Main menu

Background

Monday, 4 Feb 2013

မလေးရှားစားအုန်းဆီ တင်ပို့ခွန်ကို သုညရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့လို့ ပို့ကုန် ကျဆင်းမှုနှုန်း နှေးကွေးခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ စားအုန်းဆီ ဒုတိယအများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှ ဒီဇင်ဘာမှ ဇန်နဝါရီအထိ စားအုန်းဆီတင်ပို့မှု ဟာ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီ ၃၁ ရက်မှာ Interek  မှ ထုတ်ပြန်တဲ့ စာရင်းအရ တွေ့ရပါတယ်။

Monday, 4 Feb 2013

၂၀၁၃ ခုနှစ် ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင်ဆီထွက်သီးနှံနဲ့စာသုံးဆီဈေးကွက်မှာ ပြီးခဲ့တဲ့နှစ် ကာလတူ ပေါက်ဈေးတွေနဲ့ယှဉ်ရင် သိသိသာသာ တက်ဈေးဖြစ်ပေါ်ခဲ့ တာ တွေ့ရပါတယ်။ အထူးသဖြင့် နှမ်းဈေးက တစ်တင်း တစ်သောင်းကျော်အထိ ဈေးကွာခဲ့ရာ မနှစ်က ဇန်နဝါရီနဲ့ ဒီနှစ်ဇန်နဝါရီ နှမ်းမျိုးအစားအလိုက်  တစ်တင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးကို နှိုင်းယှဉ်ပါက နှမ်းညို ၂၀၈၀၀ ကျပ် - ၃၄၀၀၀ ကျပ်၊ နှမ်းဝါ ၂၂၃၀၀ ကျပ် - ၃၄၀၀၀ ကျပ်၊ နှမ်းဖြူ ၂၃၀၀၀ ကျပ် - ၃၈၀၀၀ ကျပ်အသီသီးတွေ့ရပါတယ်။ နှမ်းဈေးကွာခြားခဲ့သလို စားဆီဈေးကို နှိုင်း ယှဉ်ပါက နှမ်းဆီတစ်ပိဿာ ၂၅၅၀ ကျပ် - ၃၈၅၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၃၃၀၀ ကျပ် - ၃၇၀၀ ကျပ်အသီးသီး ကွာခြားခဲ့ပါတယ်။

Monday, 4 Feb 2013

မန္တလေး နှမ်းမျိုးစုံဈေးကွက်မှာ ဇန်နဝါရီလ တတိယပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၂၆၀၀ ကျပ်၊ နှမ်းနက် ၂၆၆၇ ကျပ်၊ နှမ်းနီ/ညို ၂၂၀၀ ကျပ်ဖြင့် ဈေးမြင့်အရောင်းအဝယ် သွက်ခဲ့ပေမယ့် ဇန်နဝါရီလ စတုတ္ထ ပတ်နဲ့ နောက်ဆုံးပတ် မှာတော့ တရုတ်နှစ်သစ်ကူးကာလ နီးလာတဲ့ အတွက် အရောင်းအဝယ်အေး ဈေး အေးလာတယ်လို့ မြို့ခံ ကုန်သည် များက ပြောပါတယ်။ ဈေးကွက် အတွင်း ပျဉ်းမနား၊ လယ်ဝေး၊ တပ် ကုန်း၊တောင်ငူဒေသထွက် (ဆောင်း) နှမ်းနက်များဈေးကွက်ကို အဝင် ရှိပေမယ့် ရန်ကုန်ဘက်နဲ့ မျှဝင်နေ ကြောင်း၊ တိုင်းတွင်းဒေသထွက် နှမ်း မျိုးစုံမှာ ရာသီချိန်မဟုတ်လို့ ဈေး ကွက်ကို အဝင်မရှိသလောက် နည်း နေကြောင်း၊ ရွှေဘို၊ ဝက်လက်၊ ဗန်း မော်၊ ကသာ၊ ထီးချိုင့်၊ မကွေး၊ ပြည်၊ အောင်လံတို့မှလည်း ဈေးအေးလာ တာကြောင့် အဝင်နည်းလာတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း မှာတော့ မကွေး၊ ပြည်၊ အောင်လံစ များမှာ အရည်အသွေးကောင်း တာ ကြောင့် ဈေးမြင့် အရောင်း အဝယ် ဖြစ်ကြောင်း ရွှေဘို၊ ဝက်လက်စတဲ့ နှမ်းမျိုးစုံမှာ အရည်အသွေး အလိုက် ဈေးနှုန်းနိမ့်၊ မြင့်နဲ့ အရောင်းအဝယ် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိ ရပါတယ်။

Friday, 1 Feb 2013

မကွေး တိုင်းဒေသကြီးကို ဆီအိုးကြီးလို့တင်စားသလို မကွေး ကုန်စည်ဒိုင် အတွင်းမှာလည်း ဆီ ထွက်သီးနှံများကို နေ့စဉ်မပြတ် ဆီ စက်သမားများ နယ်ဝယ်လက်များနဲ့ စည်ကားစွာအရောင်းအဝယ်ဖြစ်နေ ပါတယ်။ ယခုတစ်ပတ်မှာတော့ တောင်သူလှောင်လက်များနဲ့ မြို့ ပေါ်လှောင်လက်များမှ ရောင်းချမှု နည်းခဲ့ခြင်း၊ မန္တလေးဝယ်လက်များ ရှိခဲ့ခြင်းတို့ကြောင့် နှမ်းဈေးများ တစ်ရိပ်ရိပ်တက်လာခဲ့ပါတယ်။ နှမ်း ဈေးများကို ယခင်နှစ် ဇန်နဝါရီလ တတိယပတ်က နှမ်းနီတစ်တင်း ၂၁၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၁၇၀၀ ကျပ်၊ နှမ်းနက် ၂၂၇၀၀ ကျပ်၊ နှမ်းစမုံနက် ၂၃၅၀၀ ကျပ်တို့ ဖြစ်ခဲ့ပြီး၊ယခုနှစ်ဇန်နဝါရီလ တတိယ ပတ်မှာနှမ်းနီတစ်တင်း၃၃၇၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၃၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၃၇၃၅၀ ကျပ်၊ စမုံနှမ်းနက်တစ်တင်း ၄၁၃၅၀ ကျပ် တို့ဖြစ်ခဲ့တာကြောင့် ယခင်နှစ်က ထက် ဈေးပိုရရှိခဲ့ပါတယ်။

Friday, 1 Feb 2013

ပြည်ဈေးကွက်ကို နယ်စုံမှ နှမ်းနီနဲ့ နှမ်းနက်များတစ်နေ့အိတ် ၈၀၀ ခန့် ဝင် ရောက်လာပါတယ်။ ယခုနှစ်မှာ ရာသီ ဥတုကြောင့် နှမ်းအထွက်နှုန်းနည်းခြင်း၊ နှမ်းနက်ကိုတရုတ်ဝယ်လက်များကအဝယ် ရှိခြင်း၊ နှမ်းနီကို ဆီစက်သမားများ က အဝယ်ရှိခြင်းတို့ကြောင့် ယခုနှစ် နှမ်း ဈေးမှာ စံချိန်တင်လောက်အောင် ဈေး တက်ခဲ့ပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ် အိတ် ၁၀၀၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ် ၁၁၀၀၀၀ ကျပ်ရှိ နေပါတယ် ။နှမ်းဈေးမြင့်နေ တဲ့အတွက် နှမ်း ဆီဈေးမှာလည်း တစ်ပိဿာကို ၃၅၀၀ကျပ်ဈေးမှ၃၉၀၀ ကျပ်ဈေး အထိ မြင့်လာပါ တယ်။   ဝေေ၀မင်း - ပြည်

Monday, 21 Jan 2013

ပြည်ကုန်စည်ဒိုင်ရဲ့ ယခင်နှစ်နဲ့ ယခုနှစ် ဆီထွက်သီးနှံဈေးနှုန်း နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခင်နှစ် ဇန်နဝါရီ ဒုတိယပတ်မှာ နှမ်းနက်တစ်တင်းကို ၂၃၃၀၀ ကျပ်၊ နှမ်းနီတစ်တင်းကို ၁၉၇၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှာ နှမ်းနက် တစ်တင်းကို ၃၆၆၀၀ ကျပ်၊ နှမ်းနီ တစ်တင်းကို ၃၁၀၀၀ ကျပ်ဈေးဖြစ်တာကြောင့် ယခင်နှစ် ထက်စာရင် ယခုနှစ်ဈေးပိုလာတာတွေ့ရပါတယ်။ ဆောင်းနှမ်း စိုက် ဧကမှာလည်း ယခင်နှစ်မှာ ၂၁၆၁၅ ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်မှာ ၃၉၅၀၁ ဧက စိုက်ပျိုးသဖြင့် မနှစ်ကထက် ပိုမိုစိုက်ပျိုးလာတာ တွေ့ရပါတယ်။

Monday, 21 Jan 2013

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ တတိယပတ် ဆီထွက်သီးနှံဈေးကွက် ဟာ နယ်ပစ္စည်းအဝင် လျော့လာ တာနဲ့အမျှ ဝယ်လက်ဖွင့် ဈေးအသီး သီးနဲ့ ဆက်လက်ပြီး တက်ဈေးဖြစ် ပေါ်နေတာ တွေ့ရပါတယ်။ နှမ်းဖြူ ဈေးကွက်အနေနဲ့ တရုတ်ဝယ်လက် တွေ ပစ္စည်းအရည်အသွေးပေါ် မူ တည်ကာ အဖြူသန့် တစ်တင်း၊ ထိပ်စ ၃၈၀၀၀ ကျပ်ထိ ဈေးဖွင့် ဝယ်ယူခဲ့ပြီး၊ အနိမ့်ဆုံးတစ်တင်း ၃၆၀၀၀ ကျပ်ထိ ဈေးရခဲ့တာတွေ့ရ ပါတယ်။ တစ်ပတ်အတွင်း အရောင်း အဝယ် အားဖြင့် အိတ် ၂၅၀၀ ခန့်ရှိ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ တရုတ်ဝယ်လက်ရှိ တဲ့ နှမ်းနက်က တော့ ဈေးကွက်ထဲ အဝင်လျော့ခဲ့ ကာ တစ်တင်း ၃၈၀၀၀ ကျပ်ဈေးနဲ့ တရက်ပျမ်းမျှအိတ် ၂၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။

Sunday, 13 Jan 2013

ယခုသီတင်းပတ်မှာတော့ ဂျပန်နိုင်ငံကို နှမ်း ၄၁၁ တန်၊ ကိုရီးယားနိုင်ငံကို ၁၉၇ တန်၊စင်ကာပူနိုင်ငံကို ၁၇၈ ဒသမ ၅၂ တန်၊ ထိုင်းနိုင်ငံကို ၅၇ တန်၊ ဗီယက် နမ်နိုင်ငံကို ၃၃ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် တင်ပို့မှုထက် တန်ချိန် တစ်ရာ့တစ်ဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ် ရေကြောင်းလမ်းမှ ဒီဇင်ဘာလအတွင်း နှမ်းတင်ပို့မှုက တန်ချိန် ငါးထောင့်နှစ်ရာ ကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု စုစုပေါင်း တန်ချိန်က နှစ်သောင်းကိုးထောင်ကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းအား ၅၂ ဒသမ ၃ သန်းကျော်ပြီဖြစ်ကြောင်း သိရပါတယ်။ MIRT - DOT

Sunday, 13 Jan 2013

ပဲ၊ပြောင်း၊ နှမ်းမျိုးစုံကို မန္တလေး မြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်)မှာ အရောင်းအဝယ် ပြု လုပ်ရာမှာ ၃ တင်းအိတ်နဲ့ အရောင်း အဝယ်ပြုလုပ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၂၁၇၈ ကျပ်မှ ၂၂၂၂ ကျပ်နဲ့ ၁၀၀၀ မှ ၁၄၀၀ အိတ်၊ နှမ်း ညိုတစ်ပိဿာ ၁၉၇၀ ကျပ်မှ ၂၀၀၀ ကျပ်နဲ့ ၁၀၀၀ အိတ်မှ ၁၅၀၀ အိတ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၅၁၁ ကျပ်နဲ့ ၈၀၀ အိတ်မှ ၁၂၀၀ အိတ်၊ နှမ်းနက် (စမုံ)တစ်ပိဿာ ၂၇၃၃ ကျပ်မှ ၂၇၇၈ ကျပ်နဲ့ ၇၀၀ အိတ်မှ ၁၀၀၀ အိတ်နေ့စဉ်အရောင်း အဝယ်ဖြစ်ရာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်း နက်၊ နှမ်းနက်(စမုံ) နေ့စဉ်ပျမ်းမျှ ၄၃၀၀ အိတ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်မှာ နှမ်းဖြူ ၂၂၀၀ ကျပ်မှ ၂၃၃၃ ကျပ်နဲ့ ၈၀၀ အိတ်မှ ၁၂၀၀ အိတ်၊ နှမ်းညို တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၀၄၄ ကျပ်နဲ့ ၁၀၀၀ မှ ၁၅၀၀ အိတ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၆၂၂ ကျပ်နဲ့  ၁၀၀၀ မှ ၁၂၀၀ အိတ်၊ နှမ်းနက် (စမုံ) တစ်ပိဿာ ၂၈၂၂ ကျပ်မှ ၂၉၅၆ ကျပ်နဲ့ ၈၀၀ မှ ၁၀၀၀ အိတ်အရောင်းအဝယ် ဖြစ် ခဲ့လို့နေ့စဉ်၄၂၅၀အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။

Sunday, 6 Jan 2013

၂၀၁၃ ခုနှစ် နှစ်ဆန်းကာလ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းရောင်စုံတို့ အရောင်းအဝယ် ဆက်လက် ကောင်းမွန်နေပြီး၊ မုံရွာပတ်ဝန်းကျင် နှမ်းစိုက်ပျိုးရာ ဒေသများမှ ပစ္စည်းဝင်ရောက်ခဲ့ကာ၊ မန္တလေး-ရန်ကုန်ဒေသ ဝယ်လက်စုံခဲ့တယ် လို့ ကုန်သည်လောက က ကြားသိရပါတယ်။

Pages