Background
April 2010 (USD/OZ)Date NY London Zurich 23 1136 1138 1139 27 1160 1162 1162 28 1160 1162 1162 29 1163 1166 1166
April 30, 2010Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 1.07BDT Bangladesh Taka 69.15CAD Canada Dollars 1.00CNY China Yuan Renminbi 6.83EUR Euro 0.76HKD Hong Kong Dollars 7.77INR India Rupees 44.45IDR Indonesia Rupiahs 9015.00JPY Japan Yen 94.02MYR Malaysia Ringgits 3.19PKR Pakistan Rupees 84.05PHP Philippines Pesos 44.67RUB Russia Rubles 29.23SGD Singapore Dollars 1.37KRW South Korea Won 1111.70LKR Sri Lanka Rupees 113.95THB Thailand Baht 32.34GBP United Kingdom Pounds 0.65VND Vietnam Dong 18940.00 Source : xe.com
စိန်ဈေးကွက်မှာ သြင်္ကန်နီးသော ကာလမှစတင်၍ အရောင်းအဝယ် အေးစက်လျက်ရှိရာ ယခုတစ်ပတ်တွင် အရောင်းအဝယ် များ ပြန်လည်အစပျိုးလာပြီဖြစ်ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်ကပြောကြားသည်။
ယခုတစ်ပတ် ရွှေဈေးနှုန်းမှာ အဝယ်လိုက်လာသောကြောင့် ကျပ်ခြောက်သိန်းအထက်သို့ ပြန်လည်ရောက် ရှိလာကြောင်း ရွှေရောင်းဝယ်သူတစ်ဦး ကပြောကြားသည်။
ပင်လယ်ရေကြောင်းက ယခင်အပတ်ထက် လျှော့ဝင် ပြည်တွင်းဆိပ်ကမ်းအသီးသီးကနေ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက သြင်္ကန်အပြီး ဧပြီလတတိယပတ်မှာ ဒီဇယ်အဝင်တန်ချိန် နှစ် သောင်းကိုးထောင်ကျော် (ပီပါ နှစ်သိန်းနှစ်သောင်း) ကျော်ဝင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်အဝင်တန်ချိန် လေးသောင်းကိုး ထောင်ကျော် ဖြစ်ပြီး ဒီဘက်အဝင်တန်ချိန် နှစ်သောင်းကိုး ထောင်ကျော်ဖြစ်တာမို့ ယခင်အပတ်ထက် အဝင်လျော့ခဲ့ပါတယ်။ ဒီဇယ်ဆီများကို လုပ်ငန်းရှင်များက အပတ်စဉ်ပျမ်းမျှ တန်ချိန်နှစ်သောင်းခွဲဝန်းကျင်သွင်းလေ့ရှိပြီး သြင်္ကန်ပြီး ကာလမှာလည်း ပုံမှန် သွင်းမဲ့ သင်္ဘောတွေရှိနေပါတယ်။
ပုံမှန်အဝင်နှုန်းနဲ့ပဲဝင်နေ သြင်္ကန်မတိုင်မီ ပြည်တွင်းကို နို့ဆီနဲ့ နို့စိမ်းတင်သွင်းမှုတွေကိုကြည့်ရင် နို့စိမ်းတန်ချိန် ၆၁ဝ တန်ဖိုး ကန်ဒေါ်လာ ခြောက်သိန်း ကျော်ဖိုး၊ နို့ဆီ တန်ချိန် ၄၂၆ တန် တန်ဖိုး ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး သွင်းလာတာ တွေ့ရပါတယ်။ စင်္ကာပူဘက်က သွင်း လာပြီး ဒွန်းတံဆိပ်၊ အိုကေတံဆိပ်များ အများစုပါဝင်ကြောင်း တွေ့ရပါတယ်။
နှစ်ဦးအဝင်ပို ဆောက်လုပ်ရေးလုပ်ငန်းသုံးထဲမှာ မပါလျှင်မဖြစ်တဲ့ ဘိလပ်မြေပြည်တွင်း အဝင်ကတော့ ဧပြီဒုတိယပတ်အတွင်း တန်ချိန် ၅၄ဝဝဝ ကျော်တန်ဖိုး ကန်ဒေါ်လာ ၄၆ သိန်းကျော်ဖိုးဝင်လာပါတယ်။ အဝင်မှာ ပုံမှန်ဝင်နေကျထိုင်းနိုင်ငံအပြင် ပါကစ္စတန်ဖက်က လည်း အင်တိုက်အားတိုက်ဝင်လာပါတယ်။ မလေးရှားဖက်ကလည်း ဝင်လာပါတယ်။ ဒါကြောင့်နှစ်ဦးသြင်္ကန်ကာလ ဘိလပ်မြေ အဝင်က ဧပြီလ ပထမအပတ်အဝင်တန်ချိန် ၃၂ဝဝဝ ကျော်ထက်အဝင်ပိုခဲ့ပါတယ်။ ဘိလပ်မြေ အသွင်းများတဲ့ တံဆိပ်တွေက တော့ BLUE LION,POWER, ELEPHANT, LUCKY, TPI, WHITE စတဲ့ တံဆိပ်တွေ ပါလာပါတယ်။
ကုန်လက်ကျန်မစုပုံ အင်ဒိုနီးရှားနိုင်ငံဘက်ကနေ ဧပြီလဒုတိယအပတ်အတွင်း ကွန်ပေါင်းထရပ် တာတံဆိပ်ဓါတ်မြေသြဇာတန်ချိန် ၈ဝ တန်ဖိုးကန ်ဒေါ်လာ ၂၃ဝဝဝ ကျော်ဖိုး ဝင်လာတာ တွေ့ရပါတယ်။ ဧပြီလအတွင်း သြင်္ကန်မတိုင်မီကာလမှာ ပင်လယ်ရေ ကြောင်းမှ ဓါတ်မြေ သြဇာအသွင်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ ပုံမှန်ဝင်နေကျ တရုတ်၊ ဗီယက်နမ်၊ မလေး၊ ကိုးရီးယားဈေးကွက်များမှ ဧပြီလအတွင်းသွင်းလာ ခြင်းမရှိခဲ့ပါဘူး။ ယခင်အပတ်က ဓါတ်မြေသြဇာတန်ချိန် ၅၂၈ တန်ဝင်ခဲ့ပြီး ဒီအပတ် ကတန် ၈ဝ သာဝင်လာခဲ့တာမို့ သြင်္ကန်ကာလအနီးမှာ ကုန်လက်ကျန်တွေ များများစားစားမစုပုံချင်တဲ့အတွက် ပစ္စည်းအဝင် ထိန်းထိန်းသိမ်း သိမ်းရှိခဲ့တာ တွေ့ရပါတယ်။
Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz7-April 17.98 2452.58 2349.31 8080.13 1715.008-April 18.15 2380.44 2310.56 7971.94 1708.009-April 18.21 2403.74 2353.34 8049.99 1717.0021-April 18.04 2428.83 2341.25 7857.02 1734.0022-April 18.10 2444.06 2346.18 7867.33 1748.00 Source:kitco.com
Price Change Change %Brent Crude Futr (USD/bbl) 85.410 -0.260 -0.30Gas Oil Fut (ICE) (USD/MT) 711.000 1.750 0.25Gasoline Rbob Fut (Cent/gal) 229.100 -0.920 -0.40Heating Oil Futr (Cent/gal) 220.170 -1.330 -0.60Natural Gas Futr (USD/MMBtu) 4.098 -0.030 -0.73WTI Crude Future (USD/bbl.) 83.450 -0.250 -0.30
