Background
ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၁၁၀ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၈၇ သန်းတန်ဖိုးရှိ နှမ်းဖြူ ၆၇ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် နှမ်းနက် တန် ၂၀ နဲ့ နှမ်းဖြူ ၄၇ တန်ခန့်အပို့ပိုခဲ့ပါတယ်။ သြင်္ကန်ကာလအလွန်မှာ နှမ်းတင်ပို့မှုပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။
ပြည်ပဲပုပ်ဈေးကွက်မှာ ပဲပုပ် လက်ကျန် ပြတ်လုနီးပါးဖြစ်နေ ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်ဝယ် လက်များလည်း အဝယ်မရှိတော့ဘဲ မြို့တွင်း လက်လီသမားများသာ ရောင်း ချ နိုင်ခဲ့ပါတယ်။ ပဲပြားလုပ်ငန်းရှင် သမားများမှ ဝယ်ယူတဲ့အတွက် တစ် ရက် ၁၀အိတ်ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ပဲပုပ်ဈေးနှုန်းမှာ တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ ယခင် အပတ်ကထက် ဈေးလျော့သွားတယ် လို့ သိရပါတယ်။ဆုမွန်ဆွေ
ပြည်ဈေးကွက် မြေပဲဆန် ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ ဈေးကွက်ကို ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းဘက်မှ တစ်နေ့အိတ် ၁၀၀၀ ခန့်အဝင်ရှိပြီး၊ အရောင်းအဝယ်ဖြစ်သော်လည်း ဆီစက်များမှ လျှပ်စစ်မီး အလှည့်နဲ့လာပြီး၊ ဆီကြိတ်သင့် သလောက် မကြိတ်ရသဖြင့် မြေပဲဆန်ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ မြေပဲ(ဆီဆန်)တစ်ပိဿာ ၁၄၇၅ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးဖြင့် ယခင်ပတ်ထက် ဈေးအေးလာတာ တွေ့ရပါတယ်။ဝေေ၀မင်း
ပြည်ဈေးကွက် နှမ်းဈေးမှာ ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြို့တွင်းရှိ ပွဲရုံများမှာ တစ်နေ့အိတ် ၅၀၀ ခန့် အရောင်းအဝယ်ရှိပြီး၊ ဆီစက်သမားများမှ ပုံမှန်အဝယ်ရှိတာတွေ့ရပါတယ်။ နှမ်းဆီဈေးမှာလည်း အခါနားနီးနေပြီ ဖြစ်လို့အနည်းငယ်တက်ရိပ်သမ်းနေတာ တွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၆၈၀၀၀ ကျပ်၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၇၅၀၀၀ ကျပ်ဈေးနဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ် ပုံမှန်ဖြစ်တာ တွေ့ရပါတယ်။ဝေေ၀မင်း
မတ်လ ၂၈ ရက် မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၀၂ သန်းတန်ဖိုးရှိ နှမ်းနက် ၃၉၇ တန်ကျော်၊ နှမ်းဖြူ ၃၇၈ တန်နဲ့ နှမ်းဖြူအခွံချွတ် ၂၄ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၃၃ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုက ယခင်တစ်ပတ်မှာ တန် ၄၀၀ ခန့်သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် မတ်လ ၂၆ ရက်မှ ၃၁ ရက်အတွင်းမှာတော့ တန်ချိန် ၉၀၀ ကျော်ထိ ပုံမှန်ပြန်တင်ပို့လာနိုင်တာ တွေ့ရပါတယ်။ ၂၀၁၂ မတ်လ တစ်လလုံးမှာ နှမ်းတန်ချိန် ၂၅၅၀ ရှိခဲ့ပြီး ၂၀၁၁ မတ်လမှာ တန်ချိန် ၂၀၀၀ နီးပါးသာ တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။
ပြည် ပဲပုပ်ဈေးကွက်မှာ ပဲပုပ် လက်ကျန်များ အရောင်းအဝယ်နေ့စဉ် မဖြစ်ဘဲ တစ်ခါတစ်ရံမှသာ ရောင်းဝယ် မှု ရှိခဲ့ကြပါတယ်။ လက်လီသမား အနည်းငယ်သာ ရောင်းဝယ်မှုရှိခဲ့ပြီး၊ လက်ကားဝယ်လက်များမှ ဝယ်ယူမှု ရှိလာတဲ့အခါအိတ် ၄၀၀ ကျော်ရောင်း ဝယ်နိုင်ခဲ့ကြပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ယခင် အပတ် အတိုင်း ဈေးငြိမ်နေပါတယ်။ ပဲပုပ်ဈေးနှုန်းများမှာ ဖေဖော်ဝါရီလ အတွင်း တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြရာမှ မတ်လ အတွင်း မှာတော့ လဆန်းရက်မှစပြီး ဈေးအေး လာခဲ့သလို အရောင်းအဝယ် လည်း အေးခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
ယခုအပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲနဲ့နှမ်းဈေးမာလာတာကြောင့် ပဲဆီ၊ နှမ်းဆီဈေးသာမက စားအုန်းဆီဈေးပါ အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ ခုလိုဆီထွက်သီးနှံ ဈေးမာလာခြင်းဟာ တရုတ်ပြည် တင်ပို့မှု ရှိလို့မဟုတ်ဘဲ ဒေသတွင်းဆီစက်သမားတွေ ကုန်ကြမ်းပစ္စည်းစုဖို့အတွက် အဝယ်သွက်လာတာကြောင့်ဖြစ်တယ်လို့ ပွဲရုံ ရပ်ကွက် က ပြောပါတယ်။
ယခုအပတ် မတ်လ ၂၁ မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၅၀၀နဲ့ နှမ်းဖြူ ၁၄၇ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်မူဆယ်မှနှမ်းတင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် တန် ၂၇၀ ကျော် လျော့ နည်းခဲ့တာ တွေ့ရပါတယ်။
လက်ကျန်နည်းလာပြီဖြစ်တဲ့ နှမ်းကို ပြည်ပတင်ပို့ရာမှာ ယခင်တစ်ပတ်ထက်လျော့ကျတာ တွေ့ရပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၉၄၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်) အတွင်း တန်ချိန် ၄၀၀ ခန့်သာတင်ပို့မှု ရှိတာ တွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်တို့ကိုဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ တောင်ကိုရီးယားကိုဖြစ်ပါတယ်။
