Background
်မုံရွာနှမ်း မန်းအဝယ်သွက်လာ စက်တင်ဘာလကုန်ပတ် မုံရွာကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ နယ်ပစ္စည်းအဝင်ရှိသလို မန်းအဆွဲလည်းရှိလို့ အရောင်း အဝယ် သွက်ခဲ့ပါတယ်။ မြောင်နယ်၊ ယောနယ်နဲ့ ချင်းတွင်းမြစ်အနောက်ဘက် ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်က နှမ်းဖြူအဝင်ရှိခဲ့ပြီး၊ ဈေးအနေနဲ့ ယခု တစ်ပတ်အတွင်း တစ်တင်း ၂၃၀၀၀ ကျပ်ထိ အမြင့်ဆုံး ရခဲ့ရာက စက်တင်ဘာ ၂၈ ရက်နေ့မှာ ၂၁၅၀၀ ကျပ်ဈေးထိ တစ်တင်း ၁၅၀၀ ကျပ်ခန့် ကျဆင်းသွားခဲ့ တာတွေ့ရပါတယ်။ ဒေသတွင်း စက်သမားနဲ့ လက်လီသုံး နှမ်းတွေအနက် နှမ်းညို ဟာ တစ်တင်း ၁၉၀၀၀ ကျပ်မှာ တန့်နေပါတယ်။ နှမ်းဝါနဲ့ နှမ်းနီတွေက တစ်တင်း ၁၉၅၀၀ ကျပ်မှာ ဆက်လက်ဈေး ငြိမ်နေပြီး၊ ဆီနှမ်းဈေးလည်း တစ်တင်း ၁၈၀၀၀ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် နယ်ပစ္စည်း ဝင်ရောက်မှုပေါ် မူတည်ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၁၀၀၀ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ်အတွင်း မန္တလေးကို နှမ်းတင်း ၄၀၀၀ ခန့် စီး ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
နှမ်းဖြူ နှမ်းနက် ယခုအပတ်အပို့လျော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ရွှေလီသို့ ကန်ဒေါ်လာ ၄ ဒသမ ၇၃၈သန်းတန်ဖိုးရှိနှမ်းရောင်စုံနဲ့ နှမ်းဖြူအခွံချွတ် ၃၆၀၇ တန် စက်တင်ဘာလ ၂၁ ရက် မှ ၂၇ ရက်ထိကာလအတွံင်း အပို့ ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် ၇၉၆ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့မှု များကတော့ကန်ဒေါ်လာ၂ ဒသမ ၂၅၀ သန်း တန်ဖိုးရှိ နှမ်းဖြူ တန် ၁၈၄၀ ခန့် ကန်ဒေါ်လာ ၂ ဒသမ ၁၇၅ သန်းတန်ဖိုး ရှိ နှမ်းနက် ၁၅၃၃ တန်ကျော်၊ ကန်ဒေါ်လာ သုညဒသမ ၃၁၃ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၃၄ တန်ခန့်အပို့ရှိခဲ့ပါတယ်။ သယ်ယူစရိတ်များကို ကြည့်လျှင် ယခင်အပတ်ကထက် ၁ ပိသာကို ၁၇ ကျပ်နှုန်းပိုမိုလာပြီး ယခုအပတ် နှမ်း ၁ ပိသာ မန္တလေး-မူဆယ် သယ်ယူစရိတ်မှာ ၄၈ ကျပ်နှုန်းဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် ၈၈၆၆၉၆ ၈၆၃၀၀၀ ၂၃၆၉၆ ၃ ၁၃၃၁ ၁၂၀၆ ၁၂၅ ၁၀နှမ်းဖြူ ၁၀၇၅၈၅၁ ၁၀၂၉၇၈၉ ၄၆၀၆၂ ၅ ၁၄၅၆ ၁၄၁၀ ၄၆ ၃
ယခုတစ်ပတ် နှမ်းတင်ပို့မှု စံချိန်တင်လာ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခုစက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်းမှာ တန်ချိန် ၁၈၅၀ ကျော်ထိ စံချိန်တင်တိုးတက်လာခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက နှမ်းဖြူ၊ နှမ်းနက်အပြင် နှမ်းနီနဲ့ နှမ်းညိုပါ တင်ပို့ခွင့်ပြုလိုက်တဲ့အတွက် နှမ်း တင်ပို့မှု သိသိသာသာ တက်လာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ စက်တင်ဘာ ၂၃ ရက်အထိ နှမ်း စုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၃၉၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၉၀၀၀ ကျော်ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ တန် တစ်သောင်းခန့် ပိုတင်လာနိုင်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ စက်တင်ဘာလ ၃၀ ရက်ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုဈေးမှာ တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT- MAPT
ပြည်ပဝယ်လိုအားတိုးလာခြင်း၊ ပဲပုပ်ဆီဈေးပြန်တက်လာခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ကျဆင်းမှု နှေးကွေးလာဖွယ်ရှိ ယခုလအစပိုင်းမှာ ပြည်ပတင်ပို့မှု သိသိသာသာကျဆင်းခဲ့ရာမှ ယခုတင်ပို့မှု ပြန်တိုးတက်ဖွယ်ရှိလာပြီး၊ ချီကာကို ပဲပုပ်ဆီဈေး ပြန်တက်လာခြင်းတို့ကြောင့် စက်တင်ဘာ ၂၉ ရက် မလေးရှား ဘာစာကုန်စည်ဒိုင် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ကျဆင်းမှုနည်းလာတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ စာချုပ်ဈေးဟာ အစော ပိုင်းကရင်းဂစ် ၂၈၅၀ (ကန်ဒေါ်လာ ၈၉၂)ထိအောင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း ခဲ့လို့ ၂၀၁၀ အောက်တိုဘာလ ၈ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် စက်တင်ဘာလ ၂၉ ရက် ဈေးအပိတ်မှာတော့ သုည ဒသမ ၄ ရာခိုင်နှုန်းသာ လျော့ကျပြီး ရင်းဂစ် ၂၈၉၈ (ကန်ဒေါ်လာ ၉၀၇)ဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ သုညဒသမ ၂ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ၅၁ ဒသမ ၈၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၃) ဈေးဖြစ်ခဲ့ပါတယ်။ စားအုန်းဆီဈေးကွက်က ယခုအခါ အကျတန့်ပါပြီလို့ စင်ကာပူ အခြေစိုက် Commodity Links Pte မှ ဒါရိုက်တာ Vijay Mehtha ကဆိုပါတယ်။ရင်းနှီးမြှုပ်နှံသူများဟာ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ မရေရာတဲ့ ဥရောပ ဇုန်ကြွေးမြီကိစ္စအပေါ် စိုးရိမ်မှုများ ကြီးမားနေတာကြောင့် ယခုတစ်ပတ် အတွင်း စားအုန်းဆီဈေးကွက်က တစ်တန် ရင်းဂစ် ၃၀၀၀(ကန်ဒေါ်လာ ၉၃၉)ထိ မြင့်တက်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ယခုနှစ်စပိုင်းကစပြီး စားအုန်းဆီ ဈေးဟာ ၂၅ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပဝယ်လိုအား ပြန်လည်ကောင်းလာခြင်းနဲ့ စားအုန်းဆီသန့်စင် သူများမှအဝယ်ပြန်တက်လာနိုင်ခြင်းဟာ ဈေးနှုန်းပြန်တက်လာနိုင် တဲ့အနေ အထားရှိပါတယ်လို့ ကွာလာလမ်ပူမှ ဆီအုန်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှား နိုင်ငံရဲ့ စက်တင်ဘာလ စားအုန်းဆီတင်ပို့မှုဟာ ပထမ ၁၀ ရက်အတွင်း သိသိသာသာ ကျဆင်းတာကြောင့် ယခင်လထက် ၅ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျ ပြီး တန်ချိန် ၁ ဒသမ ၅၃သန်းသာ တင်ပို့ရတယ်လို့ ကုန်စည်စစ်ဆေးတဲ့ အေဂျင်စီ များက ပြောကြားပါတယ်။ ပြည်ပတင်ပို့မှု တိုးတက်လာရင် ပြည်တွင်းစားအုန်းဆီသိုလှောင်မှု မြင့်တက်ခြင်း လျော့ကျနိုင်ပေမယ့် တစ်ချိန်ထဲမှာပဲ ရိတ်သိမ်းမှုအရှိန်မြှင့်တင်လာတာနဲ့အမျှ ထုတ် လုပ်မှုလည်းသိသိသာသာတိုးတက်ဖွယ် ရှိနေတယ်လို့သိရပါတယ်။ လက်ငင်း ဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီး စားအုန်းဆီ (Palm Olein) ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၂၅ လျှော့ချပြီး ကန်ဒေါ်လာ ၉၉၀ နဲ့ကမ်းလှမ်းခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း ဈေးက တစ်တန်ရင်းဂစ် ၂၉၆၀ (ကန်ဒေါ်လာ ၉၂၇)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာအရင်းဈေးတွက်ချက်ပုံ (၂၃ - ၉ -၂၀၁၁)နေ့အကြောင်းအရာ တွက်ချက်နှုန်း တစ်ပိသာကုန်ကျစရိတ် (ကျပ်)CIF ဈေး (1100 x 838)/ 612 ၁၅၀၆ .၂၁FDA ထောက်ခံစာ 58 .20/ 612 ၀ .၁၀သွင်းကုန်လိုင်စင်ကြေး 50/ 612 ၀ .၀၈L/C စရိတ် (CIF 1100 x 0.25% x Earning 838/)/612 ၃ .၇၇ Bill စရိတ် (CIF 1100 x 0.50% x Earning 838/)/612 ၇ .၅၃စားအုန်းဆီအလျော့ 0.5% x 1765 ၈ .၈၃ဆီကန်သိုလှောင်ထိန်းသိမ်းခ 5/ -1% ၄ .၉၅အကောက်ခွန် (CIF 1100 x ကောင်တာဈေး 450 x 5%) 612 ၄၀ .၄၄ဆိပ်ကမ်းခွန် (50000/ 1000) 612 ၀ .၀၈MITS စစ်ဆေးခ (FDAအပါအဝင်) ၀ .၆၀အမြတ်ခွန် (CIF 1100 x 35/-) 612 ၆၂ .၉၁ဆိပ်ကမ်းကပ်ခ (3x Earning 838) 612 ၄ .၁၁ ရန်ကုန်ဆိပ်ကမ်းအရောက် အရင်းဈေး ၁၆၃၉ .၆၀မှတ်ချက်။ ၁။အထက်ပါတွက်ချက်မှုမှာ (၂၃-၉-၂၀၁၁)နေ့ (CIF ဈေး ၁၁၀၀ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈၃၈) ကျပ်ဖြင့်တွက်ချက် ထားခြင်း ဖြစ်ပါသည်။ ၂။ (၂၃-၉-၂၀၁၁)နေ့ ဝယ်ယူပြီးနောက် (၁၀) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့် ဈေးဖြစ်ပါသည်။ ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ ၏ အမြတ်များ မပါဝင်သေးပါ။
ပြည်ပဲပုပ် လက်လီအရောင်းအဝယ်ဖြစ် ပြည်ပဲပုပ်ဈေးနှုန်းမှာ အေးလျက် ရှိပါတယ်။ ပိဿာ ၂၀ တစ်တင်း ၁၇၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်မှာ အသင့်အတင့်ရှိနေပြီး ပဲပုပ်ဈေးမှာ ဈေးငြိမ်နေပါတယ်။ လက်ကျန်ရှိသေးပေမယ့် လက်လီဝယ်ယူသူများနဲ့သာ တစ်နေ့ကို ၁၅ အိတ်နီးပါး အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲခူး တိုင်းဒေသကြီး (ပြည်)အနေဖြင့် မိုးပဲပုပ် ဧက ၁၇၀၀ ကျော်စိုက်ပျိုးထားကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
အရောင်းသွက်တဲ့ မန်းနှမ်း မန်းဈေးကွက်အတွင်း မကွေး၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ရေစကြိုဒေသများမှ ထွက်ရှိတဲ့ နှမ်းဖြူများ ဝင်ရောက်နေသလို ပျဉ်းမနား၊ တောင်တွင်းကြီး၊ အောင်လံ၊ ပြည်၊ ကြို့ပင်ကောက်ဒေသများမှ နှမ်းနက်များ ဝင်ရောက်နေ ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောက်ဆည်၊ မလှိုင်၊ နွားထိုးကြီး၊ မြင်းခြံဒေသများမှ နှမ်းညိုများလည်း ဝင်ရောက်နေပါတယ်။ ဈေးကွက်အတွင်း နှမ်းအဝင်လှိုင်ပေမယ့် တရုတ်ဆွဲအားကောင်းနေတာ ကြောင့် ဈေးအေးမသွားဘဲ အရောင်းသွက်ဈေးမြင့်နေတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းဖြူထိပ်စတစ်ပိဿာ ၁၇၃၃ ကျပ်၊ နှမ်းနက်(ရိုးရိုး) ၁၇၅၆ ကျပ်၊ နှမ်းနက်(စမုံ) ၂၂၈၉ ကျပ်၊ နှမ်းညို ၁၄၀၀ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြ ပါတယ်။ နှမ်းဖြူ၊ နှမ်းနက်ကို တရုတ်ဝယ်လက်မှ ဝယ်ယူနေပြီး၊ နှမ်းညိုကတော့ ပြည်တွင်းဆီလုပ်ငန်းရှင်များမှ အများဆုံး ဝယ်ယူနေပါတယ်။ ဈေးကွက် အတွင်း ပစ္စည်းအဝင်လှိုင်သလောက် တရုတ်ဆွဲအားကောင်းနေတာကြောင့် နှမ်းဈေးကွက်ဟာ ဆက်ပြီးတော့ ရောင်းဝယ်အား ကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး
နှမ်းရောင်စုံ တင်ပို့မှု အားကောင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၅ ဒသမ ၇၁၉ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၄၄၀၃ တန်ကျော် ယခုအပတ်မှာ အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၈၄ တန် ပိုမိုခဲ့တာတွေ့ရပါတယ်၊၊ နှမ်းအမျိုးအစားအလိုက် တင်ပို့မှုတွေကတော့ ကန်ဒေါ်လာ ၂ ဒသမ ၅၅၆ သန်း တန်ဖိုးရှိနှမ်းဖြူ ၂၁၃၀ တန်၊ ကန်ဒေါ်လာ ၂ ဒသမ ၈၇၂ သန်း တန်ဖိုးရှိနှမ်းနက် ၂၀၅၁ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၉၁ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၂၂ တန် အသီးသီးဖြစ်ပါတယ်။ မြေပြင်နှမ်းဈေးများကိုကြည့်တဲ့အခါ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ နှမ်းနက်ဈေး ယခင် အပတ်အတိုင်း ပြောင်းလဲမှုမရှိပေမဲ့ မိမိဘက်မှာ နှမ်းဖြူဈေး မြင့်တက်နေပြီး တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် ၁၀၂၉၇၈၉ ၁၀၂၉၇၈၉ - - ၁၄၁၀ ၁၄၁၀ - -နှမ်းဖြူ ၈၆၃၀၀၀ ၈၅၃၀၀၀ ၁၀၀၀၀ ၁၂ ၁၂၀၆ ၁၂၀၆ - -MIRT (DOBT)
နှမ်းတန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှု အားကောင်းနေ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာ၁၁ ရက်မှ ၁၇ ရက်)အတွင်း တန်ချိန် ၈၆၀ ကျော်နဲ့ တင်ပို့မှုအားကောင်းနေတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပြီး တင်ပို့တဲ့ ပမာဏများတာကတော့ ဂျပန်ကိုဖြစ်ပါတယ်။ ပြည်တွင်းမှာ နှမ်းအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်မှု တိုးတက်ခြင်းနဲ့အတူ ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး တိုးမြင့်လာတဲ့အတွက် ပြည်ပပို့ကုန်သမားများ တင်ပို့မှုသွက်လာတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ နှမ်းတန်ချိန် ၃၃၀၀၀ ကျော်တင်ပို့ပြီး ယခင်ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၂၅၀၀၀ ကျော်ထက် ပိုမိုတင်ပို့ပြီးတာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက် ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်းနက် တစ်တန်ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုဈေးမှာ တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးနဲ့ ယခင်တစ်ပတ် ဈေးထက်အနည်းငယ် တိုးလာတာ တွေ့ရပါတယ်။ MIRT- MAPT
မသေချာတဲ့ ဝယ်လိုအား အလားအလာအရ စားအုန်းဆီကြမ်းဈေးကျဆင်း လာမယ့်လများအတွင်း မသေချာတဲ့ ဝယ်လိုအားကြောင့် ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ ကုန်သည်များက စက်တင်ဘာလ ၈ ရက်နေ့မှာပြောကြားပါတယ်။ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်း ဆီကြမ်းဈေးက ယခင်ရက်ထက် ၀ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ကို ရင်းဂစ် ၃၀၂၃ (ကန်ဒေါ်လာ ၁၀၀၈)ဈေးဖြစ်ခဲ့ပါတယ်။ အဓိက ဝယ်လက်ထဲမှာပါဝင်တဲ့ တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များနေ တာကြောင့် ဝယ်ယူမှုနဲ့ သင်္ဘောတင်ပို့မှု နှေးကွေးဖွယ်ရှိလို့ စက်တင်ဘာလ ပထမ ၁၀ ရက်အတွက် ပြည်ပတင်ပို့မှု နည်းလိမ့်မယ်လို့ ကွာလာလမ်ပူရှိကုန်သည်တစ်ဦး က ပြောကြားပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ အောက်တိုဘာလ ၁ ရက်မှာ အကျုံးဝင်မယ့် စားအုန်းဆီကြမ်းနဲ့ စားအုန်းဆီထုတ်ကုန်များအပေါ် ပြည်ပတင်ပို့ခွန် စနစ်အသစ်ချမှတ်ပြီးတဲ့နောက် မလေးရှားနိုင်ငံရဲ့ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များ ရောင်းချမှုကိုလည်း ထိခိုက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ အင်ဒိုနီးရှားက စားအုန်းဆီအနိမ့်ဆုံး ပြည်ပတင်ပို့ခွန်ကို ၂၅ ရာခိုင်နှုန်း မှ ၂၂ ဒသမ ၅ ရာခိုင်နှုန်းကိုလည်းကောင်း၊ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များအတွက် ၂၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းကိုလည်းကောင်း လျှော့ချမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားက ပိုမိုတင်ပို့နိုင်လိမ့်မယ်လို့လည်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ စားအုန်းဆီ ရာသီအရ ထုတ်လုပ်မှု မြင့်တက်တဲ့အချိန် ဒုတိယနှစ်ဝက်အတွင်း ဝယ်လိုအားကျဆင်းမှုက သိုလှောင်မှုပမာဏကို မြင့်တက်စေပြီး၊ စားအုန်းဆီဈေး ကိုလည်း ထပ်မံကျဆင်းစေနိုင်ပါတယ်။ ၂၀၁၁ ခုနှစ် စပိုင်းကနေလက်ရှိ အချိန်ထိ စားအုန်းဆီဈေး ၂၂ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီလိုဆိုပါတယ်။ သြဂုတ်လအတွင်း အလုပ်သမားနားရက်တွေကြောင့် စားအုန်းဆီထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၆၈ သန်း - ၁ ဒသမ ၇၃ သန်းခန့်ရှိလို့ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၇၅ သန်းနဲ့ နှိုင်းယှဉ်ရင် လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှုကျဆင်းခြင်းဟာ ယာယီမျှသာဖြစ်နိုင်ပါတယ်။ ယခုလအတွင်း ရိတ်သိမ်း ခူးဆွတ်မှု အရှိန်ပြန်ရလာပြီလို့ စားအုန်းဆီ ထုတ်လုပ်သူများက ဆိုပါတယ်။ လက်ငင်းဈေးကွက်မှ မလေးရှား FOB ဈေးဟာ အောက်တိုဘာလအတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန် ကန်ဒေါ်လာ ၁၁၃၀၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် ဈေးက ကန်ဒေါ်လာ ၁၀၉၀ ရှိတယ်လို့ သိရပါတယ်။ ချက်ချင်း တင်ပို့မယ့် စားအုန်းဆီကြမ်းလက်ငင်းဈေးက တစ်တန် ရင်းဂစ် ၃၀ လျော့ကျပြီး၊ ရင်းဂစ် ၃၁၂၀ (ကန်ဒေါ်လာ ၁၀၄၀)ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
