Background
ထုတ်လုပ်မှု ကျဆင်းဖွယ် ရှိပြီး ဝယ်လိုအားမြင့်တက်နိုင်၍ စားအုန်းဆီကြမ်း ဈေးမာ လာမည့်လများတွင် ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိသည့် အခြေအနေကြောင့် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့(ဇူလိုင် ၂၇ရက်)က မလေးရှားကုန်စည်ဒိုင်တွင် စားအုန်းဆီ ကြမ်းကြိုပွိုင့်အရောင်းအဝယ်ဈေးမှာ မြင့်တက်ခဲ့သည်။ အမေရိကန်နိုင်ငံ ၏ ေြွကးမြီ ပြဿနာ အပေါ် ကာလရှည်ကြာစွာ စိုးရိမ်မှုများကိုအခြေခံ၍ စားအုန်းဆီထုတ်လုပ် မှုလျှော့ချမည့် အလားအလာအခြေအနေများကြောင့် စားအုန်းဆီကြမ်းဈေး ယခင် ကတည်းက မြင့်တက်ဖို့ဖြစ်ခဲ့ပါသည်။ လတ်တလောတွင် မလေးရှား ဘာဆာကုန် စည်ဒိုင် ၌ အောက်တိုဘာကြိုပွိင့် အတွက် စားအုန်းဆီကြမ်းတစ်တန်၏ ရောင်းဈေး မှာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး မလေးရှားရင်းဂစ် ၃၁၃ဝ (အမေရိကန်ဒေါ်လာ ၁ဝ၅၅)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကုန်သည်များ အနေဖြင့် ကြာသပတေးနေ့(ဇူလိုင် ၂၈ဂက်)တွင် ကျင်းပမည့် သြစတြေးလျနိုင်ငံ ဆစ်ဒ္ဒနီမြို့ ကွန်ဖရင့်တွင် ဟင်းသီးဟင်းရွက်အဆီဆိုင်ရာ နာမည်ကျော် လေ့လာဆန်းစစ်သူ ပညာရှင် Dorab Mistry ၏ စားအုန်းဆီထုတ်လုပ်မှုနှင့် ဈေးနှုန်းအခြေအနေ အပေါ် သဘောထားမှတ်ချက်များကို စောင့်ဆိုင်းလျက်ရှိကြောင်း ကုန်သည်များက ပြောကြားသည်။ ဇူလိုင်လကုန်နှင့် သြဂုတ်လအတွင်း စားအုန်းဆီတင်ပို့မှုမြင့်တက်နိုင်ကြောင်း ကမ္ဘာ့ ပဲပုပ်ဆီဈေးကွက်တွင် ဈေး ချရောင်းချလာမှုအပေါ် တရုတ်နှင့်အိန္ဒိယကုန်သည်များမှ အခွင့်အရေးတစ်ရပ်အနေဖြင့်ရယူ၍ စားအုန်းဆီပိုမိုတင်သွင်းလာဖွယ် ရှိနိုင်ကြောင်း စင်ကာပူအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ ယခုနှစ်အတွင်း မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ စားအုန်းဆီ အလံျှအပယ်ထုတ်လုပ်ခဲ့မှုကြောင့် ကမ္ဘာ့ပဲပုပ်ဆီပေါက်ဈေးထက် တစ်တန်လျင် ဒေါ်လာ ၁၇ဝ လျှော့ ၍ ရောင်းချခဲ့ရပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့သည့် အခြေအနေဖြစ်ပါသည်။ နောက်လာမည့်ရက်သတ္တပတ်တွင် စတင်မည့် ရာမာဒန် ဥပုသ်လကြောင့် ဆီအုန်းလုပ်သားများ၊ ရိတ်သိမ်းေြွခလှေ့သူများ လုပ်ငန်းခွင်မှ နားမည့်အခြေအနေရှိ၍ လာမည့်သြဂုတ်လတွင် စားအုန်းဆီထုတ်လုပ်မှု အထိုက် အလျောက်ကျဆင်းနိုင်ကြောင်း ကုန်သည်များနှင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများ က ခန့်မှန်းကြသည်။ လက်ငင်းဈေးကွက်တွင် သန့်စင်ပြီး စားအုန်းဆီတစ်တန်၏ သြဂုတ်လ ကြိုပွိုင့်ဈေးမှာ ၅ ဒေါ်လာမြင့်တက်၍ ၁၁၇၅ ဒေါ်လာဖြင့် ဈေးအဆို ပြုခဲ့ကြောင်း စားအုန်းဆီကြမ်း၏ ချက်ချင်းသင်္ဘောတင်ဈေးမှာ တစ်တန်လျင် ၁ဝ ရင်းဂစ်မြင့်တက်၍ ၃၁၆ဝ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၁ဝ၆၅)ရှိခဲ့ကြောင်း သိရသည်။ TAK, Source: Malaysia Palm Oil Board
မိုးပဲပုပ်လျာထားဧကပြည့်တော့မည် ပြည်ပဲပုပ်ဈေး မှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်ကျဆင်းနေပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်နဲ့ ဈေးငြိမ် နေရာမှ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဈေးသို့ ဈေးအေးလာပါ တယ်။ ပြည်ဈေးကွက်တွင် ပဲပုပ်မှာနေ့တိုင်း အရောင်းအဝယ်မဖြစ်သော် လည်း အရောင်းအဝယ်ဖြစ်တဲ့ ရက်များ မှာတစ်နေ့ကို အိတ် ၃ဝဝ မှ ၄ဝဝ တို့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပဲပုပ် စိုက်ပျိုးပြီးစီးမှုအနေနဲ့ ဇူလိုင် တတိယပတ်အထိ လျာထားဧက နဲ့ ၉ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ် ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မူဆယ်နယ်စပ်မှ ပဲပုပ်တင်ပို့မှု ပိုမို ယခုအပတ်အတွင်း မူဆယ်နယ်စပ်မှကန်ဒေါ်လာ၁၇၂၅ဝ တန်ဖိုးရှိ ပဲပုတ် ၂၅ တန်တင်ပို့မှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ၁၅ တန်သာ တင်ပို့ခဲ့ တာမို့ ယခုအပတ်မှာ ၁ဝ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ် ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက် (ကျပ်/ တန်) ယခု ယခင် ပြောင်းလဲမှု %၄၆၉၂၆၆ ၄၉၆ဝဝ၅ ၂၆၇၃၉ ၆ တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ၆၈ဝ ၆၉၆ ၁၆ ၂MIRT (DOBT)
ပြည်ပမှတင်သွင်း လာသော စားအုန်းဆီများ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာအရင်းဈေး တွက်ချက်ပုံ (၂၂-၇-၂ဝ၁၁)ရက်အကြောင်းအရာ တွက်ချက်နှုန်း တစ်ပိဿာကုန်ကျစရိတ် (ကျပ်)CIF ဈေး (1160 x 808)/ 612 ၁၅၅၅ .၅၆FDA ထောက်ခံစာ 58 .20/ 612 ဝ .၁ဝသွင်းကုန်လိုင်စင်ကြေး 50/ 612 ဝ .ဝ၈L/C စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၃ .၈၉Bill စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၇ .၇၈စားအုန်းဆီအလျော့ 0.5% x 2000 ၉ .ဝ၃ဆီကန်သိုလှောင်ထိန်းသိမ်းခ 5/ -1% ၄ .၉၅အကောက်ခွန် (CIF 1160 x ကောင်တာဈေး 450 x 5%) 612 ၄၃ .၇၅ဆိပ်ကမ်းခွန် (50000/ 1000) 612 ဝ .ဝ၈MITS စစ်ဆေးခ (FDA အပါအဝင်) ဝ .၆ဝအမြတ်ခွန် (CIF 1160 x 35/-) 612 ၆၈ .ဝ၆ဆိပ်ကမ်းကပ်ခ (3x Earning 808) 612 ၃ .၉၂ ရန်ကုန်ဆိပ်ကမ်းအရောက် အရင်းဈေး ၁၆၉၇ .၈ဝမှတ်ချက်။ ၁။ အထက်ပါတွက်ချက်မှုမှာ (၂၂-၇-၂ဝ၁၁)နေ့ (CIF ဈေး ၁၁၉ဝ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈ဝဝ) ကျပ်ဖြင့်တွက်ချက်ထားခြင်း ဖြစ်ပါသည်။ ၂။ (၂၂-၇-၂ဝ၁၁)နေ့ ဝယ်ယူပြီးနောက် (၁ဝ) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့် ဈေးဖြစ်ပါသည်။ ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီ ဆိုင်များ၏အမြတ်များ မပါဝင်သေးပါ။
နှမ်းအပို့ ပြန်တက်လာတဲ့ မြန်မာ တရုတ်နယ်စပ် ၂ဝ၁၁ ဇွန်လမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ဝ၅၃ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၂၂ဝ ကျော်နဲ့ နှမ်းဖြူ ၅၄၅ တန်ခန့် အပို့ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ မေလမှာ နှမ်းမျိုးစုံ ၈၁၁ တန်ခန့်နဲ့ ယမန်နှစ်ကာလတူမှာ ၁၂၇ဝတန်ခန့် အပို့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ် နှမ်းတန်ချိန် ၇ သိန်းကျော် ထုတ်လုပ်မှုရှိသော်လည်း ၎င်းတို့ရဲ့ စားသုံးမှုလိုအပ်ချက် ပြည့်မီခြင်းမရှိတာကြောင့် ဝယ်လိုအားရှိတဲ့ သီးနံှဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ တရုတ်သို့ အိန္ဒိယနဲ့ အာဖရိကနိုင်ငံအချို့မှ နှမ်းဖြူများ သက်သာသောဈေးနဲ့ အဝင်ရှိနေတယ်လို့ သိရပါတယ်။ ရွှေလီဈေးတစ်တန် ယွမ် ၈ဝဝဝ မှ ၉ဝဝဝ ခန့် ရှိ တဲ့အတွက် မိမိပြည်တွင်းဈေးနဲ့ တရုတ်သို့ ရောင်းချရာမှာ အကျိုးအမြတ်မရှိပဲ အခြားနိုင်ငံများနဲ့ ဈေးနှုန်းယှဉ်ပြိုင် ရတဲ့အတွက် တင်ပို့မှုများ ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ (၁) ရက်မှ (၁၉) ရက်ထိ ကာလအတွင်းမှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၅၆ သန်း တန်ဖိုးရှိ နှမ်းဖြူနဲ့ နှမ်းနက် ၁၁၁၇ တန်ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လထိ လအလိုက် နှမ်း တင်ပို့မှုများကို ဖော်ပြပေးလိုက်ရပါတယ် ကန်ဒေါ်လာ(သန်း)ကာလ တန်ချိန် တန်ဖိုးဧပြီလ ၂၇၄ ဝ .၄၁၄မေလ ၈၁၁ ၁ .၂၁ဝဇွန်လ ၇၆၅ ၁ .ဝ၅၃ဇူလိုင်လ ၁၁၁၇ ၁ .၅၆ဝ( ၁ ရက်မှ ၉ ရက်ထိ)MIRT(DOBT)
နှမ်းနက်တင်ပို့မှုပိုသော်လည်း နှမ်းဖြူ အပို့လျော့ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ ဝ ဒသမ ၅၁၆ သန်းတန်ဖိုးရှိ နှမ်းဖြူ ၃၇၅ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းတန်ဖိုးရှိ နှမ်းနက် ၅၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နှမ်းဖြူ တန် ၁၄ဝ ကျော်လျော့နည်းတင်ပို့ခဲ့သော်လည်း နှမ်းနက် ၁၁ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နှမ်းနက်ဈေးအပြောင်းအလဲမရှိသော်လည်း နှမ်းဖြူဈေး အနည်းငယ် ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၈၆၈၃ဝ၄ ၈၇၂၇၃၈ ၄၄၃၄ ဝ .၅ ၁၂၃၇ ၁၃၁၅ ၇၈ ၆နှမ်းနက် ၁၁၂၅၇၉၃ ၁၁၂၅၇၉၃ - - ၁၄၆၉ ၁၄၇၁ ၂ ဝ .၁MIRT (DOBT)
ပြည်ပဝယ်လိုအား အလားအလာကြောင့် စားအုန်းဆီကြမ်းဈေး ဒုတိယနေ့အဖြစ် မြင့်တက် ပြည်ပဝယ်လိုအားပြန်လည်မြင့်တက်လာခြင်းနဲ့ ပြည်ပကုန်စည်ဈေးကွက် ဈေးနှုန်းမြင့်တက်လာခြင်း တို့ကြောင့် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေး ဒုတိယနေ့အဖြစ် မြင့်တက်လာခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင် မှာ အောက်တိုဘာလအခြေခံစံနှုန်း စာချုပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၁၅၃ (ကန်ဒါ်လာ ၁ဝ၅၂) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကိုကန်ဒေါ်လာ ၅၈ ဒသမ ဝ၂ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၇၉)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂ဝ ရက်အတွင်း မလေးရှားရဲ့ စားအုန်းဆီ ပြည်ပတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ဝ၂ သန်းရှိတယ်လို့ ကုန်စည်စစ် ဆေးတဲ့ Intertek Agri Services က ပြောကြားပါတယ်။ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၅ဝသန်း အထိတင်ပို့နိုင်မယ်လို့ ကုန်သည်များက မျှော်လင့်ထားပါတယ်။ တရုတ်နိုင်ငံက ဈေးကွက်အတွင်း စားဆီဈေးနှုန်း ထိန်းချုပ်မှုကို ဖယ်ရှားဖို့ ဆွေးနွေးနေခြင်းက လည်း ဈေးကွက်ဈေးနှုန်း ကို မြင့်တက်စေတယ် လို့ စင်ကာပူ အခြေစိုက် ရင်းနှီးမြှုပ်နံှမှုဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ တရုတ် နိုင်ငံဟာ ငွေကြေးဖောင်းပွမှုကိုလျှော့ချမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုဝင်ဘာလ အတွင်းမှာ စားဆီထုတ်ကုန်တွေ အပေါ် ဈေးနှုန်းထိန်းချုပ် မှုပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ထုတ်လုပ်မှုရာသီက စတင်ကာစပဲ ရှိသေးတာကြောင့် ယခုလကုန်မှာ တစ်တန်ကို ရင်းဂစ်၃၂ဝဝ(ကန်ဒေါ်လာ ၁ဝ၆၈)နီးပါးအထိ မြင့်တက်လာနိုင်တယ်လို့ မလေးရှား အခြေစိုက်စိုက်ပျိုးရေးကုမ္ပဏီ မန်နေဂျာတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ဥပုသ်လဝယ်လိုအားပြည့်လုနီးပါးဖြစ်တဲ့ ယခုလနောက်ပိုင်းမှာ ပြည်ပ တင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ OSK Investment Bank မှ ဒုတိယဥက္ကဌ Ryan Long က ဆိုပါတယ်။ စားအုန်းဆီဈေးဟာ ပဲပုပ်ဆီဈေးထက် ဈေးနိမ့်ကျမှုများ တာ ကြောင့် ဈေးသက်သာတာကို ဝယ်ယူတဲ့ ပါကစ္စတန်၊ အိန္ဒိယနဲ့ အီဂျစ်တို့လို နိုင်ငံ တွေက ဝယ်လိုအားကောင်းလာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ သြဂုတ်လပို့ရမယ့် သန့်စင်ပြီး စားအုန်းဆီ (Palm Olein) ဈေးဟာ တစ်တန်ကို ၁၅ ဒေါ်လာမြင့်တက်ပြီး တစ်တန်ကန်ဒေါ်လာ ၁၁၆၅ ဈေးဖြစ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး ရင်းဂစ် ၃၁၆ဝ (ကန်ဒေါ်လာ ၁ဝ၅၄) ဈေးဖြစ်ခဲ့ပါတယ်။ ယုဇန၊ Source: palmoilhq.com
ပြည်ပဲပုပ်လက်လီသမားများဖြင့်သာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ယခု တစ်ပတ်ထိ မိုးပဲပုပ်ဧက ၂ဝဝဝ ကျော် စိုက်ပျိုးနိုင်ခဲ့လို့ လျာထားဧကရဲ့ ၈၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားပြီဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေး ငြိမ်နေခဲ့ပါတယ်။ ယခင်နှစ် မိုးပဲပုပ် ထွက်ရှိချိန်မှာတော့ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး ယခု နှစ်ဈေးဖွင့်ချိန်တွင် တောင်သူများမှ ဈေးကောင်းရရန် စောင့်မျှော်နေတယ် လို့ သိရပါတယ်။ ဈေးကွက်မှာတော့ လက်လီသမားများသာ အဝယ်ရှိပြီး တစ်နေ့ကို ၄-၅ အိတ်မှ ၁ဝ အိတ်ထိ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ
မိုးနှမ်းအသစ်များ ဝင်ရောက်ပေမဲ့ နှမ်းဈေးမတက်တဲ့ ပြည်ဈေးကွက် ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များကို မြန်အောင်၊ ကြံခင်းဘက်မှ တစ်နေ့ကို အိတ် ၅ဝ ခန့် စတင် ဝင်ရောက်နေပါတယ်။ ပြည်ဈေးကွက်မှာ နှမ်းဈေးများ ကျနေလို့ အောင်လံဘက်မှ ပွဲရုံသမားများ အဝယ်ရှိနေတာ တွေ့ရပါ တယ်။ နှမ်းနီ (၄၅) ပိဿာ တစ်အိတ်ကို ၆၅ဝဝဝ ကျပ်နဲ့ နှမ်းနက် (၄၅) ပိဿာ တစ်အိတ်ကို ၇ဝဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဈေးများ ကျသဖြင့် နှမ်းဆီဈေး မှာလည်း တစ်ပိဿာကို ၂၈၈ဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းပိုမိုစိုက်ပျိုး ယမန်နှစ်က ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းစိုက်ဧက ၇၆ဝဝဝ ကျော်ရှိခဲ့သော်လည်း ရာသီဥတုအခြေအနေ မပေးသဖြင့် တစ်ဧက အထွက်နှုန်းကျဆင်းခဲ့ပါတယ်။ ယခုနှစ်တွင် မိုးဦးစောတာကြောင့် နှမ်းစောစောကြဲပက်နိုင်ပြီး စိုက်ဧကလည်း ၃ဝဝဝ နီးပါး ပိုမိုလာရာ စုစုပေါင်း စိုက်ဧက ၇၅၆၆၇ ရှိခဲ့ပါတယ်။ မိုးဦးနှမ်းများရိတ်သိမ်းစ ပြုနေပြီး ယမန်နှစ်ကထက် အလားအလာကောင်းကြောင်း၊ နှမ်းတစ်ဧက ၃ တင်းမှ ၅ တင်းအကြား ထွက်ရှိနိုင်ကြောင်း၊ နောက်ကျစိုက်တဲ့ နှမ်းများအတွက်တော့ မိုးအနည်းငယ်လိုအပ်နေကြောင်း သိရပါတယ်။ မြင့်အောင်
