Main menu

Background

Sunday, 7 Aug 2011

မိုးနှမ်းနက်အသစ်များဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်တဲ့ ပြည်ဈေးကွက်                ပြည်ဈေးကွက်သို့ မြန်အောင်၊ ကြံခင်းဘက်မှ မိုးနှမ်းနက်အသစ်များ တစ်နေ့လျှင် အိတ် ၅ဝဝ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ခုရက်ပိုင်းတွင် ဆီကြိတ် နှမ်းနီဈေးမှာ အနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။ နှမ်းနီကို နယ်များမှ အဝင်မရှိသေးခြင်းနှင့် ဆီစက်သမားများကဆီကြိတ်ရန် အဝယ်ရှိနေသဖြင့် နှမ်းနီ ဈေးမှာ အနည်းငယ်ပြန်မြင့် လာတာတွေ့ရ ပါတယ်။ နှမ်းနက်ကို အောင်လံ၊ ပေါင်းတည်ဘက်မှ အဝယ်ရှိနေတာကြောင့် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်လျှင် ၅၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက်ဈေးအနည်းငယ် မြင့်လာပြီး၊ နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၆၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေကာတွေ့ရပါတယ်။      ဝေဝေမင်း

Sunday, 7 Aug 2011

ယခုအပတ် မူဆယ် ၁ဝ၅ မိုင်မှ နှမ်းရောင်စုံ တန် ၆၇ဝ ကျော်အပို့ရှိ                 မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဖက်တရုတ်နိုင်ငံသို့ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၈၈ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၆၇၂ တန် အပို့ရှိခဲ့ပါတယ်။ နှမ်းဖြူ ၄၂၂ တန်ကျော်၊ နှမ်းနက် တန် ၄ဝခန့်နဲ့နှမ်းဖြူအခွံချွတ် တန်၂၁ဝ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ဇူလိုင်လအတွင်းမှာ နှမ်းတင်ပို့မှု ၃၄၇၅ တန် ရှိပြီး ယခင်ကာလတူမှာ ၄၈၄၇ တန်တင်ပို့ခဲ့တဲ့အတွက် ယခုနှစ် ဇူလိုင်လတင်ပို့မှုဟာ ၁၃၇၂ တန်လျော့နည်း ခဲ့ပါတယ်။ ယခုနှစ် ဧပြီလမှ ဇူလိုင်လကုန်ထိ နယ်စပ်မှ နှမ်း ၅၁၉၄ တန်သာ အပို့ရှိခဲ့ပြီး ယမန်နှစ်ကာလတူမှာ ၁၁၁၇၁ တန်တင်ပို့နိုင် ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနဲ့ အာဖရိက အချို့နိုင်ငံများမှ နှမ်းများပိုမိုသက်သာသောဈေးနဲ့ တရုတ်ဈေးကွက်ကို ဝင်လာတဲ့ အတွက် မိမိတို့ နှမ်းတင်ပို့မှု လျော့ကျရတယ်လို့ ကုန်သည်အချို့က သုံးသပ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                 မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု           ယခင်      ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု   %နှမ်းဖြူ       ၈၇၁၈၈၈      ၈၆ဝ၂၈ဝ     ၁၁၆ဝ၈      ၁     ၁၂၇၂    ၁၂၃၈           ၃၄        ၃နှမ်းနက်       ၉၈ဝ၂၁၄    ၉၉၃၈၂ဝ     ၁၃၆ဝ၆      ၁     ၁၄၅၈    ၁၄၇ဝ          ၁၂         ၁MIRT (DOBT)

Tuesday, 2 Aug 2011

ဝယ်လိုအားကျဆင်းမှုကြောင့် ပြောင်းနှင့် ပဲပုပ် လက်ဈေးနှုန်းများကျဆင်း                အမေရိကန် ပြည်ထောင်စုမှာ ပြောင်းနဲ့ ပဲပုပ် ပို့ကုန်ဝယ်လိုအားနည်း သွားတာကြောင့် ဈေးနှုန်းတွေ ကျ ဆင်းသွားခဲ့ကြောင်း သတင်းရရှိတယ်။ စားသုံးသူများမှ နောက်ထပ် ဈေးနှုန်း တွေ ကျဆင်းမဲ့အချိန်ကို စောင့်ကြည့် နေတာကြောင့် ဈေးကွက်မှာငြိမ်သက် လျက် ရှိကြောင်း ချီကာဂိုကြိုပွိုင့်ရောင်းဝယ်ရေးရဲ့ ကုန်သည်က ပြောကြား လိုက်တယ်။                  ဇူလိုင်လ ၂၂ ရက်က စက်တင်ဘာလအတွက် သင်္ဘောတင်မယ့် ပြောင်းကြိုပွိုင့်ဈေးနှုန်းကလည်း တစ်ဘူ ရှယ်ကို ၁ ဒသမ ၃ ရာခိုင်နှုန်း ဈေးကျ သွားကာ ကန်ဒေါ်လာ ၆ ဒသမ ၇၉၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၆၇ ဒသမ ၄၂ )နဲ့ ချီကာဂိုကြိုပွိုင့် ရောင်း ဝယ်ရေးမှာ ခုျပ်ဆိုခဲ့တယ်။                   ဇူလိုင်လ ၁၉ ရက်နေ့ကမူ ပြောင်း ဈေးနှုန်းက တစ်ဘွတ်ရှယ်ကို ကန် ဒေါ်လာ ၇ ဒသမ ၂၃၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၄ ဒသမ ၈၄ )ကို ရောက်ရှိခဲ့ရာ ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ် တယ်။ သြဂုတ်လ သင်္ဘောတင်မဲ့ ပဲပုပ် ဈေးနှုန်းက တစ်ဘွတ်ရှယ်ကို ကန် ဒေါ်လာ ၁၃ ဒသမ ၈ဝ၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၅ဝ၇ ဒသမ ၁ဝ) နဲ့ ခုျပ် ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:ww.bloomberg.com  

Tuesday, 2 Aug 2011

နယ်စပ်မှအပို့ ပုံမှန်ရှိနေတဲ့ ပဲပုပ်စေ့                   မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၇၂၅ဝ တန်ဖိုးရှိ ပဲပုပ်စေ့၂၅ တန် ဇူလိုင်လ ၂ဝ မှ ၂၆ ရက် ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၂၅ တန်သာ အပို့ရှိခဲ့တာမို့ ပဲပုပ်အပို့ ပုံမှန်ရှိနေ တာဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာ ပဲပုပ် ၆၅ တန် နယ်စပ်မှတင်ပို့ထားပြီး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးထွက် ပဲပုပ်စေ့များကို မူဆယ်နယ်စပ်မှ တင်ပို့နေတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေ ပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်          မိမိဘက် (ကျပ်/ တန်)ယခု            ယခင်      ပြောင်းလဲမှု    %၄၆၉၁၂၁   ၄၆၉၃၆၂    ၂၄၁           ဝ .ဝ၅တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)  ယခု          ယခင်    ပြောင်းလဲမှု       %  ၆၈၁          ၆၈၁            -              -MIRT (DOBT)

Tuesday, 2 Aug 2011

နှမ်းဈေးကျပြီး အရောင်းအဝယ်ဖြစ်တဲ့ ပြည်ဈေးကွက်               ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခုတစ်ပတ်အထိ ဆက်လက်ကျဆင်းနေ တာ တွေ့ရပါတယ်။ မိုးနှမ်းအသစ်များကို မြန်အောင်၊ ကြံ့ခင်းနဲ့ အောင်လံဘက်မှ အနည်းငယ် စတင်ဝင်ရောက်လာသဖြင့် နှမ်းဈေးမှာ ကျဆင်းလာတာတွေ့ရပါ တယ်။ ဆီစက်သမားများကလည်း ဆီကြိတ်ရန်နဲ့ လှောင်ရန်အဝယ်ရှိနေသဖြင့် တစ်နေ့ကို အိတ် ၁ဝဝခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၅ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၆၅ဝဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီတစ်ပိဿာကို ၂၆ဝဝ ကျပ်ဈေးဖြင့် တစ်နေ့ကို ၃ ပီပါခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။             ဝေဝေမင်း

Tuesday, 2 Aug 2011

နှမ်းဈေးအေးလာ                  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၁-၁၂ ခုနှစ် မိုးနှမ်းစိုက်ဧက ၄ ဒသမ ၅၁ သိန်းကျော်အနက် ၄ ဒသမ ၅၆ သိန်းကျော် ၁ဝ၅ ရာခိုင်နှုန်းစိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ယခုရောင်းဝယ်နေတာက နွေနှမ်းခေါ် ရေသွင်းစိုက်ပျိုးပြီးထွက်ပေါ်ခဲ့တဲ့ နှမ်းများဖြစ်ပါတယ်။ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်စုံမှ နွေနှမ်းများ မုံရွာကုန်စည်ဒိုင်သို့ တစ်ရက်ကိုတင်း ၅ဝဝ နဲ့ ၁ဝဝဝ ကြား ဝင်ရောက်လာလို့ ဈေးအနည်းငယ် အေးလာကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇူလိုင်လဆန်းက နှမ်း တစ်ပိဿာပေါက်ဈေးများမှာ နှမ်းညို ၁၁၆၇ ကျပ်၊ နှမ်းဖြူ ၁၂၆၇ ကျပ်၊ နှမ်းဆီ လက်ကား၂၆ဝဝ ကျပ်၊ လက်လီ ၂၇ဝဝ ကျပ်မှ ဇူလိုင်လ ၂၆ ရက်နေ့မှာ နှမ်းညို ၁၁ဝဝ ကျပ်၊ နှမ်းဖြူ ၁၁၃၃ ကျပ်၊ နှမ်းဆီ လက်ကား ၂၁၅ဝ ကျပ်၊ လက်လီ ၂၃ဝဝ ကျပ်သို့ ဈေးအေးခဲ့ကြောင်း သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးသို့ နှမ်းဖြူ၊ နှမ်းညို တင်း ၁ဝဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်

Tuesday, 2 Aug 2011

နှမ်းရောင်စုံတင်ပို့မှု တန် ၁၂ဝဝ ကျော် ယခင်အပတ်ကထက်ပိုမို                     မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၂ဝ ရက်မှ၂၆ ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၃၇ သန်းတန်ဖိုးရှိ နှမ်းဖြူ ၁၄၃၈ တန်ကျော်နဲ့ နှမ်းနက် ၂၄၇ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ၁၂၅၂ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ဇူလိုင်လ အတွင်းမှာ နှမ်းရောင်စုံ တန်ချိန် ၂၈ဝဝ ကျော် မူဆယ်နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက် နှမ်းဈေးများကျဆင်းနေပြီး တစ်ဖက်နိုင်ငံဈေးမှာ နှမ်းဖြူဈေးမြင့်တက်ပြီး နှမ်းနက် ဈေး လျော့လျက်ရှိပါတယ်။ နှစ်ဘက်မြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်       ပြောင်းလဲမှု      %        ယခု      ယခင်   ပြောင်းလဲမှု    %နှမ်းဖြူ       ၈၆ဝ၂၈၁      ၈၉၅၇၂၆      ၃၅၄၄၅          ၄       ၁၂၆၉    ၁၂၃၈      ၃၁            ၂နှမ်းနက်     ၉၉၃၈၂ဝ      ၁၁၂၅၇၉      ၃၁၃၁၉၇၃      ၁၃     ၁၄၅၄     ၁၄၇ဝ     ၁၆             ၁MIRT (DOBT)

Tuesday, 2 Aug 2011

 ထုတ်လုပ်မှု ကျဆင်းဖွယ် ရှိပြီး ဝယ်လိုအားမြင့်တက်နိုင်၍ စားအုန်းဆီကြမ်း ဈေးမာ                       လာမည့်လများတွင် ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိသည့် အခြေအနေကြောင့် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့(ဇူလိုင် ၂၇ရက်)က မလေးရှားကုန်စည်ဒိုင်တွင် စားအုန်းဆီ ကြမ်းကြိုပွိုင့်အရောင်းအဝယ်ဈေးမှာ မြင့်တက်ခဲ့သည်။ အမေရိကန်နိုင်ငံ ၏ ေြွကးမြီ ပြဿနာ အပေါ် ကာလရှည်ကြာစွာ စိုးရိမ်မှုများကိုအခြေခံ၍ စားအုန်းဆီထုတ်လုပ် မှုလျှော့ချမည့် အလားအလာအခြေအနေများကြောင့် စားအုန်းဆီကြမ်းဈေး ယခင် ကတည်းက မြင့်တက်ဖို့ဖြစ်ခဲ့ပါသည်။ လတ်တလောတွင် မလေးရှား ဘာဆာကုန် စည်ဒိုင် ၌ အောက်တိုဘာကြိုပွိင့် အတွက် စားအုန်းဆီကြမ်းတစ်တန်၏ ရောင်းဈေး မှာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး မလေးရှားရင်းဂစ် ၃၁၃ဝ (အမေရိကန်ဒေါ်လာ ၁ဝ၅၅)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကုန်သည်များ အနေဖြင့် ကြာသပတေးနေ့(ဇူလိုင် ၂၈ဂက်)တွင် ကျင်းပမည့် သြစတြေးလျနိုင်ငံ ဆစ်ဒ္ဒနီမြို့ ကွန်ဖရင့်တွင် ဟင်းသီးဟင်းရွက်အဆီဆိုင်ရာ နာမည်ကျော် လေ့လာဆန်းစစ်သူ ပညာရှင် Dorab Mistry  ၏ စားအုန်းဆီထုတ်လုပ်မှုနှင့် ဈေးနှုန်းအခြေအနေ အပေါ် သဘောထားမှတ်ချက်များကို စောင့်ဆိုင်းလျက်ရှိကြောင်း ကုန်သည်များက ပြောကြားသည်။                     ဇူလိုင်လကုန်နှင့် သြဂုတ်လအတွင်း စားအုန်းဆီတင်ပို့မှုမြင့်တက်နိုင်ကြောင်း ကမ္ဘာ့ ပဲပုပ်ဆီဈေးကွက်တွင် ဈေး ချရောင်းချလာမှုအပေါ် တရုတ်နှင့်အိန္ဒိယကုန်သည်များမှ အခွင့်အရေးတစ်ရပ်အနေဖြင့်ရယူ၍ စားအုန်းဆီပိုမိုတင်သွင်းလာဖွယ် ရှိနိုင်ကြောင်း စင်ကာပူအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ ယခုနှစ်အတွင်း မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ စားအုန်းဆီ အလံျှအပယ်ထုတ်လုပ်ခဲ့မှုကြောင့် ကမ္ဘာ့ပဲပုပ်ဆီပေါက်ဈေးထက် တစ်တန်လျင် ဒေါ်လာ ၁၇ဝ လျှော့ ၍ ရောင်းချခဲ့ရပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့သည့် အခြေအနေဖြစ်ပါသည်။ နောက်လာမည့်ရက်သတ္တပတ်တွင် စတင်မည့် ရာမာဒန် ဥပုသ်လကြောင့် ဆီအုန်းလုပ်သားများ၊ ရိတ်သိမ်းေြွခလှေ့သူများ လုပ်ငန်းခွင်မှ နားမည့်အခြေအနေရှိ၍ လာမည့်သြဂုတ်လတွင် စားအုန်းဆီထုတ်လုပ်မှု အထိုက် အလျောက်ကျဆင်းနိုင်ကြောင်း ကုန်သည်များနှင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများ က ခန့်မှန်းကြသည်။ လက်ငင်းဈေးကွက်တွင် သန့်စင်ပြီး စားအုန်းဆီတစ်တန်၏ သြဂုတ်လ ကြိုပွိုင့်ဈေးမှာ ၅ ဒေါ်လာမြင့်တက်၍ ၁၁၇၅ ဒေါ်လာဖြင့် ဈေးအဆို ပြုခဲ့ကြောင်း စားအုန်းဆီကြမ်း၏ ချက်ချင်းသင်္ဘောတင်ဈေးမှာ တစ်တန်လျင် ၁ဝ ရင်းဂစ်မြင့်တက်၍ ၃၁၆ဝ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၁ဝ၆၅)ရှိခဲ့ကြောင်း သိရသည်။ TAK, Source: Malaysia Palm Oil Board

Tuesday, 26 Jul 2011

မိုးပဲပုပ်လျာထားဧကပြည့်တော့မည်                  ပြည်ပဲပုပ်ဈေး မှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်ကျဆင်းနေပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်နဲ့ ဈေးငြိမ် နေရာမှ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဈေးသို့ ဈေးအေးလာပါ တယ်။ ပြည်ဈေးကွက်တွင် ပဲပုပ်မှာနေ့တိုင်း အရောင်းအဝယ်မဖြစ်သော် လည်း အရောင်းအဝယ်ဖြစ်တဲ့ ရက်များ မှာတစ်နေ့ကို အိတ် ၃ဝဝ မှ ၄ဝဝ တို့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပဲပုပ် စိုက်ပျိုးပြီးစီးမှုအနေနဲ့ ဇူလိုင် တတိယပတ်အထိ လျာထားဧက နဲ့ ၉ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ် ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Tuesday, 26 Jul 2011

မူဆယ်နယ်စပ်မှ ပဲပုပ်တင်ပို့မှု ပိုမို                  ယခုအပတ်အတွင်း မူဆယ်နယ်စပ်မှကန်ဒေါ်လာ၁၇၂၅ဝ တန်ဖိုးရှိ ပဲပုတ် ၂၅ တန်တင်ပို့မှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ၁၅ တန်သာ တင်ပို့ခဲ့ တာမို့ ယခုအပတ်မှာ ၁ဝ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ် ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                    မိမိဘက် (ကျပ်/ တန်)     ယခု          ယခင်     ပြောင်းလဲမှု   %၄၆၉၂၆၆     ၄၉၆ဝဝ၅      ၂၆၇၃၉       ၆               တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)     ယခု        ယခင်       ပြောင်းလဲမှု    %    ၆၈ဝ          ၆၉၆            ၁၆          ၂MIRT (DOBT)

Pages