆၀၃ (ကန်ဒေါ်လာ ၈၅၆)ဈေးဖြစ်လို့ စက်တင်ဘာလ ၂၈ ရက်နောက်ပိုင်းအမြင့်ဆုံးပမာဏကို ရောက်ရှိကြောင်း သိရပါတယ်။ မလေးရှား နိုင်ငံအတွင်း အဓိက ဆီအုန်းစိုက်ပျိုးရာ ဒေသများမှာ မိုးရွာသွန်းနေတဲ့အတွက် ဆီအုန်းခူးဆွတ်မှု အဟန့်အတားဖြစ်နေပြီး၊ ပြည်ပတင်ပို့မှု ခိုင်မာနေတဲ့အတွက် လာမယ့် သီတင်းပတ်မှာ လည်း ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးကွက်မှာ နိုဝင်ဘာလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ကန်ဒေါ်လာ ၈၅၂ ဒသမ ၅၀ ဈေးနဲ့ ကမ်းလှမ်းပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၄၆၀(ကန်ဒေါ်လာ ၈၀၉)ရှိကြောင်း သိရပါတယ်။ ယုဇန၊Source: palmoil hq.com
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ သုည ဒသမ ၆၆၂ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၃၉ တန်ကို အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် တန် ၁၁၀ ခန့် အပို့ ပိုခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်လျှင် ယခုအပတ် မှာ နှမ်းညိုအပို့မရှိခဲ့ဘဲ နှမ်းဖြူနဲ့နှမ်းနက် သာအပို့ရှိခဲ့ပြီး ယခင်အပတ်ထက် နှမ်းဖြူ ၁၉၄ တန်ကျော်နဲ့ နှမ်းနက် ၈၃ တန်အပို့လျော့ခဲ့ပါတယ်။ ယခင်အပတ် မြေပြင်နှမ်းပေါက် ဈေးများနဲ့ ယခုအပတ်ဈေးနှိုင်းယှဉ်ရာမှာ မိမိဘက်မြေပြင် ဈေးလျော့နည်းလျက်ရှိပြီး တစ်ဖက်နိုင်ငံ ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါတယ် -
မိုးနှမ်းအသစ်များ ဈေးကွက်ထဲ လှိုင်လှိုင်ဝင်လာခြင်းနဲ့အတူ ပင်လယ်ရေကြောင်းကလည်း မှန်မှန်တင်ပို့ လာတာ တွေ့ရပါ တယ်။ အောက်တိုဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ တစ်ပတ်အတွင်းမှာ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်ကိုတန်ချိန် ၁၃၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တို ဘာလ ၁၉ ရက်နေ့အထိ ပြည်ပ ကို နှမ်းရောင်စုံတင်ပို့မှုမှာ တန်ချိန် ၆ သောင်းကျော်ပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၉၈ သန်းကျော်ရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၅၅၀၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၇၆ သန်းကျော်ရရှိကြောင်း သိရပါတယ်။MIRT - MAPT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တို ဘာ ၁၀ ရက်မှ ၁၆ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၇၆ သန်း တန်ဖိုးရှိတဲ့ ပဲပုပ်စေ့ တန် ၁၁၀ ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် က တန် ၂၀ ဝန်းကျင်သာမူဆယ်မှ အပို့ ရှိခဲ့တဲ့အတွက် ယခုအပတ် တန် ၉၀ ဝန်းကျင်အပို့ပိုခဲ့ရာ ပို့အားကောင်း နေတယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် တမူး နယ်စပ်ကလည်း ယခုအပတ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်း တန်ဖိုးရှိတဲ့ ပဲပုပ်စေ့ ၁၂ တန်အပို့ရှိ ခဲ့ တယ်လို့ သတင်းရရှိပါတယ်။ မူဆယ် နဲ့ ရွှေလီ နှစ်ဘ က်မြေပြင် ဈေးများက တော့ ယခင်အပတ်ကထက် အနည်း ငယ် မြင့်တက်လျက်ရှိပါတယ် -
အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၄ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၇၀၇ တန်ကျော်၊ နှမ်းဖြူ ၉၂၆ တန်ကျော်နဲ့ နှမ်းညို ၆၃ တန်ကျော်၊ ကန်ဒေါ်လာသုည ဒသမ ၄၄၉ သန်းတန်ဖိုးရှိ နှမ်းဖြုအခွံချွတ် ၂၂၉ တန်ကျော် ကို အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းနက် ၁၂၅ တန်ကျော်၊ နှမ်းညို ၅၅ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၃၃ တန်ခန့် အပို့ပိုမိုခဲ့ ပါတယ်။ နှမ်းဖြူတင်ပို့မှုကတော့ ၁၅၇ တန်ခန့်လျော့နည်းခဲ့ပါတယ်။ယခုအပတ်မြဝတီမှလည်း ကန် ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ နှမ်းနက် ၃၇ တန်ကျော်လည်း အပို့ရှိခဲ့ပါတယ်။ မြေပြင်နှမ်းဈေးများ နှစ် ဖက်လုံးမှာ ယခင်အပတ်ထက် မြင့်လျက်ရှိပါတယ် -
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု ယခင်တစ်ပတ်ထက် တိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ တန်ချိန် ၁၃၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၁၅၀၀ ကျော်ထိ တင်ပို့လာနိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာလည်း ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ အိန္ဒိယတို့ကို တင်ပို့ခြင်းဖြစ်ပါတယ်။ အောက်တိုဘာလ ၁၂ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၆၂၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၉၀ သန်းကျော် ရရှိထားလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၄၉၂၀၀ ကျော်၊ ကန်ဒေါ်လာ ၆၉ သန်းနဲ့ ယှဉ်ရင် ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ မြေပဲဆန်တင်ပို့မှု စုစုပေါင်း တန်ချိန် ၃၂၀၀၀ ကျော်မှ ကန်ဒေါ်လာ ၄၇ သန်းခန့်ရရှိထားကြောင်း သိရပါတယ်။ MIRT - MAPT
Fisherman(တံငါသည်) တံဆိပ် cloudpoint ၈ ဒီဂရီစင်တီ ဂရိတ် (အများဆုံး)နဲ့အနိမ့်ဆုံးအိုင်အိုဒင်း ပမာ ဏ ၅၈ ရှိတဲ့ ဟင်းချက်ဆီ ၇၅ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာမြိတ်နယ်စပ်မှအသွင်း ရှိခဲ့ပါတယ်။ ဆီများကို ၁၈ လီတာဆန့် ပလတ်စတစ်ဂျယ်ရီကင်န်ပုံးများနဲ့ တင် သွင်းတာ ဖြစ်ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိ ပဲပုတ်စေ့ တန် ၂၀ ကျော်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါ တယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ အပို့နားခဲ့ပြီးယခုအောက်တိုဘာလဆန်း မှာ ပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေး အနည်းငယ် လျော့ကျနေသော်လည်းတစ်ဘက်နိုင်ငံ ဈေးမှာ တစ်ဒေါ်လာခန့်သာ လျော့ကျ ခဲ့ပါတယ် -
အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ မူဆယ်နဲ့မြဝတီနယ်စပ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၉၄၉ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၂၇၁၆ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၈၅ သန်းတန်ဖိုးရှိ နှမ်းဖြူ အခွံ ချွတ် ၁၉၆ တန်ကျော်အပ့ိုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ၂၂၇ တန်ခန့် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်နှမ်း ရောင်စုံ တင်ပို့နိုင်မှုကို ကြည့်မယ်ဆိုလျှင် မူဆယ်မှ နှမ်းနက် ၁၅၈၂ တန်၊ နှမ်းဖြူ ၁၀၈၃ တန်၊ နှမ်းညို ၈ တန်ကျော်၊ နှမ်းဖြူအခွံချွတ် ၁၉၆ တန်ကျော်နဲ့ မြဝတီ မှ နှမ်းနီ ၃၇ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နှမ်းဈေးများမိမိဘက် မြေပြင်ဈေးအနည်းငယ်မျှလျော့နည်းလျက်ရှိတာကို ကုန်စည် ဒိုင် သတင်းကြေညာလွှာများအရ သိရပါတယ် -
