Main menu

Background

Sunday, 17 Jul 2011

နယ်စပ်မှ နှမ်းပိုမိုတင်ပို့                 မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၇၇၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ တန် ၅၅ဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က နှမ်းဖြူ ၁၃၁ တန်သာ တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုအပတ်မှာ နှမ်းဖြူ ၅ဝ၅ တန်ကျော်နဲ့နှမ်းနက် ၄၇ တန် ကျော် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မိမိဘက်မြေပြင်နှမ်းနက်ဈေးပြောင်းလဲမှု မရှိ သော်လည်း နှမ်းဖြူဈေးမှာ ကျပ် ၁၁ဝဝဝဝ ကျော်လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ရပါတယ်                                    မိမိဘက်( ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု            ယခင်       ပြောင်းလဲမှု     %      ယခု      ယခင်      ပြောင်းလဲမှု    %နှမ်းဖြူ       ၇၉၁၂၈၁      ၉ဝ၁၇၆၅      ၁၁ဝ၄၈၄     ၁၄     ၁၃၁၅     ၁၃၆၁       ၄၆              ၃နှမ်းနက်     ၁၁၂၅၇၉၃   ၁၁၂၅၇၉၃         -             -       ၁၄၇ဝ      ၁၄၆၉        ၁             ဝ  .၁MIRT (DOBT)

Sunday, 17 Jul 2011

 စားအုန်းဆီကြမ်းဈေး အကျဘက်ဆင်းနေ                 မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှု မြင့်တက်ခြင်းနဲ့ သိုလှောင်မှုကလည်း ၁၈ လအတွင်း အမြင့်ဆုံးဖြစ်နေတာကြောင့် အကျဘက်ဆင်းနေတဲ့ စားအုန်းဆီ ကြမ်းဈေးဟာ ဇူလိုင်လ ၁၂ ရက်မှာလည်း ဆက်လက်ဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) အောက်ကို လျော့ကျနိုင်တယ်လို့ ဈေးကွက် ခန့်မှန်းကြပါတယ်။ မလေးရှားစားအုန်းဆီအဖွဲ့( MPOB )  က ဇွန်လ အတွက် စာရင်းဇယားကို ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်အရ စားအုန်းဆီ ကြမ်း ထုတ်လုပ်မှုဟာတန်ချိန် ၁ ဒသမ ၇၅ သန်းကိုတိုးတက်ခဲ့တာကြောင့် ပြည်ပ တင်ပို့မှု တန်ချိန် ၁ ဒသမ ၅၈ သန်းအထိမြင့်တက်ခဲ့ပေမဲ့ လကုန်လက်ကျန်ဟာ တန်ချိန် ၂ ဒသမ ဝ၅ ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။                    စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးတွေ အားလုံးဟာလည်း ကျဆင်းခဲ့ရာ စက်တင် ဘာလစာချုပ်အတွက် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး တစ်တန် ရင်းဂစ် ၃၉ လျော့ကျ ပြီး ရင်းဂစ် ၃ဝ၃၄ (ကန်ဒေါ်လာ ၁ဝဝ၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ံHwang DBS Vickers  သုတေသနဌာနမှ ခန့်မှန်းချက်အရ ဥပုသ်လအတွင်း ဝယ်လို အားမြင့်တက်မယ့် အလားအလာနဲ့ အခြားပဲပုပ်ဆီအစား စားအုန်းဆီသိုလှောင်မှုကို မြှင့်တင်ဖွယ်ရှိတာကြောင့် လာမယ့်လများမှာ စားအုန်းဆီတင်ပို့မှု မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စားအုန်းဆီကြမ်းအထွက်နှုန်းမြင့်တက်ခြင်းကြောင့် ထုတ်လုပ်မှုဟာ မနှစ်ကထက်ပိုမိုတဲ့အတွက် သြဂုတ်လကုန်ကစပြီး ယခုနှစ်ကုန် တိုင်အေင် လစဉ် လက်ကျန်ပမာဏဟာ တန်ချိန် ၂ သန်းအထက်မှာ ရှိနေနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒါကြောင့် ယခုနှစ် စတုတ္တ ၄ လအတွင်း စားအုန်းဆီကြမ်းဈေး အကျဘက်ကို ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပဲပုပ်ထွက်ရှိမှု ၂ ရာခိုင်နှုန်း ခန့်ကျဆင်းဖွယ်ရှိခြင်းကြောင့် ကာလတိုအတွင်း ပဲပုပ်ဆီရောင်းချမှုနည်းနိုင်ပြီး ပဲပုပ်ကြိတ်ခွဲသူများရဲ့ အမြတ်အစွန်း လျော့နည်းမှုတွေအပေါ် မူတည်ပြီး စားအုန်း ဆီဈေး အပြောင်း အလဲရှိနိုင်တယ်လို့ ဆိုပါတယ်။                     မလေးရှား မြေပိုင်ရှင်များအသင်း ဥက္ကဌ Boon Weng Siew ပြောကြားရာ မှာ ၂ဝဝ၈ ခုနှစ် စတုတ္ထ ၄ လအတွင်း စားအုန်းဆီလက်ကျန်သိုလှောင်မှု တန်ချိန် ၂ သန်းအထိ မြင့်တက်ခဲ့စဉ်က စားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၁၅ဝဝ (ကန်ဒေါ်လာ ၄၉၈)ထိ ကျဆင်းခဲ့ဘူးတဲ့အတွက် လက်ရှိသိုလှောင်မှုအခြေအနေ အပေါ် စိုးရိမ်မှု ဖြစ်ရပါတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ B5  (ဇီဝလောင်စာ ၅ ရာခိုင်နှုန်းနဲ့ ရေနံ ၉၅ ရာခိုင်နှုန်း) အစီအစဉ်က ပြည်တွင်းစားအုန်းဆီ လက်ကျန် ပမာဏလျှော့ကျဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။ အလယ်ပိုင်းဒေသ B5  စီမံကိန်းမှာ ဇီဝလောင်စာ တန်ချိန် ၁၇ဝဝဝဝ မှ ၂ဝဝဝဝဝ အထိ အသုံးပြုဖွယ်ရှိတယ်လို့လည်း မလေးရှားဇီဝလောင်စာဆီအသင်း ဒုတိယ ဥက္ကဌ့ .U . R Unnithan ကဆိုပါတယ်။ အစိုးရအနေနဲ့ ပြည်တွင်းစား အုန်းဆီ သိုလှောင်မှုထဲက တန်ချိန် ၅ဝဝဝဝဝ ကိုလည်း အဲဒီစီမံကိန်းတစ်ခုလုံးမှာ အသုံးပြုဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ယုဇန၊Source: malaysia star

Tuesday, 12 Jul 2011

ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာ အရင်းဈေး တွက်ချက်ပုံ (၈-၇ -၂ဝ၁၁)နေ့ အကြောင်းအရာ                 တွက်ချက်နှုန်း                          တစ်ပိဿသာကုန်ကျစရိတ် (ကျပ်)CIF ဈေး                           (1160 x 808)/ 612                             ၁၅၃၁ .၅ဝFDA ထောက်ခံစာ                  58 .20/ 612                                      ဝ .၁ဝသွင်းကုန်လိုင်စင်ကြေး             50/ 612                                            ဝ .ဝ၈L/C  စရိတ်                  (CIF 1160 x 0.25% x Earning 808/)/612     ၃ .၈၃Bill စရိတ်                   (CIF 1160 x 0.25% x Earning 808/)/612      ၇ .၆၆စားအုန်းဆီအလျော့                0.5% x 2000                                    ၁ဝ .ဝဝဆီကန်သိုလှောင်ထိန်းသိမ်းခ      5/ -1%                                          ၄ .၉၅အကောက်ခွန်                 (CIF 1160 x  ကောင်တာဈေး ၄၅ဝ 450 x 5%)  ၄၂ .၆၅ဆိပ်ကမ်းခွန်                       (50000/ 1000) 612                                 ဝ .ဝ၈MITS  စစ်ဆေးခ                  (FDA အပါအဝင်)                                    ဝ .၆ဝအမြတ်ခွန်                          (CIF 1160 x 35/-) 612                            ၆၆ .၃၄ဆိပ်ကမ်းကပ်ခ                    (3x Earning 808) 612                             ၃ .၉၆                                   ရန်ကုန်ဆိပ်ကမ်းအရောက် အရင်းဈေး             ၁၆၇၁ .၇၅မှတ်ချက။် ၁။ အထက်ပါတွက်ချက်မှုမှာ (၈-၇-၂ဝ၁၁)နေ့ (CIF  ဈေး ၁၁၆ဝ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈ဝ၈) ကျပ်ဖြင့်တွက်ချက်ထား ခြင်း ဖြစ်ပါသည်။                ၂။ (၈-၇-၂ဝ၁၁)နေ့ ဝယ်ယူပြီးနောက် (၁ဝ) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့်ဈေးဖြစ်ပါသည်။                 ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ၏ အမြတ်များ မပါဝင်သေးပါ။

Tuesday, 12 Jul 2011

ရပ်စောက် ရေသွင်းပဲပုပ်တွေ ဈေးကွက်ဝင်နေ                 ဒီတစ်ပတ်ဈေးကွက်ကို ရေသွင်း ပဲပုပ်တွေ ဝင်နေပါသေးတယ်။ အဓိက ဝင်နေတာကတော့ ရေသွင်းစိုက်တဲ့ ရပ်စောက်အနောက်ဖက် ဖောင်းတော တိုက်နယ်က ဝင်နေတာဖြစ်ပြီး အဲဒီ နယ်က တစ်ရာသီကို ပိဿာချိန်နှစ် သိန်းခွဲခန့်ထွက်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်နှစ်က မိုးအဆက်မပြတ် ရွာတာ ကြောင့်ပဲပုပ်တချို့မိုးမိလို့အရည်အသွေး အနည်းငယ်ညံ့တယ်လို့လည်း သိရပါတယ်။ တောင်ကြီး တောင် ဖက်ခြမ်းဖြစ် တဲ့ မိုးနဲ၊ မိုင်းပွန်၊ တောင်ကြားစတဲ့ နယ် တွေကလည်းဝင်နေပါသေးတယ်။ တောင်ခြမ်းကထွက်တဲ့ ပဲပုပ်တွေက တော့ ရပ်စောက်ပဲပုပ်ထက် အစိုဓာတ်ပို တယ်လို့လည်း သိရပါတယ်။ ရေသွင်း ပဲပုပ်တွေကတော့ ဒီလလယ်ပိုင်း လောက်မှာ ပစ္စည်းပြတ်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။ ပဲပုပ်ဈေးက လည်း အရည်အသွေးပေါ်မူတည်ပြီး ဝယ်ယူနေတာကြောင့် ပဲပုပ် (ထိပ်စ) တစ်ပိဿာ ၇၅ဝ ကျပ်၊ (လတ်စ) ၇ဝဝ ကျပ်၊ (ညံ့စ) က ၆၅ဝ ကျပ်ဈေးရှိပါတယ်။                  ပဲပုပ်ထိပ်စတွေကိုတော့ ရန်ကုန် ဝယ်လက်တွေက ပဲပြား၊ ပဲငါးပိ၊ ပဲနို့ ရည်လုပ်ဖို့ ဝယ်ယူနေကြပါတယ်။ (လတ်စ) တွေကိုတော့ ဒေသတွင်း တိရစ္ဆာန် အစာစပ်သမားတွေက ဝယ်ယူနေကြပြီး တစ်ပတ်ကို ပိဿာ ၂ဝဝဝ -၃ဝဝဝ ခန့်ဝယ်ယူကြပါတယ်။ အညံ့စ တွေကိုတော့ ဆီကြိတ်သမားတွေက ဝယ်ယူနေတယ်လို့ သိရှိပါတယ်။ ဧဧခိုင်

Tuesday, 12 Jul 2011

မြေပဲဆံဈေးနှင့်အတူ ဆီဈေးပါအေးတဲ့ ပြည်စားဆီဈေးကွက်               ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဈေးငြိမ်နေသော်လည်း ယခုအပတ်တွင် စတင်လှုပ်ရှားလာပြီး ဈေးကျလာတာ တွေ့ရပါတယ်။ ကံမဘက်မှ တစ်နေ့ကို အိတ် ၅ဝဝ ခန့်သာ အဝင်ရှိပြီး ဆီစက်သမားများမှ အဝယ်ရှိပေမဲ့ မြေပဲဆံဈေးမှာ ယခင်အပတ်ထက်ဈေးကျလာတာတွေ့ရပါတယ်။ မြေပဲဆီဆံတစ်ပိဿာကို ၁၆၈၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဈေးဖြင့် ဈေးအေးလာပြီး မြေပဲဆီဈေး မှာလည်း တစ်ပိဿာ ၃၉ဝဝ ကျပ်ဈေးဖြင့် ဈေးအေးလာတာတွေ့ရပါတယ်။ ဝေဝေမင်း

Tuesday, 12 Jul 2011

ယခုအပတ်နယ်စပ်မှ နှမ်းဖြူသာအပို့ရှိ                မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းတန်ဖိုးရှိ နှမ်းဖြူ ၁၃၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က နှမ်းနက်ရော နှမ်းဖြူပါ တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုအပတ်မှာ နှမ်းဖြူတစ်မျိုးသာ အပို့ရှိတဲ့အပြင် တင်ပို့တဲ့ ပမာဏလည်း တန် ၂၅ဝ နီးပါးလျော့နည်းခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းဖြူ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                           မိမိဘက်(ကျပ်/တန်)          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု            ယခင်       ပြောင်းလဲမှု     %     ယခု        ယခင်   ပြောင်းလဲမှု   %နှမ်းနက်    ၈၇၅ဝ၃၄     ၁ဝ၅၉၂၃၄     ၁၈၄၂ဝဝ    ၂၁     ၁၃၆ဝ     ၁၃၇၇          ၁၇         ၁MIRT (DOBT)

Tuesday, 12 Jul 2011

 သိုလှောင်ထား တဲ့ပမာဏ များတဲ့အပြင် ဝယ်လိုအားပါကျဆင်းခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ရင်းဂစ် ၃ဝဝဝ အောက် လျော့ကျလာနိုင်             မလေးရှားနိုင်ငံမှာ စားအုန်းဆီသိုလှောင်မှု ပမာဏမြင့်တက်ခြင်းနဲ့ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် နောက် ၂ ပတ်ကျော်မှာ စားအုန်းဆီကြမ်းဈေး တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) အောက် လျော့ကျနိုင်တယ်လို့ ကုန်သည်များနဲ့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ၂ဝ၁ဝ အောက်တိုဘာလ ၂၁ ရက်နေ့က တစ်တန် ရင်းဂစ် ၂၉၉ဝ (ကန်ဒေါ်လာ ၉၉၃) နဲ့ ရင်းဂစ် ၃ဝဝဝ အောက်ကို နောက်ဆုံးကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။           စားအုန်းဆီကြမ်းလက်ကျန်နဲ့ ထုတ်လုပ်မှုဟာ ဖေဖော်ဝါရီလနောက်ပိုင်း မြင့်တက်လာခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ မလေးရှား စားအုန်း ဆီအဖွဲ့ (MPOB ) ရဲ့ လစဉ်စာရင်းများအရ မေလလက်ကျန်ဟာ ယခင်လထက် ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ၁၆ လအတွင်း အမြင့်ဆုံး ပမာဏ ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။               Interband Group of Companies မှ စားအုန်းဆီကုန်သည် Jim Teh က ခန့်မှန်းရာမှာလည်း ဝယ်လိုအားကျဆင်းတာကြောင့် နောက်နှစ်ပတ်အတွင်း တစ်တန်ကိုစားအုန်းဆီကြမ်းဈေး ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၉၃ဝ) ဝန်းကျင်ကို ကျဆင်း နိုင်တယ်လို့ဆိုပါတယ်။ ဝယ်လက်များဟာလက်ရှိစားအုန်းဆီကြမ်းဈေးက သိုလှောင် ထားဖို့အတွက် ဈေးမြင့်မားနေတယ်လို့ စဉ်းစားကြတဲ့အတွက် လိုအပ်သလောက် သာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။                  လွန်ခဲ့တဲ့ ၃ လအတွင်း ရာသီဥတုကောင်းမွန်တာကြောင့် ဆီအုန်းသီးများပြီး အထွက်နှုန်းမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အကယ်လို့ တစ်တန် ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၉၃ဝ) ဈေးရောက်ရှိခဲ့ရင်လည်း စားအုန်းဆီကြမ်းထုတ်လုပ်မှုစရိတ် တစ်တန် ရင်းဂစ် ၁၂ဝဝ-၁၅ဝဝ (ကန်ဒေါ်လာ ၃၉၉-၄၉၈) ဝန်းကျင်နဲ့ ယှဉ်ရင် အကိုျးအမြတ် ကောင်းကောင်းရနေပါသေးတယ်လို့ ဆိုပါတယ်။                    IJM Plantations Bhd အမှုဆောင်အရာရှိချုပ် Joseph Tek Choon Yee ကခန့်မှန်းပြောကြားရာမှာတော့ ၂ဝ၁၁ ခုနှစ်အတွက် စားအုန်းဆီကြမ်း ပျမ်းမျှ ဈေးနှုန်းဟာ ယခင်နှစ်ပေါက်ဈေးရင်းဂစ် ၂၇၄၅ (ကန်ဒေါ်လာ ၉၁၂) ထက်မြင့် တက်ပြီး ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) ဝန်းကျင်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိပဲပုပ်ဆီနဲ့ စားအုန်းဆီဈေး ၂ ခုအကြား ကွာဟမှု တစ်တန် ကန်ဒေါ်လာ ၂၃၇ ရှိနေခြင်းက အိန္ဒိယနိုင်ငံလို ပဲပုပ်ဆီ ဝယ်လက်များအတွက် စားအုန်းဆီကို ပိုစိတ်ဝင်စားဖို့ ဖြစ်လာနိုင်တာမို့ အဲဒီအခြေအနေက လက်ရှိဈေးကို အထောက်အပံ့ ဖြစ်စေမယ်လို့ ခန့်မှန်းပြောကြားပါတယ်။ ယုဇန၊ ှSource: malaysia star

Tuesday, 5 Jul 2011

ဈေးငြိမ်ပြီးအရောင်းအဝယ်သွက်တဲ့ ပြည်မြေပဲဆံ               ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ အောင်လံနဲ့ ကံမဘက်မှ တစ်နေ့ ကို မြေပဲဆံအိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက်သမားများကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါတယ်။ ဆီကြိတ် မြေပဲဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး လုံးဆံကို ရန်ကုန်ဝယ်လက်များမှ အဝယ်ရှိသဖြင့် တစ်ပိဿာကို ၂ဝဝဝ ကျပ်ဈေးထိ ဈေးမြင့်လာတာတွေ့ရပါတယ်။ မြေပဲဆံဈေးမှာလည်း ယခင်အပတ်အတိုင်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Tuesday, 5 Jul 2011

ဈေးအတက်အကျမမှန်တဲ့ ပြည်နှမ်း           ပြည်ဈေးကွက်တွင်းနှမ်းဈေးမှာ ယခင်အပတ်ထက်ဈေးကျသွားသဖြင့် ဈေးမှာငြိမ်မနေဘဲ တက်လိုက် ကျလိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ဆီစက်သမားများမှလည်း ဆီကြိတ်ရန် အဝယ်သိပ်မရှိခြင်းကြောင့် ပွဲရုံများတွင် အရောင်းအဝယ်မှာတစ်နေ့ကို အိတ် ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ နှမ်းဈေးကျသဖြင့် နှမ်းဆီဈေးမှာလည်း ယခင်အပတ်ထက် သိသာစွာဈေးကျလာတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၇၂ဝဝဝ ကျပ်ဖြင့်ဈေးကျလာတာတွေ့ရပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၂ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးကျလာတာတွေ့ရပါတယ်။ ဝေဝေမင်း

Tuesday, 5 Jul 2011

နှမ်းတင်ပို့မှု တိုးတက်              ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ ၃၇၈ တန်နဲ့ နှမ်းနက် ၁၂၈ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၇ဝ၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁ဝဝ ကျော် သာ တင်ပို့ခဲ့တာ ကြောင့် ယခုအပတ်မှာ တန် ၂ဝဝ ကျော်တိုး တက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်ရော တစ်ဘက် နိုင်ငံနှမ်း ဈေးများ မြင့်တက်လာတာတွေ့ရပါတယ်                                           မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု                 ယခင်         ပြောင်းလဲမှု      %        ယခု       ယခင်   ပြောင်းလဲမှု    %နှမ်းဖြူ         ၉၉၁၉၃၉         ၉၈၅၁၇၅        ၆၇၆၄        ဝ .၇       ၁၃၇၇     ၁၃၇၄       ၃           ဝ .၂နှမ်းနက်      ၁၁၂၅၇၉၃      ၁၁၂၅၇၉၃         -                -          ၁၄၇ဝ     ၁၄၆၇      ၃           ဝ .၂MIRT (DOBT)

Pages