Background
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဖေဖေါ်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၈၁ သန်း တန်ဖိုးရှိ ပဲပုပ် စေ့ ၁၁၈ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ၃၆၈ တန်ကို တရုတ် သို့ တင်ပို့ထားပြီးဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံ မြေပြင်ပေါက်ဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက် မြေပြင်ဈေး မှာမူ မြင့်တက်လျက်ရှိပါတယ် -
ပြည်ပကို ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် သိသိသာသာ လျော့ကျလာပါတယ်။ ယခင် တစ်ပတ်ကစပြီး တန်ချိန် ၄၆၀ သာလျော့ကျတင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာလည်း တန်ချိန် ၃၆၀ ကျော်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ကိုရီးယားနဲ့ မလေးရှားကို ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံး ရန်ကုန် ၤဥြ ဈေးကွက်မှာ နှမ်းအရောင်းအဝယ် ဖြစ်မှုဟာ တန်ချိန် ၂၀၀ ခန့်သာရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိ ကြောင်း သိရပါတယ်။ MIRT - MAPT
ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလတွင်ကန်ဒေါ်လာသုည ဒသမ ၄၅၅ သန်းတန်ဖိုးရှိ နှမ်းနက် ၂၁၈ တန်ခန့်၊ နှမ်းဖြူ ၇၃ တန်ခန့်နဲ့ နှမ်းဖြူ(အခွံချွတ်) ၃၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းရောင်စုံ အပို့သိသိသာသာ လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန် ၇၄၀ အပို့လျော့ခဲ့တာ ဖြစ်ပါတယ်။
ဆောင်းမြေပဲဆန်များကို ကံမဘက်မှ ရေလမ်းနဲ့ ပြည်ဈေးကွက်ကို တစ်နေ့ အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာပြီး၊ ရန်ကုန်ဝယ်လက်များနဲ့ ပြည် စက်သမားများက အဝယ်ရှိလို့ မြေပဲဆံဈေးမှာ ဖေဖော်ဝါရီလအတွင်း တစ်ပတ်ထက်တစ်ပတ် ဈေးမြင့် လာတာတွေ့ရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ ၁ ဒသမ ၄၇၆ သန်း တန်ဖိုးရှိ နှမ်းနက် ၅၉၂ တန်ကျော်၊ နှမ်းဖြူ တန် ၄၁၀ ခန့်နဲ့ နှမ်းဖြူ(အခွံချွတ်) တန် ၆၀ ခန့် တစ်ဖက်နိုင်ငံသို့ ဖေဖေါ်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ် ကထက် ၇၆၈ တန်ခန့် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ နှမ်းမြေပြင်ပေါက်ဈေးများကို အသိပေးလိုက်ရပါတယ် -
ယခုတစ်ပတ်အတွင်း ပြည်ပကို နှမ်းတင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က နှမ်းရောင်စုံတန်ချိန် ၇၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၁၃-၁၇ )အတွင်းမှာ တန်ချိန် ၄၆၀ ကျော်သာ လျော့ကျတင်ပို့ခဲ့ပါ တယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာ ပူနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ နှမ်းရောင်စုံကို ပုံမှန်အားဖြင့် Exporter များကို ကိုယ်တိုင်နယ်ဈေးကွက် အသီးသီးမှာ ဝယ်ယူလျက်ရှိပြီး ယခုတစ်ပတ်မှာတော့ ရန်ကုန် FOB ဈေးကွက်မှာ နှမ်းတန်ချိန် ၁၀၀ ကျော် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရပါတယ်။ MIRT - MAPT
ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၁၂၄ သန်း တန်ဖိုးရှိ ပဲပုပ် တန် ၁၈၀ကျော်အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်ကတော့ နယ်စပ်မှ ပဲပုပ်အပို့ မရှိခဲ့သော်လည်း တစ်ပတ်ကျော်ကာလ ကတော့မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် များမှ တန် ၇၀ ကျော် အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT)
စားအုန်းဆီကြမ်းဈေးက အပြောင်းအလဲ အတက်အကျရှိလိမ့်မယ်၊ ဒါပေမယ့် စားသုံးမှု မြင့်တက်နေတာကြောင့် စားအုန်းဆီကြမ်းအတွက် ဝယ်လိုအားက ဆက် လက်ကြီးထွားနေမှာဖြစ်လို့ တစ်တန်ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၈၃)အောက်ကို မဆင်းနိုင်ဘူးလို့ မလေးရှား စားအုန်းဆီကောင်စီ (MPOC) မှ ဒုတိယအမှုဆောင် အရာရှိ Kalyana Sundram က ပြောကြားပါတယ်။ လူဦးရေ တိုးတက်နေတာ ကြောင့် စားအုန်းဆီဝယ်လိုအားက ရောင်းချမှုထက် ကျော်လွန်ဖွယ်ရှိတယ်လို့ ဆိုပါ တယ်။စားအုန်းဆီကြမ်းဈေး ဘယ်လိုရှိမယ်မသိပေမယ့် ကမ္ဘာ့ဆီနဲ့ အဆီဈေးကွက် မှာတော့ အတက်ဘက်ဦးတည်ဖွယ်ရှိတယ်လို့ Kalyana က ဆိုပါတယ်။ ပထမနှစ် ဝက်အတွင်း စားအုန်းဆီကြမ်းဈေးလက်ရှိအတိုင်းရှိနေပေမယ့် ဒုတိယနှစ်ဝက်မှာ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းက ဆီပိုမိုလိုအပ်မှာဖြစ်လို့ ထုတ်လုပ်သူတွေ အနေနဲ့ သိပ်စိုးရိမ်ဖို့မလိုပါဘူးလို့ ဆိုပါတယ်။လေ့လာဆန်းစစ်သူအများစုက စားအုန်းဆီကြမ်းဈေး တစ်တန်ရင်းဂစ် ၂၈၀၀ (ကန်ဒေါ်လာ ၉၁၇) အောက်ကို ကျဆင်းဖို့အကြောင်းမရှိကြောင်း၊ ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၈၃) ဝန်းကျင်မှာရှိနေမယ်လို့ ခန့်မှန်းတဲ့အတိုင်း ၂၀၁၁ မှာ အဲဒီ ဈေးဝန်းကျင်မှာရှိနေခဲ့ပါတယ်။ ၂၀၁၂ မှာလည်း ဒီဈေးနှုန်း ဝန်းကျင်မှာ ဆက်ရှိနေ ဦးမယ်လို့လည်း ၎င်းင်းကခန့်မှန်းပြောကြားပါတယ်။မလေးရှားနိုင်ငံရဲ့ စားအုန်းဆီ ထုတ်လုပ်မှုဟာ ၂၀၁၁ ထက် ၂ ဒသမ ၁ ရာခိုင်နှုန်းပိုမိုပြီး၊ ၂၀၁၂ တန်ချိန် ၁၉ ဒသမ ၃ သန်းရှိမယ်လို့ ခန့်မှန်းထားပြီး၊ တင်ပို့မှုမှာလည်း တန်ချိန် ၁၁၂၀၀၀ တိုးတက်ပြီး၊ တန်ချိန် ၁၈ ဒသမ ၁ သန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီ ထုတ်လုပ်တဲ့ အင်ဒိုနီး ရှားရဲ့ ခိုင်မာတဲ့ ယှဉ်ပြိုင်မှုကြောင့် မလေးရှား စားအုန်းဆီတင်ပို့မှုမှာ ဖိအားများနဲ့ ဆက်လက်ရင်ဆိုင်ရဖွယ်ရှိတယ်လို့လည်း ၎င်းင်းက ဆိုပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှုက မလေးရှားထက်ပိုမိုခဲ့ကာ ဈေးသက် သက်သာသာနဲ့ ရောင်းချခြင်းဖြင့် မလေးရှားဈေးကွက်ဝေစုများဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ကို ပိုမိုရယူခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ အခွန်ပုံစံသစ်ကြောင့် ပြည် တွင်းမှ တင်ပို့မှုမှာ ပိုမိုယှဉ်ပြိုင်ခဲ့ရတဲ့အတွက် မလေးရှားအစိုးရက စားအုန်းဆီကြမ်း အတွက် တင်ပို့ခွန်နဲ့ပတ်သက်လို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေနေကြောင်း သိရပါ တယ်။မလေးရှားနိုင်ငံအနေနဲ့ အင်ဒိုနီးရှားကို သာလွန်နိုင်ဖို့ဆိုတာ လက်တွေ့ဆောင် ရွက်နေတဲ့အကန့်အသတ်တွေကြောင့် မလွယ်ကူနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာ သစ်တောဧရိယာ ၅၀ ရာခိုင်နှုန်းထက် မနည်းရှိဖို့လည်း ချမှတ် ထားပါတယ်။ စားအုန်းဆီထုတ်လုပ်မှုမှာ အထွက်နှုန်းပိုမိုကောင်းမွန်ဖို့ ရည်ရွယ် လျက်ရှိပြီး၊ ထုတ်လုပ်မှုဧရိယာ ဟက်တာ ၄ ဒသမ ၉ သန်းခန့်ရှိပြီး၊ အထွက်နှုန်းမှာ ၁ ဟက်တာ ၄ ဒသမ ၃ တန်ရှိကြောင်း Kalyana မှ ပြောကြားပါတယ်။ ယုဇန၊ Source: malaysiastar
ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်မှာ ဆောင်းပဲပုပ်အများဆုံး စိုက် ပျိုးပြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း သာ အနည်းငယ်စိုက်ပျိုးမှု ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်ဈေးကွက်ကို ပဲပုပ်ဝင် ရောက်မှုမှာ အနည်းငယ်ရှိခဲ့ကြပြီး၊ ယခု ဖေဖော်ဝါရီလအတွင်းမှာ အဝင်မရှိဘဲ ပဲလက်ကျန်များသာ ရောင်းချမှု ရှိခဲ့ ကြပါတယ်။ သာယာဝတီခရိုင်အတွင်း မှထွက်ရှိတဲ့ ပဲပုပ်များကတော့ ရန်ကုန် ဈေးကွက်ကို တင်ပို့ရောင်းချကြတာကို တွေ့ရပါတယ်။ ယခု ပြည်ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ပဲပုပ်ဈေးကတော့ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်များ နေ့စဉ် မရှိပေမယ့် တစ်ခါတစ်ရံ အရောင်း အဝယ် ဖြစ်တဲ့ရက်မှာ အိတ် ၁၀၀ မှ ၂၀၀ အထိရှိခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ
အိန္ဒိယပြည်တွင်းမှာဆီကြိတ်ခွဲသူများအတွက် မြေပဲရရှိနိုင်မှု လျော့ကျခြင်းနဲ့ ပြည်ပအဝယ် မြင့်တက်ခြင်းတို့ကြောင့် ပြည်တွင်းမြေပဲဆီဈေး မြင့်တက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်မှာ မြေပဲဆီဈေးက ၁၅ ကီလိုကို ရူပီး ၁၈၁၀ (ကန်ဒေါ်လာ ၃၆)ထိ အမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။ပြည်တွင်း ဝယ်လိုအားနည်းပေမယ့် မြေပဲရရှိနိုင်မှု နည်းခြင်းက စားဆီဈေးကို မြင့်တက်စေခဲ့ပါတယ်။ မြေပဲအများစုကို ပြည်ပတင်ပို့ခဲ့တာကြောင့် ဆီကြိတ်ခွဲဖို့ ပဲပြတ်လပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယ ဆီထွက်သီးနှံ ထုတ်လုပ်တင်ပို့မှု မြှင့်တင်ရေးကောင်စီ (IOPEPC)မှပြောကြားချက်အရ ၂၀၁၁ခုနှစ်၊ ဧပြီလမှ စက် တင်ဘာလအတွင်း မြေပဲတန်ချိန် ၃၅၀၀၀၀ ဝန်းကျင်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ အဓိက တင်ပို့တဲ့နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ယူကရိန်း၊ ပါကစ္စတန်၊ တရုတ်၊ စင်ကာပူနဲ့ ရီမင်နိုင်ငံတို့ဖြစ်ကြောင်း သိရပါတယ်။ ယုဇန၊Source: commodilyonline
