Background
်လက်ကျန်နည်း ပေမဲ့ ဈေးငြိမ်နေတဲ့ ပြည်နှမ်း ပြည်ဈေးကွက်တွင် နှမ်းဈေးငြိမ်ပြီး ဆီဈေးမာနေပါတယ်။ နွေနှမ်းပြီးချိန် မိုးနှမ်း စိုက်ရန် ပြင်ဆင်နေချိန် ဖြစ်သဖြင့် အဝင်မှာ မရှိသလောက်နည်းသွားပြီး လှောင်နှမ်းများကို ထုတ်၍ရောင်းချနေသဖြင့် ပြည်မြို့ရှိပွဲရုံများ၌ လက်ကျန်နည်းသွားတာ တွေ့ရပါတယ်။ ဆီစက်သမားများမှလည်း ဆီကြိတ်ရန်နှမ်းကို လိုသလောက်မရရှိလို့ ဈေးမာနေပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၃ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ အိတ် ၅ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ကို ၃၇ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးပိုလာတာတွေ့ရပါတယ်။ ဝေဝေမင်း
ယခင်အပတ်ကထက် နှမ်းတင်ပို့မှု ထက်ဝက်ကျော်လျော့ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၈ဝဝဝ တန်ဖိုးရှိ နှမ်းနက် ၁၁၁ တန်ကျော်နဲ့ ကန်ဒေါ်လာ ၆၅ဝဝဝ တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၄၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ၃၂၈ တန်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်တင်ပို့မှုဟာ ထက်ဝက်ကျော် လျော့နည်းခဲ့တာတွေ့ရပါတယ်။နှမ်းဈေးများ နှစ်ဖက်လုံးမှာ လျော့ကျနေပါတယ်။ တရုတ် က နှမ်းဖြူဝယ်လိုအားမရှိခြင်း၊ အာဖရိကနဲ့ အိန္ဒိယ နှမ်းဖြူများနဲ့ တရုတ် ဈေးကွက် ကို ယှဉ်ပြိုင် တင်ပို့နေရခြင်း၊ ယွမ်ငွေ ဈေးကျနေခြင်းတို့ကြောင့် အကျိုးအမြတ်နည်းတာမို့ နှမ်းတင်ပို့မှု လျော့ကျနေတာလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁ဝဝ၇၁၄ဝ ၁၁၈၅၈၂ဝ ၁၇၈၆၈ဝ ၁၈ ၁၃၄၅ ၁၃၇ဝ ၂၅ ၂နှမ်းနက် ၁ဝ၅၄၂၅ဝ ၁၃၆၇၅၆ဝ ၃၁၃၃၁ဝ ၃ဝ ၁၈၄၄ ၁၈၄၈ ၄ ဝ .၂MIRT (DOBT)
ဈေးငြိမ်ပြီး ပုံမှန် အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက်တွင် မြေပဲဆံကို ဆီစက်သမားများမှ ဆီကြိတ်ရန် အဝယ်ရှိ နေသဖြင့် မင်းတုံးနဲ့ ကံမဘက်မှ တစ်နေ့ကို အိတ် ၉ဝဝ -၁ဝဝဝ ခန့် ပုံမှန်ဝယ်ယူ ကြိတ်ခွဲခြင်း၊ လှောင်မြေပဲဆံများကို ထုတ်၍ ကြိတ်ခွဲခြင်းတို့ကြောင့် မြေပဲဆံဈေးမှာ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ မြေပဲဆီဆံ တစ်ပိဿာကို ၁၇၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၉၅ဝ ကျပ်ဈေးဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီ တစ်ပိဿာကို ၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
်နေပြည်တော်တပ်ကုန်း မြို့နယ် ရေသွင်းမြေပဲများ စတင်ထွက်ရှိ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရေသွင်းမြေပဲများ မြို့ပေါ်ပွဲရုံများကို စတင် ဝင်ရောက်နေပြီဖြစ်ပါတယ်။ တပ်ကုန်းမြို့နယ်တွင်ရေသွင်းမြေပဲ စိုက်ဧက ၅ဝဝ ခန့်ရှိပြီး၊ သစ်ဆိမ့်ပင်၊ အုန်းပင်၊ ကံကြီး၊ ထုံးဘို၊ သပြေကုန်းကျေးရွာအုပ်စုများတွင် အဓိက အများဆုံးစိုက်ပျိုးကြပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်စိုက် ပျိုးခဲ့ပြီး ပင်သက် ၃ လတွင် ခူးဆွတ်ရပါတယ်။ စိုက်စရိတ် တစ်ဧက ၁၂ဝဝဝဝ ကျပ် ဝန်းကျင်ရှိပြီး၊ တစ်ဧကကို တင်း ၄ဝ နဲ့ ၅ဝ ကြားထွက်ရှိပါတယ်။ ယခု ဒေသပေါက်ဈေး တစ်တင်းကို ၇ဝဝဝ ကျပ်ရတဲ့အတွက် တစ်ဧကကို ၁၅ဝဝဝဝ ကျပ်ဝန်းကျင် အကျိူးအမြတ် ရရှိနေကြောင်း သိရပါတယ်။ ခင်မောင်ဆွေ
ပြည်ဈေးကွက်တွင် နှမ်းဈေးငြိမ် ဆီဈေးတက် ပြည်ဈေးကွက်တွင် နှမ်းနီဈေးမှာ တည်ငြိမ်လျက်ရှိပါတယ်။ အဝင်မရှိသဖြင့် လှောင်နှမ်းနီများကို ဆီစက်သမားများက ဝယ်ယူကြိတ်ခွဲနေသဖြင့် နှမ်းဈေးမှာ ငြိမ်နေပြီး ဆီဈေးမှာမြင့်တက်လာခဲ့ပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၃ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် အိတ် ၇ဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ၃၆ဝဝ ကျပ်ဈေးဖြင့် တစ်နေ့ကို ၇ ပေပါခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
နယ်စပ်မှ နှမ်းတန်ချိန် ၃ဝဝ ကျော်ယခုအပတ်အပို့ရှိ မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၄၈၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံတန် ၃၂၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် နယ်စပ်ပေါက်တစ်ခုတည်းမှ တန် ၂၁ဝ နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နှမ်းတန်ချိန် ၁၁၈ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် နှမ်းရောင်စုံ တင်ပို့နိုင်မှုများကတော့ မူဆယ်မှ နှမ်းနက် တန် ၂၅ဝ၊ နှမ်းဖြူအခွံချွတ် ၂၈ တန်နဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ တင်ပို့တဲ့ နှမ်းတွေက စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးထွက်များဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ တင်ပို့တဲ့ နှမ်းတွေက မကွေးနဲ့မန္တလေးတိုင်းဒေသကြီးထွက်များဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှမ်းဈေးများမှာ နှမ်းဖြူ မိမိဘက် ဈေးအနည်းငယ်ကျသော်လည်း တစ်ဖက်နိုင်ငံ ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၈၅၈၂ဝ ၁၁၉၁၂၈ဝ ၅၄၆ဝ ဝ .၅ ၁၃၇ဝ ၁၃၆၉ ၁ ဝ .ဝ၇နှမ်းနက် ၁၃၆၇၅၆ဝ ၁၃၆၇၅၆ဝ - ၁၈၄၈ ၁၅၃၉ ၃ဝ၉ ၁၇MIRT (DOBT)
လက်လီဝယ်ယူသူများသာရှိတဲ့ ပြည်ပဲပုပ် ပြည်ပဲပုပ်မှာ ယခုတစ်ပတ်တွင် ပိဿာ ၂၀ တစ်တင်းကို ၁၆၀၀၀ ကျပ် ၁၆၅၀၀ ကျပ်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပြည်ပဲပုပ်ကို ယခုလအတွင်း အခြားတိုင်းမှ ဝယ်လက်များ မရှိသော်လည်း တိုင်းအတွင်းရှိ လက်လီဝယ်ယူသူများသာ ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း လက်လီသမားများဖြင့် အိတ် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။. ဆုမွန်ဆွေ
အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့ခွန်ကို ထပ်မံလျော့ချ စားအုန်းဆီကြမ်းဈေးနှုန်း ကျဆင်းနေတာကြောင့် အင်ဒိုနီးရှားအစိုးရဟာ မေလ သင်္ဘောတင်အတွက် စားအုန်းဆီ တင်ပို့ခွန်ကို ၅ ရာခိုင်နှုန်းထပ်မံလျော့ချခဲ့တယ်လို့သိရပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ မူဝါဒအရ နိုင်ငံတာ ကုန်စည်ဈေးနှုန်းပြောင်းလဲမှုအပေါ်အခြေခံပြီး စားအုန်းဆီကြမ်းခွန်ကို အပြောင်းအလဲ ဆောင်ရွက်လျက်ရှိရာ မေလအတွက် အခွန်ကို ၂၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ချခဲ့တယ်လို့ သိရပါတယ်။ ယခုလို လျော့ချလိုက်တဲ့အတွက် စားအုန်းဆီကြမ်းခွန်ဟာ နှစ်လကျော်အတွင်း ၃၀ ရာခိုင်နှုန်း လျော့ချကျခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ်သူများနဲ့ ပြည်ပတင်ပို့သူများဟာ အစိုးရရဲ့ ကြမ်းခင်းဈေးနဲ့ပြည်ပ တင်ပို့ခွန်ကို အပေါ် ပြောင်းလဲသတ်မှတ်တဲ့ စည်းမျဉ်းအရ အပြောင်းအလဲပြုလုပ်နေတဲ့ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: C P O
ဈေးပြန်ငြိမ်နေသော ပြည်မြေပဲဆံ ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဈေးငြိမ်လာတာတွေ့ရပါတယ်။ မင်းတုန်း၊ကံမနဲ့ အောင်လံဘက်မှ နေ့စဉ်တစ်နေ့ကို အိတ် ၂၀၀၀ ခန့် ဝင်ရောက်လာသော်လည်း ဆီစက်သမားများနဲ့ ရန်ကုန်ဝယ်လက်များက အဝယ်ရှိသဖြင့် ဝင်လာ သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၇၀၀ ကျပ် နဲ့ လုံးဆံတစ်ပိဿာကို ၁၉၀၀ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြေပဲဆီဈေးမှာလည်း သြင်္ကန်မတိုင်မီသကဲ့သို့ တစ်ပိဿာကို ၄၀၀၀ ကျပ်ဈေးဖြင့် ခုချိန်ထိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေေ၀မင်း
ဒီတစ်ပတ် နယ်စပ်အပို့မရှိ ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ် ရေးဇုန်မှ နှမ်းတင်ပို့ နိုင်ခဲ့ခြင်းမရှိပါဘူး။ သြင်္ကန် နှစ်သစ်ကူးကာလ နှစ်ပတ်တာမှာ တော့ တန် ၆ဝ ခန့်သာတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက်မှနှမ်းဈေးများပြောင်း လဲမှု မရှိပေမဲ့ တစ်ဘက်နိုင်ငံဈေးနှုန်းများ မြင့်တက်လျက်ရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၉၁၂၈ဝ ၁၁၉၁၂၈ဝ - - ၁၃၈၁ ၁၃၇၈ ၃ ဝ .၂နှမ်းနက် ၁၃၆၇၅၆ဝ ၁၃၆၇၅၆ဝ - - ၁၅၃၅ ၁၅၃၁ ၄ ဝ .၂MIRT (DOBT)
